စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) - အပိုင္း (၆)



ႏွလံုးမွာ ဒဏ္ရာအထပ္ထပ္ရခဲ့ၿပီ။

ပထမဆံုးဒဏ္ရာကား ဦးရီးေတာ္ ေဒၚေထာအိုင္ က်ဆံုးျခင္း။

ဒုတိယဒဏ္ရာမွာ အခ်စ္ဆံုးေသြးေသာက္ ေဒါစြယ္စယက္ ရန္သူ႔ဘက္သို႔ ခို၀င္သြားျခင္း။

တတိယဒဏ္ရာမွာ -

ဒလဗန္း မ်က္စိအစံုမိွတ္လိုက္သည္။

ျမပန္းခက္၏ ႐ုပ္ပံုေပၚလာသည္။ လွပေသာ မ်က္ႏွာႏွင့္အတူ မၾကာခင္ကမွ ျဖစ္ေပၚခဲ့ေသာ အျဖစ္သနစ္မ်ား

ရန္သူ႔ “ေရနန္းစၾကာ” သေဘၤာႀကီးကို မီးတင္႐ိႈ႕ႏိုင္ခဲ့သည္။

ဦးေအာင္ေဇယ်၏ “ေစတု၀တီ”ၿမိဳ ႕သစ္ကို ထိုးစစ္ဆင္ကာ ေအာင္ပြဲရခဲ့သည္။

ေအာင္ပြဲအရွိန္ျဖင့္ ဟံသာ၀တီသို႔ ျပန္၀င္ခဲ့ သည္။

ၿမိဳ ႕တြင္ းမွာ မင္းခမ္းမင္းနားျဖင့္ သဲသဲလႈပ္ေနသည္။ စစ္ကာလႏွင့္ မလိုက္ဖက္စြာ ေတာက္ေျပာင္ခမ္းနားေသာ အေဆာင္အေယာင္မ်ားကို ေတြ ႕ေနရသည္။

မိမိကို ႀကိဳဆိုျခင္းမဟုတ္ ႏိုင္သည္ကိုေတာ့ ဒလဗန္းသိသည္။ ဥပရာဇာႏွင့္ အႀကီးအက်ယ္ ကြဲလြဲခဲ့ၿပီ။

တိုက္ပြဲျပန္၊ ၿမိဳ ႕အ၀င္ ဆင္တပ္၏ ေရွ႕ဆံုးမွ ဒလဗန္း၏ ဆင္သည္ အေရွ႕က်ံဳ း တံခါး၀တြင္ ရပ္လိုက္သည္။

ၿမိဳ ႕တြင္ းသို႔ မ၀င္သာ။ ၿမိဳ ႕ တြင္ းမွထြက္လာေသာ တံခြန္ကိုင္ ျမင္းတပ္၊ ေျခလ်င္ တပ္၊ ဆင္တပ္တို႔ကို မေဖာက္သာ။ ထြက္လာမစဲ တသဲသဲ။

ဒလဗန္း ဆင္ထက္မွ ဆင္းလိုက္သည္။ ပြဲရ တိုက္ပြဲျပန္ ဒလဗန္းကို မည္သူကမွ အေရး တယူမရွိ။

ဒလဗန္း ၿမိဳ ႕႐ိုးမုဒ္အနီးသို႔ ေလွ်ာက္သြားသည္။

“ဟင္ ၊ ဒလဗန္း ”
ဗညားငက်န္သည္ ဒလဗန္းကို ျမင္လိုက္သည္ႏွင့္ပင္ မ်က္စိမ်က္ႏွာပ်က္ကာ ေရွာင္ထြက္သြားမည္ ျပဳသည္။

ဒလဗန္းက လက္ကိုဖမ္းဆြဲထားလိုက္သည္။

“ဘာေတြ ျဖစ္ေနၾကတာလဲ။ စစ္အဂၤါအစံုအလင္ပါလား”

“ ………………. ”

“ေျပာစမ္းပါ ငက်န္ရ ဒါ ဘာအခမ္းအနားလဲ”

“ျမပန္းခက္ကို ဥပရာဇာအမိန္႔နဲ႔ ဦးေအာင္ေဇယ်ဆီ ပို႔ၿပီး ကညာဆက္”

“ဘာ”

