စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) - အပိုင္း (၄)



စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) - အပိုင္း (၄)


အင္း၀တပ္စခန္းသို႔ ျပန္ေရာက္ေသာ အခါ ညဥ့္သန္းေခါင္ယြန္းေနေပၿပီ။
အားလံုး အံ့အားသင့္သြားခဲ့ၾကတာ။ ဒလဗန္း တိုက္ပဲြတစ္ေနရာမွာ က်ခဲ့ၿပီး ဟု သူတို႔တြက္ထားၾကသည္။ ျဖစ္ရပ္ကုန္စင္ကို ဒလဗန္း ရွင္းျပလိုက္သည္။

ေဒါစြယ္စယက္က-

‘ခင္းဗ်ားက်သြားၿပီးလို႔ က်ဳ ပ္တို႔ထင္ခဲၾကတာ။ အခုျပန္ေရာက္လာေတာ့ ဘယ္ေလာက္ ၀မ္းသာၾကတယ္ဆုိတာ ေျပာမျပတတ္ဘူးဗ်ာ’ ဟု အသံတုန္ုတုန္ျဖင့္ ဆိုေလသည္။

ဦးရီးေတာ္ ေဒါေထာအိုင္ကမူ-

‘ဒလဗန္းေရ၊ အင္း .. ဦးေအာင္ေဇယ်နဲ႔ေတြ ႔ခဲ့လို႔ အသက္ခ်မ္းသာလာတာပါကလား။ အင္း.. ႀကံဳ တတ္ေပတယ္ကြာ။ ရန္သူေပးတဲ့ အသက္ပဲ ရိွတယ္လို႔’ဟုေျပာသည္။

‘ကုိင္း၊ ေနာက္မွ တစ္ခါတည္း နားယူေတာ့ ဒလဗန္း။ အခု နန္းေတာ္ထဲ၀င္လုိက္ဦး၊ ဥပရာဇာ ညေနကပဲ ေရာက္လာတယ္’
ေဒါစြယ္စယက္က စစ္သည္ ပီသစြာ ေျပာသည္။

ဒဏ္ရာႀကီးစြာ ရခဲ့သည္ မဟုတ္ေသာ ္လည္း ဆူးျခစ္ရာမ်ားက မခံမရပ္ႏိုင္ေအာင္ ကိ်န္စပ္ေနသည္။ ထို႔ျပင္ လြန္မင္းစြာလည္း ေမာဟိုက္ေနသည္။ သို႔ေသာ ္ဒလဗန္း နန္းေတာ္ ထဲ သို႔ ၀င္ခဲ့သည္။

စစ္ကာလ။ ဒဏ္ရာတစ္ခုခုေၾကာင့္ အသက္ငင္ေနသည္ပဲရိွေစ၊ ယခုအခ်ိန္မိ်ဳ း တြင္ ဟံသာ၀တီမွေရာက္လာေသာ ဥပရာဇာ ထံသို႔ ၀င္ရမည္ ။

သို႔ ေသာ ္ နန္းေတာ္ အတြင္း တံခါး၀ထဲသို႔ ေျခတစ္လွမ္း၀င္လို္က္သည့္အခ်ိ္န္မွာ ပင္ ဒလဗန္း ဒူးမ်ား ညြတ္ေကြးကာလဲက်သြားသည္။ အဆမတန္ ေမာဟိုက္ပင္ပန္းျခင္းကို ဖံုးကြယ္မရေတာ့။ ႏွလံုးသည္ခံတြင္းထဲမွ ခုန္ထြက္သြားေတာ့မည္ အလား။

မ်က္စိေတြ ျပာေ၀ကာ နန္းေတာ္ တိုင္ႀကီးမ်ား တရစပ္ လည္ပတ္သြားသည္က ိုတရိပ္ရိပ္ခံစား လိုက္ရသည္။ နန္းေတာ္ အတြင္းဘက္မွ ရိွေနသူမ်ား ကိုသဲသဲကြဲကြဲ မျမင္ရေတာ့။ အေရာင္ ေတြ အားလံုး ပူးကပ္သြားၾကသည္။

မိမိလဲက်ေနရာသို႔ လႈပ္ရွားတိုး၀င္လာၾကသည္ကိုသာ သတိျပဳမိသည္။ ေရာေထြးေနေသာ အေရာင္ေတြ ထဲမွာ ျဖဴလြေသာ သဏၭာန္တစ္ခုက အဦးဆံုးအနီးသို႔ ေရာက္လာသည္။ မည္သူမွန္းမသိ။ ထိုျဖဴလြေသာ သဏၭာန္ဆီမွ အသံတသံကိုသာ ေနာက္ဆံုး ၾကားလိုက္ရၿပီး ေမွာင္အတိက်သြားသည္။

