စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) - အပိုင္း (၂)


စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) - အပိုင္း (၂)


ဒုတိယအႀကိမ္မွာ ဥပရာဇာႏွင့္ ပတ္သက္သည္။

ျပည္ႏွင့္ ေျမလတ္ေဒသတို႔ကို ဟံသာ၀တီတပ္တို႔ အမိအရ သိမ္းပိုက္ခဲ့ၿပီးၿပီ။

ယခုအခါ အင္း၀ၿမိဳ ႕ ႐ိုးလည္း က်ဳ ိးေပါက္ၿပီ။ ၿမိဳ ႕ ႐ိုးမုခ္အနီးတြင္ ဒလဗန္းရွိေနသည္။ ျမင္းထက္မွစ၍ စစ္ပြဲ၏ အၿပီးသတ္ျမင္ကြင္းကုိ ဒလဗန္း ၾကည့္ေနသည္။

မၾကာမတင္က ၿပီးသြားခဲ့ေသာ အင္း၀ႏွင့္ ဟံသာ၀တီ၏ ေနာက္ဆံုးစစ္ပြဲတြင္ အင္း၀သည္ အထိနာစြာ က်႐ံႈးခဲ့ ေလသည္။

ဟံသာ၀တီတပ္သားတို႔သည္ အင္း၀၏ အေျမာက္၊ စိ္န္ေျပာင္းမ်ား ကုိ လွည္းျဖင့္ တြန္းကာ ၿမိဳ ႕ ျပင္သို႔ သယ္ယူလာၾကသည္။ ယမ္းေငြ႕တို႔ မစဲတတ္ေသးေသာ နံနက္ခင္းေလျပည္ကုိ ဒလဗန္း အားပါးတရ ႐ွဴ ႐ိႈက္လိုက္သည္။

စစ္႐ံႈး အင္း၀စစ္သည္သံု႔တို႔ ၿမိဳ ႕ ႐ုိးအတြင္ းမွ အစုလိုက္ အသုတ္လိုက္ထြက္လာၾကသည္။ သံု႔တို႔၏ ၀ဲယာႏွစ္ ဘက္တြင္ ဟံသာ၀တီ ျမင္းစီးစစ္သည္မ်ား က ႂကြား၀င့္စြာ လုိက္ပါလာၾကသည္။

‘မင္း နားပါဦးလားကြာ’

ေနာက္ဘက္မွအသံေၾကာင့္ ဒလဗန္း လွည့္ၾကည့္လုိက္သည္။

ဦးရီးေတာ္ ေဒါေထာအိုင္။

ဦးရီးေတာ္ ၀ဲယာႏွစ္ ဘက္ျဖင့္ မီးေပါက္ေသနတ္မ်ား ကို တေပြ႕တပုိက္သယ္လာသည္။ နံနက္ေစာေစာမွာ ပင္ ဦးရီးေတာ္ ၏ မ်က္ႏွာျပင္တြင္ ေခၽြးေပါက္မ်ား သီးေနသည္။ ကိုယ္က်ပ္၀တ္႐ံု ၀တ္မထားသည့္ အသားျဖဴ ေသာ ဦးရီးေတာ္ ၏ ကိုယ္အထက္ပို္င္းတြင္ ေသြးေစေသြးႏုမ်ား ကို အတုိ္င္းသားေတြ ႕ေနရသည္။

‘မင္း မအိပ္တာ ႏွစ္ ရက္ ႏွစ္ ညလံုးလံုးရွိၿပီ ဒလဗန္း။ အဲ၊ ဒီအင္း၀ကို စတိုက္ကတည္းက မဟုတ္လား’

‘ဦးရီးေတာ္ ကေကာ’

‘အင္း၊ အဲ၊ ေအး….ငါလည္းအတူတူပဲေလ၊ ဟား…ဟား’

ကြမ္းေသြးတုိ႔ျဖင့္ မည္ းနက္ေနေသာ သြားမ်ား ကိုၿဖဲကာ ဦးရီးေတာ္ အားပါးတရ ရယ္သည္။

‘က်ဳ ပ္ မနားႏုိင္ေသးဘူး။ အင္း၀တုိ္က္ပြဲၿပီးသြားေပမယ့္ အေရး အႀကီးဆံုး အလုပ္တစ္ခု က်န္ေသးတယ္။ က်ဳ ပ္ ဒါေၾကာင့္ ဒီမုခ္၀က ေစာင့္ေနတာ’
သံု႔ပန္းတစ္သုတ္ ထြက္လာျပန္သျဖင့္ ဒလဗန္း ေနာက္ဆုတ္ေပးလိုက္ ရသည္။

အင္း၀စစ္သည္ သုံ႔ပန္းတုိ႔မွာ ဒဏ္ရာမရသူဟူ၍ မရွိ။ အားလံုး ေသြးသံရဲရဲ။ ထုိစဥ္ စစ္သည္ တေယာက္ ဒလဗန္း၏ ျမင္းေရွ႕တြင္ ေမွာက္လ်က္လဲက်သြားသည္။

ဒလဗန္း ျမင္းေပၚမွဆင္းကာ လဲက်သြားေသာ အင္း၀စစ္သည္အနီးသို႔ ဒူးေထာက္လိုက္ သည္။ ထုိ႔ေနာက္ စစ္သည္ကုိ ပက္လက္လွန္လို္က္ၿပီး ခါးခ်ပ္မွ ေရဘူးကိုျဖဳတ္၍ ႏႈတ္ခမ္း၀ သုိ႔ ကပ္ေပးလိုက္ သည္။

ဒဏ္ရာရစစ္သည္မွာ ငယ္ရြယ္လြန္းသူ ျဖစ္ေခ်သည္။ ေရကုိ အငမ္းမရေသာက္ရင္း မ်က္လံုးမ်ား ကိုဖြင့္ၾကည့္သည္။

‘ဟုတ္ပါတယ္ ရဲမက္၊ ေရေသာက္လုိက္ဦးေလ’

‘ေတာ္ ၿပီ။ ေက်းဇူးတင္…’
မ်က္လံုးပိတ္ကာ ဇက္က်ဳ ိးက်သြားသည္။ ထုိအခါမွပင္ စစ္သည္ကေလး၏ ရင္အံုဒဏ္ရာဆီ မွေသြးမ်ား ပြတ္ခနဲထြက္အန္ကာ ဒလဗန္း၏ ကိုယ္က်ပ္တစ္ခုလံုး ေပက်ံသြားေတာ့သည္။

ဒလဗန္း ျမင္းေပၚခုန္တက္လိုက္သည္။

‘ေဟ့…အၾကပ္ေတြ ၊ ေသြးေသာက္ေတြ ၊ တပ္မွဴ း ေတြ ၊ အနာသည္းတဲ့ သံု႔ေတြ လမ္းမ ေလွ်ာက္ေစနဲ႔။ ျမင္းဆြဲရထားနဲ႔တင္ၿပီး ေခၚ။ ရထားေပၚမွာ ခ်က္ခ်င္း ေဆး၀ါးေပး’

ၿမိဳ ႕ ႐ိုးထဲမွ သံု႔ပန္းမ်ား ကား တစ္သုတ္ၿပီးတစ္သုတ္ ထြက္လာၾကဆဲ။

‘ဒလပန္း၊ မင္းေစာေစာကေျပာတာ ဘာလဲ’

‘ဟင္၊ ဦးရီးေတာ္ မသြားေသးဘဲကိုး’

ဦးရီးေတာ္ ေဒါေထာအိုင္က ဒလဗန္း၏ ျမင္းဇက္အနီးသို႔ တုိးကပ္လာသည္။

‘ေစာေစာက မင္းေျပာတဲ့ အေရး ႀကီးတဲ့ကိစၥဆိုတာဘာလဲ’

ဦးရီးေတာ္ ေဒါေထာအိုင္ကား စင္စစ္ ဟံသာ၀တီတတပ္လံုးတြင္ လူေကာင္အႀကီးထြား ဆံုး၊ ခြန္အားအသန္ဆံုး၊ ဓားလွံအကၽြမ္းဆံုး စစ္သည္ႀကီး ျဖစ္သည္။ သို႔ ေသာ ္ ဦးရီးေတာ္ ေဒါ ေထာအိုင္၌ ခၽြတ္ယြင္းခ်က္ႏွစ္ ခုရွိသည္။

မီးေပါက္ေသနတ္ မကုိင္တတ္ျခင္းႏွင့္ ႏွလံုးရည္၌ ည့ံဖ်င္းလွျခင္းတို႔ပင္။ ‘မီးတို႔ေသနတ္က ကုိင္ရတြယ္ရ၊ ပစ္ရခတ္ရ အလုပ္႐ႈပ္သကြာ။ လက္ထဲမွာ အားပါး တရလည္းမရွိဘူး’ဟု ဦးရီးေတာ္ က ေျပာတတ္သည္။

ထုိ႔ေၾကာင့္ ပင္ ဒလဗန္း စစ္သူႀကီး ျဖစ္လာသည္အထိ ဦးရီးေတာ္ ေဒါေထာအိုင္ကုိ အၾကပ္ ဗိုလ္ထက္ ပိုျမင့္ေသာ အဆင့္ မေပးခဲ့ႏိုင္ရွိေလသည္။ သို႔ ေသာ ္ ေဒါေထာအိုင္ကလည္း သူ႔အဆင့္ အရာတြင္ ေက်နပ္သည္။ ‘စစ္တိုက္ရ ၿပီးသာပဲပ’ဟု ဆိုတတ္သည္။

‘ေဟ…ေအး၊ ေျပာေလကြာ ဒလဗန္း။ မင္းေျပာတဲ့ အေရး ႀကီးတဲ့ကိစၥ’

‘အေရး ႀကီးတာေပါ့ ဦးရီးေတာ္ ။ ခဏေနရင္’

ဒလဗန္း၏ စကားမဆံုးမီမွာပင္ ၿမိဳ ႕ ႐ိုးမုခ္အတြင္းဆီမွထြက္လာေသာ အစုတစ္စုကို ေတြ ႕ လိုက္ရေသာ ေၾကာင့္ ဒလဗန္း ျမင္းေပၚမွခုန္းဆင္းလိုက္သည္။

‘က်ဳ ပ္ ေျပာစရာမလိုေတာ့ဘူး ဦးရီးေတာ္ ။ အခုပဲ ျမင္ရလိမ့္မယ္’

ၿမိဳ ႕ ႐ိုးမုခ္၀ဆီသို႔ ေဒါေထာအိုင္ လွမ္းၾကည့္လိုက္သည္။

ဟံသာ၀တီစစ္သည္ အေစာင့္ထူထပ္စြာ ။
တပ္၏ ေရွ႕တြင္ မင္းႀကီးဗညားဒလကိုယ္တိုင္။
မင္းႀကီးဗညားဒလေဘးတြင္ ဥပရာဇာ။ ဥပရာဇာ။
ဥပရာဇာ၏ ေနာက္တြင္ စစ္သူႀကီးေဒါစြယ္စယက္။ ျမင္းကုိယ္စီ။

သူတို႔ေနာက္တြင္ ေ၀ါထမ္းရဲမက္မ်ား ။
ေ၀ါေပၚတြင္ -

‘အား၊ အင္း၀ဘုရင္ပါလား’
ေဒါေထာအိုင္ ေရရြတ္လိုက္သည္။

အင္း၀ဘုရင္ မဟာဓမၼရာဇာဓိပတိသည္ စစ္႐ံႈးသုံ႔ဘုရင္အ ျဖစ္ ၿမိဳ ႕႐ိုးအတြင္ းမွ ထြက္လာခဲ့ၿပီ။ ေ၀ါက ဒလဗန္းတို႔ေရွ႕သို႔ ေရာက္လာသည္။

ဒလဗန္းက လက္ကိုေ၀ွ႔ယမ္းျပလိုက္သျဖင့္ ေ၀ါထမ္းတို႔ရပ္လိုက္ၾကသည္။ ဒလဗန္းသည္ ေ၀ါအနီးသို႔ လက္အုပ္ခ်ီရင္း တိုးကပ္သြားေလသည္။

“ကၽြန္ေတာ္ ဒလဗန္းပါမင္းတရား။ မင္းတရာ းဒဏ္ရာ အနာ တစံုတရာ မရွိခဲ့ဘူးလို႔ ေမွ်ာ္လင့္ပါတယ္”

ေ၀ါေပၚမွ မဟာဓမၼရာဇာဓိပတိကား စကားတံု႔ျပန္မဆိုဘဲ ဒလဗန္းကို ျပဴ းေၾကာင္ေသာ မ်က္လံုးအစံုျဖင့္ ၾကည့္ေနသည္။ အင္း၀ဘုရင္၏ မ်က္ႏွာမွာ ေသြးဆုတ္ျဖဴ ေရာ္ေနသည္ကို ေတြ ႕ရ ေလသည္။

“ဟံသာ၀တီမွာ ေကာင္းစြာ စံႏိုင္ဖို႔ ကၽြန္ေတာ္ တို႔စီမံထားၾကပါတယ္။ မင္းတရား အလိုေတာ္ ရွိသမွ်ကိုလည္း ခိုင္းေစႏိုင္ပါတယ္”

မင္းႀကီးဗညားဒလက အမိန္႔ေပးလိုက္ သျဖင့္ ေ၀ါျပန္လည္ေရြ႕လ်ားသည္။ ဒလပန္း ေနာက္သို႔ ေနာက္သို႔ ဆုတ္လိုက္သည္။ ေ၀ါ ဆက္လက္ထြက္ခြာသြားေလသည္။

“အင္း၀ဘုရင္ဟာ အေတာ္ ေၾကာက္ေနပံုရတယ္ကြ”
ဦးရီးေတာ္ ေဒါေထာအိုင္က ေျပာသည္။

“ဟုတ္တယ္၊ ေသြးနည္းတာေတာ့အမွန္ပဲ။ ဒါေပမဲ့ ဘာပဲ ျဖစ္ ျဖစ္ သူဟာဘုရင္ပဲ ဦးရီးေတာ္ ။ စစ္႐ံႈးဘုရင္၊ စစ္သံု႔ပန္းဘုရင္တစ္ပါးပဲ”

“မင္းေျပာတဲ့ အေရး ႀကီးတဲ့ကိစၥဆိုတာ အင္း၀ဘုရင္နဲ႔ေတြ ႕ဖို႔ မင္း ေစာင့္ေနတဲ့ကိစၥကို ေျပာတာလား”

“ဟုတ္တယ္”

“ခု နင္က စကားေျပာခ်င္လို႔လား”

“ဟုတ္တယ္”

“ဒါမ်ား ကြာ .. ေဟ … ေအး၊ ငါက။ ေအးပါကြာ … နားလည္း မလည္ခ်င္ပါဘူး။ ကိုင္း .. သြားပေဟ့၊ မီးေပါက္ေသနတ္ေတြ သြားသယ္ေနရဦးမယ္”
ဦးရီးေတာ္ ေဒါေထာအိုင္ ထြက္သြားသည္။

အင္း၀ၿမိဳ ႕ တြင္ းဆီမွာ ေပါက္ကြဲသံႀကီးတစ္သံ ၾကားလိုက္ရသည္။ လက္နက္တိုက္ကို အၿပီးတိုင္ မီး႐ိႈ႕လိုက္ျခင္း ျဖစ္ေၾကာင္း ဒလဗန္းသိသည္။

အင္း၀ကို လက္၀ယ္ပိုင္ပိုင္ရေပၿပီ။

မဟာဓမၼရာဇာဓိပတိလည္း ဟံသာ၀တီသို႔ ပါေခ်ၿပီ။

ဒလဗန္းျမင္းဇက္ကို က်ံဳ းတံတားဆီသို႔ လွည့္လိုက္သည္။

အင္း၀မွာ တပ္စြဲၿပီးေနာက္ ေနာက္ထပ္ဆင္ႏႊဲရမည္ ့ပဲြမ်ား ႏွင့္ ပတ္သက္၍ မင္းႀကီး ဗညားဒလ၊ ဥပရာဇာတို႔ႏွင့္ ေဆြးေႏြးကာ ေသနဂၤခ်မွတ္ရဦးမည္ ။

ဥပရာဇာ၏ တပ္မႀကီးသည္ ဒလဗန္းမ်က္စိေအာက္မွာပင္ ေပ်ာက္ကြယ္သြားေလသည္။ တပ္မႀကီး၏ ေနာက္ဆံုးျမင္းစီးတပ္၏ အစြန္ဆံုး ၾကက္ေသြးေရာင္ တံခြန္စမ်ား သည္ ေ၀း၍ ေသးငယ္ရာမွ ေပ်ာက္ကြယ္သြားသည္။

ဒလဗန္း ေခါင္းကို ျဖည္းညင္းစြာ ခါယမ္းသည္။
၀ဲဘက္တြင္ ဦးရီးေတာ္ ေဒၚေထာအိုင္။
ယာဘက္တြင္ စစ္သူႀကီး ေဒါစြယ္စယက္။
သူတို႔လည္း စကားတစ္လံုး မဟႏိုင္ၾက။ ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားေသာ
ဥပရာဇာ၏ တပ္မႀကီးဆီသို႔ ေငးေနၾကသည္။

“ဒီေလာက္ထိ တင္းမာသြားခဲ့မယ္မထင္ဘူး ဒလဗန္း”
ေဒါစြယ္စယက္က အံႀကိတ္လ်က္ဆိုသည္။

“က်ဳ ပ္ မတတ္ႏိုင္ဘူး”
ဒလဗန္းက တင္းမာစြာ ေရရြတ္ေလသည္။

“ခင္ဗ်ား သူ႔ကို အသာအယာ ေဖ်ာင္းဖ်ေျပာသင့္တယ္”