ဗညားငက်န္ကို တြန္းထိုးကာ ၿမိဳ ႕႐ိုးတြင္ းသို႔ ေျပး၀င္ခဲ့သည္။ ထြက္လာေသာ ရဲမက္မ်ားကို အတိုးတိုးအေ၀ွ႔ေ၀ွ႔ ။ အားလံုး လဲၿပိဳ ရစ္ခဲ့ၾကသည္။

ေနာက္က်သြားခဲ့ေပၿပီ။

ျမပန္းခက္ကို တင္ေဆာင္သြားေသာ ရထားသည္ ဒလဗန္း ၿမိဳ ႕ျပင္လမ္းမသို႔ မေရာက္မီ တည္းက တဘက္သို႔ ေရာက္သြားခဲ့ၿပီ။

ခ်စ္သူသည္ စစ္႐ံႈးအညံ့ခံ ပဏၰာမြန္အျဖစ္ ရန္သူ႔ ေခါင္းေဆာင္ထံသို႔ ပါသြားခဲ့ၿပီ။

ဒလဗန္း ၿမိဳ ႕ ျပင္ ျပန္ထြက္လာခဲ့သည္။

ရင္ထဲမွာ ၊ အသိထဲမွာ ဘာမွာ မရွိေတာ့ဟု ခံစားရသည္။

ဗလာဟင္းလင္းေ၀ဒနာသည္ အနီေရာင္ ၊ အနီေရာင္ လြင္ျပင္ျပန္႔။

ဆင္ေပၚ ျပန္တက္သည္။

ကညာဆက္အခမ္းအနား၏ တံပိုးသံ၊ ခ႐ုသင္းသံ၊ ေမာင္းသံ၊ ျမင္းဟီသံ၊

ပတ္သာသံ၊ စည္သံ၊ တံျမြာသံ၊ လူသံ၊ ဆင္သံ အားလံုးကို ေဖာက္ထြင္းေက်ာ္လြန္သြားသည့္ အသံနက္ႀကီး တစ္ခု ဆင္ဦးကင္းဆီမွ ေပၚလာသည္။

“ဟံသာ၀တီကို ငါသိမ္းလိုက္ၿပီ။ ဥပရာဇာကို ငါနန္းခ်လိုက္ၿပီ။ တိုက္ဆင္အားလံုး ျမပန္းခက္ရဲ႕ ရထားဆီ အခုလိုက္ခဲ့ၾက”

သမုဒၵရာသို႔ ယုန္ငယ္ေျခသို႔ ေထာက္ဆင္းသည့္ ပမာသာ။

“ခြင့္လႊတ္ပါ အေမာင္ ။ စစ္ပြဲႀကီး ၿပီးဆံုးေရး အတြက္ ျမပန္းခက္ ဦးေအာင္ေဇယ်ဆီ သြားပါေတာ့မယ္။ ခမည္ းေတာ္ရဲ႕ အစီအမံကို ျမပန္း လိုက္နာၿပီးပါၿပီ”

ရထားထက္မွ ျမပန္း၏ ေနာက္ဆံုးစကား။

ရွိသမွ်အင္အားကို ေဆာင္ၾကဥ္းကာ မုတၱမဘက္ ထြက္ခဲ့ေတာ့သည္။

“ေကာ့ဂြန္း”တြင္ တပ္စြဲလိုက္သည္။

“ဦးေအာင္ေဇယ်၊ သင့္ကို က်ဳ ပ္ အဘက္ဘက္မွ အ႐ံႈးေပးလိုက္ ရၿပီ။ စစ္ပြဲ၊ ခ်စ္သူ ႏွင့္ လက္႐ံုးႏွလံုး။ ဒါေပမဲ့ က်ဳပ္အသက္ကို ဘယ္ေတာ့မွ ရလိမ့္မယ္ မဟုတ္ဘူးဆိုတာ ေလးစားအပ္တဲ့ ရန္သူေခါင္းေဆာင္အ ျဖစ္ က်ဳ ပ္ေျပာလိုက္ပါတယ္”
ဒလဗန္းရင္ထဲမွာ အဆက္မျပတ္ ျမည္ဟည္းေနေသာ အသံ ျဖစ္သည္။

