စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) - အပိုင္း (၃)


စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) - အပိုင္း (၃)
============================

ဒလဗန္း၏ ႀကိဳ တင္တြက္ခ်က္မႈ အာလံုးမွန္သည္။

မုဆိုးဖိုသို ထြက္ခြာသြားေသာ ေဒါေထာအိုိင္၏ တပ္မွာ အျပန္ခရီးတါင္း လမ္းမွ ျဖတ္ အတိုက္ခံရၿပီး ဦးရီးေတာ္ ေဒါေထာအိုင္ တစ္ေယာက္ သာ အသက္ရွင္လ်က္ျပန္ေရာက္ႏိုင္ခဲ့သည္။

‘ဒလဗန္းေရ…. မင္းေျပာတာမွန္သကြ။ ဂုဏၰအိုန္ကလည္း လာၿပီးသစၥာေပးသတဲ့။ အဲဒါကို ဦးေအာင္ေဇယ်က ျငင္းလႊတ္လိုက္တယ္။ မင္းသ၀ဏ္ကိုလည္း ေခါင္းခါျပတယ္။ ဘယ္သူသစၥာမွ က်ဳ ပ္မခံဘူး။ သာသနာျပဳမင္းျမတ္တစ္ပါး ျဖစ္ဖို႔ ႀကိဳးစားမယ္လို႔ ဘုရားမွာ သစၥာဆိုထားသတဲ့။ အဲဒီ သစၥာတစ္ခုပဲ သူမွာ ရိွသတဲ့။ အျပန္က်ေတာ့ ဟန္လင္ၿမိဳ ႕ ေတာင္ဘက္ကေန ဆီးတိုက္ေတာ့ တာပဲ။ သင္းတို႔ ဓားေရး ၊ ျမင္းေရး တယ္ေကာင္းသကြာ။ အငိုက္မိသြားလို႔သာ ငါ့လူေတြ အကုန္က်သြားခဲ့တာ။ ဒီးလို သူရဲေကာင္းမ်ိဳးနဲ႔ ေတြ ႔ခ်င္ေသးတယ္ေဟ့’

ဟု ဦးရီးေတာ္ ေဒါေထာအိုင္ ကျပန္ေရာက္ခ်င္း ေမာႀကီးပန္ႀကီး ေျပာျပခဲ့ေလသည္။

ဒလဗန္သည္ ႏႈတ္ခမ္းကို တင္းက်ပ္စြာ ေစ့လ်က္ စကားတစ္စံုဆစ္ရာမဆုိဘဲ ဦးရီးေတာ္ ၏ ဒဏ္ရာမ်ား ကို ေဆးကုသေစသည္။

ထိုအခ်ိန္မွစ၍ ဒလဗန္တကိုယ္ထီးေနခ်ိ္န္ မ်ား လာသည္။ စစ္ေရး အစီအမံခ်စရာရိွလ်ွင္ ခ်သည္။ စစ္ပဲြ၀င္စရာရိွလ်ွင္ ၀င္သည္။ ထိုအခ်ိန္မ်ားမွအပ ဒလဗန္း လူစုလူေ၀းကို ေရွာင္သည္။ အထူးသျဖင့္မူ မင္းႀကီးဗညားဒလ၊ ဥပရာဇာတို႔ႏွင့္ ေတြ႔စရာအေၾကာင္းေပၚလ်ွင္ ေဒါစြယ္စယက္ကိုသာ ကို္ယ္စားလႊတ္သည္။

ဟံသာ၀တီ၊ အင္း၀၊ သံလ်ွင္၊ ေရေၾကာင္း၊ ၾကည္းေၾကာင္း စစ္မ်က္ႏွာျပင္ကား တစ္စတစ္စ က်ယ္ျပန္႔လႈပ္ရွား ႐ႈပ္ေထြးလာသည္။ စစ္ပဲြျပ ေျမပံုကားခ်ပ္မ်ား လည္း ပို၍ ႀကီးမားလာသည္။

အႀကီးမားဆံုး၊ ေလးစာခန္႔ညားစရာေကာင္းဆံုးရန္သူႏွင့္ ခ်စ္ျမတ္ႏိုးျစရာအေကာင္းဆံုး ခ်စ္သူတို႔ကို ထိုေန႔တစ္ေန႔ပင္ ဒလဗန္း ေတြ ႔ႀကံဳ ခဲ့ရသည္။

ရန္သူကား ဦးေအာင္ေဇယ်။
ခ်စ္သူကား ျမပန္းခက္။

အင္း၀ကို္ သိမ္းပိုက္ထားခဲ့သည္မွာ တႏွစ္ ခန္႔ရိွၿပီ။

ထိုကာလမ်ားအတြင္း မုဆိုးဖို၏ ပဲြရသတင္းမ်ား ကလည္း တျဖည္းျဖည္းထင္ရွားလာၿပီ။ ေဒါ စြယ္စယက္၊ ဦးရီးေတာ္ ေဒါေထာအုိင္တို႔ ေခါင္းေဆာင္၍ မုဆိုးဖိုသို႔ အႀကိမ္ႀကိမ္လုပ္ႀကံ ေသာ ္ လည္း အထမေျမာက္။

ထိုေန႔တြင္ ဒလဗန္းကိုယ္တိုင္ ဆင္တပ္၏ ေရွ႕ဆံုးမွေနကာ မုဆိုးဖိုသို႔ ခ်ီသည္။ တိုက္ပဲြသည္ နံနက္လင္အားႀကီးမွသည္ ေနထန္းတစ္ဖ်ားအထိ ေသာ ေသာအုတ္အုတ္ ရိွေနသည္။ ထန္လံုးတပ္တံခါးကို အ၀းမွာ သာျမင္းေနရသည္။ အနီးသို႔ မခ်ဥ္းႏိုင္။

ထန္းလံုးတပ္အတြင္းမွ မုဆိုးဖိုျမင္းစီးသူရဲမ်ား ႐ႈပ္ေထြးေနေတာ့သည္။ ဆင္ဦးစီး က်သြားခဲ့ၿပီး ျဖစ္ေသာေၾကာင့္ ခြၽန္းမဲ့ေနေသာ တိုက္ဆင္သည္္ ဦးတည္ရာသို႔သာ ကစဥ့္ကလ်ားေျပးလႊားရင္း ျမင္ျမင္သမ်ွကို ေျမွာက္ခ်ီပစ္ခတ္ေနသည္။ ဆင္ေပၚတြင္ ဒလဗန္းတေယာက္တည္း။ ဒလဗန္းအနီး ဆင္ေက်ာကုန္းႏွင့္ လည္ပင္းတစ္၀ိုက္တြင္
မုဆိုးဖိုသားတုိ႔၏ လွံတိုလွံရွည္မ်ား သဲသဲလႈပ္ စိုက္၀င္ေနၾကသည္။

ဒလန္ဗန္း ဆင္ေက်ာကုန္းအတိုင္း ခက္ခဲစြာ ေနာက္ဘက္သို႔ ေလ်ွာ့ဆင္းကာ ေနာက္ၿမီး ကႀကိဳ း မွတြယ္ကပ္လ်က္ ေအာက္သို႔ ဆင္းလုိက္ရသည္။ မုဆိုဖို ျမင္းစီးသူရဲတို႔ ျမင္ကြင္းတြင္ ဒလဗန္းေပ်ာက္ဆံုးသြားသည္။ ဆင္ကို ဝန္းရံ၍ သူတို႔၀ိုင္းလိုက္သည့္အခ်ိန္တြင္ ဒလဗန္းသည္ ျမင္ေပၚသို႔ ေရာက္ႏွင့္ ေနပါၿပီ။

ျမင္းကို ထန္းလံုးတပ္ဆီသို႔ ဇက္ကုန္ဖြင့္လိုက္သည္။ ဒလဗန္း ဆံုးျဖတ္ခ်က္ကား မုဆိုးဖို လက္မရြံ႕တပ္မ်ား ကို အခ်ိန္ကုန္၍ ေဖာက္မေနေတာ့။ သည္လိုသာ စစ္မ်က္ႏွာ ဖြင့္တိုက္ေနလ်ွင္ အခိ်န္ကုန္႐ံုသာရိွေတာ့မည္ ။ သူတို႔ျမင္းကိုေဖာက္ရန္မလြယ္။ ထို႔ျပင္ တိုက္ဆင္ထက္မွ မိမိသည္ မုဆုိးဖို၏ မီးေပါက္ေသနတ္ကိုင္ လက္ေျဖာင့္ တပ္သားတုိ႔ အဖို႔အေကာင္းဆံုးပစ္ကြင္း ျဖစ္ေနသည္။

ထို႔ေၾကာင့္ ……………
စစ္အဂၤါကိုစြန္႔ကာ တိုက္ပဲြထူတပ္ေသာ မ်က္ႏွာကို ေရွာင္ၿပီး ေတာစပ္ကို အသံုးျပဳ၍ ျမင္းႏွင့္ပင္ ထန္းလံုးတပ္၏ ေဘးဘက္ဆီးသို႔ တိ္တ္တဆိတ္၀င္ေတာ့မည္ ။

တစ္ဦးတည္ေသာ ရန္သူကိုသာ အဓိကထာ၍ သုတ္သင္။

သူကား ဦးေအာင္ေဇယ်။

ထေနာင္းႏွင့္ ဆီးျဖဴခက္မ်ား က မ်က္ႏွာဆီးသို႔ အဟုန္ျပင္းစြာ ေျပး၀င္လာေနၾကသည္။ ေတ့ကား ဆူးေတ့။ ၾကမ္းရွခြ်န္ျမေသာ ဆူးကုိင္းမ်ား သည္ ၀ဲမွယာမွ၊ ေရွမွေနာက္မွ၊ ေအာက္မွ ၊ ေအာက္မွအေပၚမွ တထပ္ၿပီး တထပ္။

သို႔ ေသာ ္ ျမင္းဇတ္ကို မေလ်ွာ့သာ။
ဟိုမွာ ဘက္တြင္ တိုက္ပဲြအဟုန္ျပင္းေနဆဲျဖစ္သည္

ဆူေတ့လမ္းကို အလ်င္အျမန္ျဖတ္ကကာ ထန္းလံုးတပ္၏ ေဘးတံခါးသို႔ အေရာက္သြားရန္သာ အေရး ႀကီးသည္။

စစ္ျမင္းႀကီးမွာ မ်က္ႏွာ၊ ၀မ္းဗိုက္၊ လက္ျပင္၊ လည္ပင္း၊ ေျခေထာက္ဆီသို႔ တျဖည္းျဖည္း ေျဖာင့္ေျဖာင့္႐ိုက္ေသာ ဆူးကိုင္းမ်ား ေျပးရင္း ေသြးလန္႕ေနေတာ့သည္။
ဆူးေတြ ေၾကာင့္ လန္႔ၿပီး ပိုိေျပးသည္။ ပိုိေျပးေတာ့ေၾကာင့္ ဆူးခြ်န္တုိ႔၏ ထိရွမႈ ပိုမိုျပင္းထန္သည္။

ျမင္းလည္ပင္းကို ကြယ္၍ ဒလဗန္းမ်က္ႏွာ ၀ွက္ကာ လိုက္ရသည္။ မ်က္ႏွာကိုအျပင္ အထုတ္ရဲ။ အေပၚသို႔ မေမာ္ရဲ။ ဆူခတ္မ်ားက အခ်ိန္ႏွင့္ အမ်ွ မ်က္ႏွာက တျပင္လုံးကိုို ဆုတ္ၿဖဲ ျပစ္ၾကမည္ ။

ျမင္းလည္ပင္းကို အကာအကြယ္ ယူထားေသာ ေၾကာင့္ မ်က္ႏွာတ၀ိုက္မွာ သက္သာရာရ ေသာ ္လည္း လက္၊ ပခံုးႏွင့္ ေျခေထာက္တို႔မွာ ဆူးျခစ္ရာတို႕ျဖင့့္္ ျမင္မေကာင္းၿပီ။ တကိုယ္လံုးမွာ တဖ်ဥ္းဖ်ဥ္း ကိ္်န္းစက္နာက်င္ေနသည္။ ဆူးျခစ္ရာေတြ ဆီမွ ရဲခနဲ စို႔၊ ျဖာခနဲက်သြားေသာ ေသြးစက္တို႔၏ ပူေႏြးေႏြးအေတြ ႔ကို ခံစားေနရသည္။

အခ်ိဳ ႕ ဆူးကိုင္းမ်ား ခ်ိတ္လ်က္ပါလာသည္။ အခ်ိဳ ႕ ဆူးခြ်န္မ်ား အသားထဲသို႔ နစ္ျမွဳပ္စိုက္၀င္ လာသည္။ ထိုဆူးူခြ်န္မ်ား အေပၚသုိ႔ ေနာက္ထပ္ ဆူးခတ္ေတြ က အရိွန္ျပင္းစြာ ႐ိုက္ခတ္လိုက္ ေသာအခါ အသည္းထဲအထိခိုက္သြားသည္။

ဒလဗန္းအံႀကိတ္၍ ခံသည္။

ေသြးလန္႔ၿပီးရင္းလန္႔ရင္ ဇက္မဲ့ ကဆုန္စိုင္းေနေသာ ျမင္းႀကီးကို တူ႐ူအရမွ ေသြဖည္ မသြားေအာင္လည္း ထိန္းေပးေနရသည္။ ၀မ္းဗိုက္ဆီသို႔ ေျခဖေနာင့္ႏွင့္ အဆက္မျပတ္ ခတ္ခတ္ေပး ေနရသည္။

ထန္းလံုးတပ္ကို ျမင္ရၿပီ။

ဆူးူခက္တို႔ က်ဲလာသည္။ ျမင္းလည္ပင္းေနာက္မွ မ်က္ႏွာ၊ကိုေဖာ္၍ ရလာသည္။ အျခားဘက္မ်က္ႏွာတြင္ သဲသဲမဲမဲတိုက္ေနေသာ မုဆိုးတပ္သားတို႔ ဒလဗန္း ကိုမျမင္း။

နဖူးေသြးစက္ႏွင့္ ေရာ၍ က်လာေသာ ေခြ်းေပါက္မ်ား ေၾကာင့္ မ်က္လံုးမ်ား က်ိန္းစက္္ကာ အျမင္အာ႐ံု ၀ိုးတ၀ါး ျဖစ္ေနျခင္းသည္ ႀကီးစြာ ေသာ အေနွာင့္အယွက္ပင္။

သို႔ ေသာ ္ အနီေရာင္ ဖံုးေနေသာ ၀ိုးတ၀ါးျမင္းကြင္းကို အားျပဳ ႀကိဳ း စား၍ ၾကည့္ရင္း ဒလဗန္း အဲေမာင္ကို ေျမႇာက္ကိုင္လိုက္သည္။ လိုခ်င္သည့္အခ်ိန္တြင္ ပစ္လႊတ္ရန္ အဆင္သင့္အေန အထား။

ဥိးေအာင္ေဇယ်ရိွႏိုင္မည္ ့ေနရာကို စဥ္းစားသည္။
ခ်က္ခ်င္း ပင္ အေျဖရသည္။

ထန္းလံုးတပ္၏ ကင္းေမ်ွာ္စင္ထက္မွာ သူဦးစီးကြပ္ကဲေနရမည္ ။ ကင္းေမ်ွာ္စက္ထက္သို႔ လွမ္းၾကည့္လိုက္သည္။

အတြးမွန္ေလသည္။
မီးေပါက္ေသနတ္ကိုင္တပ္သားႏွင့္ ဒူးေလးကို္င္တပ္သားမ်ား အလယ္တြင္ ရပ္ေနသည့္ သဏၭာန္တစ္ခု။

အျခားသူမ်ား ထက္ ဦးေခါင္းတစ္လံုးစာ ပိုျမင့္ၿပီး အရပ္ေလးမ်က္ႏွာသို႔ အဆက္မျပတ္ လက္ညိဳးညႊန္ကာ ေအာ္ဟစ္အမ္ိန္႔ေပးေနသူသည္ကား ေၾကာက္စရာေကာင္းဆံုး ရန္သူ႔ ေခါင္းေဆာင္။