‘သူ သိပ္ပင္ပန္းလာတယ္။ ေနာက္မွ ေဆြးေႏြးၾကပါ။ သမားေတာ္ေတြ လာပါ။ သူ႕ကို ခ်က္ခ်င္းျပဳစုပါ။’

အမိန္႔သံပါေသာ ္လည္း ဂ႐ုဏာေငြ ႔ေ၀သည့္မိန္းမသံ။

ထိုအသံရွင္သည္ ‘ျမပန္းခက္' ျဖစ္ေၾကာင္း ေနာက္တေန႔ ေန႔လယ္သတိရလာေသာ အခါမွ အံ့ဩစြာ သိရိွေလေတာ့သည္။

ဥပရာဇာ၏ သမီးေတာ္ ႏွင့္ ထိုသို႔ ေတြ ႔ဆံုကာ ထိုအခ်ိန္မွစ၍ သံေယာဇဥ္ခ်င္း ရစ္ပတ္ဖဲြ႔ေႏွာင္ ခဲ့လိမ့္မည္ ဟု ဒလဗန္း ဘယ္တုန္းကမွ မေတြးဘူးခဲ့ေခ်။

မိုးသက္ေလ၏ မိုးစက္မ်ား သည္ အရိွန္ျပင္းတတ္သလို ပရမ္းပတာလည္းႏိုင္ၾကေလသည္။ ၿဖိဳးၿဖိဳးျဖင္းျဖင္း ေ၀ွ႔ယမ္း က်ေရာက္လာတတ္ၾကေလသည္။

ထိုႏွယ္ပင္ဟု ဆိုရေတာ့မည္။

ျဖစ္ရပ္တုိ႔သည္ တိုေတာင္းေသာ ကာလအတြင္မွာပင္ လ်င္ျမန္စြာေပၚကာ လ်င္ျမန္စြာ ခ်ဳပ္ၿငိမ္းသြားၾကသည္။

စစ္မ်က္ႏွာေဟာင္းႏွင့္ စစ္မ်က္ႏွာသစ္တို႔သည္ စစ္ပဲြေျမပံုကားခ်ပ္ေပၚတြင္ ႐ႈပ္ေထြးစြာ ေပၚေပါက္လာၾကသည္။

အရွုံးႏွင့္ အႏုိင္သည္ ႀကိ္မ္ဖန္မ်ားစြာ အလွည့္ကို လုယက္ေနၾကသည္။

သည္ကာလအတြင္း ျငင္းပယ္မရႏိုင္ေသာ ဒိ႒ျဖစ္ရပ္သံုးခု ရိွသည္။

ဦးေအာင္းေဇယ်၏ မုဆိုးဖိုတပ္မ်ား ေအာင္ပဲြဆက္ကာရရိွၿပီး ဘုန္းအာဏာစက္ တစတစ က်ယ္ျပန္႔လာခဲ့ျခင္း။

မင္းႀကီးဗညားဒလ၊ ဥပရာဇာတုိ႔အပါအ၀င္ ဟံသာ၀တီအႀကီးအကဲမ်ားႏွင့္ ဒလဗန္းအၾကား စစ္ေရးဗ်ဴဟာ သေဘာထားကဲြလဲြမႈမ်ား အတြင္းမွာပင္ ခ်စ္ေသာ ျမပန္းခက္၏ ေႏြးေထြးေသာ နားလည္မႈ ရရိွပိုင္ဆုိင္လာခဲ့ျခင္း။

ျမပန္းခက္သည္ စင္စစ္ဥပရာဇာ၏ သမီးေတာ္ဟု ဆိုရန္ခက္ေလာက္ေအာင္ ၾကငွန္း မဆန္းသူ မိန္းကေလး တစ္ေယာက္ ျဖစ္ေလသည္။ ထီးရိပ္နန္းေငြ႔ သူ႔တြင္ မသမ္း။

စစ္ကို မႏွစ္ၿမိဳ ႕ ။ ဦးေအာင္ေဇယ်အပါအ၀င္ စစ္ပဲြ၀င္ေနၾကေသာ ေခါင္းေဆာင္မ်ားအားလံုးကို ေၾကာက္သည္ဟု သူဆိုသည္။ စစ္ႏွင့္္ ပတ္သတ္သမ်ွကို ျမပန္းခက္ ေၾကာက္သည္။