သံုးႏွစ္ ေက်ာ္ ၾကာခဲ့သည္။

ဦးေအာင္ေဇယ်လည္း အယုဒၶယစစ္မ်က္ႏွာမွအျပန္တြင္ ကံေတာ္ ကုန္ခဲ့သည္။

ေနာင္ေတာႀကီးမင္း ကုန္းေဘာင္ထီးနန္းကိုဆက္ခံသည္။

ေကာ့ဂြန္းတပ္ရွိ ဒလဗန္းထံသို႔ သ၀ဏ္လႊာေရာက္လာသည္။

ခတ္ႏွိပ္ထားေသာ တံဆိပ္ေတာ္ ၊ သ၀ဏ္ဆက္အဖြဲ႕ကို ၾကည့္ကတည္းက ဘုရင့္သ၀ဏ္ ျဖစ္ေၾကာင္း ဒလဗန္း သိလုိက္သည္။

သ၀ဏ္ဆက္အဖြဲ႕ေခါင္းေဆာင္ အမတ္သည္ ဒလဗန္းေရွ႕သို႔ မ၀ံ့မရဲ ၀င္လာေလသည္။

“ေနာင္ေတာ္ႀကီးမင္းဘုရားထံမွ သ၀ဏ္လႊာေရာက္ပါတယ္ တပ္မင္းႀကီး”

“အင္း”

အမတ္က သ၀ဏ္လိပ္ကို ျဖန္႔လိုက္သည္။

“ဖတ္ပါ”

စစ္ေတာင္းျမစ္ႏွင့္ မိုးကုပ္စက္၀ိုင္းကိုၾကည့္ရင္း ဒလဗန္းနားေထာင္သည္။

“ ဘုန္းေတာ္ ႀကီးဘုရား၏ အ႐ိုက္အရာကို ဆက္ခံေသာ ေနာင္ေတာ္ဘုရားႀကီးထံမွ စစ္သူႀကီး ဒလဗန္းထံသို႔ ေလးျမတ္စြာ သ၀ဏ္လႊာေရာက္သည္မွာ - ယခုအခါ အင္း၀၊ ဟံသာ၀တီစစ္ႀကီးလည္း ၿပီးခဲ့ၿပီ။ ခမည္းေတာ္ ဘုန္းေတာ္ႀကီးဘုရား သုတ္သင္ျပဳစုခဲ့ေပေသာ ႏိုင္ငံေတာ္ကို ကၽြႏ္ုပ္ေနာင္ေတာ္ႀကီးဘုရားသည္ လက္႐ံုးႏွလံုးျဖင့္ ဆက္လက္ခုတ္ထြင္ပ်ဳ ိးေထာင္ေနသည္။

ခမည္ းေတာ္ ဘုရား၏ သားေတာ္ရင္းျဖစ္သည့္ အားေလ်ာ္စြာ ကၽြႏ္ုပ္သည္ ရန္သူမိတ္ေဆြထားဘိ။ သူရဲေကာင္းစင္စစ္ၿပီးေသာ ေယာက္ ်ားေကာင္းတို႔ကို လြန္စြာ
ျမတ္ႏိုးေတာ္ မူသည္။ အသင္သည္ အၾကင္မွ်ေသာ ကာလတစ္ေလွ်ာက္လံုး ကၽြႏ္ုပ္တို႔အား ရဲ၀ံ့စြာ ရင္ဆိုင္ခဲ့သူ ျဖစ္သည္။ အသင့္သတင္း အင္း၀၌ ေမြးခဲ့ေခ်သည္။
ရန္သူဆိုေသာ ္ျငား ယခုအခါ အသင့္ကို ျပည့္ရွင္မင္းေကာင္းပီသစြာ ကၽြႏ္ုပ္ဖိတ္ေခၚသည္။ ဆင္ ၊ ျမင္း ၊ လက္နက္ဗိုလ္ပါ ႏွင့္ တကြ ကၽြႏ္ုပ္ထံ၀င္မည္ဆိုလွ်င္
အသက္စည္းစိမ္းကို လႊတ္၍ ႀကီးစြာေသာ အေဆာင္အေယာင္ျဖင့္ အမႈေတာ္ကို ထမ္းရြက္ေစမည္ ။ ကၽြႏ္ုပ္သည္ ...”