ေက်ာက္တံုးမ်ား ခင္းထားသည့္ လမ္းသို႕ ေရာက္ၿပီး ျဖစ္၍ ျမင္းခြာသံ ေ၀းေတာ့သည္။ ပစ္ကြင္းကလည္း လႈပ္ရွားေနသည္။ ကိုယ္ႏိႈက္ကလည္း လႈပ္ရွားေနသည္။

တဟုန္ထိုး ကဆုန္စိုင္း ျမင္းထက္မွေန၍ မတည္ၿငိမ္ေသာ ပစ္ကြင္းဆီးသို႔ ပစ္လႊတ္ရမည္ ့အေရး ။

ႏွစ္ႀကိ္မ္ ႏွစ္ခ်က္ ပစ္လႊတ္ေန၍ မျဖစ္။ တႀကိမ္ဟူ၍ မရိွခဲ့ဘူး။

ယခု.....
အဲေမာင္း႐ိုးကိုလက္ထဲမွ လႊတ္ကာနီး မ်က္စိတစ္မိွ္တ္ကာလအတြင္ းတြင္ မေမ်ွာ္လင့္ေသာ အျခင္းအရာတစ္ခု ျဖစ္သြားသည္။

ဒဏ္ရာအထပ္ထပ္၊ ေသြးအလန္႔လန္႔ျမင္းႀကီးသည္ အျမန္ဆုံး အဟုန္ျဖင့္ ေျပးရင္း ေရွ႕ေျခတဘက္္ ေက်ာက္ခ်ပ္ၾကားထဲသုိ႔ က်သြားျခင္း။

ျမင္းႀကီး ေျခေခါက္လဲၿပီ။ ျမင္းေပၚမွ အဆီးအတားမဲ့ ကစဥ့္ကလ်ားက်ၿပီဟု သိလိုက္သည့္္ အသိႏွင့္ လႊတ္လိုက္သည္။ လက္တဖ်စ္ ေနာက္မက်ေစရ။

သတိႀကီးစြာ ကိုယ္ကိုလွည့္လိုက္ေသာေၾကာင့္ ေလထဲမွာ ေဘးေစာင္း၀ဲပ်ံသြားသည္။ ေအာက္တြင္ ၾကမ္းရွေသာ ေက်ာက္ခြ်န္ ေက်ာက္ခက္ေတြ ရိွေနသည္။ ၀ဲဘက္ပခံုးစြန္းႏွင့္ ဦးစြာ တိုက္ခိုက္မိသည္။ ပခံုးမွ စူခနဲပူသြားကာ မ်က္ခနဲ ေအာင့္သြားသည္။ အသည္းထဲအထိ ခိုက္ေသာ နာက်င္မႈ ။ သို႔ေသာ ္ နာက်င္မႈ အေပၚသို႔ အာ႐ံုေရာက္၍ မျဖစ္။

ျမင္းႀကီးကား ေျခေထာက္သြင္သြင္က်ိဳ း ၿပီ။ တစ္ကိုယ္လံုးဆတ္ဆတ္တုန္ကာ တဟီးဟီး ေအာ္ေနေတာ့သည္။ အလ်င္အျမန္ စဥ္းစားကာ၊ အလ်င္အျမန္ ဆံုးျဖတ္ၿပီး၊ အလ်င္အျမန္ ေဆာင္ရြက္လိုက္သည္။ ဓားေျမႇာင္သည္ ျမင္းႀကီး၏ လက္ျပင္ထဲသို႔ အဆံုးထိနစ္၀င္သြားသည္။ ေသြးမ်ား ျဖာထြက္က်သြားၿပီး ျမင္းႀကီး တခ်က္မ်ွတုန္ကာ ၿငိမ္သက္သြားသည္။

ျမင္းႀကီးအတြက္ ေ၀သနာတို႔၏ လြန္ေျမာက္ရာ ရသြားၿပီ။

ဒလဗန္းအတြက္ကား...။
ေသြးမ်ား ႐ႊဲနစ္နာက်င္ေနေသာ ၀ဲပခံုးထက္မွာ ပင္ အားျပဳ ကာ ျမင္းအေသေကာင္၏ ေနာက္သု႔ိတုိးေ၀ွ႔ပုန္းခုိလိုက္ရသည္။ ေခါင္းေပၚ႐ံုမ်ွေဖာ္ကာ ကင္းေမ်ွာ္စင္ဆီသို႔ လွမ္းၾကည့္လိုက္ သည္။

အဲေမာင္းလွံ စြဲ၀င္သည့္ ေနရာသို႔ ။

ဦးေအာင္ေဇယ်၏ ေရွ႕ တည့္တည့္ထန္းလံုးတိုင္တြင္ အဲေမာင္း စြဲ၀င္ေနသည္။

တိုင္လံုး ေနာက္မွ ဦးေအာင္ေဇယ်အား တိုက္ပြဲ၀င္မပ်က္။ ဟစ္ေအာ္ အမိ္န္႔ေပးလ်က္။

ျမင္းႀကီး၏ လက္ျပင္မွ ဓာေျမႇာင္ကို ဒလဗန္း ဆဲြႏႈတ္လိုက္သည္။ မီးေပါက္ေသနတ္ ပါမလာခဲ့ျခင္းအတြက္ ေနာင္တရမိသည္။ မီးေပါက္ေသနတ္မ်ား ဆင္ထက္တြင္္။

လည္ပတ္ပ်ံသန္းသြားေသာ ဓားေျမႇာင္မွာ ၿပိဳ းခနဲ ျပတ္ခနဲ။

ဓာေျမႇာင္ဆီမွ အလင္းေရာင္တို႔ ထြက္ေနျခင္းကို ဒလဗန္းမလုိလား။
၀င္း၀င္းျပက္ျပက္ အလင္းေရာင္ သည္ ရန္သူကို သတိေပးရာေရာက္ႏိုင္သည္။

ဒလဗန္းထင္သည့္အတိုင္းပင္။ အေနာက္ဘက္သို႔ မ်က္ႏွာလွည့္ကာ တိုက္ပဲြကို ႀကီးၾကပ္ ေနေသာ ဦးေအာင္ေဇယ်သည္ သိမ္းစြန္တို႔၏ မ်က္လံုးမ်ိဳ း ျဖင့္ ေတာင္ဘက္က
လာေနေသာ အလင္းေရာင္ကို မၾကည့္ဘဲ ျမင္သြားသည္။

ကင္းေမ်ွာ္စင္ထက္သို႔ ဓားေျမႇာင္ေရာက္သြားသည္။

ရဲမက္ တေယာက္ ဆီက လႊားကိုဆဲြယူကာ ဓားေျမႇာင္ကို ကာလိုက္သည္။

ဓားေျမႇာင္သည္ လႊားတြင္ စိုက္၀င္လ်က္။

ဦးေအာင္ေဇယ် ဓားေျမႇာင္လာရာလမ္းကို လွည့္ၾကည့္လိုက္သည္။

ျမင္းအေသေကာင္ ေနာက္သို႔ ဒလဗန္း ျပားျပား၀ပ္ခ်လိုက္သည္။ သို႔ ေသာ ္ ေနာက္က်သြားၿပီ။ ဦးေအာင္ေဇယ် ျမင္သြားၿပီ။

ေအာ္ဟစ္သံမ်ား ကို ၾကားလိုက္ရသည္။ လက္လြတ္တိမ္းေရွာင္႐ံုမွအပ မရိွေတာ့။

ဒလဗန္း ၀ုန္းခနဲထကာ ေက်ာက္စူး၊ ေက်ာက္ခြ်န္၊ ေက်ာက္ခ်ပ္ေပၚတြင္ တဟုန္ထိုးေျပးသည္။ လာရာလမ္းအတုိင္း။ ေလ၏ လ်င္ျမန္ျခင္းျဖင့္ ။

မီးေပါက္ေသနတ္ က်ည္မ်ား တေျဖာေျဖာ က်လာသည္။ အေကြ႔အေကာက္ျပဳကာ ေျပးရသည္။ ဒူးေလး၊ ျမႇားတံမ်ား ပါးျပင္ေဘးမွ၊ ပခံုးထက္မွ၊ ၀မ္းဗိုက္အနီးမွ
၀ဲပ်ံသြားၾကသည္။

ဆူးခ်ံဳ ေတာအုတ္ဆီသို႔ ဒလဗန္း ေျပးသည္။ ၾကမ္းတမ္းေသာ ဆူးခက္မ်ား သည္ အေကာင္းဆံုးအကာအကြယ္ ျဖစ္ႏိုင္မည္ ။

ဆူးေတာ ထဲသို႔ အ၀င္တြင္ ေနာက္မွျမင္းခြာသံမ်ား ကို ၾကာရသည္။ သူတို႔ျမင္းစီးရဲမက္သံုးၿပီ။ ဦးေအာင္ေဇယ် ကိုယ္တိုင္ပင္ ပါလာႏုိင္သည္ဟု ဒလဗန္း တြက္သည္။

*

ဆူးေတာထဲသို႔ ၀င္မိၿပီ။

မိမိအတြက္ အလံုၿခံဳ ဆံုးႏွင့္ ရန္သူကို အေႏွင့္အယွက္အေပးႏိွင္ဆံုး နည္းလမ္းကိုစဥ္းစားသည္။ တစ္မုဟုတ္ခ်င္း အေတြးေပၚလာသည္။

ထိခိုက္နာက်င္ျခင္းကို လ်စ္လ်ွဴ ႐ႈလ်က္၊ မိမိတြင္ ရရိွထားေသာ ဒဏ္ရာတို႔ကို ေမ႔ေပ်ာက္လ်က္ အေကာင္းဆံုး ေနရာကို ေရြးလိုက္သည္။

ေအာက္ေျခမွာ ရွားေစာင္း လက္ပတ္ခ်ံဳ ႀကီး၀ိုင္းအံုကာ ေပါက္ေနသည့္ ထေနာင္းပင္ႀကီး။ အကိုင္းအခက္ အမႊားမႊား႐ႈပ္ေထြးေနသည္။ အရြက္စိ္မ္တို႔ ဖားလ်ားအုပ္ဆိုင္းေနသည္။ ဆူးခြ်န္ တုိ႔လည္းအတိ။

လက္ဖ၀ါး၊ လက္ဖံ်၊ လက္ေမာင္း၊ ရင္အံု၊ ၀မ္းဗိုက္၊ ေျခသလံုး၊ ေျခက်င္း၀တ္တုိ႔ဆီသို႔ တစ္ေခ်ာင္းၿပီးတစ္ေခ်ာင္း စိုက္၀င္လာေသာ ဆူးတို႔ကိုပင္ေလွကားထစ္သဖြယ္ သေဘာထားကာ ဒလဗန္း ထေနာင္းပင္ေပၚသို႔ တြယ္တက္သည္။

ဆူးေတာစပ္သုိ႔ သူတို႔ျမင္းေတြ ၀င္လာသည့္အခ်ိန္တြင္ ဒလဗန္း ထေနာင္းပင္၏ ဆူးခံ်ဳ ထူထပ္ေသာ ကိုင္းဆံုတြင္ ေနရာရၿပီးၿပီ။ ရန္သူမ်ား ေအာက္မွ မျမင္ႏိုင္ေသာ ေနရာ။

ထင္သည့္အတိုင္ ဦးေအာင္ေဇယ်ပါလာသည္။

ထေနာင္းရြက္တို႔ၾကားမွ ေကာင္းစြာ ျမင္ေနရသည္။

အရပ္ျမင့္ျမင့္ ၊ အသားညိဳ ညိဳ ၊ ကိုယ္လံုးကိုယ္ဖန္ က်စ္က်စ္၊
ေျခတံလက္တံရွည္ရွည္၊ ေသွ်ာင္္တြင္ ဘာကိုမွ ေပါင္းမထား။
မုဆိုးဖိုတပ္၏ ေခါင္ေဆာင္ ဟူေသာ အေဆာင္အေယာင္ ဘာတစ္ခုမွမေတြ ႔ရ။

သို႔ ေသာ ္ တင္းမာေသာ မ်က္ႏွာထား။ စူးရွေသာ မ်က္လံုးႏွင့္ ခမ္းနားသိုက္ၿမိဳက္ေသာ လႈပ္ရွားမႈ ဟန္တို႔က အားလံုးထဲတြင္ ထူးထူးကဲထဲထင္ရွားေနသည္။ ႏႈတ္ခမ္းေမြးစစေအာင္မ်ွ ပိရိေသာ ႏႈတ္ခမ္းတို႔မွာ တိက်ေသာ အမိန္႔ကို အခ်ိန္မေရြး ဖြင့္ထုတ္ႏိုင္သည့္ ႏႈတ္ခမ္းမ်ား ျဖစ္ေၾကာင္းသိသာသည္။

ဆင္ေပၚမွ က်စဥ္က၊ ျမင္းေသေကာင္ေနာက္မွေန၍ ဓားေျမႇာင္ႏွင့္ အဲေမာင္းကို လႊတ္ခဲ့ စဥ္က၊ မီးေပါက္ေသနတက်ည္ႏွင့္ ျမႇားတံမ်ား ေရွ႕မွ အသက္လုကာေျပးခဲ့စဥ္က
ဘာမွ ထူးထူး ျခားျခားမခံစာရခဲ့ေသာ ဒလဗန္း၏ ရင္မွာ ယခုမွတဒိုင္းဒိုင္း ခုန္ေနသည္။

ႏွလံုးခုန္သံ က်ယ္လြန္း သျဖင့္ သစ္ပင္ေအာက္မွ ရန္သူမ်ား ၾကားသြားမည္ စိုးကာ ထေနာင္းကိုင္းႏွင့္ ရင္အုပ္ကို ေယာင္ယမ္းဖိကပ္ထားလိုက္ရသည္။

ဦးေအာင္ေဇယ်။
ေကြ႔ဂုဏၰအိန္ႏွင့္ မိမိတို႔ဟံသာ၀တီေခါင္းေဆာင္မ်ား
အားလံုးကိုေမႊေႏွာက္ေခ်ာက္ခ်ားႏိုင္ သည့္္ မုဆိုးဖိုမွ ဦးေအာင္ေဇယ်။

ရန္သူ႔ေခါင္းေဆာင္ကို နီးကပ္စြာ ေတြ ႔ေနရသည့္ အတြက္ ဒလဗန္း ႏွလံုးေသြးတို႔ ဆူပြက္လာသည္။

‘သင္းဟာ ဒလဗန္းပဲ။ အရွင္ရေအာင္ဖမ္း။ ရန္သူသူရဲေကာင္းကို အခ်ည္းႏီွးအသက္မဆံုး ေစရဘူး’

ဒလဗန္း ၾကက္သီးေမြးညႇင္းထသြားသည္။

‘တုိ္က္ပဲြကို ကြင္းၿပီး သင္း ငါ့ဆီ အေရာက္လာတယ္။ ငါ့ကို အဓိကထားၿပီး လုပ္ႀကံတာပဲ။ အာဂေသြးေဟ့’

ရွားေစာင္းဆူးေတာမ်ားကို ျမင္းမ်ား ျဖင့္ နင္း၍ တေျဖာင္းေျဖာင္း ရွာၾကသည္။

ဦးေအာင္ေဇယ်သည္ အမိန္႔ေပးရင္း အေပၚသို႔ လည္း မၾကာခဏေမာၾကည့္သည္။

ထေနာင္းစိမ္းႏွင့္ အေသြးေရာေႏွသည့္ ကိုယ္က်ပ္၀တ္စံုကိုပင္ ေက်းဇူးတင္ရေတာ့သည္။
ဒလဗန္း သည္းမခံႏုိင္ေတာ့။
သူ႔အသက္ ကိုယ္အသက္ လဲေတာ့မည္ဟု။

ပင္စည္ႏွင့္အနီးဆံုး ရွားေစာင္းခ်ံဳ စပ္ေဘးရိွ ျမင္းစီးရဲမက္တစ္ဦး အေပၚသို႔ တစ္ဟုတ္ထိုး ခုန္ခ်လိုက္သည္။ ျမင္းစီးရဲမက္ လြင့္စင္က်သြားသည္။ ဘာမွမၾကာလိုက္။

ဒလဗန္း ျမင္းေပၚတြင္ ၀ပ္ လ်က္ လုိက္ပါသြားရသည္။ ဆူးေတာ့ထဲတြင္ ျဖန္႔ရွာေနေသာ ရန္သူ႔ျမင္းမ်ား ရုတ္တရက္ မစုစည္းမိၾက။