စစ္ဟူေသာ ပုစၧာ၏ အေျဖမ်ားမွာ ေသေက်ပ်က္စီးျခင္း၊ အိ္မ္ရွင္မတုိ႔၏ ႏွလံုးသည္းပြတ္မ်ား ေလာင္ကြ်မ္းခံရျခင္း၊ ေစတီပုထိုးတို႔၏ ေညာင္ရြက္ခတ္အသံမ်ား ဆိတ္သုဥ္းရျခင္းမ်ား သာ ျဖစ္မည္ဟု ျမပန္းခက္က ႐ိုးသားစြာ ဆိုသည္။

သုိ႔ေသာ္ သည္သို႔ေသာ ႏုနယ္သည့္မိန္းကေလး၏ ႏွလံုးသားကုိမွ ပုိင္ဆုိင္လာရသည့္ အ ျဖစ္။ “စစ္ကုိ အေၾကာက္ႀကီး ေၾကာက္ၿပီးကာမွ စစ္က ေမြးဖြားလာတဲ့ အေမာင့္ကို အခ်စ္ႀကီး ခ်စ္မိေလေတာ့တယ္။ ျမပန္းရဲ႕ ဆုေတာင္းက ဘယ္လုိ ဆုေတာင္းပါလိမ္႔ေနာ္” ဟု သူ ညဥ္းညဴ တတ္ေလသည္။

“ဥပရာဇာရဲ႕ သမီးေတာ္ ရဲ႕ ၊ တပ္မင္းစစ္သူႀကီး ခ်စ္ႀကဳ ိးဖဲြ႕ၾကတာဟာ လူေတြအတြက္ေတာ့ မဆန္းဘူးေပါ့ အေမာင္ရယ္။ ျဖစ္႐ုိး ျဖစ္စဥ္လုိ႔ ေျပာၾကမွာ ပါ ။ ဒါေပမဲ့ အေမာင့္ကို စစ္သူႀကီး ဒလဗန္းရယ္လို႔ ျမပန္းဘယ္တုန္းကမွ မျမင္ခဲ့မိဘူး။ အေမာင္ယံုၾကည္ရဲ႕ လားဟု” လည္း ေျပာ တတ္သည္။

စစ္ပဲြသတင္းေတြကို ျမပန္းခက္ ဘယ္ေတာ့မွ မေမး။ စစ္ေသြးျဖင့္ တက္ၾကြဆူေ၀စြာ စစ္သတင္းကို ေျပာျပေသာ အခါ မ်ားတြင္လည္း အဲဒါေတြ ျမပန္း နားမေထာင္ခ်င္ပါဘူးဟု ေခါင္းခါလည္ယမ္း ျငင္းတတ္သည္။

“စစ္ပဲြေတြ ျမန္ျမန္ ၿပီးၾကပါေစေတာ့ အေမာင္ရယ္” ဟုေသာ စကားမွာ ျမပန္းခက္ အၿမဲ လုိလို ေရရြတ္တတ္ေသာ စကား။

အ႐ႈံးသည္ အလွည့္ယူေပၿပီ။

ဦးေအာင္ေဇယ်၏ ေအာင္ပဲြမ်ား သည္ ေတာင္က်ေရထက္ပင္ အရွိန္အဟုန္ ျပင္းထန္လာသည္။ မုဆုိးဖုိတပ္ကို အႀကိမ္ႀကိမ္လုပ္ႀကံေသာ ္လည္း ေအာင္ပြဲမရ။ ရွိရွိသမွ် အလံုးအရင္းနဲ႔ မုဆုိးကို ဖိရန္ ဒလဗန္း အႀကံေပးသည့္ ေသနဂၤကိုလည္း မင္းႀကီးဗညားဒလႏွင့္ ဥပရာဇာတုိ႔က လက္မခံ။

မုဆုိးဖိုတပ္သည္ ဟံသာ၀တီတပ္မ်ားကို အႀကိ္မ္တုိင္းမွာပင္ ထြန္းလွန္ပစ္ႏိုင္ခဲ့သည္။ ေနာက္ဆံုးတြင္ ဦးေအာင္ေဇယ်သည္ သူ႔မုဆုိးဖုိကို “ေရႊြဘုိ” ဟု သမုတ္ကာ ၿမဳ ိ႕နန္းတည္ ႏိုင္သည့္အထိ ခိုင္ခံ့စဲြၿမဲသြားေလသည္။ ဦးေအာင္ေဇယ်၏ အင္အားခုိင္ၿပီး ႀကီးထြားသည့္အထိ ခုိင္ခံၿမဲသြားေလသည္။

ဦးေအာင္ေဇယ်၏ အင္အားခုိင္ၿပီး ႀကီးထြားလာသည္ႏွင့္ အမွ် ဟံသာ၀တီတပ္မ်ား အား ဆင္၊ ျမင္း၊ ရဲမက္ တစတစ ေလ်ာ့ပါးလာသည္။

“ဦးေအာင္ေဇယ်ဟာ ေၾကာက္စရာအေကာင္းဆံုး ရန္သူပဲ။ က်ဳ ပ္တုိ႔ မဟာဓမၼရာဇာဓိပတိ ကို သံု႔ကၽြန္ျပဳ ၿပီး ဟံသာ၀တီေခၚထားတဲ့အေၾကာင္း တခုတည္းနဲ႔ပဲ ဦးေအာင္ေဇယ်ဟာ က်ဳ ပ္တုိ႔ အေပၚ မေက်တမ္း တုိက္ခုိက္ဖုိ႔အတြက္ လံုေလာက္တဲ့ စစ္ေဒါသကို ရေနၿပီ။ သူနဲ႔ သူ႔လူေတြ ကို က်ဳ ပ္တို႔သတိထားရမယ္” ဟု ဒလဗန္း စိတ္လိုက္မာန္ပါ ေျပာေသာ အခါတိုင္း မင္းႀကီးဗညားဒလနွင့္ ဥပရာဇာတို႔က -

“ေသြးမဆူစမ္းပါနဲ႔ ဒလဗန္း၊ မုဆိုးဖိုသားေတြဟာ ၾကည္းေၾကာင္းပဲ တိုက္တတ္တာပါ။ တို႔ မွာ သင္းတို႔မယွဥ္ႏိုင္တဲ့ ေရေၾကာင္း အင္အားရွိေနပါတယ္။ ၿပီးေတာ့ ဖရန္စစ္နဲ႔ ကုလားျဖဴေတြဆီ အေျမာက္၊ စိန္ေျပာင္းနဲ႔ ေသနတ္ေတြကို တို႔အခ်ိန္ မေရြးရပဲ။ လက္နက္စၾကာေတြကို ဒီထန္းလံုးတပ္ေလာက္သာေဆာက္တတ္တဲ့ မုဆိုးဖိုသားေတြ မခံႏိုင္ပါဘူး” ဟု ရယ္သြမ္းေသြး လ်က္ ေျပာေလသည္။

“မင္းႀကီးတို႔ဟာ ရန္သူကို အထင္ေသးလြန္းေနတယ္”

“မဟုတ္ပါဘူး ဒလဗန္း။ မင္းကသာ ရန္သူကို အထင္ႀကီးလြန္းတာပါ။ ဖရန္စစ္နဲ႔ ကုလားျဖဴလို မဟာမိတ္မ်ဳ ိး သူတို႔ မရွိပါဘူးကြယ္”

ဒလဗန္း မ်ဳ ိသိပ္လိုက္ရသည္ခ်ည္းပင္။

ဟံသာ၀တီႏွင့္ ကင္းကြာေနသည္မွာ လအတန္ၾကာခဲ့ၿပီ ျဖစ္သျဖင့္ ဥပရာဇာေျပာေသာ ဖရန္စစ္ႏွင့္ ကုလားျဖဴ မဟာမိတ္တို႔အေၾကာင္းကို ဒလဗန္းမသိ။ သူတို႔ထံမွ အေျမာက္၊ စိန္ေျပာင္း ႏွင့္ ေသနတ္မ်ား ရႏိုင္သည္ဟုသာ သိထားသည္။ အားကိုးထိုက္လို႔ အားကိုးထားျခင္းပဲဟုသာ ဒလဗန္းနားလည္ယူလိုက္သည္။

သို႔ ေသာ ္ …
အင္း၀ကို သိမ္းအၿပီး ႏွစ္ႏွစ္ ပင္မျပည့္တတ္ေသး။ အင္း၀ကို ဦးေအာင္ေဇယ်ထံသို႔ ျပန္ေပးလိုက္ရေလသည္။ ေရႊဘိုဟူ၍ ၿမိဳ ႕ နန္းတည္ၿပီး မၾကာမီမွာပင္ အင္း၀ ပုခက္ထဲသို႔ လဲက်သြားသည္။

