Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, April 4, 2016

သႀကၤန္မ႑ပ္မ်ား ကန္႔သတ္မႈ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ရွင္းလင္း

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရံုးမွာ ဧၿပီလ ၄ ရက္ေန႔က သဘင္၊ ဂီတ၊ ရုပ္ရွင္ အႏုပညာရွင္ေတြနဲ႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕တို႔ သႀကၤန္က်င္းပမယ့္ အစီအစဥ္ေတြကို ေဆြးေႏြးခဲ့စဥ္။ Photo: Thiha Tun/RFA
ရန္ကုန္ၿမိဳ႕မွာ ဒီနွစ္မ႑ပ္အေရအတြက္ ကန္႔သတ္ခြင့္ျပဳထားတာကို အႏုပညာရွင္ေတြအေနနဲ႔  နားလည္မူရွိရွိ ပူးေပါင္းပါ၀င္ေပးၾကဖို႔ ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း တိုက္တြန္းေျပာၾကားပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာရွိတဲ့ ၿမိဳ႕နယ္အားလံုးမွာ သႀကၤန္ပြဲေတာ္ကို စည္စည္ကားကား က်င္းပလိုတာေၾကာင့္ ေနရာတစ္ေနရာထဲမွာ မ႑ပ္ေတြကို စုၿပံဳေဆာက္ခြင့္မျပဳတာျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက အႏုပညာရွင္ေတြကို ေျပာပါတယ္။

"ဒီကာလကေလးမွာ ဂီတအႏုပညာရွင္ေတြရဲ႕ ေဖ်ာ္ေျဖမႈေတြ၊ တျခားတျခားေသာအသံေတြ သူတို႔ဒီဟာေလးကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေအးေအးခ်မ္းခ်မ္းနဲ႔ ျဖတ္ခ်င္တဲ့သူေတြ အမ်ားႀကီးရွိပါတယ္၊ အဲ့ဒီနယ္လိုျဖစ္ေနတဲ့ အေျခအေနေပါ့ဗ်ာ က်ေနာ့္မဲဆႏၵနယ္လိုျဖစ္တဲ့ လွည္းကူးတို႔ ေမွာ္ဘီတို႔ တိုက္ႀကီးတို႔ဆို ဒီရန္ကုန္ကေန သြားေရာက္ေဖ်ာ္ေျဖႏိုင္သူေတြ ေတာ္ေတာ္နည္းပါတယ္၊ အဲ့လိုေနရာမ်ဳိးေတြအထိ က်ေနာ္တို႔ စည္ကားေစလိုပါတယ္၊ ရန္ကုန္ၿမိဳ႕ထဲမွာလည္း ရန္ကုန္ၿမိဳ႕လယ္နဲ႔ ကန္ပတ္လမ္းနဲ႔ အင္းလ်ားကန္ေဘးေလာက္ကိုပဲ အေျခအေနမ်ဳိးကို က်ေနာ္တို႔ မျဖစ္ေစခ်င္ပါဘူး"

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရံုးမွာ သဘင္၊ဂီတ၊ရုပ္ရွင္ အႏုပညာရွင္ေတြနဲ႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕တို႕ သႀကၤန္က်င္းပမယ့္ အစီအစဥ္ေတြကို ဒီေန႔ ေဆြးေႏြးခဲ့ပါတယ္။

သႀကၤန္ကာလအတြင္း   အင္လ်ားကန္ပတ္လမ္း၊ ကန္ေတာ္ႀကီးနဲ႔ ကမၻာေအးဘုရား လမ္းေတြမွာသာ လူစည္ကားတာမ်ိဳးကို မျဖစ္ေစလိုတာေၾကာင့္ ကမာၻေအးဘုရားလမ္းမွာ ေဆာက္လုပ္ခြင့္ ေလွ်ာက္ထားတဲ့ မ႑ပ္ ၃ဝဝ ေက်ာ္ကို ခြင့္ျပဳခ်က္ မေပးတာျဖစ္ေၾကာင္း ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

ဒါ့အျပင္ သႀကၤန္မွာ မ႑ပ္အေရအတြက္ေတြ ေလ်ာ့နည္းသြားတဲ့အတြက္ ပရိ္သတ္ကို ေဖ်ာ္ေျဖၾကမယ့္ အႏုပညာရွင္ေတြ အခက္အခဲ ရွိမယ္ဆိုတာ နားလည္ေၾကာင္းလည္း ေျပာပါတယ္။