သူတုိျမင္းသည္အုပ္စု တေျဖာင့္ေျဖင့္ လိုက္လာၾကခ်ိန္တြင္ ဒလဗန္းခပ္လွမ္းလွမ္းသို႔ ေရာက္လာခဲ့ၾကသည္။ ေက်ာျပင္သုိ႔ အခ်ိန္မေရြး ေဖာက္ထြင္းထိမွန္လာႏုိင္သည့္ ေသနတ္က်ည္ မ်ား မွ လြတ္ကင္းေရး သည္ အဓိက။ ၾကာရွည္ ေျပးႏုိင္ေတာ့မည္ ဟုမထင္။

သို႔ေသာ ္ မေမ်ွာ္လင့္ေသာ အျဖစ္တစ္ခုႀကံဳ ရသည္။

အသံ၀ါႀကီးႏွင့္ ေအာ္ဟစ္အမိန္႔ေပးလိုက္ သံ တစ္သံကိုေနာက္ဘက္မွ သဲ့သ့ဲၾကားလိုက္ရ သည္။

‘မပစ္နဲ႔။ သူလြတ္သြာပေစ။ သူဟာ သူရဲေကာင္း။ ေနာက္တိုက္ပဲြမွ ငါနဲ႔ ရင္ဆိုင္မယ္’

မီးေပါက္ေသနတ္မ်ား ရပ္သြားၾကသည္။

ဦးေအာင္ေဇယ်၏ ႏွလံုးကို ဒလဗန္း နားလည္ခြင့္ ရခဲ့ေလသည္။

ေလးစားအပ္ေသာ ရန္သူေခါင္းေဆာင္။
ေလစားအပ္ေသာ ေယာက်္ားေကာင္း၊ စစ္သည္ေကာင္း။

The Red အနီ

........................................................

စစ်သူကြီးဒလဗန်း (ချစ်ဦးညို) - အပိုင်း (၃)
============================

ဒလဗန်း၏ ကြို တင်တွက်ချက်မှု အာလုံးမှန်သည်။

မုဆိုးဖိုသို ထွက်ခွာသွားသော ဒေါထောအိိုင်၏ တပ်မှာ အပြန်ခရီးတါင်း လမ်းမှ ဖြတ် အတိုက်ခံရပြီး ဦးရီးတော် ဒေါထောအိုင် တစ်ယောက် သာ အသက်ရှင်လျက်ပြန်ရောက်နိုင်ခဲ့သည်။

‘ဒလဗန်းရေ…. မင်းပြောတာမှန်သကွ။ ဂုဏ္ဏအိုန်ကလည်း လာပြီးသစ္စာပေးသတဲ့။ အဲဒါကို ဦးအောင်ဇေယျက ငြင်းလွှတ်လိုက်တယ်။ မင်းသဝဏ်ကိုလည်း ခေါင်းခါပြတယ်။ ဘယ်သူသစ္စာမှ ကျု ပ်မခံဘူး။ သာသနာပြုမင်းမြတ်တစ်ပါး ဖြစ်ဖို့ ကြိုးစားမယ်လို့ ဘုရားမှာ သစ္စာဆိုထားသတဲ့။ အဲဒီ သစ္စာတစ်ခုပဲ သူမှာ ရှိသတဲ့။ အပြန်ကျတော့ ဟန်လင်မြို ့ တောင်ဘက်ကနေ ဆီးတိုက်တော့ တာပဲ။ သင်းတို့ ဓားရေး ၊ မြင်းရေး တယ်ကောင်းသကွာ။ အငိုက်မိသွားလို့သာ ငါ့လူတွေ အကုန်ကျသွားခဲ့တာ။ ဒီးလို သူရဲကောင်းမျိုးနဲ့ တွေ ့ချင်သေးတယ်ဟေ့’ 

ဟု ဦးရီးတော် ဒေါထောအိုင် ကပြန်ရောက်ချင်း မောကြီးပန်ကြီး ပြောပြခဲ့လေသည်။

ဒလဗန်သည် နှုတ်ခမ်းကို တင်းကျပ်စွာ စေ့လျက် စကားတစ်စုံဆစ်ရာမဆိုဘဲ ဦးရီးတော် ၏ ဒဏ်ရာများ ကို ဆေးကုသစေသည်။

ထိုအချိန်မှစ၍ ဒလဗန်တကိုယ်ထီးနေချိ်န် များ လာသည်။ စစ်ရေး အစီအမံချစရာရှိလျှင် ချသည်။ စစ်ပွဲဝင်စရာရှိလျှင် ၀င်သည်။ ထိုအချိန်များမှအပ ဒလဗန်း လူစုလူဝေးကို ရှောင်သည်။ အထူးသဖြင့်မူ မင်းကြီးဗညားဒလ၊ ဥပရာဇာတို့နှင့် တွေ့စရာအကြောင်းပေါ်လျှင် ဒေါစွယ်စယက်ကိုသာ ကို်ယ်စားလွှတ်သည်။

ဟံသာဝတီ၊ အင်းဝ၊ သံလျှင်၊ ရေကြောင်း၊ ကြည်းကြောင်း စစ်မျက်နှာပြင်ကား တစ်စတစ်စ ကျယ်ပြန့်လှုပ်ရှား ရှုပ်ထွေးလာသည်။ စစ်ပွဲပြ မြေပုံကားချပ်များ လည်း ပို၍ ကြီးမားလာသည်။

အကြီးမားဆုံး၊ လေးစာခန့်ညားစရာကောင်းဆုံးရန်သူနှင့် ချစ်မြတ်နိုးစြရာအကောင်းဆုံး ချစ်သူတို့ကို ထိုနေ့တစ်နေ့ပင် ဒလဗန်း တွေ ့ကြုံ ခဲ့ရသည်။

ရန်သူကား ဦးအောင်ဇေယျ။
ချစ်သူကား မြပန်းခက်။

အင်းဝကို် သိမ်းပိုက်ထားခဲ့သည်မှာ တနှစ် ခန့်ရှိပြီ။

ထိုကာလများအတွင်း မုဆိုးဖို၏ ပွဲရသတင်းများ ကလည်း တဖြည်းဖြည်းထင်ရှားလာပြီ။ ဒေါ စွယ်စယက်၊ ဦးရီးတော် ဒေါထောအိုင်တို့ ခေါင်းဆောင်၍ မုဆိုးဖိုသို့ အကြိမ်ကြိမ်လုပ်ကြံ သော ် လည်း အထမမြောက်။ 

ထိုနေ့တွင် ဒလဗန်းကိုယ်တိုင် ဆင်တပ်၏ ရှေ့ဆုံးမှနေကာ မုဆိုးဖိုသို့ ချီသည်။ တိုက်ပွဲသည် နံနက်လင်အားကြီးမှသည် နေထန်းတစ်ဖျားအထိ သော သောအုတ်အုတ် ရှိနေသည်။ ထန်လုံးတပ်တံခါးကို အဝးမှာ သာမြင်းနေရသည်။ အနီးသို့ မချဉ်းနိုင်။

ထန်းလုံးတပ်အတွင်းမှ မုဆိုးဖိုမြင်းစီးသူရဲများ ရှုပ်ထွေးနေတော့သည်။ ဆင်ဦးစီး ကျသွားခဲ့ပြီး ဖြစ်သောကြောင့် ချွန်းမဲ့နေသော တိုက်ဆင်သည်် ဦးတည်ရာသို့သာ ကစဥ့်ကလျားပြေးလွှားရင်း မြင်မြင်သမျှကို မြှောက်ချီပစ်ခတ်နေသည်။ ဆင်ပေါ်တွင် ဒလဗန်းတယောက်တည်း။ ဒလဗန်းအနီး ဆင်ကျောကုန်းနှင့် လည်ပင်းတစ်ဝိုက်တွင်
မုဆိုးဖိုသားတို့၏ လှံတိုလှံရှည်များ သဲသဲလှုပ် စိုက်ဝင်နေကြသည်။