အံသြားတို႔ ပဲ့ေၾကမတတ္ပင္။

ဧရာ၀တီျမစ္အလယ္တြင္ မီးဟုန္းဟုန္းစြဲေနေသာ ေလွမ်ားကို ဆင္ေပၚကလွမ္းၾကည့္ရင္း ဒလဗန္းဆင္ဦးစီးကို အမိန္႔ေပးလိုက္ ရသည္။

အ႐ံႈးသည္ နိမိတ္အေငြ႕အ ျဖစ္မွသည္ အေကာင္အထည္ျဒပ္အျဖစ္သို႔ ။

“ေတာင္ဘက္ျပန္လွည့္။ ခၽြန္းဖြင့္ေမာင္း၊ ေတာအုပ္ခိုၿပီး အျပင္းႏွင္”

The Red အနီ

...........................................................

စစ်သူကြီးဒလဗန်း (ချစ်ဦးညို) - အပိုင်း (၄)


အင်းဝတပ်စခန်းသို့ ပြန်ရောက်သော အခါ ညဥ့်သန်းခေါင်ယွန်းနေပေပြီ။
အားလုံး အံ့အားသင့်သွားခဲ့ကြတာ။ ဒလဗန်း တိုက်ပွဲတစ်နေရာမှာ ကျခဲ့ပြီး ဟု သူတို့တွက်ထားကြသည်။ ဖြစ်ရပ်ကုန်စင်ကို ဒလဗန်း ရှင်းပြလိုက်သည်။

ဒေါစွယ်စယက်က-

‘ခင်းဗျားကျသွားပြီးလို့ ကျု ပ်တို့ထင်ခဲကြတာ။ အခုပြန်ရောက်လာတော့ ဘယ်လောက် ၀မ်းသာကြတယ်ဆိုတာ ပြောမပြတတ်ဘူးဗျာ’ ဟု အသံတုန်ုတုန်ဖြင့် ဆိုလေသည်။

ဦးရီးတော် ဒေါထောအိုင်ကမူ-

‘ဒလဗန်းရေ၊ အင်း .. ဦးအောင်ဇေယျနဲ့တွေ ့ခဲ့လို့ အသက်ချမ်းသာလာတာပါကလား။ အင်း.. ကြုံ တတ်ပေတယ်ကွာ။ ရန်သူပေးတဲ့ အသက်ပဲ ရှိတယ်လို့’ဟုပြောသည်။

‘ကိုင်း၊ နောက်မှ တစ်ခါတည်း နားယူတော့ ဒလဗန်း။ အခု နန်းတော်ထဲဝင်လိုက်ဦး၊ ဥပရာဇာ ညနေကပဲ ရောက်လာတယ်’
ဒေါစွယ်စယက်က စစ်သည် ပီသစွာ ပြောသည်။

ဒဏ်ရာကြီးစွာ ရခဲ့သည် မဟုတ်သော ်လည်း ဆူးခြစ်ရာများက မခံမရပ်နိုင်အောင် ကျိန်စပ်နေသည်။ ထို့ပြင် လွန်မင်းစွာလည်း မောဟိုက်နေသည်။ သို့သော ်ဒလဗန်း နန်းတော် ထဲ သို့ ၀င်ခဲ့သည်။

စစ်ကာလ။ ဒဏ်ရာတစ်ခုခုကြောင့် အသက်ငင်နေသည်ပဲရှိစေ၊ ယခုအချိန်မျို း တွင် ဟံသာဝတီမှရောက်လာသော ဥပရာဇာ ထံသို့ ၀င်ရမည် ။

သို့ သော ် နန်းတော် အတွင်း တံခါးဝထဲသို့ ခြေတစ်လှမ်းဝင်လို်က်သည့်အချိ်န်မှာ ပင် ဒလဗန်း ဒူးများ ညွတ်ကွေးကာလဲကျသွားသည်။ အဆမတန် မောဟိုက်ပင်ပန်းခြင်းကို ဖုံးကွယ်မရတော့။ နှလုံးသည်ခံတွင်းထဲမှ ခုန်ထွက်သွားတော့မည် အလား။