“က်ဳ ပ္ အေက်အလည္ရွင္းျပခဲ့တာပဲ ေဒါစြယ္စယက္။ ေအာက္အရပ္က ၿမိတ္၊ ထား၀ယ္ ေဒသေတြ ရဲ႕ အေရး ဟာ ေျမာက္ဘက္တလႊား ေဒသေတြ ေလာက္ အေရး မႀကီးေသးေၾကာင္း က်ဳ ပ္ အေသအခ်ာရွင္းျပခဲ့တာပဲ။ ဥပရာဇာေခါင္းမာတာကိုေတာ့ က်ဳပ္မတတ္ႏိုင္ဘူး”

“ေအး၊ ဥပရာဇာကလည္း ေခါင္းမာတယ္။ မင္းကလည္း မေလွ်ာ့ဘူး”

“ေသနဂၤအေနနဲ႔ က်ဳ ပ္မွန္တာပဲ ဦးရီးေတာ္ ။ ဘာေၾကာင့္ ေလွ်ာ့ရမလဲ။ အခု အင္း၀ကို က်ဳ ပ္တို႔ရတာ ဘာၾကာေသးလို႔လဲ။ ဒီအခ်ိန္မွာ အင္း၀ကို ၀မ္းဗိုက္ျပဳ ၿပီး ေျမာက္ဘက္တလႊားကို ေနသားတက်ရွိေအာင္ သိမ္းသြင္းယူရမွာ ။ ေနသားတက် မရွိခ်ိန္မွာ ဥပရာဇာက အင္း၀မွာ မေနဘဲ တပ္ခြဲႏႈတ္ၿပီး ျပန္သြားတာဟာ လံုး၀မွာ းတယ္”

“အင္း”

“အခု မုဆိုးဖိုက ဦးေအာင္ေဇယ်ဟာ အခိုင္အလံုလုပ္ေနတယ္။ သူ႔အႏၲရာယ္ဟာ မေသး ဘူး။ တျခားေဒသၿမိဳ ႕ ရြာေတြ က က်ဳ ပ္တို႔ကို သစၥာခံတယ္။ မုဆိုးဖိုက သစၥာမခံဘူး။ ဦးေအာင္ေဇယ်ဟာ မုဆိုးဖိုကို အမာခံျပဳ ၿပီး အင္အားႀကီးထြားလာႏိုင္တယ္။ ဒီအထိ ဥပရာဇာကို က်ဳ ပ္ရွင္းျပခဲ့တယ္မဟုတ္လား”

“ဟုတ္ပါတယ္ကြာ”

နန္းေတာ္ ေလွကားခံုသို႔ ေရာက္လာၾကသည္။

ဥပရာဇာ ႏႈတ္ယူသြားသည့္အတြက္ တပ္အင္အား တစ္၀က္မွ်ေလ်ာ့သြားေသာေၾကာင့္ အင္း၀ၿမိဳ ႕ တြင္ းရွိ ဟံသာ၀တီတပ္တို႔မွာ ေျခာက္ေသြ႕ေနေလသည္။ အင္အားတစ္၀က္ ေလ်ာ့ပါး သြားျခင္း၏ အားငယ္မႈ ကို တပ္သားတိုင္း သိသိသာသာခံစားေနၾကရသည္။

“ဒီမွာ ဦးရီးေတာ္ နဲ႔ ေဒါစြယ္စယက္”
ဒလဗန္းက ေလွကားထစ္၏ ေအာက္ဆံုးခံုတြင္ ေျခတင္ရင္း ျပန္လွည့္လိုက္သည္။

“အခု က်ဳ ပ္တို႔ျပည္နဲ႔ အင္း၀ကိုရလိုက္တာမွ ဘာမ်ား ခက္ခက္ခဲခဲတိုက္ခဲ့ၾကရလို႔လဲ။ အလြယ္တကူရလိုက္တာ မဟုတ္လား။ ျပည္သား၊
အင္း၀သားေတြ လူရည္ညံ့လို႔မဟုတ္ဘူး။ သင္တို႔ေခါင္းေဆာင္ညံ့လို႔ မဟာဓမၼရာဇာဓိပတိ လုပ္ရည္ညံ့လို႔။ ဒါကို ဥပရာဇာ နားလည္ဖို႔ ေကာင္းတယ္”

“ဒီေလာက္ေတာ့ ဥပရာဇာ နားလည္ေလာက္ပါရဲ႕ ကြာ”
ေဒါစြယ္စယက္ ျမင္းေပၚသို႔ ခုန္တက္ကာ သူ႔တပ္ဘက္သို႔ ကဆုန္ကစိုင္းသြားသည္။’

‘ဦးရီးေတာ္ မသြားနဲ႔ဦး’

‘ေဟ့၊ ဘာကိစၥ’

‘ဦးရီးေတာ္ ကိုက်ဳ ပ္ နက္ျဖန္ ခရိးထြက္ခိုင္းစရာရိွတယ္’

‘ခရီး၊ေကာင္းတယ္။ ငါလည္း ဒီၿမိဳ ႕ ရိုးထဲမွာ ဒီအတိုင္းမေနခ်င္ဘူး။ေျပာစမ္း၊ ပြဲေကာင္းေလး မ်ား ရႏိုင္မလား’

‘အလြန္ေကာင္းတဲ့ ပဲြရလိမ့္မယ္’

‘ဟုတ္လား၊ ေျပာစမ္းေဟ့၊ ဘယ္သြားရမလဲ’

‘မုဆိုိးဖို’

‘မုဆိုးဖိုဟုတ္လား…. ဦးေအာင္ေဇယ်နယ္ကိုလား’

‘ဟုတယ္၊တံခြန္အျဖဴ နဲ႔အျပာ ယူသြားရမယ္။မုဆိုးဖိုမွာ ဦးေအာင္ေဇယ် ထန္းလံုးတပ္ တည္ထားတယ္။ တပ္ထဲအထိ အၾကည္အသာ၀င္ရမယ္ … ၿပီးေတာ့…’

‘မင္းက ဦးေအာင္ေဇယ်ကို ဘာသ၀ဏ္ကိုျပ’

‘သစၥာေပးတဲ့ သ၀ဏ္’

‘ေၾသာ္ ၊ ေၾသာ္…’

‘မတၱရာမွာ တပ္စဲြေနတဲ့၊ ဟိုလူဆိုးလူမိုက္ ဂုဏၰအိန္လည္း သ၀ဏ္ေပးၿပီး သစၥာခံခိုင္းတယ္ လို႔သိရတယ္၊ ဂုဏၰအန္ရဲ႕ သစၥာကို အခံသူကို သူတို႔ျပန္ၾကားလုိက္တယ္’

‘ဟုတ္လား၊ တို႔သစၥာကေကာ’

‘က်ဳ ပ္ထင္တယ္၊ ဦးေအာင္ေဇယ် ေခါင္းခါမွပါပဲ .. မတိုက္နဲ႔၊ ဒီအတိုင္းျပန္လာခဲ့။ အဲ….. အျပန္လမ္းမွာ ေတာ့ ဦးရီးေတာ္ ေမ်ွာ္လင့္တဲ့ ပဲြေကာင္းေပၚခ်င္ေပၚလိမ္မယ္။ သတိ၀ီရိယနဲသာ ျပန္လာခဲ့ေပေတာ့’

‘စိတ္ခ်ပါ၊ ဒလဗန္း’

‘ဦးေအာင္ေဇယ်ကိုေတာ့ သတိထား ဦးရီးေတာ္ ’

The Red အနီ

..........................................................


စစ်သူကြီးဒလဗန်း (ချစ်ဦးညို) - အပိုင်း (၂)


ဒုတိယအကြိမ်မှာ ဥပရာဇာနှင့် ပတ်သက်သည်။

ပြည်နှင့် မြေလတ်ဒေသတို့ကို ဟံသာဝတီတပ်တို့ အမိအရ သိမ်းပိုက်ခဲ့ပြီးပြီ။

ယခုအခါ အင်းဝမြို ့ ရိုးလည်း ကျု ိးပေါက်ပြီ။ မြို ့ ရိုးမုခ်အနီးတွင် ဒလဗန်းရှိနေသည်။ မြင်းထက်မှစ၍ စစ်ပွဲ၏ အပြီးသတ်မြင်ကွင်းကို ဒလဗန်း ကြည့်နေသည်။ 

မကြာမတင်က ပြီးသွားခဲ့သော အင်းဝနှင့် ဟံသာဝတီ၏ နောက်ဆုံးစစ်ပွဲတွင် အင်းဝသည် အထိနာစွာ ကျရှုံးခဲ့ လေသည်။

ဟံသာဝတီတပ်သားတို့သည် အင်းဝ၏ အမြောက်၊ စိ်န်ပြောင်းများ ကို လှည်းဖြင့် တွန်းကာ မြို ့ ပြင်သို့ သယ်ယူလာကြသည်။ ယမ်းငွေ့တို့ မစဲတတ်သေးသော နံနက်ခင်းလေပြည်ကို ဒလဗန်း အားပါးတရ ရှူ ရှိုက်လိုက်သည်။

စစ်ရှုံး အင်းဝစစ်သည်သုံ့တို့ မြို ့ ရိုးအတွင် းမှ အစုလိုက် အသုတ်လိုက်ထွက်လာကြသည်။ သုံ့တို့၏ ၀ဲယာနှစ် ဘက်တွင် ဟံသာဝတီ မြင်းစီးစစ်သည်များ က ကြွားဝင့်စွာ လိုက်ပါလာကြသည်။

‘မင်း နားပါဦးလားကွာ’ 

နောက်ဘက်မှအသံကြောင့် ဒလဗန်း လှည့်ကြည့်လိုက်သည်။

ဦးရီးတော် ဒေါထောအိုင်။

ဦးရီးတော် ၀ဲယာနှစ် ဘက်ဖြင့် မီးပေါက်သေနတ်များ ကို တပွေ့တပိုက်သယ်လာသည်။ နံနက်စောစောမှာ ပင် ဦးရီးတော် ၏ မျက်နှာပြင်တွင် ချွေးပေါက်များ သီးနေသည်။ ကိုယ်ကျပ်ဝတ်ရုံ ၀တ်မထားသည့် အသားဖြူ သော ဦးရီးတော် ၏ ကိုယ်အထက်ပို်င်းတွင် သွေးစေသွေးနုများ ကို အတို်င်းသားတွေ ့နေရသည်။

‘မင်း မအိပ်တာ နှစ် ရက် နှစ် ညလုံးလုံးရှိပြီ ဒလဗန်း။ အဲ၊ ဒီအင်းဝကို စတိုက်ကတည်းက မဟုတ်လား’

‘ဦးရီးတော် ကကော’

‘အင်း၊ အဲ၊ အေး….ငါလည်းအတူတူပဲလေ၊ ဟား…ဟား’

ကွမ်းသွေးတို့ဖြင့် မည် းနက်နေသော သွားများ ကိုဖြဲကာ ဦးရီးတော် အားပါးတရ ရယ်သည်။

‘ကျု ပ် မနားနိုင်သေးဘူး။ အင်းဝတို်က်ပွဲပြီးသွားပေမယ့် အရေး အကြီးဆုံး အလုပ်တစ်ခု ကျန်သေးတယ်။ ကျု ပ် ဒါကြောင့် ဒီမုခ်ဝက စောင့်နေတာ’
သုံ့ပန်းတစ်သုတ် ထွက်လာပြန်သဖြင့် ဒလဗန်း နောက်ဆုတ်ပေးလိုက် ရသည်။

အင်းဝစစ်သည် သုံ့ပန်းတို့မှာ ဒဏ်ရာမရသူဟူ၍ မရှိ။ အားလုံး သွေးသံရဲရဲ။ ထိုစဉ် စစ်သည် တယောက် ဒလဗန်း၏ မြင်းရှေ့တွင် မှောက်လျက်လဲကျသွားသည်။

ဒလဗန်း မြင်းပေါ်မှဆင်းကာ လဲကျသွားသော အင်းဝစစ်သည်အနီးသို့ ဒူးထောက်လိုက် သည်။ ထို့နောက် စစ်သည်ကို ပက်လက်လှန်လို်က်ပြီး ခါးချပ်မှ ရေဘူးကိုဖြုတ်၍ နှုတ်ခမ်းဝ သို့ ကပ်ပေးလိုက် သည်။

ဒဏ်ရာရစစ်သည်မှာ ငယ်ရွယ်လွန်းသူ ဖြစ်ချေသည်။ ရေကို အငမ်းမရသောက်ရင်း မျက်လုံးများ ကိုဖွင့်ကြည့်သည်။

‘ဟုတ်ပါတယ် ရဲမက်၊ ရေသောက်လိုက်ဦးလေ’

‘တော် ပြီ။ ကျေးဇူးတင်…’
မျက်လုံးပိတ်ကာ ဇက်ကျု ိးကျသွားသည်။ ထိုအခါမှပင် စစ်သည်ကလေး၏ ရင်အုံဒဏ်ရာဆီ မှသွေးများ ပွတ်ခနဲထွက်အန်ကာ ဒလဗန်း၏ ကိုယ်ကျပ်တစ်ခုလုံး ပေကျံသွားတော့သည်။

ဒလဗန်း မြင်းပေါ်ခုန်တက်လိုက်သည်။ 

‘ဟေ့…အကြပ်တွေ ၊ သွေးသောက်တွေ ၊ တပ်မှူ း တွေ ၊ အနာသည်းတဲ့ သုံ့တွေ လမ်းမ လျှောက်စေနဲ့။ မြင်းဆွဲရထားနဲ့တင်ပြီး ခေါ်။ ရထားပေါ်မှာ ချက်ချင်း ဆေးဝါးပေး’ 

မြို ့ ရိုးထဲမှ သုံ့ပန်းများ ကား တစ်သုတ်ပြီးတစ်သုတ် ထွက်လာကြဆဲ။

‘ဒလပန်း၊ မင်းစောစောကပြောတာ ဘာလဲ’

‘ဟင်၊ ဦးရီးတော် မသွားသေးဘဲကိုး’

ဦးရီးတော် ဒေါထောအိုင်က ဒလဗန်း၏ မြင်းဇက်အနီးသို့ တိုးကပ်လာသည်။

‘စောစောက မင်းပြောတဲ့ အရေး ကြီးတဲ့ကိစ္စဆိုတာဘာလဲ’

ဦးရီးတော် ဒေါထောအိုင်ကား စင်စစ် ဟံသာဝတီတတပ်လုံးတွင် လူကောင်အကြီးထွား ဆုံး၊ ခွန်အားအသန်ဆုံး၊ ဓားလှံအကျွမ်းဆုံး စစ်သည်ကြီး ဖြစ်သည်။ သို့ သော ် ဦးရီးတော် ဒေါ ထောအိုင်၌ ချွတ်ယွင်းချက်နှစ် ခုရှိသည်။ 

မီးပေါက်သေနတ် မကိုင်တတ်ခြင်းနှင့် နှလုံးရည်၌ ည့ံဖျင်းလှခြင်းတို့ပင်။ ‘မီးတို့သေနတ်က ကိုင်ရတွယ်ရ၊ ပစ်ရခတ်ရ အလုပ်ရှုပ်သကွာ။ လက်ထဲမှာ အားပါး တရလည်းမရှိဘူး’ဟု ဦးရီးတော် က ပြောတတ်သည်။

ထို့ကြောင့် ပင် ဒလဗန်း စစ်သူကြီး ဖြစ်လာသည်အထိ ဦးရီးတော် ဒေါထောအိုင်ကို အကြပ် ဗိုလ်ထက် ပိုမြင့်သော အဆင့် မပေးခဲ့နိုင်ရှိလေသည်။ သို့ သော ် ဒေါထောအိုင်ကလည်း သူ့အဆင့် အရာတွင် ကျေနပ်သည်။ ‘စစ်တိုက်ရ ပြီးသာပဲပ’ဟု ဆိုတတ်သည်။

‘ဟေ…အေး၊ ပြောလေကွာ ဒလဗန်း။ မင်းပြောတဲ့ အရေး ကြီးတဲ့ကိစ္စ’

‘အရေး ကြီးတာပေါ့ ဦးရီးတော် ။ ခဏနေရင်’

ဒလဗန်း၏ စကားမဆုံးမီမှာပင် မြို ့ ရိုးမုခ်အတွင်းဆီမှထွက်လာသော အစုတစ်စုကို တွေ ့ လိုက်ရသော ကြောင့် ဒလဗန်း မြင်းပေါ်မှခုန်းဆင်းလိုက်သည်။

‘ကျု ပ် ပြောစရာမလိုတော့ဘူး ဦးရီးတော် ။ အခုပဲ မြင်ရလိမ့်မယ်’

မြို ့ ရိုးမုခ်ဝဆီသို့ ဒေါထောအိုင် လှမ်းကြည့်လိုက်သည်။

ဟံသာဝတီစစ်သည် အစောင့်ထူထပ်စွာ ။
တပ်၏ ရှေ့တွင် မင်းကြီးဗညားဒလကိုယ်တိုင်။ 
မင်းကြီးဗညားဒလဘေးတွင် ဥပရာဇာ။ ဥပရာဇာ။ 
ဥပရာဇာ၏ နောက်တွင် စစ်သူကြီးဒေါစွယ်စယက်။ မြင်းကိုယ်စီ။ 

သူတို့နောက်တွင် ဝေါထမ်းရဲမက်များ ။
ဝေါပေါ်တွင် -

‘အား၊ အင်းဝဘုရင်ပါလား’
ဒေါထောအိုင် ရေရွတ်လိုက်သည်။

အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိသည် စစ်ရှုံးသုံ့ဘုရင်အ ဖြစ် မြို ့ရိုးအတွင် းမှ ထွက်လာခဲ့ပြီ။ ဝေါက ဒလဗန်းတို့ရှေ့သို့ ရောက်လာသည်။ 

ဒလဗန်းက လက်ကိုဝှေ့ယမ်းပြလိုက်သဖြင့် ဝေါထမ်းတို့ရပ်လိုက်ကြသည်။ ဒလဗန်းသည် ဝေါအနီးသို့ လက်အုပ်ချီရင်း တိုးကပ်သွားလေသည်။