ဒလန်ဗန်း ဆင်ကျောကုန်းအတိုင်း ခက်ခဲစွာ နောက်ဘက်သို့ လျှော့ဆင်းကာ နောက်မြီး ကကြို း မှတွယ်ကပ်လျက် အောက်သို့ ဆင်းလိုက်ရသည်။ မုဆိုဖို မြင်းစီးသူရဲတို့ မြင်ကွင်းတွင် ဒလဗန်းပျောက်ဆုံးသွားသည်။ ဆင်ကို ဝန်းရံ၍ သူတို့ဝိုင်းလိုက်သည့်အချိန်တွင် ဒလဗန်းသည် မြင်ပေါ်သို့ ရောက်နှင့် နေပါပြီ။

မြင်းကို ထန်းလုံးတပ်ဆီသို့ ဇက်ကုန်ဖွင့်လိုက်သည်။ ဒလဗန်း ဆုံးဖြတ်ချက်ကား မုဆိုးဖို လက်မရွံ့တပ်များ ကို အချိန်ကုန်၍ ဖောက်မနေတော့။ သည်လိုသာ စစ်မျက်နှာ ဖွင့်တိုက်နေလျှင် အချိန်ကုန်ရုံသာရှိတော့မည် ။ သူတို့မြင်းကိုဖောက်ရန်မလွယ်။ ထို့ပြင် တိုက်ဆင်ထက်မှ မိမိသည် မုဆိုးဖို၏ မီးပေါက်သေနတ်ကိုင် လက်ဖြောင့် တပ်သားတို့ အဖို့အကောင်းဆုံးပစ်ကွင်း ဖြစ်နေသည်။

ထို့ကြောင့် ……………
စစ်အင်္ဂါကိုစွန့်ကာ တိုက်ပွဲထူတပ်သော မျက်နှာကို ရှောင်ပြီး တောစပ်ကို အသုံးပြု၍ မြင်းနှင့်ပင် ထန်းလုံးတပ်၏ ဘေးဘက်ဆီးသို့ တိ်တ်တဆိတ်ဝင်တော့မည် ။

တစ်ဦးတည်သော ရန်သူကိုသာ အဓိကထာ၍ သုတ်သင်။

သူကား ဦးအောင်ဇေယျ။

ထနောင်းနှင့် ဆီးဖြူခက်များ က မျက်နှာဆီးသို့ အဟုန်ပြင်းစွာ ပြေးဝင်လာနေကြသည်။ တေ့ကား ဆူးတေ့။ ကြမ်းရှချွန်မြသော ဆူးကိုင်းများ သည် ၀ဲမှယာမှ၊ ရှေမှနောက်မှ၊ အောက်မှ ၊ အောက်မှအပေါ်မှ တထပ်ပြီး တထပ်။

သို့ သော ် မြင်းဇတ်ကို မလျှော့သာ။
ဟိုမှာ ဘက်တွင် တိုက်ပွဲအဟုန်ပြင်းနေဆဲဖြစ်သည်

ဆူတေ့လမ်းကို အလျင်အမြန်ဖြတ်ကကာ ထန်းလုံးတပ်၏ ဘေးတံခါးသို့ အရောက်သွားရန်သာ အရေး ကြီးသည်။

စစ်မြင်းကြီးမှာ မျက်နှာ၊ ၀မ်းဗိုက်၊ လက်ပြင်၊ လည်ပင်း၊ ခြေထောက်ဆီသို့ တဖြည်းဖြည်း ဖြောင့်ဖြောင့်ရိုက်သော ဆူးကိုင်းများ ပြေးရင်း သွေးလန့်နေတော့သည်။
ဆူးတွေ ကြောင့် လန့်ပြီး ပိိုပြေးသည်။ ပိိုပြေးတော့ကြောင့် ဆူးချွန်တို့၏ ထိရှမှု ပိုမိုပြင်းထန်သည်။

မြင်းလည်ပင်းကို ကွယ်၍ ဒလဗန်းမျက်နှာ ၀ှက်ကာ လိုက်ရသည်။ မျက်နှာကိုအပြင် အထုတ်ရဲ။ အပေါ်သို့ မမော်ရဲ။ ဆူခတ်များက အချိန်နှင့် အမျှ မျက်နှာက တပြင်လုံးကိိုု ဆုတ်ဖြဲ ပြစ်ကြမည် ။

မြင်းလည်ပင်းကို အကာအကွယ် ယူထားသော ကြောင့် မျက်နှာတဝိုက်မှာ သက်သာရာရ သော ်လည်း လက်၊ ပခုံးနှင့် ခြေထောက်တို့မှာ ဆူးခြစ်ရာတို့ဖြင့့်် မြင်မကောင်းပြီ။ တကိုယ်လုံးမှာ တဖျဉ်းဖျဉ်း ကိ်ျန်းစက်နာကျင်နေသည်။ ဆူးခြစ်ရာတွေ ဆီမှ ရဲခနဲ စို့၊ ဖြာခနဲကျသွားသော သွေးစက်တို့၏ ပူနွေးနွေးအတွေ ့ကို ခံစားနေရသည်။ 

အချို ့ ဆူးကိုင်းများ ချိတ်လျက်ပါလာသည်။ အချို ့ ဆူးချွန်များ အသားထဲသို့ နစ်မြှုပ်စိုက်ဝင် လာသည်။ ထိုဆူးူချွန်များ အပေါ်သို့ နောက်ထပ် ဆူးခတ်တွေ က အရှိန်ပြင်းစွာ ရိုက်ခတ်လိုက် သောအခါ အသည်းထဲအထိခိုက်သွားသည်။

ဒလဗန်းအံကြိတ်၍ ခံသည်။ 

သွေးလန့်ပြီးရင်းလန့်ရင် ဇက်မဲ့ ကဆုန်စိုင်းနေသော မြင်းကြီးကို တူရူအရမှ သွေဖည် မသွားအောင်လည်း ထိန်းပေးနေရသည်။ ၀မ်းဗိုက်ဆီသို့ ခြေဖနောင့်နှင့် အဆက်မပြတ် ခတ်ခတ်ပေး နေရသည်။

ထန်းလုံးတပ်ကို မြင်ရပြီ။

ဆူးူခက်တို့ ကျဲလာသည်။ မြင်းလည်ပင်းနောက်မှ မျက်နှာ၊ကိုဖော်၍ ရလာသည်။ အခြားဘက်မျက်နှာတွင် သဲသဲမဲမဲတိုက်နေသော မုဆိုးတပ်သားတို့ ဒလဗန်း ကိုမမြင်း။

နဖူးသွေးစက်နှင့် ရော၍ ကျလာသော ချွေးပေါက်များ ကြောင့် မျက်လုံးများ ကျိန်းစက််ကာ အမြင်အာရုံ ၀ိုးတဝါး ဖြစ်နေခြင်းသည် ကြီးစွာ သော အနှောင့်အယှက်ပင်။

သို့ သော ် အနီရောင် ဖုံးနေသော ၀ိုးတဝါးမြင်းကွင်းကို အားပြု ကြို း စား၍ ကြည့်ရင်း ဒလဗန်း အဲမောင်ကို မြှောက်ကိုင်လိုက်သည်။ လိုချင်သည့်အချိန်တွင် ပစ်လွှတ်ရန် အဆင်သင့်အနေ အထား။

ဥိးအောင်ဇေယျရှိနိုင်မည် ့နေရာကို စဉ်းစားသည်။
ချက်ချင်း ပင် အဖြေရသည်။

ထန်းလုံးတပ်၏ ကင်းမျှော်စင်ထက်မှာ သူဦးစီးကွပ်ကဲနေရမည် ။ ကင်းမျှော်စက်ထက်သို့ လှမ်းကြည့်လိုက်သည်။ 

အတွးမှန်လေသည်။ 
မီးပေါက်သေနတ်ကိုင်တပ်သားနှင့် ဒူးလေးကို်င်တပ်သားများ အလယ်တွင် ရပ်နေသည့် သဏ္ဌာန်တစ်ခု။

အခြားသူများ ထက် ဦးခေါင်းတစ်လုံးစာ ပိုမြင့်ပြီး အရပ်လေးမျက်နှာသို့ အဆက်မပြတ် လက်ညိုးညွှန်ကာ အော်ဟစ်အမ်ိန့်ပေးနေသူသည်ကား ကြောက်စရာကောင်းဆုံး ရန်သူ့ ခေါင်းဆောင်။