မျက်စိတွေ ပြာဝေကာ နန်းတော် တိုင်ကြီးများ တရစပ် လည်ပတ်သွားသည်က ိုတရိပ်ရိပ်ခံစား လိုက်ရသည်။ နန်းတော် အတွင်းဘက်မှ ရှိနေသူများ ကိုသဲသဲကွဲကွဲ မမြင်ရတော့။ အရောင် တွေ အားလုံး ပူးကပ်သွားကြသည်။

မိမိလဲကျနေရာသို့ လှုပ်ရှားတိုးဝင်လာကြသည်ကိုသာ သတိပြုမိသည်။ ရောထွေးနေသော အရောင်တွေ ထဲမှာ ဖြူလွသော သဏ္ဌာန်တစ်ခုက အဦးဆုံးအနီးသို့ ရောက်လာသည်။ မည်သူမှန်းမသိ။ ထိုဖြူလွသော သဏ္ဌာန်ဆီမှ အသံတသံကိုသာ နောက်ဆုံး ကြားလိုက်ရပြီး မှောင်အတိကျသွားသည်။

‘သူ သိပ်ပင်ပန်းလာတယ်။ နောက်မှ ဆွေးနွေးကြပါ။ သမားတော်တွေ လာပါ။ သူ့ကို ချက်ချင်းပြုစုပါ။’

အမိန့်သံပါသော ်လည်း ဂရုဏာငွေ ့ဝေသည့်မိန်းမသံ။

ထိုအသံရှင်သည် ‘မြပန်းခက်' ဖြစ်ကြောင်း နောက်တနေ့ နေ့လယ်သတိရလာသော အခါမှ အံ့ဩစွာ သိရှိလေတော့သည်။

ဥပရာဇာ၏ သမီးတော် နှင့် ထိုသို့ တွေ ့ဆုံကာ ထိုအချိန်မှစ၍ သံယောဇဉ်ချင်း ရစ်ပတ်ဖွဲ့နှောင် ခဲ့လိမ့်မည် ဟု ဒလဗန်း ဘယ်တုန်းကမှ မတွေးဘူးခဲ့ချေ။

မိုးသက်လေ၏ မိုးစက်များ သည် အရှိန်ပြင်းတတ်သလို ပရမ်းပတာလည်းနိုင်ကြလေသည်။ ဖြိုးဖြိုးဖြင်းဖြင်း ဝှေ့ယမ်း ကျရောက်လာတတ်ကြလေသည်။

ထိုနှယ်ပင်ဟု ဆိုရတော့မည်။

ဖြစ်ရပ်တို့သည် တိုတောင်းသော ကာလအတွင်မှာပင် လျင်မြန်စွာပေါ်ကာ လျင်မြန်စွာ ချုပ်ငြိမ်းသွားကြသည်။

စစ်မျက်နှာဟောင်းနှင့် စစ်မျက်နှာသစ်တို့သည် စစ်ပွဲမြေပုံကားချပ်ပေါ်တွင် ရှုပ်ထွေးစွာ ပေါ်ပေါက်လာကြသည်။

အရှုံးနှင့် အနိုင်သည် ကြိ်မ်ဖန်များစွာ အလှည့်ကို လုယက်နေကြသည်။

သည်ကာလအတွင်း ငြင်းပယ်မရနိုင်သော ဒိဋ္ဌဖြစ်ရပ်သုံးခု ရှိသည်။

ဦးအောင်းဇေယျ၏ မုဆိုးဖိုတပ်များ အောင်ပွဲဆက်ကာရရှိပြီး ဘုန်းအာဏာစက် တစတစ ကျယ်ပြန့်လာခဲ့ခြင်း။

မင်းကြီးဗညားဒလ၊ ဥပရာဇာတို့အပါအဝင် ဟံသာဝတီအကြီးအကဲများနှင့် ဒလဗန်းအကြား စစ်ရေးဗျူဟာ သဘောထားကွဲလွဲမှုများ အတွင်းမှာပင် ချစ်သော မြပန်းခက်၏ နွေးထွေးသော နားလည်မှု ရရှိပိုင်ဆိုင်လာခဲ့ခြင်း။

မြပန်းခက်သည် စင်စစ်ဥပရာဇာ၏ သမီးတော်ဟု ဆိုရန်ခက်လောက်အောင် ကြငှန်း မဆန်းသူ မိန်းကလေး တစ်ယောက် ဖြစ်လေသည်။ ထီးရိပ်နန်းငွေ့ သူ့တွင် မသမ်း။