“ေတာ္ ၿပီ ၊ ဆက္မဖတ္နဲ႔”

ဒလဗန္း၏ ခက္ထန္ေသာ အသံေအာက္မွာ အမတ္၏ စာဖတ္သံ ေပ်ာက္သြားသည္။

“ျပန္ေျပာလိုက္ ။ အလံုးအရင္းနဲ႔ ေကာ့ဂြန္းကို ခ်ီတက္ခဲ့လို႔”

“ေနာက္ … ေနာက္ထပ္ သ၀ဏ္တစ္ခုရွိပါေသးတယ္ တပ္မင္းႀကီး”

“ဘာသ၀ဏ္လဲ …. ဘယ္သူ႔ဆီကလဲ”

“မိဖုရား ျမပန္းခက္ဆီကပါ”

“ဘာ”

အမတ္၏ လက္ထဲမွ သ၀ဏ္ကို ဒလဗန္း လွမ္းယူလိုက္သည္။ ေဒါသ၏ မုန္တိုင္းသည္ အခ်စ္၏ ေလျပည္ျဖင့္ အဆံုးသတ္ေလသည္။

သ၀ဏ္ကိုင္ထားေသာ လက္ေတြ တုန္ေနသည္။

{ အေမာင္
ျမပန္း ႐ိုေသေလးျမတ္စြာ သ၀ဏ္ေစပါသည္။

သူ႔လူ ၊ ငါ့လူ ၊ သူ႔နန္း ၊ ငါ့နန္း ၊ သူ႔အာဏာ ငါ့အာဏာအစြဲမ်ား မထားေစလိုေတာ့ပါ။ ျမပန္းတို႔ မက်ဴးလြန္ရဘဲ က်ေရာက္ခဲ့ေသာ အမွားမ်ားကို ျမပန္းတို႔ ေဆးေၾကာသုတ္သင္ရပါ လိမ့္မည္။ ျမပန္း စစ္ေရး ႏွင့္ ျပည္အေရးကို မႏွံ႔စပ္ပါ။

သို႔ ေသာ ္ အခ်စ္ကို ဆိုပါမည္။ ဟိုင္းႀကီးကၽြန္းမွ ကုလားျဖဴအေရး သည္ အႀကီးက်ယ္ဆံုးအေရး ျဖစ္လာပါလိမ့္မည္။ မင္းတရားနတ္ရြာမစံမီကပင္ ဤအေရးကို ေနာင္အစဥ္အဆက္ သားေတာ္တို႔ ႏွလံုးမူရမည္ ့ အေၾကာင္း မိန္႔ၾကားသြားခဲ့သည္။

အေမာင္ ရတနာသိခၤ၌ ရွိသင့္သည္ဟု ျမပန္းလည္း နားလည္ပါသည္။
အေမာင္ ျပန္လာခဲ့ပါ။

ျမပန္းခက္ }

“သူ ၊ ေနေကာင္းရဲ႕ လား”

အမတ္၏ အသြင္ ဆုတ္ဆိုင္းဆိုင္း ျဖစ္ေနသည္။

“သူ ၊ ေနေကာင္းရဲ႕ လား”

အမတ္၏ အသံ တုန္ယင္ေမွးမွိန္စြာ ထြက္လာေလသည္။

“မင္းတရားႀကီး ကံေတာ္ကုန္အၿပီး၊ ရက္သတၱပတ္အတြင္းမွာပဲ မိဖုရားျမပန္းခ်က္ နာမက်န္း ျဖစ္ၿပီး ကြယ္လြန္သြားခဲ့ပါတယ္ တပ္မင္း။ ဒီသ၀ဏ္လႊာ သူ မကြယ္လြန္မီ ေနာက္ဆံုး အခ်ိန္မွာ …”

ထင္ျမင္ေသာ အာ႐ံုကို ေပ်ာက္ကြယ္သြားေစရန္ မ်က္စိအစံုကို ပိတ္လိုက္သည္။

ပါးျပင္ႏွစ္ဘက္၌ ပူေႏြးသြားသည္။ ပထမဆံုးႏွင့္ ေနာက္ဆံုးအႀကိမ္က်ဖူးေသာ မ်က္ရည္မ်ားပင္ ျဖစ္ေခ်မည္။

ေလးစားအပ္ေသာ ရန္သူေခါင္းေဆာင္ ဦးေအာင္ေဇယ်ႏွင့္ အခ်စ္ျမတ္ႏိုးဆံုးျဖစ္ေသာ ႐ိုးသားသည့္ ခ်စ္သူျမပန္းခက္တို႔၏ ၀ိညာဥ္မ်ား အတြက္၊