အစိုးရက စီးပြားျဖစ္မ႑ပ္ေတြ ေဆာက္လုပ္ခြင့္မေပးတဲ့အတြက္ လူစည္ကားရာ လမ္းမႀကီးေပၚမွာ ရွိတဲ့ တခ်ိဳ႕ေနအိမ္ေတြေရွ႕မွာ ေျမေနရာ ငွားရမ္းခ သိန္းေထာင္ခ်ီေပးဖို႔ ေစ်းေခၚေနသူေတြအေနနဲ႔လည္း ဥပေဒေၾကာင္းအရ အခြန္အခေပးရမယ္ဆိုတာ နားလည္ဖို႔လိုအပ္ေၾကာင္း   ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

၂၀၁၆ ခုႏွစ္ သႀကၤန္ကာလမွာ စီးပြားျဖစ္မ႑ပ္ေတြ ေဆာက္လုပ္ခြင့္မေပးတာဟာ သႀကၤန္ကို ခုတုံးလုပ္ၿပီး အဲဒီ မ႑ပ္ေတြမွာ မူးယစ္ေဆးဝါး ေရာင္း၀ယ္သုံးစြဲမႈေတြကို တားဆီးႏုိင္ေရးအပါအ၀င္ ၿပီးခဲ့တဲ့ လပိုင္းေတြအတြင္း ရန္ကုန္ၿမိဳ႕မွာ ဖမ္းဆီးမိခဲ့တဲ့ လက္နက္ခဲယမ္းေတြရဲ႕ အႏၱရာယ္ကို စိုးရိမ္လို႔ျဖစ္တယ္လို႔ ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။

ဒီေန႔ အစည္းအေ၀းကို တက္ေရာက္လာတဲ့ ၈၈မ်ိဳးဆက္ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႕အစည္း ေခါင္းေဆာင္ ဦးမင္းကိုႏိုင္က ႏွစ္ေပါင္းမ်ားစြာ အရိုးစြဲလာတဲ့ သႀကၤန္အစဥ္အလာကို ေျပာင္းလဲခဲ့တာေၾကာင့္ ျပည္သူေတြရဲ႕တုန္႔ျပန္မႈကို ေျဖရွင္းရာမွာ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအတြက္ စိန္ေခၚမူတစ္ရပ္ျဖစ္တယ္လို႔ ေျပာပါတယ္။

လူငယ္ပိုင္း ဂီတ အႏုပညာရွင္ေတြကလည္း ရန္ကုန္တုိင္းေဒသႀကီး အစုိးရအေနနဲ႔ မ႑ပ္ေဆာက္လုပ္ခြင့္ မေပးတဲ့အတြက္ ေရကစားခ်င္တဲ့ လူငယ္ေတြ အခက္အခဲရွိေၾကာင္း ေဆြးေႏြးခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese

..................................................


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဧပြီလ ၄ ရက်နေ့က သဘင်၊ ဂီတ၊ ရုပ်ရှင် အနုပညာရှင်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ သင်္ကြန်ကျင်းပမယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့စဉ်။ Photo: Thiha Tun/RFA
ရန်ကုန်မြို့မှာ ဒီနှစ်မဏ္ဍပ်အရေအတွက် ကန့်သတ်ခွင့်ပြုထားတာကို အနုပညာရှင်တွေအနေနဲ့  နားလည်မူရှိရှိ ပူးပေါင်းပါ၀င်ပေးကြဖို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တိုက်တွန်းပြောကြားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်အားလုံးမှာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပလိုတာကြောင့် နေရာတစ်နေရာထဲမှာ မဏ္ဍပ်တွေကို စုပြုံဆောက်ခွင့်မပြုတာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အနုပညာရှင်တွေကို ပြောပါတယ်။