စစ်ကို မနှစ်မြို ့ ။ ဦးအောင်ဇေယျအပါအဝင် စစ်ပွဲဝင်နေကြသော ခေါင်းဆောင်များအားလုံးကို ကြောက်သည်ဟု သူဆိုသည်။ စစ်နှင့်် ပတ်သတ်သမျှကို မြပန်းခက် ကြောက်သည်။

စစ်ဟူသော ပုစ္ဆာ၏ အဖြေများမှာ သေကျေပျက်စီးခြင်း၊ အိ်မ်ရှင်မတို့၏ နှလုံးသည်းပွတ်များ လောင်ကျွမ်းခံရခြင်း၊ စေတီပုထိုးတို့၏ ညောင်ရွက်ခတ်အသံများ ဆိတ်သုဉ်းရခြင်းများ သာ ဖြစ်မည်ဟု မြပန်းခက်က ရိုးသားစွာ ဆိုသည်။

သို့သော် သည်သို့သော နုနယ်သည့်မိန်းကလေး၏ နှလုံးသားကိုမှ ပိုင်ဆိုင်လာရသည့် အ ဖြစ်။ “စစ်ကို အကြောက်ကြီး ကြောက်ပြီးကာမှ စစ်က မွေးဖွားလာတဲ့ အမောင့်ကို အချစ်ကြီး ချစ်မိလေတော့တယ်။ မြပန်းရဲ့ ဆုတောင်းက ဘယ်လို ဆုတောင်းပါလိမ့်နော်” ဟု သူ ညဉ်းညူ တတ်လေသည်။

“ဥပရာဇာရဲ့ သမီးတော် ရဲ့ ၊ တပ်မင်းစစ်သူကြီး ချစ်ကြု ိးဖွဲ့ကြတာဟာ လူတွေအတွက်တော့ မဆန်းဘူးပေါ့ အမောင်ရယ်။ ဖြစ်ရိုး ဖြစ်စဉ်လို့ ပြောကြမှာ ပါ ။ ဒါပေမဲ့ အမောင့်ကို စစ်သူကြီး ဒလဗန်းရယ်လို့ မြပန်းဘယ်တုန်းကမှ မမြင်ခဲ့မိဘူး။ အမောင်ယုံကြည်ရဲ့ လားဟု” လည်း ပြော တတ်သည်။

စစ်ပွဲသတင်းတွေကို မြပန်းခက် ဘယ်တော့မှ မမေး။ စစ်သွေးဖြင့် တက်ကြွဆူဝေစွာ စစ်သတင်းကို ပြောပြသော အခါ များတွင်လည်း အဲဒါတွေ မြပန်း နားမထောင်ချင်ပါဘူးဟု ခေါင်းခါလည်ယမ်း ငြင်းတတ်သည်။

“စစ်ပွဲတွေ မြန်မြန် ပြီးကြပါစေတော့ အမောင်ရယ်” ဟုသော စကားမှာ မြပန်းခက် အမြဲ လိုလို ရေရွတ်တတ်သော စကား။

အရှုံးသည် အလှည့်ယူပေပြီ။

ဦးအောင်ဇေယျ၏ အောင်ပွဲများ သည် တောင်ကျရေထက်ပင် အရှိန်အဟုန် ပြင်းထန်လာသည်။ မုဆိုးဖိုတပ်ကို အကြိမ်ကြိမ်လုပ်ကြံသော ်လည်း အောင်ပွဲမရ။ ရှိရှိသမျှ အလုံးအရင်းနဲ့ မုဆိုးကို ဖိရန် ဒလဗန်း အကြံပေးသည့် သေနင်္ဂကိုလည်း မင်းကြီးဗညားဒလနှင့် ဥပရာဇာတို့က လက်မခံ။

မုဆိုးဖိုတပ်သည် ဟံသာဝတီတပ်များကို အကြိ်မ်တိုင်းမှာပင် ထွန်းလှန်ပစ်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ဦးအောင်ဇေယျသည် သူ့မုဆိုးဖိုကို “ရွွှေဘို” ဟု သမုတ်ကာ မြု ိ့နန်းတည် နိုင်သည့်အထိ ခိုင်ခံ့စွဲမြဲသွားလေသည်။ ဦးအောင်ဇေယျ၏ အင်အားခိုင်ပြီး ကြီးထွားသည့်အထိ ခိုင်ခံမြဲသွားလေသည်။

ဦးအောင်ဇေယျ၏ အင်အားခိုင်ပြီး ကြီးထွားလာသည်နှင့် အမျှ ဟံသာဝတီတပ်များ အား ဆင်၊ မြင်း၊ ရဲမက် တစတစ လျော့ပါးလာသည်။