ကျောက်တုံးများ ခင်းထားသည့် လမ်းသို့ ရောက်ပြီး ဖြစ်၍ မြင်းခွာသံ ဝေးတော့သည်။ ပစ်ကွင်းကလည်း လှုပ်ရှားနေသည်။ ကိုယ်နှိုက်ကလည်း လှုပ်ရှားနေသည်။

တဟုန်ထိုး ကဆုန်စိုင်း မြင်းထက်မှနေ၍ မတည်ငြိမ်သော ပစ်ကွင်းဆီးသို့ ပစ်လွှတ်ရမည် ့အရေး ။ 

နှစ်ကြိ်မ် နှစ်ချက် ပစ်လွှတ်နေ၍ မဖြစ်။ တကြိမ်ဟူ၍ မရှိခဲ့ဘူး။

ယခု.....
အဲမောင်းရိုးကိုလက်ထဲမှ လွှတ်ကာနီး မျက်စိတစ်မှိ်တ်ကာလအတွင် းတွင် မမျှော်လင့်သော အခြင်းအရာတစ်ခု ဖြစ်သွားသည်။

ဒဏ်ရာအထပ်ထပ်၊ သွေးအလန့်လန့်မြင်းကြီးသည် အမြန်ဆုံး အဟုန်ဖြင့် ပြေးရင်း ရှေ့ခြေတဘက်် ကျောက်ချပ်ကြားထဲသို့ ကျသွားခြင်း။

မြင်းကြီး ခြေခေါက်လဲပြီ။ မြင်းပေါ်မှ အဆီးအတားမဲ့ ကစဥ့်ကလျားကျပြီဟု သိလိုက်သည့်် အသိနှင့် လွှတ်လိုက်သည်။ လက်တဖျစ် နောက်မကျစေရ။

သတိကြီးစွာ ကိုယ်ကိုလှည့်လိုက်သောကြောင့် လေထဲမှာ ဘေးစောင်းဝဲပျံသွားသည်။ အောက်တွင် ကြမ်းရှသော ကျောက်ချွန် ကျောက်ခက်တွေ ရှိနေသည်။ ၀ဲဘက်ပခုံးစွန်းနှင့် ဦးစွာ တိုက်ခိုက်မိသည်။ ပခုံးမှ စူခနဲပူသွားကာ မျက်ခနဲ အောင့်သွားသည်။ အသည်းထဲအထိ ခိုက်သော နာကျင်မှု ။ သို့သော ် နာကျင်မှု အပေါ်သို့ အာရုံရောက်၍ မဖြစ်။

မြင်းကြီးကား ခြေထောက်သွင်သွင်ကျို း ပြီ။ တစ်ကိုယ်လုံးဆတ်ဆတ်တုန်ကာ တဟီးဟီး အော်နေတော့သည်။ အလျင်အမြန် စဉ်းစားကာ၊ အလျင်အမြန် ဆုံးဖြတ်ပြီး၊ အလျင်အမြန် ဆောင်ရွက်လိုက်သည်။ ဓားမြှောင်သည် မြင်းကြီး၏ လက်ပြင်ထဲသို့ အဆုံးထိနစ်ဝင်သွားသည်။ သွေးများ ဖြာထွက်ကျသွားပြီး မြင်းကြီး တချက်မျှတုန်ကာ ငြိမ်သက်သွားသည်။

မြင်းကြီးအတွက် ဝေသနာတို့၏ လွန်မြောက်ရာ ရသွားပြီ။

ဒလဗန်းအတွက်ကား...။
သွေးများ ရွှဲနစ်နာကျင်နေသော ၀ဲပခုံးထက်မှာ ပင် အားပြု ကာ မြင်းအသေကောင်၏ နောက်သို့တိုးဝှေ့ပုန်းခိုလိုက်ရသည်။ ခေါင်းပေါ်ရုံမျှဖော်ကာ ကင်းမျှော်စင်ဆီသို့ လှမ်းကြည့်လိုက် သည်။

အဲမောင်းလှံ စွဲဝင်သည့် နေရာသို့ ။

ဦးအောင်ဇေယျ၏ ရှေ့ တည့်တည့်ထန်းလုံးတိုင်တွင် အဲမောင်း စွဲဝင်နေသည်။

တိုင်လုံး နောက်မှ ဦးအောင်ဇေယျအား တိုက်ပွဲဝင်မပျက်။ ဟစ်အော် အမိ်န့်ပေးလျက်။

မြင်းကြီး၏ လက်ပြင်မှ ဓာမြှောင်ကို ဒလဗန်း ဆွဲနှုတ်လိုက်သည်။ မီးပေါက်သေနတ် ပါမလာခဲ့ခြင်းအတွက် နောင်တရမိသည်။ မီးပေါက်သေနတ်များ ဆင်ထက်တွင််။

လည်ပတ်ပျံသန်းသွားသော ဓားမြှောင်မှာ ပြို းခနဲ ပြတ်ခနဲ။

ဓာမြှောင်ဆီမှ အလင်းရောင်တို့ ထွက်နေခြင်းကို ဒလဗန်းမလိုလား။ 
၀င်းဝင်းပြက်ပြက် အလင်းရောင် သည် ရန်သူကို သတိပေးရာရောက်နိုင်သည်။

ဒလဗန်းထင်သည့်အတိုင်းပင်။ အနောက်ဘက်သို့ မျက်နှာလှည့်ကာ တိုက်ပွဲကို ကြီးကြပ် နေသော ဦးအောင်ဇေယျသည် သိမ်းစွန်တို့၏ မျက်လုံးမျို း ဖြင့် တောင်ဘက်က
လာနေသော အလင်းရောင်ကို မကြည့်ဘဲ မြင်သွားသည်။

ကင်းမျှော်စင်ထက်သို့ ဓားမြှောင်ရောက်သွားသည်။

ရဲမက် တယောက် ဆီက လွှားကိုဆွဲယူကာ ဓားမြှောင်ကို ကာလိုက်သည်။

ဓားမြှောင်သည် လွှားတွင် စိုက်ဝင်လျက်။

ဦးအောင်ဇေယျ ဓားမြှောင်လာရာလမ်းကို လှည့်ကြည့်လိုက်သည်။

မြင်းအသေကောင် နောက်သို့ ဒလဗန်း ပြားပြားဝပ်ချလိုက်သည်။ သို့ သော ် နောက်ကျသွားပြီ။ ဦးအောင်ဇေယျ မြင်သွားပြီ။

အော်ဟစ်သံများ ကို ကြားလိုက်ရသည်။ လက်လွတ်တိမ်းရှောင်ရုံမှအပ မရှိတော့။

ဒလဗန်း ၀ုန်းခနဲထကာ ကျောက်စူး၊ ကျောက်ချွန်၊ ကျောက်ချပ်ပေါ်တွင် တဟုန်ထိုးပြေးသည်။ လာရာလမ်းအတိုင်း။ လေ၏ လျင်မြန်ခြင်းဖြင့် ။

မီးပေါက်သေနတ် ကျည်များ တဖြောဖြော ကျလာသည်။ အကွေ့အကောက်ပြုကာ ပြေးရသည်။ ဒူးလေး၊ မြှားတံများ ပါးပြင်ဘေးမှ၊ ပခုံးထက်မှ၊ ၀မ်းဗိုက်အနီးမှ
၀ဲပျံသွားကြသည်။

ဆူးချံု တောအုတ်ဆီသို့ ဒလဗန်း ပြေးသည်။ ကြမ်းတမ်းသော ဆူးခက်များ သည် အကောင်းဆုံးအကာအကွယ် ဖြစ်နိုင်မည် ။

ဆူးတော ထဲသို့ အဝင်တွင် နောက်မှမြင်းခွာသံများ ကို ကြာရသည်။ သူတို့မြင်းစီးရဲမက်သုံးပြီ။ ဦးအောင်ဇေယျ ကိုယ်တိုင်ပင် ပါလာနိုင်သည်ဟု ဒလဗန်း တွက်သည်။

*

ဆူးတောထဲသို့ ၀င်မိပြီ။ 

မိမိအတွက် အလုံခြံု ဆုံးနှင့် ရန်သူကို အနှေင့်အယှက်အပေးနှိင်ဆုံး နည်းလမ်းကိုစဉ်းစားသည်။ တစ်မုဟုတ်ချင်း အတွေးပေါ်လာသည်။