ထို႔ေနာက္ မွားခဲ့မိေသာ အမွားတို႔၏ အ႐ံႈးရလဒ္အတြက္ ။

ထို႔ေနာက္ အဓိကအက်ဆံုးႏွင့္ အႀကီးက်ယ္ဆံုးအေရးေတာ္ တစ္ခုအတြက္ …

ဒလဗန္း ဆံုးျဖတ္လိုက္သည္။

ခါတိုင္းလိုပင္ တင္းမာေသာ အမိန္႔သံ ေပၚလာသည္။

“တပ္အားလံုး အသင့္ျပင္၊ ရတနာသိခၤကို လိုက္သြားၾကမယ္”

The Red အနီ

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) - အပိုင္း (၁)

http://www.themeltingpot4u.com/2016/03/blog-post_684.html

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) - အပိုင္း (၂)


,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) - အပိုင္း (၃)


,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) - အပိုင္း (၄)


,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) - အပိုင္း (၅)




........................................................


စစ်သူကြီးဒလဗန်း (ချစ်ဦးညို) - အပိုင်း (၆)


နှလုံးမှာ ဒဏ်ရာအထပ်ထပ်ရခဲ့ပြီ။

ပထမဆုံးဒဏ်ရာကား ဦးရီးတော် ဒေါ်ထောအိုင် ကျဆုံးခြင်း။

ဒုတိယဒဏ်ရာမှာ အချစ်ဆုံးသွေးသောက် ဒေါစွယ်စယက် ရန်သူ့ဘက်သို့ ခိုဝင်သွားခြင်း။

တတိယဒဏ်ရာမှာ -

ဒလဗန်း မျက်စိအစုံမှိတ်လိုက်သည်။

မြပန်းခက်၏ ရုပ်ပုံပေါ်လာသည်။ လှပသော မျက်နှာနှင့်အတူ မကြာခင်ကမှ ဖြစ်ပေါ်ခဲ့သော အဖြစ်သနစ်များ

ရန်သူ့ “ရေနန်းစကြာ” သင်္ဘောကြီးကို မီးတင်ရှို့နိုင်ခဲ့သည်။

ဦးအောင်ဇေယျ၏ “စေတုဝတီ”မြို ့သစ်ကို ထိုးစစ်ဆင်ကာ အောင်ပွဲရခဲ့သည်။

အောင်ပွဲအရှိန်ဖြင့် ဟံသာဝတီသို့ ပြန်ဝင်ခဲ့ သည်။

မြို ့တွင် းမှာ မင်းခမ်းမင်းနားဖြင့် သဲသဲလှုပ်နေသည်။ စစ်ကာလနှင့် မလိုက်ဖက်စွာ တောက်ပြောင်ခမ်းနားသော အဆောင်အယောင်များကို တွေ ့နေရသည်။

မိမိကို ကြိုဆိုခြင်းမဟုတ် နိုင်သည်ကိုတော့ ဒလဗန်းသိသည်။ ဥပရာဇာနှင့် အကြီးအကျယ် ကွဲလွဲခဲ့ပြီ။

တိုက်ပွဲပြန်၊ မြို ့အဝင် ဆင်တပ်၏ ရှေ့ဆုံးမှ ဒလဗန်း၏ ဆင်သည် အရှေ့ကျုံ း တံခါးဝတွင် ရပ်လိုက်သည်။

မြို ့တွင် းသို့ မဝင်သာ။ မြို ့ တွင် းမှထွက်လာသော တံခွန်ကိုင် မြင်းတပ်၊ ခြေလျင် တပ်၊ ဆင်တပ်တို့ကို မဖောက်သာ။ ထွက်လာမစဲ တသဲသဲ။

ဒလဗန်း ဆင်ထက်မှ ဆင်းလိုက်သည်။ ပွဲရ တိုက်ပွဲပြန် ဒလဗန်းကို မည်သူကမှ အရေး တယူမရှိ။ 

ဒလဗန်း မြို ့ရိုးမုဒ်အနီးသို့ လျှောက်သွားသည်။

“ဟင် ၊ ဒလဗန်း ”
ဗညားငကျန်သည် ဒလဗန်းကို မြင်လိုက်သည်နှင့်ပင် မျက်စိမျက်နှာပျက်ကာ ရှောင်ထွက်သွားမည် ပြုသည်။

ဒလဗန်းက လက်ကိုဖမ်းဆွဲထားလိုက်သည်။

“ဘာတွေ ဖြစ်နေကြတာလဲ။ စစ်အင်္ဂါအစုံအလင်ပါလား”

“ ………………. ”

“ပြောစမ်းပါ ငကျန်ရ ဒါ ဘာအခမ်းအနားလဲ”

“မြပန်းခက်ကို ဥပရာဇာအမိန့်နဲ့ ဦးအောင်ဇေယျဆီ ပို့ပြီး ကညာဆက်”

“ဘာ”

ဗညားငကျန်ကို တွန်းထိုးကာ မြို ့ရိုးတွင် းသို့ ပြေးဝင်ခဲ့သည်။ ထွက်လာသော ရဲမက်များကို အတိုးတိုးအဝှေ့ဝှေ့ ။ အားလုံး လဲပြို ရစ်ခဲ့ကြသည်။

နောက်ကျသွားခဲ့ပေပြီ။

မြပန်းခက်ကို တင်ဆောင်သွားသော ရထားသည် ဒလဗန်း မြို ့ပြင်လမ်းမသို့ မရောက်မီ တည်းက တဘက်သို့ ရောက်သွားခဲ့ပြီ။ 

ချစ်သူသည် စစ်ရှုံးအညံ့ခံ ပဏ္ဏာမွန်အဖြစ် ရန်သူ့ ခေါင်းဆောင်ထံသို့ ပါသွားခဲ့ပြီ။

ဒလဗန်း မြို ့ ပြင် ပြန်ထွက်လာခဲ့သည်။

ရင်ထဲမှာ ၊ အသိထဲမှာ ဘာမှာ မရှိတော့ဟု ခံစားရသည်။

ဗလာဟင်းလင်းဝေဒနာသည် အနီရောင် ၊ အနီရောင် လွင်ပြင်ပြန့်။

ဆင်ပေါ် ပြန်တက်သည်။

ကညာဆက်အခမ်းအနား၏ တံပိုးသံ၊ ခရုသင်းသံ၊ မောင်းသံ၊ မြင်းဟီသံ၊

ပတ်သာသံ၊ စည်သံ၊ တံမြွာသံ၊ လူသံ၊ ဆင်သံ အားလုံးကို ဖောက်ထွင်းကျော်လွန်သွားသည့် အသံနက်ကြီး တစ်ခု ဆင်ဦးကင်းဆီမှ ပေါ်လာသည်။

“ဟံသာဝတီကို ငါသိမ်းလိုက်ပြီ။ ဥပရာဇာကို ငါနန်းချလိုက်ပြီ။ တိုက်ဆင်အားလုံး မြပန်းခက်ရဲ့ ရထားဆီ အခုလိုက်ခဲ့ကြ”

သမုဒ္ဒရာသို့ ယုန်ငယ်ခြေသို့ ထောက်ဆင်းသည့် ပမာသာ။

“ခွင့်လွှတ်ပါ အမောင် ။ စစ်ပွဲကြီး ပြီးဆုံးရေး အတွက် မြပန်းခက် ဦးအောင်ဇေယျဆီ သွားပါတော့မယ်။ ခမည် းတော်ရဲ့ အစီအမံကို မြပန်း လိုက်နာပြီးပါပြီ”

ရထားထက်မှ မြပန်း၏ နောက်ဆုံးစကား။

ရှိသမျှအင်အားကို ဆောင်ကြဉ်းကာ မုတ္တမဘက် ထွက်ခဲ့တော့သည်။

“ကော့ဂွန်း”တွင် တပ်စွဲလိုက်သည်။

“ဦးအောင်ဇေယျ၊ သင့်ကို ကျု ပ် အဘက်ဘက်မှ အရှုံးပေးလိုက် ရပြီ။ စစ်ပွဲ၊ ချစ်သူ နှင့် လက်ရုံးနှလုံး။ ဒါပေမဲ့ ကျုပ်အသက်ကို ဘယ်တော့မှ ရလိမ့်မယ် မဟုတ်ဘူးဆိုတာ လေးစားအပ်တဲ့ ရန်သူခေါင်းဆောင်အ ဖြစ် ကျု ပ်ပြောလိုက်ပါတယ်”
ဒလဗန်းရင်ထဲမှာ အဆက်မပြတ် မြည်ဟည်းနေသော အသံ ဖြစ်သည်။