“ဦးအောင်ဇေယျဟာ ကြောက်စရာအကောင်းဆုံး ရန်သူပဲ။ ကျု ပ်တို့ မဟာဓမ္မရာဇာဓိပတိ ကို သုံ့ကျွန်ပြု ပြီး ဟံသာဝတီခေါ်ထားတဲ့အကြောင်း တခုတည်းနဲ့ပဲ ဦးအောင်ဇေယျဟာ ကျု ပ်တို့ အပေါ် မကျေတမ်း တိုက်ခိုက်ဖို့အတွက် လုံလောက်တဲ့ စစ်ဒေါသကို ရနေပြီ။ သူနဲ့ သူ့လူတွေ ကို ကျု ပ်တို့သတိထားရမယ်” ဟု ဒလဗန်း စိတ်လိုက်မာန်ပါ ပြောသော အခါတိုင်း မင်းကြီးဗညားဒလနှင့် ဥပရာဇာတို့က -

“သွေးမဆူစမ်းပါနဲ့ ဒလဗန်း၊ မုဆိုးဖိုသားတွေဟာ ကြည်းကြောင်းပဲ တိုက်တတ်တာပါ။ တို့ မှာ သင်းတို့မယှဉ်နိုင်တဲ့ ရေကြောင်း အင်အားရှိနေပါတယ်။ ပြီးတော့ ဖရန်စစ်နဲ့ ကုလားဖြူတွေဆီ အမြောက်၊ စိန်ပြောင်းနဲ့ သေနတ်တွေကို တို့အချိန် မရွေးရပဲ။ လက်နက်စကြာတွေကို ဒီထန်းလုံးတပ်လောက်သာဆောက်တတ်တဲ့ မုဆိုးဖိုသားတွေ မခံနိုင်ပါဘူး” ဟု ရယ်သွမ်းသွေး လျက် ပြောလေသည်။

“မင်းကြီးတို့ဟာ ရန်သူကို အထင်သေးလွန်းနေတယ်”

“မဟုတ်ပါဘူး ဒလဗန်း။ မင်းကသာ ရန်သူကို အထင်ကြီးလွန်းတာပါ။ ဖရန်စစ်နဲ့ ကုလားဖြူလို မဟာမိတ်မျု ိး သူတို့ မရှိပါဘူးကွယ်”

ဒလဗန်း မျု ိသိပ်လိုက်ရသည်ချည်းပင်။

ဟံသာဝတီနှင့် ကင်းကွာနေသည်မှာ လအတန်ကြာခဲ့ပြီ ဖြစ်သဖြင့် ဥပရာဇာပြောသော ဖရန်စစ်နှင့် ကုလားဖြူ မဟာမိတ်တို့အကြောင်းကို ဒလဗန်းမသိ။ သူတို့ထံမှ အမြောက်၊ စိန်ပြောင်း နှင့် သေနတ်များ ရနိုင်သည်ဟုသာ သိထားသည်။ အားကိုးထိုက်လို့ အားကိုးထားခြင်းပဲဟုသာ ဒလဗန်းနားလည်ယူလိုက်သည်။

သို့ သော ် …
အင်းဝကို သိမ်းအပြီး နှစ်နှစ် ပင်မပြည့်တတ်သေး။ အင်းဝကို ဦးအောင်ဇေယျထံသို့ ပြန်ပေးလိုက်ရလေသည်။ ရွှေဘိုဟူ၍ မြို ့ နန်းတည်ပြီး မကြာမီမှာပင် အင်းဝ ပုခက်ထဲသို့ လဲကျသွားသည်။

အံသွားတို့ ပဲ့ကြေမတတ်ပင်။

ဧရာဝတီမြစ်အလယ်တွင် မီးဟုန်းဟုန်းစွဲနေသော လှေများကို ဆင်ပေါ်ကလှမ်းကြည့်ရင်း ဒလဗန်းဆင်ဦးစီးကို အမိန့်ပေးလိုက် ရသည်။

အရှုံးသည် နိမိတ်အငွေ့အ ဖြစ်မှသည် အကောင်အထည်ဒြပ်အဖြစ်သို့ ။

“တောင်ဘက်ပြန်လှည့်။ ချွန်းဖွင့်မောင်း၊ တောအုပ်ခိုပြီး အပြင်းနှင်”

The Red အနီ

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)