ထိခိုက်နာကျင်ခြင်းကို လျစ်လျှူ ရှုလျက်၊ မိမိတွင် ရရှိထားသော ဒဏ်ရာတို့ကို မေ့ပျောက်လျက် အကောင်းဆုံး နေရာကို ရွေးလိုက်သည်။

အောက်ခြေမှာ ရှားစောင်း လက်ပတ်ချံု ကြီးဝိုင်းအုံကာ ပေါက်နေသည့် ထနောင်းပင်ကြီး။ အကိုင်းအခက် အမွှားမွှားရှုပ်ထွေးနေသည်။ အရွက်စိ်မ်တို့ ဖားလျားအုပ်ဆိုင်းနေသည်။ ဆူးချွန် တို့လည်းအတိ။

လက်ဖဝါး၊ လက်ဖျံ၊ လက်မောင်း၊ ရင်အုံ၊ ၀မ်းဗိုက်၊ ခြေသလုံး၊ ခြေကျင်းဝတ်တို့ဆီသို့ တစ်ချောင်းပြီးတစ်ချောင်း စိုက်ဝင်လာသော ဆူးတို့ကိုပင်လှေကားထစ်သဖွယ် သဘောထားကာ ဒလဗန်း ထနောင်းပင်ပေါ်သို့ တွယ်တက်သည်။

ဆူးတောစပ်သို့ သူတို့မြင်းတွေ ၀င်လာသည့်အချိန်တွင် ဒလဗန်း ထနောင်းပင်၏ ဆူးချုံ ထူထပ်သော ကိုင်းဆုံတွင် နေရာရပြီးပြီ။ ရန်သူများ အောက်မှ မမြင်နိုင်သော နေရာ။

ထင်သည့်အတိုင် ဦးအောင်ဇေယျပါလာသည်။

ထနောင်းရွက်တို့ကြားမှ ကောင်းစွာ မြင်နေရသည်။

အရပ်မြင့်မြင့် ၊ အသားညို ညို ၊ ကိုယ်လုံးကိုယ်ဖန် ကျစ်ကျစ်၊ 
ခြေတံလက်တံရှည်ရှည်၊ သျှောင််တွင် ဘာကိုမှ ပေါင်းမထား။ 
မုဆိုးဖိုတပ်၏ ခေါင်ဆောင် ဟူသော အဆောင်အယောင် ဘာတစ်ခုမှမတွေ ့ရ။

သို့ သော ် တင်းမာသော မျက်နှာထား။ စူးရှသော မျက်လုံးနှင့် ခမ်းနားသိုက်မြိုက်သော လှုပ်ရှားမှု ဟန်တို့က အားလုံးထဲတွင် ထူးထူးကဲထဲထင်ရှားနေသည်။ နှုတ်ခမ်းမွေးစစအောင်မျှ ပိရိသော နှုတ်ခမ်းတို့မှာ တိကျသော အမိန့်ကို အချိန်မရွေး ဖွင့်ထုတ်နိုင်သည့် နှုတ်ခမ်းများ ဖြစ်ကြောင်းသိသာသည်။

ဆင်ပေါ်မှ ကျစဉ်က၊ မြင်းသေကောင်နောက်မှနေ၍ ဓားမြှောင်နှင့် အဲမောင်းကို လွှတ်ခဲ့ စဉ်က၊ မီးပေါက်သေနတကျည်နှင့် မြှားတံများ ရှေ့မှ အသက်လုကာပြေးခဲ့စဉ်က
ဘာမှ ထူးထူး ခြားခြားမခံစာရခဲ့သော ဒလဗန်း၏ ရင်မှာ ယခုမှတဒိုင်းဒိုင်း ခုန်နေသည်။

နှလုံးခုန်သံ ကျယ်လွန်း သဖြင့် သစ်ပင်အောက်မှ ရန်သူများ ကြားသွားမည် စိုးကာ ထနောင်းကိုင်းနှင့် ရင်အုပ်ကို ယောင်ယမ်းဖိကပ်ထားလိုက်ရသည်။

ဦးအောင်ဇေယျ။
ကွေ့ဂုဏ္ဏအိန်နှင့် မိမိတို့ဟံသာဝတီခေါင်းဆောင်များ
အားလုံးကိုမွှေနှောက်ချောက်ချားနိုင် သည့်် မုဆိုးဖိုမှ ဦးအောင်ဇေယျ။

ရန်သူ့ခေါင်းဆောင်ကို နီးကပ်စွာ တွေ ့နေရသည့် အတွက် ဒလဗန်း နှလုံးသွေးတို့ ဆူပွက်လာသည်။

‘သင်းဟာ ဒလဗန်းပဲ။ အရှင်ရအောင်ဖမ်း။ ရန်သူသူရဲကောင်းကို အချည်းနှီးအသက်မဆုံး စေရဘူး’

ဒလဗန်း ကြက်သီးမွေးညှင်းထသွားသည်။

‘တို်က်ပွဲကို ကွင်းပြီး သင်း ငါ့ဆီ အရောက်လာတယ်။ ငါ့ကို အဓိကထားပြီး လုပ်ကြံတာပဲ။ အာဂသွေးဟေ့’

ရှားစောင်းဆူးတောများကို မြင်းများ ဖြင့် နင်း၍ တဖြောင်းဖြောင်း ရှာကြသည်။

ဦးအောင်ဇေယျသည် အမိန့်ပေးရင်း အပေါ်သို့ လည်း မကြာခဏမောကြည့်သည်။

ထနောင်းစိမ်းနှင့် အသွေးရောနှေသည့် ကိုယ်ကျပ်ဝတ်စုံကိုပင် ကျေးဇူးတင်ရတော့သည်။
ဒလဗန်း သည်းမခံနိုင်တော့။
သူ့အသက် ကိုယ်အသက် လဲတော့မည်ဟု။

ပင်စည်နှင့်အနီးဆုံး ရှားစောင်းချံု စပ်ဘေးရှိ မြင်းစီးရဲမက်တစ်ဦး အပေါ်သို့ တစ်ဟုတ်ထိုး ခုန်ချလိုက်သည်။ မြင်းစီးရဲမက် လွင့်စင်ကျသွားသည်။ ဘာမှမကြာလိုက်။

ဒလဗန်း မြင်းပေါ်တွင် ၀ပ် လျက် လိုက်ပါသွားရသည်။ ဆူးတော့ထဲတွင် ဖြန့်ရှာနေသော ရန်သူ့မြင်းများ ရုတ်တရက် မစုစည်းမိကြ။

သူတိုမြင်းသည်အုပ်စု တဖြောင့်ဖြေင့် လိုက်လာကြချိန်တွင် ဒလဗန်းခပ်လှမ်းလှမ်းသို့ ရောက်လာခဲ့ကြသည်။ ကျောပြင်သို့ အချိန်မရွေး ဖောက်ထွင်းထိမှန်လာနိုင်သည့် သေနတ်ကျည် များ မှ လွတ်ကင်းရေး သည် အဓိက။ ကြာရှည် ပြေးနိုင်တော့မည် ဟုမထင်။

သို့သော ် မမျှော်လင့်သော အဖြစ်တစ်ခုကြံု ရသည်။

အသံဝါကြီးနှင့် အော်ဟစ်အမိန့်ပေးလိုက် သံ တစ်သံကိုနောက်ဘက်မှ သဲ့သဲ့ကြားလိုက်ရ သည်။

‘မပစ်နဲ့။ သူလွတ်သွာပစေ။ သူဟာ သူရဲကောင်း။ နောက်တိုက်ပွဲမှ ငါနဲ့ ရင်ဆိုင်မယ်’

မီးပေါက်သေနတ်များ ရပ်သွားကြသည်။

ဦးအောင်ဇေယျ၏ နှလုံးကို ဒလဗန်း နားလည်ခွင့် ရခဲ့လေသည်။

လေးစားအပ်သော ရန်သူခေါင်းဆောင်။
လေစားအပ်သော ယောကျ်ားကောင်း၊ စစ်သည်ကောင်း။

The Red အနီ

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)