သုံးနှစ် ကျော် ကြာခဲ့သည်။

ဦးအောင်ဇေယျလည်း အယုဒ္ဓယစစ်မျက်နှာမှအပြန်တွင် ကံတော် ကုန်ခဲ့သည်။

နောင်တောကြီးမင်း ကုန်းဘောင်ထီးနန်းကိုဆက်ခံသည်။

ကော့ဂွန်းတပ်ရှိ ဒလဗန်းထံသို့ သဝဏ်လွှာရောက်လာသည်။

ခတ်နှိပ်ထားသော တံဆိပ်တော် ၊ သဝဏ်ဆက်အဖွဲ့ကို ကြည့်ကတည်းက ဘုရင့်သဝဏ် ဖြစ်ကြောင်း ဒလဗန်း သိလိုက်သည်။

သဝဏ်ဆက်အဖွဲ့ခေါင်းဆောင် အမတ်သည် ဒလဗန်းရှေ့သို့ မဝံ့မရဲ ၀င်လာလေသည်။

“နောင်တော်ကြီးမင်းဘုရားထံမှ သဝဏ်လွှာရောက်ပါတယ် တပ်မင်းကြီး”

“အင်း”

အမတ်က သဝဏ်လိပ်ကို ဖြန့်လိုက်သည်။

“ဖတ်ပါ”

စစ်တောင်းမြစ်နှင့် မိုးကုပ်စက်ဝိုင်းကိုကြည့်ရင်း ဒလဗန်းနားထောင်သည်။

“ ဘုန်းတော် ကြီးဘုရား၏ အရိုက်အရာကို ဆက်ခံသော နောင်တော်ဘုရားကြီးထံမှ စစ်သူကြီး ဒလဗန်းထံသို့ လေးမြတ်စွာ သဝဏ်လွှာရောက်သည်မှာ - ယခုအခါ အင်းဝ၊ ဟံသာဝတီစစ်ကြီးလည်း ပြီးခဲ့ပြီ။ ခမည်းတော် ဘုန်းတော်ကြီးဘုရား သုတ်သင်ပြုစုခဲ့ပေသော နိုင်ငံတော်ကို ကျွန်ုပ်နောင်တော်ကြီးဘုရားသည် လက်ရုံးနှလုံးဖြင့် ဆက်လက်ခုတ်ထွင်ပျု ိးထောင်နေသည်။

ခမည် းတော် ဘုရား၏ သားတော်ရင်းဖြစ်သည့် အားလျော်စွာ ကျွန်ုပ်သည် ရန်သူမိတ်ဆွေထားဘိ။ သူရဲကောင်းစင်စစ်ပြီးသော ယောက် ျားကောင်းတို့ကို လွန်စွာ 
မြတ်နိုးတော် မူသည်။ အသင်သည် အကြင်မျှသော ကာလတစ်လျှောက်လုံး ကျွန်ုပ်တို့အား ရဲဝံ့စွာ ရင်ဆိုင်ခဲ့သူ ဖြစ်သည်။ အသင့်သတင်း အင်းဝ၌ မွေးခဲ့ချေသည်။
ရန်သူဆိုသော ်ငြား ယခုအခါ အသင့်ကို ပြည့်ရှင်မင်းကောင်းပီသစွာ ကျွန်ုပ်ဖိတ်ခေါ်သည်။ ဆင် ၊ မြင်း ၊ လက်နက်ဗိုလ်ပါ နှင့် တကွ ကျွန်ုပ်ထံဝင်မည်ဆိုလျှင်
အသက်စည်းစိမ်းကို လွှတ်၍ ကြီးစွာသော အဆောင်အယောင်ဖြင့် အမှုတော်ကို ထမ်းရွက်စေမည် ။ ကျွန်ုပ်သည် ...”

“တော် ပြီ ၊ ဆက်မဖတ်နဲ့”

ဒလဗန်း၏ ခက်ထန်သော အသံအောက်မှာ အမတ်၏ စာဖတ်သံ ပျောက်သွားသည်။

“ပြန်ပြောလိုက် ။ အလုံးအရင်းနဲ့ ကော့ဂွန်းကို ချီတက်ခဲ့လို့”

“နောက် … နောက်ထပ် သဝဏ်တစ်ခုရှိပါသေးတယ် တပ်မင်းကြီး”

“ဘာသဝဏ်လဲ …. ဘယ်သူ့ဆီကလဲ”

“မိဖုရား မြပန်းခက်ဆီကပါ”

“ဘာ”

အမတ်၏ လက်ထဲမှ သဝဏ်ကို ဒလဗန်း လှမ်းယူလိုက်သည်။ ဒေါသ၏ မုန်တိုင်းသည် အချစ်၏ လေပြည်ဖြင့် အဆုံးသတ်လေသည်။

သဝဏ်ကိုင်ထားသော လက်တွေ တုန်နေသည်။

{ အမောင်
မြပန်း ရိုသေလေးမြတ်စွာ သဝဏ်စေပါသည်။

သူ့လူ ၊ ငါ့လူ ၊ သူ့နန်း ၊ ငါ့နန်း ၊ သူ့အာဏာ ငါ့အာဏာအစွဲများ မထားစေလိုတော့ပါ။ မြပန်းတို့ မကျူးလွန်ရဘဲ ကျရောက်ခဲ့သော အမှားများကို မြပန်းတို့ ဆေးကြောသုတ်သင်ရပါ လိမ့်မည်။ မြပန်း စစ်ရေး နှင့် ပြည်အရေးကို မနှံ့စပ်ပါ။ 

သို့ သော ် အချစ်ကို ဆိုပါမည်။ ဟိုင်းကြီးကျွန်းမှ ကုလားဖြူအရေး သည် အကြီးကျယ်ဆုံးအရေး ဖြစ်လာပါလိမ့်မည်။ မင်းတရားနတ်ရွာမစံမီကပင် ဤအရေးကို နောင်အစဉ်အဆက် သားတော်တို့ နှလုံးမူရမည် ့ အကြောင်း မိန့်ကြားသွားခဲ့သည်။

အမောင် ရတနာသိင်္ခ၌ ရှိသင့်သည်ဟု မြပန်းလည်း နားလည်ပါသည်။ 
အမောင် ပြန်လာခဲ့ပါ။

မြပန်းခက် }

“သူ ၊ နေကောင်းရဲ့ လား”

အမတ်၏ အသွင် ဆုတ်ဆိုင်းဆိုင်း ဖြစ်နေသည်။

“သူ ၊ နေကောင်းရဲ့ လား”

အမတ်၏ အသံ တုန်ယင်မှေးမှိန်စွာ ထွက်လာလေသည်။

“မင်းတရားကြီး ကံတော်ကုန်အပြီး၊ ရက်သတ္တပတ်အတွင်းမှာပဲ မိဖုရားမြပန်းချက် နာမကျန်း ဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ် တပ်မင်း။ ဒီသဝဏ်လွှာ သူ မကွယ်လွန်မီ နောက်ဆုံး အချိန်မှာ …”

ထင်မြင်သော အာရုံကို ပျောက်ကွယ်သွားစေရန် မျက်စိအစုံကို ပိတ်လိုက်သည်။

ပါးပြင်နှစ်ဘက်၌ ပူနွေးသွားသည်။ ပထမဆုံးနှင့် နောက်ဆုံးအကြိမ်ကျဖူးသော မျက်ရည်များပင် ဖြစ်ချေမည်။

လေးစားအပ်သော ရန်သူခေါင်းဆောင် ဦးအောင်ဇေယျနှင့် အချစ်မြတ်နိုးဆုံးဖြစ်သော ရိုးသားသည့် ချစ်သူမြပန်းခက်တို့၏ ၀ိညာဉ်များ အတွက်၊ 

ထို့နောက် မှားခဲ့မိသော အမှားတို့၏ အရှုံးရလဒ်အတွက် ။ 

ထို့နောက် အဓိကအကျဆုံးနှင့် အကြီးကျယ်ဆုံးအရေးတော် တစ်ခုအတွက် …

ဒလဗန်း ဆုံးဖြတ်လိုက်သည်။

ခါတိုင်းလိုပင် တင်းမာသော အမိန့်သံ ပေါ်လာသည်။

“တပ်အားလုံး အသင့်ပြင်၊ ရတနာသိင်္ခကို လိုက်သွားကြမယ်”

The Red အနီ

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)