“ကျွန်တော် ဒလဗန်းပါမင်းတရား။ မင်းတရာ းဒဏ်ရာ အနာ တစုံတရာ မရှိခဲ့ဘူးလို့ မျှော်လင့်ပါတယ်”

ဝေါပေါ်မှ မဟာဓမ္မရာဇာဓိပတိကား စကားတုံ့ပြန်မဆိုဘဲ ဒလဗန်းကို ပြူ းကြောင်သော မျက်လုံးအစုံဖြင့် ကြည့်နေသည်။ အင်းဝဘုရင်၏ မျက်နှာမှာ သွေးဆုတ်ဖြူ ရော်နေသည်ကို တွေ ့ရ လေသည်။

“ဟံသာဝတီမှာ ကောင်းစွာ စံနိုင်ဖို့ ကျွန်တော် တို့စီမံထားကြပါတယ်။ မင်းတရား အလိုတော် ရှိသမျှကိုလည်း ခိုင်းစေနိုင်ပါတယ်”

မင်းကြီးဗညားဒလက အမိန့်ပေးလိုက် သဖြင့် ဝေါပြန်လည်ရွေ့လျားသည်။ ဒလပန်း နောက်သို့ နောက်သို့ ဆုတ်လိုက်သည်။ ဝေါ ဆက်လက်ထွက်ခွာသွားလေသည်။

“အင်းဝဘုရင်ဟာ အတော် ကြောက်နေပုံရတယ်ကွ”
ဦးရီးတော် ဒေါထောအိုင်က ပြောသည်။

“ဟုတ်တယ်၊ သွေးနည်းတာတော့အမှန်ပဲ။ ဒါပေမဲ့ ဘာပဲ ဖြစ် ဖြစ် သူဟာဘုရင်ပဲ ဦးရီးတော် ။ စစ်ရှုံးဘုရင်၊ စစ်သုံ့ပန်းဘုရင်တစ်ပါးပဲ”

“မင်းပြောတဲ့ အရေး ကြီးတဲ့ကိစ္စဆိုတာ အင်းဝဘုရင်နဲ့တွေ ့ဖို့ မင်း စောင့်နေတဲ့ကိစ္စကို ပြောတာလား”

“ဟုတ်တယ်”

“ခု နင်က စကားပြောချင်လို့လား”

“ဟုတ်တယ်”

“ဒါများ ကွာ .. ဟေ … အေး၊ ငါက။ အေးပါကွာ … နားလည်း မလည်ချင်ပါဘူး။ ကိုင်း .. သွားပဟေ့၊ မီးပေါက်သေနတ်တွေ သွားသယ်နေရဦးမယ်”
ဦးရီးတော် ဒေါထောအိုင် ထွက်သွားသည်။

အင်းဝမြို ့ တွင် းဆီမှာ ပေါက်ကွဲသံကြီးတစ်သံ ကြားလိုက်ရသည်။ လက်နက်တိုက်ကို အပြီးတိုင် မီးရှို့လိုက်ခြင်း ဖြစ်ကြောင်း ဒလဗန်းသိသည်။

အင်းဝကို လက်ဝယ်ပိုင်ပိုင်ရပေပြီ။

မဟာဓမ္မရာဇာဓိပတိလည်း ဟံသာဝတီသို့ ပါချေပြီ။

ဒလဗန်းမြင်းဇက်ကို ကျုံ းတံတားဆီသို့ လှည့်လိုက်သည်။

အင်းဝမှာ တပ်စွဲပြီးနောက် နောက်ထပ်ဆင်နွှဲရမည် ့ပွဲများ နှင့် ပတ်သက်၍ မင်းကြီး ဗညားဒလ၊ ဥပရာဇာတို့နှင့် ဆွေးနွေးကာ သေနင်္ဂချမှတ်ရဦးမည် ။

ဥပရာဇာ၏ တပ်မကြီးသည် ဒလဗန်းမျက်စိအောက်မှာပင် ပျောက်ကွယ်သွားလေသည်။ တပ်မကြီး၏ နောက်ဆုံးမြင်းစီးတပ်၏ အစွန်ဆုံး ကြက်သွေးရောင် တံခွန်စများ သည် ဝေး၍ သေးငယ်ရာမှ ပျောက်ကွယ်သွားသည်။

ဒလဗန်း ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းသည်။
၀ဲဘက်တွင် ဦးရီးတော် ဒေါ်ထောအိုင်။
ယာဘက်တွင် စစ်သူကြီး ဒေါစွယ်စယက်။
သူတို့လည်း စကားတစ်လုံး မဟနိုင်ကြ။ မြင်ကွင်းမှ ပျောက်ကွယ်သွားသော
ဥပရာဇာ၏ တပ်မကြီးဆီသို့ ငေးနေကြသည်။

“ဒီလောက်ထိ တင်းမာသွားခဲ့မယ်မထင်ဘူး ဒလဗန်း”
ဒေါစွယ်စယက်က အံကြိတ်လျက်ဆိုသည်။

“ကျု ပ် မတတ်နိုင်ဘူး”
ဒလဗန်းက တင်းမာစွာ ရေရွတ်လေသည်။

“ခင်ဗျား သူ့ကို အသာအယာ ဖျောင်းဖျပြောသင့်တယ်”

“ကျု ပ် အကျေအလည်ရှင်းပြခဲ့တာပဲ ဒေါစွယ်စယက်။ အောက်အရပ်က မြိတ်၊ ထားဝယ် ဒေသတွေ ရဲ့ အရေး ဟာ မြောက်ဘက်တလွှား ဒေသတွေ လောက် အရေး မကြီးသေးကြောင်း ကျု ပ် အသေအချာရှင်းပြခဲ့တာပဲ။ ဥပရာဇာခေါင်းမာတာကိုတော့ ကျုပ်မတတ်နိုင်ဘူး”

“အေး၊ ဥပရာဇာကလည်း ခေါင်းမာတယ်။ မင်းကလည်း မလျှော့ဘူး”

“သေနင်္ဂအနေနဲ့ ကျု ပ်မှန်တာပဲ ဦးရီးတော် ။ ဘာကြောင့် လျှော့ရမလဲ။ အခု အင်းဝကို ကျု ပ်တို့ရတာ ဘာကြာသေးလို့လဲ။ ဒီအချိန်မှာ အင်းဝကို ၀မ်းဗိုက်ပြု ပြီး မြောက်ဘက်တလွှားကို နေသားတကျရှိအောင် သိမ်းသွင်းယူရမှာ ။ နေသားတကျ မရှိချိန်မှာ ဥပရာဇာက အင်းဝမှာ မနေဘဲ တပ်ခွဲနှုတ်ပြီး ပြန်သွားတာဟာ လုံးဝမှာ းတယ်”

“အင်း”

“အခု မုဆိုးဖိုက ဦးအောင်ဇေယျဟာ အခိုင်အလုံလုပ်နေတယ်။ သူ့အန္တရာယ်ဟာ မသေး ဘူး။ တခြားဒေသမြို ့ ရွာတွေ က ကျု ပ်တို့ကို သစ္စာခံတယ်။ မုဆိုးဖိုက သစ္စာမခံဘူး။ ဦးအောင်ဇေယျဟာ မုဆိုးဖိုကို အမာခံပြု ပြီး အင်အားကြီးထွားလာနိုင်တယ်။ ဒီအထိ ဥပရာဇာကို ကျု ပ်ရှင်းပြခဲ့တယ်မဟုတ်လား” 

“ဟုတ်ပါတယ်ကွာ”

နန်းတော် လှေကားခုံသို့ ရောက်လာကြသည်။ 

ဥပရာဇာ နှုတ်ယူသွားသည့်အတွက် တပ်အင်အား တစ်ဝက်မျှလျော့သွားသောကြောင့် အင်းဝမြို ့ တွင် းရှိ ဟံသာဝတီတပ်တို့မှာ ခြောက်သွေ့နေလေသည်။ အင်အားတစ်ဝက် လျော့ပါး သွားခြင်း၏ အားငယ်မှု ကို တပ်သားတိုင်း သိသိသာသာခံစားနေကြရသည်။

“ဒီမှာ ဦးရီးတော် နဲ့ ဒေါစွယ်စယက်”
ဒလဗန်းက လှေကားထစ်၏ အောက်ဆုံးခုံတွင် ခြေတင်ရင်း ပြန်လှည့်လိုက်သည်။

“အခု ကျု ပ်တို့ပြည်နဲ့ အင်းဝကိုရလိုက်တာမှ ဘာများ ခက်ခက်ခဲခဲတိုက်ခဲ့ကြရလို့လဲ။ အလွယ်တကူရလိုက်တာ မဟုတ်လား။ ပြည်သား၊
အင်းဝသားတွေ လူရည်ညံ့လို့မဟုတ်ဘူး။ သင်တို့ခေါင်းဆောင်ညံ့လို့ မဟာဓမ္မရာဇာဓိပတိ လုပ်ရည်ညံ့လို့။ ဒါကို ဥပရာဇာ နားလည်ဖို့ ကောင်းတယ်”

“ဒီလောက်တော့ ဥပရာဇာ နားလည်လောက်ပါရဲ့ ကွာ”
ဒေါစွယ်စယက် မြင်းပေါ်သို့ ခုန်တက်ကာ သူ့တပ်ဘက်သို့ ကဆုန်ကစိုင်းသွားသည်။’

‘ဦးရီးတော် မသွားနဲ့ဦး’

‘ဟေ့၊ ဘာကိစ္စ’

‘ဦးရီးတော် ကိုကျု ပ် နက်ဖြန် ခရိးထွက်ခိုင်းစရာရှိတယ်’ 

‘ခရီး၊ကောင်းတယ်။ ငါလည်း ဒီမြို ့ ရိုးထဲမှာ ဒီအတိုင်းမနေချင်ဘူး။ပြောစမ်း၊ ပွဲကောင်းလေး များ ရနိုင်မလား’

‘အလွန်ကောင်းတဲ့ ပွဲရလိမ့်မယ်’

‘ဟုတ်လား၊ ပြောစမ်းဟေ့၊ ဘယ်သွားရမလဲ’

‘မုဆိိုးဖို’

‘မုဆိုးဖိုဟုတ်လား…. ဦးအောင်ဇေယျနယ်ကိုလား’

‘ဟုတယ်၊တံခွန်အဖြူ နဲ့အပြာ ယူသွားရမယ်။မုဆိုးဖိုမှာ ဦးအောင်ဇေယျ ထန်းလုံးတပ် တည်ထားတယ်။ တပ်ထဲအထိ အကြည်အသာဝင်ရမယ် … ပြီးတော့…’

‘မင်းက ဦးအောင်ဇေယျကို ဘာသဝဏ်ကိုပြ’

‘သစ္စာပေးတဲ့ သဝဏ်’

‘သြော် ၊ သြော်…’

‘မတ္တရာမှာ တပ်စွဲနေတဲ့၊ ဟိုလူဆိုးလူမိုက် ဂုဏ္ဏအိန်လည်း သဝဏ်ပေးပြီး သစ္စာခံခိုင်းတယ် လို့သိရတယ်၊ ဂုဏ္ဏအန်ရဲ့ သစ္စာကို အခံသူကို သူတို့ပြန်ကြားလိုက်တယ်’

‘ဟုတ်လား၊ တို့သစ္စာကကော’

‘ကျု ပ်ထင်တယ်၊ ဦးအောင်ဇေယျ ခေါင်းခါမှပါပဲ .. မတိုက်နဲ့၊ ဒီအတိုင်းပြန်လာခဲ့။ အဲ….. အပြန်လမ်းမှာ တော့ ဦးရီးတော် မျှော်လင့်တဲ့ ပွဲကောင်းပေါ်ချင်ပေါ်လိမ်မယ်။ သတိ၀ီရိယနဲသာ ပြန်လာခဲ့ပေတော့’

‘စိတ်ချပါ၊ ဒလဗန်း’

‘ဦးအောင်ဇေယျကိုတော့ သတိထား ဦးရီးတော် ’

The Red အနီ

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)