"ဒီကာလကလေးမှာ ဂီတအနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေ၊ တခြားတခြားသောအသံတွေ သူတို့ဒီဟာလေးကို ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းနဲ့ ဖြတ်ချင်တဲ့သူတွေ အများကြီးရှိပါတယ်၊ အဲ့ဒီနယ်လိုဖြစ်နေတဲ့ အခြေအနေပေါ့ဗျာ ကျနော့်မဲဆန္ဒနယ်လိုဖြစ်တဲ့ လှည်းကူးတို့ မှော်ဘီတို့ တိုက်ကြီးတို့ဆို ဒီရန်ကုန်ကနေ သွားရောက်ဖျော်ဖြေနိုင်သူတွေ တော်တော်နည်းပါတယ်၊ အဲ့လိုနေရာမျိုးတွေအထိ ကျနော်တို့ စည်ကားစေလိုပါတယ်၊ ရန်ကုန်မြို့ထဲမှာလည်း ရန်ကုန်မြို့လယ်နဲ့ ကန်ပတ်လမ်းနဲ့ အင်းလျားကန်ဘေးလောက်ကိုပဲ အခြေအနေမျိုးကို ကျနော်တို့ မဖြစ်စေချင်ပါဘူး"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ သဘင်၊ဂီတ၊ရုပ်ရှင် အနုပညာရှင်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ သင်္ကြန်ကျင်းပမယ့် အစီအစဉ်တွေကို ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။

သင်္ကြန်ကာလအတွင်း   အင်လျားကန်ပတ်လမ်း၊ ကန်တော်ကြီးနဲ့ ကမ္ဘာအေးဘုရား လမ်းတွေမှာသာ လူစည်ကားတာမျိုးကို မဖြစ်စေလိုတာကြောင့် ကမ္ဘာအေးဘုရားလမ်းမှာ ဆောက်လုပ်ခွင့် လျှောက်ထားတဲ့ မဏ္ဍပ် ၃ဝဝ ကျော်ကို ခွင့်ပြုချက် မပေးတာဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒါ့အပြင် သင်္ကြန်မှာ မဏ္ဍပ်အရေအတွက်တွေ လျော့နည်းသွားတဲ့အတွက် ပရိ်သတ်ကို ဖျော်ဖြေကြမယ့် အနုပညာရှင်တွေ အခက်အခဲ ရှိမယ်ဆိုတာ နားလည်ကြောင်းလည်း ပြောပါတယ်။

အစိုးရက စီးပွားဖြစ်မဏ္ဍပ်တွေ ဆောက်လုပ်ခွင့်မပေးတဲ့အတွက် လူစည်ကားရာ လမ်းမကြီးပေါ်မှာ ရှိတဲ့ တချို့နေအိမ်တွေရှေ့မှာ မြေနေရာ ငှားရမ်းခ သိန်းထောင်ချီပေးဖို့ စျေးခေါ်နေသူတွေအနေနဲ့လည်း ဥပဒေကြောင်းအရ အခွန်အခပေးရမယ်ဆိုတာ နားလည်ဖို့လိုအပ်ကြောင်း   ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

၂၀၁၆ ခုနှစ် သင်္ကြန်ကာလမှာ စီးပွားဖြစ်မဏ္ဍပ်တွေ ဆောက်လုပ်ခွင့်မပေးတာဟာ သင်္ကြန်ကို ခုတုံးလုပ်ပြီး အဲဒီ မဏ္ဍပ်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို တားဆီးနိုင်ရေးအပါအဝင် ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရန်ကုန်မြို့မှာ ဖမ်းဆီးမိခဲ့တဲ့ လက်နက်ခဲယမ်းတွေရဲ့ အန္တရာယ်ကို စိုးရိမ်လို့ဖြစ်တယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

ဒီနေ့ အစည်းအဝေးကို တက်ရောက်လာတဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းကိုနိုင်က နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ သင်္ကြန်အစဉ်အလာကို ပြောင်းလဲခဲ့တာကြောင့် ပြည်သူတွေရဲ့တုန့်ပြန်မှုကို ဖြေရှင်းရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအတွက် စိန်ခေါ်မူတစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

လူငယ်ပိုင်း ဂီတ အနုပညာရှင်တွေကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ မဏ္ဍပ်ဆောက်လုပ်ခွင့် မပေးတဲ့အတွက် ရေကစားချင်တဲ့ လူငယ်တွေ အခက်အခဲရှိကြောင်း ဆွေးနွေးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment