စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) - အပိုင္း (၁)

စစ္သူႀကီးဒလဗန္း (ခ်စ္ဦးညိဳ) - အပိုင္း (၁)


စစ္တြင္ အႏိုင္ရေရး သည္ အဓိက။ရန္သူကုိ ေခ်မႈ န္းရန္ မိမိက ေအာင္ပဲြခံရန္အတြက္
အထူးထူးအျပားျပားေသာ ေသနဂၤတို႔ျဖင့္ စီမံၾကကုန္၏

ဤသို႔ ….
'အႏိုင္'အတြက္ ႀကိဳ း ပမ္းရာ၌သူရဲေကာင္းတို႔၏ က်င့္၀တ္၊ လူသားတို႔၏ ဂုဏ္သိကၡာ
ေယာက်ၤားျမတ္တို႔၏ အရည္အေသြးမ်ား ကိုရင့္က်က္ျပည့္၀စြာ ေရွ႕တန္းတင္လ်က္-
စစ္ပြဲ၀င္ခဲ့ေသာ သူရဲေကာင္းမ်ား ရွိခဲ့ဖူး၏ ။

ထုိ သူရဲေကာင္းတို႔၏ အမည္ သတင္းသည္တစ္ဘက္ရန္သူ ႏွလံုးထဲ၌ ပင္
ေကာင္းျခင္းဂုဏ္တုိ႔ျဖင့္ ထိုက္တန္စြာ ေနရာရခဲ့ၾကသည္။

ထိုသူရဲေကာင္းမ်ား အနက္တြင္ -
'စစ္သူႀကီး ဒလဗန္း'သည္လည္း တစ္ေယာက္ အပါအ၀င္ ျဖစ္၏ ။

*
၁။

ၾကားလိုက္ရေသာ သတင္းကုိ ႐ုတ္တရက္ မယံုႏုိင္။

စစ္ေမာင္း၊ တုိက္ဆင္၊ ရဲေလွ၊ မီးေပါက္ေသနတ္ကိုင္ တပ္မႀကီးမ်ား ၊

စစ္တံခြန္မ်ား ၊ စစ္ေမာင္း၊ စစ္တံပိုးသံမ်ား ။ ထုိ႔ေနာက္ အဲေမာင္း၊ ဓားရွည္၊ ဒူးေလး၊ လႊား၊ ကာ၊

အလံုးစံုေသာ စစ္၏ အခင္းအက်င္း၊ စစ္၏ အဆင္တန္ဆာတို႔သည္ အျမင္အာ႐ံုမွ၊

အသိစိတ္ထဲမွ၊ ႏွလံုးသည္း ပြတ္ထဲမွာ တျဖည္းျဖည္း တုိးမွိန္ျပယ္လြင့္ ေပ်ာက္ကြယ္သြားေနသည္။

အခါခပ္သိမ္း စစ္တြင္ ေမြ႔ေလ်ာ္၊ စစ္တြင္ ေပ်ာ္ပိုက္ခဲ့ေလေသာ စစ္ေသြးအလ်ဥ္းတုိ႔လည္း အထံု႔အနားမရွိ လွည့္ပတ္စီးဆင္းေနခဲ့ၾကရာမွ ႐ုတ္ျခည္းတန္႔ရပ္သြားသည္။

လူမွန္းသိစကတည္းက ကမၻာေလာကတြင္ 'စစ္'မွတစ္ပါး အျခားဘာကုိမွ မ၀င္စား၊ နားမလည္ခဲ့ေသာ စစ္စိတ္စစ္ေသြးသည္ ပထမဆံုးအႀကိမ္အ ျဖစ္ စစ္ကုိမုန္းတီးစက္ဆုပ္သြား သည္။

အျခားမလပ္ တရစပ္ လွည့္ပတ္ေနေသာ စစ္သည္ေတာ္ ေသြးသည္ ၾကားလိုက္ရေသာ သတင္းစကားေၾကာင့္ တံု႔ဆိုင္းသြားသည္။

'ဒါ အမွန္ပဲလား'

'ဒါအမွန္ပါပဲ တပ္မင္း'

'ဒီသတင္း သယ္ေဆာင္လာတဲ့ သ၀ဏ္ကို ဘယ္သူ႔အမိန္႔နဲ႔ ငါ့ဆီ ပုိ႔လိုက္တာလဲ'

'ဥပရာဇာရဲ႕ အမိန္႔ပါ တပ္မင္း'

'ဘာ၊ ဥပရာဇာရဲ႕ အမိန္႔ပါ တပ္မင္း'

'ဟုတ္၊ ဟုတ္'

ျပင္းထန္လြန္းေသာ ေငါက္ငမ္းသံသည္ တဲနန္း၏ အမိုးတည့္တည့္ေနရာမွ မိုးႀကိဳ း ပစ္ခြင္း လုိက္သည့္အလား က်ယ္ေလာင္စြာ ေပၚထြက္လာသျဖင့္ ေျချမန္ေတာ္ ရဲမက္မွာ တစ္ကုိယ္လံုး တုန္သြားေလသည္။

'ၿပီးေတာ့ ဘာမွာ လိုက္ေသးလဲ'

'ဒီ၊ ဒီသ၀ဏ္ေပးလိုက္ ဖုိ႔ပါပဲ တပ္မင္း'

ဒလဗန္းမ်က္ႏွာကို ရဲမက္ မၾကည့္ရဲေတာ့၊ ရဲမက္၏ နဖူးျပင္သည္ ၾကမ္းႏွင့္ ထိမတက္ ျဖစ္ ေနသည္။

'ယုတ္ညံ့တဲ့ ဒီ ျဖစ္ရပ္ကို ေဆာင္ယူလာဖို႔ကလြဲၿပီး တျခား ဘာသတင္းမွ မင္းတုိ႔ ဥပရာဇာက မေပးလိုက္ ဘူးတဲ့လား'

ဥပရာဇာ၏ သ၀ဏ္လိပ္သည္ ဒလဗန္းလက္ထဲတြင္ အထပ္ထပ္အလႊာလႊာေႂကြမြေနေခ်ၿပီ။ ဒလဗန္းသည္ စုေခ်ဆုပ္လံုးထားေသာ သ၀ဏ္လိပ္ကို ၾကမ္းျပင္ေပၚသို႔ ေပါက္ခ်လိုက္သည္။

'ဒါပဲ မဟုတ္လား၊ သြားေတာ့'

ဒလဗန္း၏ အမိန္႔သံဆံုးလွ်င္ ဆံုးခ်င္းမွာ ပင္ ရဲမက္သည္ ခပ္လွမ္းလွမ္းေနရာမွပင္ ၾကားသြား ရေလသည္။

'ထြီ'

စက္ဆုပ္ရြံရွာစြာ ေသာ တံေတြ းေတြ းသံကုိ ရဲမက္သည္ ခပ္လွမ္းလွမ္းေနရာမွပင္ ၾကားသြား ရေလသည္။

ဒလဗန္းသည္ ခါးခ်ပ္မွ ဓား႐ိုးမွ ဓား႐ုိးကုိ တင္းက်ပ္စြာ ဆုပ္ကိုင္ကာ တဲအျပင္သု႔ိ စူးစူးရဲရဲ ၾကည့္ေနလိုက္သည္။ ခ်ဳ ပ္ညဆည္းဆာ၏ ေဖ်ာ့ေတာ့အလင္းေရာင္ ေအာက္တြင္ ျမင္ေနရေသာ တပ္စခန္းျမင္ကြင္းသည္ တစ္ခါမွ် သည္ေလာက္ အ႐ုပ္ဆိုးအက်ည္းတန္ျခင္း မရွိဘူးခဲ့။

မည္ းေမွာ င္နီၾကန္ေသာ ေကာင္းကင္ကို ေနာက္ခံျပဳ ေနသည့္ စစ္တံခြန္မ်ား ၊ တုိက္ဆင္တို႔၏ အရိပ္မည္ းမည္ းမ်ား ၊ အဲေမာင္းထိပ္မွ ပန္းပြားမ်ား သည္ ခါတိုင္းအဖို႔မူ ဒလဗန္းအတြက္ ဘယ္အခါ ၾကည့္ၾကည့္ တက္ႂကြစရာအျပည့္။

ျမင္းေဇာင္းဆီမွ လက္ေရြးစင္ စစ္ျမင္းႀကီးမ်ား ၏ မာန္ဖီေသာ ဟီသံမ်ား ကို ၾကားလိုက္ရတိုင္း ဒလဗန္းတစ္ကိုယ္လံုးတြင္ ၾကက္သီးေမြးညင္းထမတတ္ စိတ္လႈပ္ရွားရစၿမဲ။

စစ္အိပ္ စစ္နား တံပိုးခရာသံကို ၾကားလိုက္ရလွ်င္လည္း ဘယ္သို႔ ေသာ ေတးခ်င္းတူရိယာသံႏွင့္မွ် မလဲႏုိင္ေအာင္ အၾကည္ႏူး ရႊင္လန္းခဲ့ေစၿမဲ။

ဒလဗန္းသည္ ေလာကတြင္ စစ္တိုက္ရန္္ ေမြးဖြားလာသူ။

ဒလဗန္းအတြက္ အလွဆံုးျမင္ကြင္းသည္ စစ္ေျမျပင္။

အခ်ဳ ိသာဆံုး အသံသည္ စစ္ပြဲ၀င္တပ္သားတို႔၏ ေႂကြးေၾကာ္သံ။

အလတ္ဆတ္ဆံုး ေလျပည္ဟူသည္မွာ ေသြးန႔ံသင္းေသာ စစ္တလင္းနံ႔။

စစ္မွတစ္ပါး အျခားခင္တြယ္စရာ၊ စိတ္၀င္စားစရာ၊ စိတ္လႈပ္ရွားစရာ၊ ေမြ႔ေလ်ာ္ေပ်ာ္ပါး နားခိုစရာဟူ၍ မရွိ။

စစ္သာလွ်င္ ဖမိ၊ စစ္သာလွ်င္ ဘ၀ေလာက၊ စစ္သာလွ်င္ အသက္ရွင္သန္ ေနထုိင္ျခင္း၏ အဓိပၸာယ္။

သုိ႔ေသာ ္ …

ယခုမူကား ဒလဗန္းအတြက္ စစ္သည္ေလာကတြင္ စက္ဆုပ္စရာေကာင္းဆံုးေသာ အနိ႒ာ႐ံုႀကီးအ ျဖစ္သို႔ ေျပာင္းလဲသြားသည္။

ဆန္႔က်င္ဘက္သုိ႔ ေျပာင္းလဲသြားသည့္ ႀကီးမားေသာ အေျပာင္းအလဲ။

အခင္တြယ္ဆံုး၊ အေမြ႔ေလ်ာ္ဆံုး၊ အေပ်ာ္ပါးဆံုးအရာသည္ စက္ဆုပ္စရာအေကာင္းဆံုး၊ မုန္းတီးရြံရွာစရာအေကာင္းဆံုးအ ျဖစ္သို႔ ေျပာင္းလဲသြားခဲ့ၿပီ။

ဤအေျပာင္းအလဲသည္လည္း ဒလဗန္းထံတြင္ တေငြ႔ေငြ႔တေျမ့ေျမ့ အေျခတည္ခဲ့ရာမွ တစ္စတစ္စ ေျပာင္းလဲသြားျခင္းမ်ဳ ိးမဟုတ္။ ႐ုတ္တရတ္ ခ်က္ခ်င္း ျဖစ္ေပၚသြားသည့္ အေျပာင္း အလဲ။ ႀကီးမားေသာ ထုိေျပာင္းလဲမႈ ကို တစ္မုဟုတ္ခ်င္း ျဖစ္ေပၚေစသည့္အရာကား .... ၊

ဥပရာဇာ၏ သ၀ဏ္ ျဖစ္ေလသည္။

ဒလဗန္းသည္ မ်က္စိအစံုကုိ ခဲယဥ္းစြာ မွိတ္လိုက္သည္။ သုိ႔ေသာ ္ သ၀ဏ္လႊာေပၚမွ စာလံုးမ်ား က အာ႐ံုတြင္ ေပ်ာက္မသြား။ ထုိစာလံုးမ်ား ၏ ေနာက္ကြယ္မွ အေၾကာင္းျခင္းရာ တို႔သည္လည္း လြင့္ျပယ္မသြား။ နာက်ည္းျခင္းျဖင့္ ျပည့္ေနေသာ ႏွလံုးေသြးစက္တုိင္းတြင္ သ၀ဏ္ပါစာလံုး မ်ား အရိပ္ထင္ေနသည္။ ေဖ်ာက္ဖ်က္မရ။

ဘယ္ေလာက္ၾကာေအာင္ မ်က္လံုးအစံုကုိမွိတ္ရင္း တဲနန္း၀တြင္ ရပ္ေနသည္မသိ။ ႏူးညံ့ ေသာ အထိအေတြ ႕တစ္ခု၏ လႈပ္ခါမႈ ေၾကာင့္ မသိမသာ ယိမ္းယိုင္သြားေတာ့မွပင္ ဒလဗန္း မ်က္စိ ျပန္ဖြင့္သည္။

'ေနာက္မွာ ရပ္ေနရင္းနဲ႔ အေမာင့္ကိုေခၚေနတာ ၾကာလွၿပီ။ အေမာင့္ေနာက္မွာ ျမပန္း ေရာက္ေနတာလည္း ကြမ္းတစ္ယာညက္ေတာင္ ရွိေတာ့မယ္။ အေမာင္ဘာေတြ စဥ္းစားေနတာလဲ'

ေရွ႕ဘက္သုိ႔ လာထုိင္သည္။

မျမင္တတ္ေသာ ၾကည့္ျခင္းျဖင့္ ဒလဗန္း မလႈပ္မရွား စကားမဆို ရွိေလသည္။

'အေမာင္ ေနမေကာင္းဘူးလားဟင္…မ်က္ႏွာႀကီးလည္း နီေနတယ္။ အို… မ်က္လံုးေတြ လည္း နီရဲလို႔ပါလား'

ပါးျပင္၊ နဖူးစပ္၊ လည္တိုင္မ်ား ဆီသို႔ ႏုညက္ေသာ လက္ဖ၀ါးတို႔ ထိေတြ ႔သံုးသပ္လာသည္ ကို ခံစားရသည္။ သို႔ ေသာ ္ မလႈပ္မရွားစကားမဆို။

'ဟင္ အေမာင္…ဘာ ျဖစ္ေနတာလဲ'

စကားမတံု႔။

'ျမပန္း..ျမပန္း…ေၾကာက္လာၿပီ'

တုန္ရင္ အက္ကြဲေသာ ၀မ္းေခါင္းသံႀကီးတစ္ခု ဒလဗန္း ရင္ေခါင္းထဲမွ ထြက္လာသည္။

'ဒါ ဖတ္ၾကည့္'

လက္သီးဆုပ္ထဲမွ တြန္႔ေၾကေနေသာ သ၀ဏ္လိပ္ကိုသာ ဒလဗန္း လွမ္းေပးလုိက္သည္။ ထုိ႔ေနာက္ လက္ေခ်ာင္းမ်ား ၾကားထဲသို႔ မ်က္ႏွာကို ႏွစ္ျမႇပ္လိုက္ေလသည္။ သ၀ဏ္လိပ္ျဖန္႔သံ ၾကားရသည္။ ေရွ႕ေမွာ က္တြင္ ဤသ၀ဏ္လိပ္ကုိ ဖြင့္လ်က္သား ထပ္မေတြ ႔ခ်င္ေတာ့။

ထုိ႔ေၾကာင့္ ..

'ျမပန္းခက္ မိန္းကေလး၊ သ၀ဏ္ကုိမဖတ္ပါန႔ဲေတာ့။ အလြန္ေၾကာက္စရာ စက္ဆုပ္စရာ ေကာင္းတဲ့ အေၾကာင္းအရာေတြ ဒီသ၀ဏ္ထဲမွာ ရွိတယ္။ ေပးစမ္း။ အဲဒီ သ၀ဏ္လိပ္'

ဒလဗန္းသည္ တြန္႔ေၾကေနေသာ သ၀ဏ္လိပ္ကုိ တဲအလယ္မွ မီးပံုထဲသိုိ႔ ပစ္ထည့္လိုက္ ေလသည္။

'အေမာင္…ဘာေတြ လဲ။ အဓိပၸာယ္လဲ။ ျမပန္း ေၾကာက္တယ္'

သ၀ဏ္ကို ေလာင္ကၽြမ္းလုိက္ေသာ မီးေတာက္မ်ား ေၾကာင့္ တဲနန္းအတြင္ း ပို၍ ေတာက္ပ ေသာ အလင္းေရာင္ တို႔ လင္းျဖန္႔သြားသည္။

ထုိအလင္းထဲမွ ထင္ရွားစြာ ေတြ ႔ေနရေသာ အလွတြင္ ထိတ္လန္႔တုန္လႈပ္ျခင္းတို႔ အထင္းသား ေပၚလြင္ေနေခ်သည္။

'ျမပန္းခက္'

'ရွင့္'

'မင္း ဘာမွမသိရွာဘူးေနာ္'

'ဘာမွမသိလို႔ ျမပန္း ေၾကာက္တာေပါ့ အေမာင္။ အဲဒီ သ၀ဏ္ထဲမွာ ဘာေတြ ပါသလဲဟင္။ ဘယ္သူ႔ဆီက သ၀ဏ္လဲ။ သ၀ဏ္လိပ္တစ္ခုလံုးလည္း တြန္႔ေၾကလို႔'

'မင္းသိခ်င္ေနသလား။ ေအးေလ..မင္းသိခြင့္ရွိတာေပါ့ မိန္းကေလးရယ္။ မင္းဟာ ဒလဗန္းရဲ႕ ခ်စ္သူ၊ ဥပရာဇာရဲ႕ သမီးေတာ္ ေပပဲ'

'အို…ဥပရာဇာရဲ႕ သမီးေတာ္ ဆုိတဲ့ စကားအသံုးကို ျမပန္း မၾကားခ်င္ပါဘူး။ အေမာင္ရဲ႕ ခ်စ္သူ၊ တပ္မင္း ဒလဗန္းရဲ႕ ခ်စ္သူဆုိတာ တစ္ခုတည္းနဲ႔ ျမပန္းခက္ရဲ႕ ေလာက ျပည့္စံုပါတယ္။'

ႏုပ်ဳ ိျခင္း၏ ဂုဏ္ျဖင့္ ထူးျခားစြာ လွပေသာ ျမပန္းခက္သိေစရေအာင္ ဒလဗန္းတိတ္တဆိတ္ သက္ျပင္းခ်လိုက္သည္။ သို႔ ေသာ ္ ဒလဗန္း၏ သက္ျပင္းခ်သံေလးပင္ ျပင္းထန္လြန္းသျဖင့္ ျမပန္း ခက္ ၾကားသြားေလသည္။

'အေမာင္…အေမာင့္စိတ္ႏွလံုး မသာမယာ ျဖစ္ေနေလာက္ေအာင္ ဒီသ၀ဏ္က ဘာေတြ ..'

'က်ဳ ပ္ ေျပာျပမယ္ ျမပန္းခက္၊ ဒီသ၀ဏ္က မင့္ခမည္းေတာ္ ဆီက သ၀ဏ္ပဲ'

'အို…ခမည္းေတာ္ ဆီက'

'ဟုတ္တယ္၊ အေၾကာင္းအရာက'

ဒလဗန္း စကားမဆက္ႏိုင္။

'ေျပာေလ အေမာင္'

'သူတို႔ မဟာဓမၼရာဇာဓိပတိကို သုတ္သင္ပစ္လိုက္ၾကၿပီ'

'အို….အင္း၀ဘုရင္ကုိ သုတ္သင္ပစ္လိုက္ၾကၿပီ ဟုတ္လား။ သူဟာ စစ္႐ံႈးသံု႔ပန္းမဟုတ္ လား။ သူ ဘာလုပ္ႏုိင္မွာ မုိ႔လဲ'

ျမပန္းခက္၏ ႐ုိးသားေသာ ေမးခြန္းသည္ ဒလဗန္း၏ စိ္တ္ႏွလံုးကို ႐ိုက္ပုတ္လိုက္သည့္ အလားပင္။

'ဟုတ္တယ္၊ မင္းေျပာတာမွန္တယ္။ သူဘာမွ မလုပ္ႏိုင္ဘူး။ သူဟာ က်ဳ ပ္တို႔ရဲ႕ သံု႔ပန္း ျဖစ္ တယ္။ ဒီမယ္ နားေထာင္စမ္း ျမပန္းခက္၊ စစ္ဆုိတာဟာ အႏိုင္အ႐ံႈးရလဒ္အတြက္ တစ္ဘက္ႏွင့္ တစ္ဘက္ အသက္ခ်င္း ေသြးခ်င္းလဲရတာ ပဲ။ ရန္သူနဲ႔မိမိ ဦးသူ သတ္စတမ္းပဲ။ဲ။ ဒါေပမဲ့ စစ္ရဲ႕ သားေကာင္ စစ္သူရဲတို႔ လုိ္က္နာရမယ့္ စစ္စည္းကမ္း၊ စစ္ဥပေဒသကို စစ္သည္တုိင္း လိုက္နာ ရမယ္။ စစ္တုိက္သူတိုင္းဟာ စစ္ရဲ႕ နိယာမကို ႐ိုေသရတယ္။ သူရဲေကာင္းတုိ႔ရဲ႕ စစ္ပြဲ ဆုိတာဟာ လူေတြ ကို အဓိပၸာယ္မယ့္ သတ္ျပစ္ေနတာ မဟုတ္ဘူး'

ဥပရာဇာ၏ သမီးေတာ္ ျမပန္းခက္သည္ ၿငိမ္သက္စြာ နားေထာင္ေနေလသည္။

'စစ္ေျမျပင္မွာ ႀကိဳက္ရာလက္နက္ႏွင့္ ရန္သူ႔အသက္ကို သုတ္သင္ႏိုင္တယ္။ ရန္သူ႔ ဆင္၊ ျမင္း၊ ရထားတပ္ေတြ ကို ႀကိဳ က္ရာေသနဂၤနဲ႔ ေခ်မႈ န္းခြင့္ရွိတယ္။ နည္းပရိယာယ္ စစ္မာယာ ႀကိဳ က္သလိုသံုးႏိုင္တယ္'

ဒလဗန္း၏ ႀကီးမားက်ယ္ျပန္႔ေသာ ရင္အုပ္ႀကီးသည္ ေလထန္ေသာ ျမစ္ေရျပင္ထက္ လႈိင္းလံုးႀကီးမ်ား ပမာ နိမ့္ျမင့္လႈပ္ရွားေနသည္။

ေမးေၾကာႀကီးမ်ား ေထာင္ထေနေသာ ၊ ႏႈတ္ခမ္း တင္းတင္းေစ့ထားေသာ ၊ မ်က္လံုးနီရဲျပဴ း ေၾကာင္ေနေသာ ဒလဗန္း၏ မ်က္ႏွာသည္ ေၾကာက္မက္ ဖြယ္ခက္ထန္ေနသည္။

'စစ္မွာ လိုက္နာအပ္တဲ့ ဥပေဒေတြ ရွိတယ္။ က်ဳ ပ္တို႔တစ္ေတြ ဟာ သူရဲေကာင္း ပီသစြာ စစ္ပြဲ၀င္ေနၾကသူမ်ား ျဖစ္တယ္။ ဒါေပမဲ့၊ ခုေတာ့…'

မီးတိုင္မွ မီးေတာက္မ်ား ကို ဒလဗန္း စူးစိုက္ၾကည့္ျပန္သည္။

'ခမည္းေတာ္ နဲ႔ ဟံသာ၀တီအႀကီးအကဲေတြ …ဟုတ္လား'

'ဟုတ္တယ္၊ အင္း၀ဘုရင္ မဟာဓမၼရာဇာဓိပတိကို က်ဳ ပ္တို႔စစ္သံု႔ပန္းအ ျဖစ္၊ ေဆြေတာ္မ်ဳ ိး ေတာ္ ေတြ နဲ႔တကြ လက္ရဖမ္းဆီးေခၚေဆာင္ခဲ့တယ္။ နန္းက်ဘုရင္၊ စစ္႐ံႈးဘုရင္၊ မဟာဓမၼရာဇာ ဓိပတိဟာ အေတာင္ကၽြတ္ငွက္၊ အဆံကၽြတ္ခ႐ုနဲ႔ ဘာမွမျခားဘူး။ ဒါေပမဲ့ သူတို႔က အခုအင္း၀ ဘုရင္ကို ေရမွာ ေဖ်ာက္ဖ်က္ သုတ္သင္ပစ္လုိက္ၾကသတဲ့၊ … ထြီ'

႐ုတ္တရတ္မူ ဒလဗန္းကို ျမပန္းခက္ နားမလည္ႏိုင္ေအာင္ ျဖစ္သြားသည္။

အင္း၀ဘုရင္သည္ ရန္သူ။ ရန္သူအႀကီးအကဲကို သုတ္သင္လိုက္ျခင္းအတြက္ ဘာေၾကာင့္ ဒလဗန္း သည္မွ် ေဆာက္တည္ရာမယ့္ ေပါက္ကြဲျပင္းထန္ေနရသနည္း။

'ျမပန္းခက္.္…နားေထာင္စမ္း။ စစ္ပြဲမွာ ဘုန္းႀကီးရဟန္း၊ သူလွ်ိဳ မဟုတ္သူ၊ သာမန္တုိင္းသူ ျပည္သား၊ ကိုယ္၀န္ေဆာင္မိခင္၊ ကေလးငယ္၊ သက္ႀကီးရြယ္အို၊ မိမိထံ ဒူးေထာက္ ခို၀င္လာသူ၊ စစ္သံု႔ပန္းအ ျဖစ္ ဖမ္းဆီးရမိလာသူ၊ လက္တံု႔မျပန္သူေတြ ကို မသတ္ရဘူး၊ နားလည္လား။ ဒါဟာ က်ဳ ပ္နဲ႔တကြ မင္းရဲ႕ ခမည္းေတာ္ အပါအ၀င္ က်ဳပ္တို႔ ဟံသာ၀တီ စစ္သည္ေတာ္ ေတြ အားလံုး သိရွိနား လည္ထားတဲ့ စစ္သည္ေတာ္ ရဲ႕ က်င့္၀တ္။ အခု ဒါကို သင္တုိ႔ေဖာက္ဖ်က္လိုက္ၾကၿပီ။ သံု႔လည္း ျဖစ္၊ စစ္႐ံႈးဘုရင္လည္း ျဖစ္တဲ့ မဟာဓမၼရာဇာကို သုတ္သင္လိုက္ၾကျခင္းဟာ ေလာကမွာ အ႐ုပ္ဆိုးဆံုး၊ အယုတ္ညံ့ဆံုး၊ သစၥာမဲ့ဆံုး၊ ရွက္စရာေကာင္းဆံုး ျဖစ္ရပ္ပဲ'

ဒလဗန္းသည္ ေျပာရင္းျဖင့္ ႐ူးသြပ္သြားသူပမာ ျမပန္းခက္ႏွင့္ မ်က္ႏွာခ်င္းဆုိင္ ထုိင္လိုက္ ျပန္သည္။ ထုိ႔ေနာက္ ျမပန္းခက္၏ ပခံုးႏွစ္ ဘက္ကုိ တင္းက်ပ္စြာ ဖ်စ္ညႇပ္ဆုပ္နယ္ ခါယမ္းျပန္သည္။

'ရန္သူ႔ေခါင္းေဆာင္ အေလာင္းဘုရား ၾကားသြားရင္ ဘယ္ေလာက္ရွက္စရာေကာင္းလဲ ဆိုတာ မင္းစဥ္းစားၾကည့္စမ္း၊ စဥ္းစားၾကည့္စမ္း'

'ျမပန္း ဒါေတြ နားမလည္ေတာ့ပါဘူး အေမာင္ရယ္၊ ျမပန္းကို ဒီလိုမၾကည့္ပါနဲ႔၊ ဒီလိုမေအာ္ပါ နဲ႔။ ျမပန္း ေၾကာက္ပါတယ္'

ျမပန္းခက္သည္ အားငယ္တတ္ေသာ မိန္းမသား။ ေၾကာက္တတ္ေသာ ၊ ႏုနယ္ေသာ ၊ စစ္ကိုရြံ႕မုန္းေသာ မင္းသမီးငယ္။

'ခြင့္လႊတ္ပါ ျမပန္းရယ္၊ က်ဳ ပ္စိတ္ေတြ သိပ္ထိခိုက္ၿပီး ရင္ထဲက ေဒါသေၾကာင့္ ဘာကုိမွ မဆင္ျခင္ႏိုင္ေအာင္ ျဖစ္သြားတယ္။'

ဒလဗန္းသည္ ျမပန္းခက္ေရွ႕မွခြာကာ၊ ေက်ာခိုင္းလ်က္ တဲနန္း၀ဆီသုိ႔သြား ရပ္လိုက္သည္။ ႀကီးမားက်ယ္ျပန္႔ေသာ ေက်ာျပင္ကိုၾကည့္ရင္း ျမပန္းခက္ အားငယ္ထိတ္လန႔္စြာ ေတြ းမိေနသည္။

ဟံသာ၀တီ၏ သူရဲေကာင္းမ်ား အနက္တြင္ ဒလဗန္းသည္ ထိပ္ဆံုးအဆင့္မွ ရွိေနသူ။

မင္းႀကီးဗညားဒလႏွင့္ ခမည္ းေတာ္ ဥပရာဇာတို႔၏ လက္႐ံုးတစ္ဆူ အားကိုးအားထားျပဳ ရသူ။

ဒလဗန္းသည္ ေလာကအတြင္ းသိုိ႔ စစ္တိုက္ရန္အတြက္ ေမြးဖြားေရာက္ရွိလာသူ။ ထို႔သုိ႔ ေသာ သူကုိမွ ႀကီးစြာ ေသာ သံေယာဇဥ္ျဖင့္ ခ်စ္ခင္တြယ္တာမိေလေသာ မိမိ။

စစ္ႏွင့္ ခြဲျခားမရသူ ဒလဗန္း။ စစ္ကို ထိတ္လန္႔ရြံ႕မုန္းတတ္ေသာ မိမိ။

ကြာျခားလြန္းလွ ေသာ သည္ႏွစ္ ေယာက္ ၏ အၾကားမွာ ခုိင္ၿမဲေသာ အခ်စ္။

'အေမာင္'

'ေျပာ၊ ျမပန္း'

ဒလဗန္းက လွည့္မၾကည့္ဘဲ စကားေျပာဆုိသည္။

'ျမပန္းဟာ အရာရာကို ထိတ္လန္႔ေၾကာက္ရြံ႕ေနတဲ့ မိန္းမငယ္တစ္ဦးပါအေမာင္။ ဒါေပမဲ့ အေမာင့္ကို ျမပန္း ဘယ္ေလာက္ တျမတ္တႏိုးခ်စ္သလဲဆိုတာ အေမာင္သိပါတယ္'

'အင္း'

'အခု ျဖစ္ေနတဲ့ ဟံသာ၀တီနဲ႔ အင္း၀အေရး ၊ ေရႊဘိုသားေတြ နဲ႔ အေရး ေတြကိုလည္း ျမပန္း နားမလည္ဘူး။ ျမပန္းသိတာ ကေတာ့ အလံုးအရင္းႀကီးစြာ နဲ႔ တဘက္နဲ႔ တဘက္ ေၾကာက္မက္ ဖြယ္စစ္ကုိ တုိက္ေနၾကတယ္။ ဒီစစ္ႀကီးကုိ အျမန္ဆံုးၿပီးသြားေစခ်င္တယ္။ ဒါပဲ ျမပန္းသိပါတယ္'

‘က်ဳ ပ္ နားလည္ပါတယ္ေလ’

‘ျမပန္းဟာ ဟံသာ၀တီဥပရာဇာရဲ႕ သမီးေတာ္ ဆိုေပမယ့္လည္း ထီးနန္းအေရးေတြ ကို စိတ္မ၀င္စားတတ္သူပါ။ ဒီေလာကမွာ ျမပန္းသိတာ တစ္ခုပဲရွိပါတယ္။ အဲဒါက…’

ဒလဗန္း ျပန္လွည့္လာသည္။ ျမပန္းခက္ကို စူးရွစြာ ၾကည့္သည္။

‘အေမာင့္ကို ျမပန္း ခ်စ္တယ္ဆိုတာပဲ’

‘က်ဳ ပ္သိတယ္ ျမပန္း’

‘ဒါေၾကာင့္ အေမာင္ စိတ္မခ်မ္းေျမ့ ျဖစ္ေနတာကို ျမပန္း မျမင္ရက္ဘူး။ ဘာအေၾကာင္းနဲ႔ပဲ ျဖစ္ ျဖစ္ အေမာင ္စိတ္ခ်မ္းသာစြာ ရွိေနေစဖို႔ပဲ ျမပန္းနားလည္တယ္။ အခုအေရး မွာ အေမာင္စိတ္ခ်မ္းသာေအာင္ ျမပန္း ဘာလုပ္ေပးရမလဲ ဟင္’

‘မင္း ဘာမွမလုပ္ေပးႏိုင္ပါဘူး အခ်စ္ရယ္’

‘အေမာင္ ဘာလုပ္မလဲ၊ အခု အေမာင္ ဘယ္လိုစီစဥ္ခ်င္သလဲ။ အေမာင့္အစီအစဥ္အတုိ္င္း ျမပန္းလိုက္နာပါ့မယ္၊ ျမပန္းအတတ္ႏိုင္ဆံုးက ဒါပါပဲ’
႐ႈိက္သံတစ္စြန္းတစ္စ ေပၚလာသည္။

ျမပန္းခက္၏ နဖူးဆံစကို ဒလဗန္းက ညင္သာစြာ ပြတ္သပ္ေပးသည္။ ေမွးမွိတ္လိုက္သည္ မ်က္လႊာေအာက္မွ မ်က္ရည္ေပါက္မ်ား သည္ ပါးျပင္ထက္သို႔ လိမ့္ဆင္းလာၾကေလသည္။

‘မငိုနဲ႔ ျမပန္း၊ စစ္ဆိုတာ လူပုဂၢိဳ လ္တစ္ဦး တစ္ေယာက္ ထဲရဲ႕ ဆႏၵျဖင့္ ေရြးခ်ယ္မႈ ေၾကာင့္ ေပၚေပါက္လာတာမဟုတ္ဘူး။ လူေတြ အမ်ား ႀကီးရဲ႕ လိုအပ္စြာ ျဖစ္ေပၚေသာ ကံၾကမၼာတစ္ရပ္ပဲ။ စစ္ရယ္လို႔ ျဖစ္လာရင္ တစ္ဘက္က ႐ံႈးရမွာ ပဲ။ တစ္ဘက္က ႏိုင္ရမွာပဲ။ အဲဒီ ့အ႐ံႈးအႏိုင္ကလည္း လူတစ္ဦး တစ္ေယာက္ အေပၚမွာ မတည္ဘူး။ စစ္သူႀကီးဒလဗန္းဆိုတဲ့ အေမာင္ တစ္ေယာက္ တည္း အေပၚလည္း မတည္ဘူး။ လူေတြအမ်ား ႀကီးရဲ႕ ပေယာဂနဲ႔ပဲၿပီးဆံုးရေပမွာ ပဲ။ ဒီေလာက္ပဲ ျမပန္း နားလည္ထားေတာ့။ အခုေတာ့ ျမပန္းအနားယူလုိက္ဦး။ တခ်ိန္ခ်ိန္မွာ ေတာ့ အေမာင့္ကုိ ျမပန္းကူညီႏုိင္တဲ့အေျခအေန ျဖစ္ေပၚလာပါလိမ့္မယ္။ ကဲ…ကဲ…သြားအနားယူေတာ့ကြယ္’

တဲနန္းထဲမွ ျမပန္းခက္ ထြက္သြားေသာ အခ်ိန္တြင္ ကင္းတပ္သားမ်ားပင္ ညဥ့္လယ္ယံ လူေစာင့္လဲေနၾကၿပီ။

သ၀ဏ္လိပ္ကို ၀ါးမ်ဳ ိးရင္း ႀကီးထြားလာေသာ မီးလွ်ံတို႔အၾကားတြင္ လြန္ခဲ့ေသာႏွစ္ မ်ား ဆီက ႐ုပ္ပံုလႊားမ်ား ဒလဗန္း၏ အာ႐ံုသို႔ ႐ိုက္ခက္လာၾကသည္။

*

၂။

{ ဟံသာ၀တီမင္းထံ ေကြ႕ေခါင္းေဆာင္ ကၽြႏု္ပ္၏ ဂု႑အိန္ ခ်စ္ၾကည္စြာ သ၀ဏ္လႊာ ေရာက္ သည္မွာ မဟာဓမၼရာဇာဓိပတိသည္ လူစြမ္းလူစခ်ဳ ိ႕ေသာ ဘုရင္ ျဖစ္သည္ႏွင့္ အညီ အင္း၀လည္း ေလ်ာ့ရဲေနသည္ကို အစ္ကုိတို႔အသိ ျဖစ္၏ ။ အစ္ကိုတုိ႔က ဆင္၊ျမင္း၊ ေသနတ္၊ စိန္ေျပာင္းအလံုးအရင္းနဲ႔တက္လာၿပီး၊ ကၽြႏု္ပ္ကလည္း အင္း၀ကို အထက္မွ ေဆာ္ဖန္ကြက္ညႇပ္သည္ရွိက၊ အင္း၀သည္ ကၽြႏု္ပ္တုိ႔လက္မွ လြတ္ႏုိင္အံ့ေလာ။ }

သ၀ဏ္ကုိ အလယ္မွာ ထား၍ မင္းႀကီးဗညားဒလ၊ ဥပရာဇာစစ္သူႀကီး ေဒါစြယ္စယက္ႏွင့္ စစ္သူႀကီးဒလဗန္းတို႔ အျပင္းအထန္ေဆြးေႏြးျငင္းခံုရသည္။

သ၀ဏ္ပါအေၾကာင္းအရာမ်ား မွာ အမွန္ ျဖစ္သည္။ မဟာဓမၼရာဇာဓိပတိသည္ အင္း၀၏ ၀န္းက်င္အႏွံ႔အျပားတြင္ ေပၚေပါက္ေနေသာ ထီးၿပိဳ င္နန္းၿပိဳ င္တို႔ကို စုစည္းႏိုင္သည့္ အရည္အခ်င္း မရွိသည္လည္းမမွန္။

သုိ႔ေသာ ္ ဒလဗန္းက ျပတ္သားစြာ ဆိုေလသည္။

‘က်ဳ ပ္ ဒီဂု႑အိမ္ဆိုတဲ့သူကို မယံုဘူး။ ဒီအခ်က္ဟာ ဒီသ၀ဏ္ကို ျငင္းပယ္ဖုိ႔အတြက္ အလံုအေလာက္ဆံုးနဲ႔ တစ္ခုတည္းေသာ အေၾကာင္းပဲ’

‘ေခါင္းေဆာင္ တစ္ေယာက္ ကို မယံုျခင္းနဲ႔ အင္း၀ကို ခ်ီတက္တိုက္ခိုက္ျခင္းဟာ သိပ္ေတာ့ မဆိုင္လွဘူးနဲ႔တူတယ္ ဒလဗန္း’

ေဒါစြယ္စယက္ ျငင္းခံုသည္။

‘လံုး၀ဆိုင္တာေပါ့ ေဒါစြယ္စယက္။ ဂု႑အိမ္ဟာ အမ်ဳ ိးသာသနာနဲ႔ ယဥ္ေက်းမႈေတြ ကို ဖ်က္ဆီးၿပီးမွ အဲဒီ အပ်က္အစီးပံုေပၚမွာ ေခါင္းေဆာင္ေနရာတက္ယူခဲ့တဲ့ လူယုတ္မာပဲ။ ဖရန္စစ္ ္နဲ႔ ကုလားျဖဴ ေတြ မိစၧာဒိ႒ ျဖစ္တာက သဘာ၀က်တယ္။ သင္တုိ႔က ေရျခား၊ ေသြးျခား တႏိုင္ငံသား ေတြ ပဲ။ အခု ဒီေကာင္က က်ဳ ပ္တို႔ဟံသာ၀တီသား။ အင္း၀သားေတြ နဲ႔ ေရတူေျမတူ ေသြးတူ မ်ဳ ိးတူခ်င္းပဲ။ ေကြ႔လူမ်ဳ ိးဆိုတာ တႏုိင္ငံသားမဟုတ္ဘူး။ ေဟာဒီ ႏိုင္ငံသား။ ဒါေပမဲ့ ဂု႑အိန္ဟာ ဖရန္စစ္နဲ႔ ကုလားျဖဴတို႔ထက္ ေအာက္မက်တဲ့ ဖ်က္ဆီးမႈ ေတြ ကို လုပ္ခဲ့တယ္။ သင္းဟာ စစ္သည္ ေကာင္းလည္း မဟုတ္ဘူး။ ဒီလိုလူမ်ဳ ိးနဲ႔ မဟာမိတ္လုပ္ရင္ က်ဳ ပ္တို႔ ဟံသာ၀တီသားေတြ ရဲ႕ ဂုဏ္သေရ ညႇိဳ းႏြမ္းမွာ ပဲ’

‘တစ္ခုေတာ့ စဥ္းစားရလိမ့္မယ္ ဒလဗန္း’

ဥပရာဇာက ေတြ းေတြးဆဆ၀င္ေျပာသည္။ ဟံသာ၀တီဥပရာဇာမွာစင္စစ ္မင္းႀကီး ဗညား ဒလႏွင့္ ပင္ အသက္ခ်င္း မတိမ္းမယိမ္းရွိေနေပၿပီ။

‘ဒီအခ်ိန္ဟာ အင္း၀ကို လုပ္ႀကံဖို႔ အေရးအသာဆံုးပဲ’

‘မွန္တယ္၊ ဒါေပမဲ့ ဂု႑အိန္နဲ႔ မပူးေပါင္းသင့္ဘူး’

မင္းႀကီးဗညားဒလက ဒလဗန္းကို မ်က္ေမွာ င္ၾကဳ တ္၍ ၾကည့္သည္။

မင္းႀကီးဗညားဒလမွာ ဟံသာ၀တီထီးနန္း၏ ရာဇပလႅင္ေပၚသို႔ ေရာက္ခဲ့သည္မွာ မၾကာေသး။ အမတ္ႀကီးဘ၀မွ ဘုရင္ ျဖစ္ လာေသာ ေၾကာင့္ မင္းႀကီးဗညားဒလမွာ လက္႐ံုးရည္ အရာ၌ ႏွလံုးရည္အရာေလာက္ ထက္ျမက္ျခင္း မရွိေသး။

စင္စစ္ ဒလဗန္းသည္သာ စစ္ေရး ၌ အရင့္က်က္ဆံုး၊ အႂကြယ္၀ဆံုး ျဖစ္ေလသည္။

‘ဒလဗန္း၊ ဘယ္လိုေသနဂၤခ်ခ်င္သလဲ’

မင္းႀကီး ဗညားဒလ ဆိုသည္။

‘အင္း၀ကို မလုပ္ႀကံခင္မွ ျပည္နဲ႔ေျမလတ္တလႊားက နယ္ပယ္ၿမိဳ ႕ ရြာေတြ ကုိ ဦးစြာ သိမ္းပို္က္ ရမယ္။ အဲဒီ ေဒသေတြ မွာ ဟံသာ၀တီတပ္ေတြ အင္အားခုိင္မာၿပီးမွ အင္း၀အေရး ကို စီမံသင့္ တယ္။’

‘ဂု႑အိန္ကေကာ’

ေဒါစြယ္စယက္က သ၀ဏ္ကုိ ျပန္သိမ္းရင္းေျပာေလသည္။

‘စစ္သည္ေကာင္းဟာ သူခိုး၊ ဓားျမနဲ႔ ဘယ္ေတာ့မွ မပူးေပါင္းဘူး ေဒါစြယ္စယက္’

အင္း၀၏ နယ္စြန္ ပတ္၀န္းက်င္ၿမိဳ ႕ ငယ္ ေရႊငယ္ေလးမ်ား ကို ႏုိင္ထက္ကလူညႇင္းဆဲတိုက္ ခိုက္ျခင္း၊ ေစတီပုထုိး ဌာပနာမ်ား ကိုေဖာက္ျခင္း၊ ကၽြဲ၊ ႏြား၊ ၾကက္၊ ၀က္မက်န္ လုယူျခင္း၊ မလိုအပ္ဘဲ ဇနပုဒ္သားမ်ား စြာ ကို သတ္ပစ္ျခင္း စေသာ ဂု႑အိန္၏ သတင္းမ်ား ကို သိထားၿပီး ျဖစ္ ေသာ ေၾကာင့္ ဒလဗန္း၏ စကားကို မည္ သူမွ် မျငင္းႏိုင္ၾက။

ထုိညေဆြးေႏြးပြဲသည္ ဒလဗန္း၏ အဆံုးအျဖတ္အတုိင္း ၿပီးဆံုးသြားခဲ့သည္။

သို႔ ေသာ ္ သည္အေရး ကတည္းက ဒလဗန္းရင္မွာ တစ္စံုတစ္ခုေသာ ေၾကာင့္ၾကဗ်ာ၀ါဒမႈ ၀င္ေရာက္ခဲ့ပါသည္။

ထို႔ေၾကာင့္ၾကမႈအတုိင္း တေန႕ေသာအခါ ျဖစ္မလာပါေစႏွင့္ ဟုလည္း ဒလဗန္း ဆုေတာင္းခဲ့သည္။ ဆုေတာင္း ျပည့္-မျပည့္ ဆိုသည္မွာ ကား။

The Red အနီ

....................................................................

စစ်သူကြီးဒလဗန်း (ချစ်ဦးညို) - အပိုင်း (၁)
========================

စစ်တွင် အနိုင်ရရေး သည် အဓိက။ရန်သူကို ချေမှု န်းရန် မိမိက အောင်ပွဲခံရန်အတွက်
အထူးထူးအပြားပြားသော သေနင်္ဂတို့ဖြင့် စီမံကြကုန်၏

ဤသို့ ….
'အနိုင်'အတွက် ကြို း ပမ်းရာ၌သူရဲကောင်းတို့၏ ကျင့်ဝတ်၊ လူသားတို့၏ ဂုဏ်သိက္ခာ
ယောကျင်္ားမြတ်တို့၏ အရည်အသွေးများ ကိုရင့်ကျက်ပြည့်ဝစွာ ရှေ့တန်းတင်လျက်-
စစ်ပွဲဝင်ခဲ့သော သူရဲကောင်းများ ရှိခဲ့ဖူး၏ ။

ထို သူရဲကောင်းတို့၏ အမည် သတင်းသည်တစ်ဘက်ရန်သူ နှလုံးထဲ၌ ပင်
ကောင်းခြင်းဂုဏ်တို့ဖြင့် ထိုက်တန်စွာ နေရာရခဲ့ကြသည်။

ထိုသူရဲကောင်းများ အနက်တွင် -
'စစ်သူကြီး ဒလဗန်း'သည်လည်း တစ်ယောက် အပါအဝင် ဖြစ်၏ ။

*
၁။

ကြားလိုက်ရသော သတင်းကို ရုတ်တရက် မယုံနိုင်။

စစ်မောင်း၊ တိုက်ဆင်၊ ရဲလှေ၊ မီးပေါက်သေနတ်ကိုင် တပ်မကြီးများ ၊

စစ်တံခွန်များ ၊ စစ်မောင်း၊ စစ်တံပိုးသံများ ။ ထို့နောက် အဲမောင်း၊ ဓားရှည်၊ ဒူးလေး၊ လွှား၊ ကာ၊

အလုံးစုံသော စစ်၏ အခင်းအကျင်း၊ စစ်၏ အဆင်တန်ဆာတို့သည် အမြင်အာရုံမှ၊

အသိစိတ်ထဲမှ၊ နှလုံးသည်း ပွတ်ထဲမှာ တဖြည်းဖြည်း တိုးမှိန်ပြယ်လွင့် ပျောက်ကွယ်သွားနေသည်။

အခါခပ်သိမ်း စစ်တွင် မွေ့လျော်၊ စစ်တွင် ပျော်ပိုက်ခဲ့လေသော စစ်သွေးအလျဉ်းတို့လည်း အထုံ့အနားမရှိ လှည့်ပတ်စီးဆင်းနေခဲ့ကြရာမှ ရုတ်ခြည်းတန့်ရပ်သွားသည်။

လူမှန်းသိစကတည်းက ကမ္ဘာလောကတွင် 'စစ်'မှတစ်ပါး အခြားဘာကိုမှ မဝင်စား၊ နားမလည်ခဲ့သော စစ်စိတ်စစ်သွေးသည် ပထမဆုံးအကြိမ်အ ဖြစ် စစ်ကိုမုန်းတီးစက်ဆုပ်သွား သည်။

အခြားမလပ် တရစပ် လှည့်ပတ်နေသော စစ်သည်တော် သွေးသည် ကြားလိုက်ရသော သတင်းစကားကြောင့် တုံ့ဆိုင်းသွားသည်။

'ဒါ အမှန်ပဲလား'

'ဒါအမှန်ပါပဲ တပ်မင်း'

'ဒီသတင်း သယ်ဆောင်လာတဲ့ သဝဏ်ကို ဘယ်သူ့အမိန့်နဲ့ ငါ့ဆီ ပို့လိုက်တာလဲ'

'ဥပရာဇာရဲ့ အမိန့်ပါ တပ်မင်း'

'ဘာ၊ ဥပရာဇာရဲ့ အမိန့်ပါ တပ်မင်း'

'ဟုတ်၊ ဟုတ်'

ပြင်းထန်လွန်းသော ငေါက်ငမ်းသံသည် တဲနန်း၏ အမိုးတည့်တည့်နေရာမှ မိုးကြို း ပစ်ခွင်း လိုက်သည့်အလား ကျယ်လောင်စွာ ပေါ်ထွက်လာသဖြင့် ခြေမြန်တော် ရဲမက်မှာ တစ်ကိုယ်လုံး တုန်သွားလေသည်။

'ပြီးတော့ ဘာမှာ လိုက်သေးလဲ'

'ဒီ၊ ဒီသဝဏ်ပေးလိုက် ဖို့ပါပဲ တပ်မင်း'

ဒလဗန်းမျက်နှာကို ရဲမက် မကြည့်ရဲတော့၊ ရဲမက်၏ နဖူးပြင်သည် ကြမ်းနှင့် ထိမတက် ဖြစ် နေသည်။

'ယုတ်ညံ့တဲ့ ဒီ ဖြစ်ရပ်ကို ဆောင်ယူလာဖို့ကလွဲပြီး တခြား ဘာသတင်းမှ မင်းတို့ ဥပရာဇာက မပေးလိုက် ဘူးတဲ့လား'

ဥပရာဇာ၏ သဝဏ်လိပ်သည် ဒလဗန်းလက်ထဲတွင် အထပ်ထပ်အလွှာလွှာကြွေမွနေချေပြီ။ ဒလဗန်းသည် စုချေဆုပ်လုံးထားသော သဝဏ်လိပ်ကို ကြမ်းပြင်ပေါ်သို့ ပေါက်ချလိုက်သည်။

'ဒါပဲ မဟုတ်လား၊ သွားတော့'

ဒလဗန်း၏ အမိန့်သံဆုံးလျှင် ဆုံးချင်းမှာ ပင် ရဲမက်သည် ခပ်လှမ်းလှမ်းနေရာမှပင် ကြားသွား ရလေသည်။

'ထွီ'

စက်ဆုပ်ရွံရှာစွာ သော တံတွေ းတွေ းသံကို ရဲမက်သည် ခပ်လှမ်းလှမ်းနေရာမှပင် ကြားသွား ရလေသည်။

ဒလဗန်းသည် ခါးချပ်မှ ဓားရိုးမှ ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ တဲအပြင်သို့ စူးစူးရဲရဲ ကြည့်နေလိုက်သည်။ ချု ပ်ညဆည်းဆာ၏ ဖျော့တော့အလင်းရောင် အောက်တွင် မြင်နေရသော တပ်စခန်းမြင်ကွင်းသည် တစ်ခါမျှ သည်လောက် အရုပ်ဆိုးအကျည်းတန်ခြင်း မရှိဘူးခဲ့။

မည် းမှော င်နီကြန်သော ကောင်းကင်ကို နောက်ခံပြု နေသည့် စစ်တံခွန်များ ၊ တိုက်ဆင်တို့၏ အရိပ်မည် းမည် းများ ၊ အဲမောင်းထိပ်မှ ပန်းပွားများ သည် ခါတိုင်းအဖို့မူ ဒလဗန်းအတွက် ဘယ်အခါ ကြည့်ကြည့် တက်ကြွစရာအပြည့်။

မြင်းဇောင်းဆီမှ လက်ရွေးစင် စစ်မြင်းကြီးများ ၏ မာန်ဖီသော ဟီသံများ ကို ကြားလိုက်ရတိုင်း ဒလဗန်းတစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းထမတတ် စိတ်လှုပ်ရှားရစမြဲ။

စစ်အိပ် စစ်နား တံပိုးခရာသံကို ကြားလိုက်ရလျှင်လည်း ဘယ်သို့ သော တေးချင်းတူရိယာသံနှင့်မျှ မလဲနိုင်အောင် အကြည်နူး ရွှင်လန်းခဲ့စေမြဲ။

ဒလဗန်းသည် လောကတွင် စစ်တိုက်ရန်် မွေးဖွားလာသူ။

ဒလဗန်းအတွက် အလှဆုံးမြင်ကွင်းသည် စစ်မြေပြင်။

အချု ိသာဆုံး အသံသည် စစ်ပွဲဝင်တပ်သားတို့၏ ကြွေးကြော်သံ။

အလတ်ဆတ်ဆုံး လေပြည်ဟူသည်မှာ သွေးန့ံသင်းသော စစ်တလင်းနံ့။

စစ်မှတစ်ပါး အခြားခင်တွယ်စရာ၊ စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာ၊ မွေ့လျော်ပျော်ပါး နားခိုစရာဟူ၍ မရှိ။

စစ်သာလျှင် ဖမိ၊ စစ်သာလျှင် ဘဝလောက၊ စစ်သာလျှင် အသက်ရှင်သန် နေထိုင်ခြင်း၏ အဓိပ္ပာယ်။

သို့သော ် …

ယခုမူကား ဒလဗန်းအတွက် စစ်သည်လောကတွင် စက်ဆုပ်စရာကောင်းဆုံးသော အနိဋ္ဌာရုံကြီးအ ဖြစ်သို့ ပြောင်းလဲသွားသည်။

ဆန့်ကျင်ဘက်သို့ ပြောင်းလဲသွားသည့် ကြီးမားသော အပြောင်းအလဲ။

အခင်တွယ်ဆုံး၊ အမွေ့လျော်ဆုံး၊ အပျော်ပါးဆုံးအရာသည် စက်ဆုပ်စရာအကောင်းဆုံး၊ မုန်းတီးရွံရှာစရာအကောင်းဆုံးအ ဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။

ဤအပြောင်းအလဲသည်လည်း ဒလဗန်းထံတွင် တငွေ့ငွေ့တမြေ့မြေ့ အခြေတည်ခဲ့ရာမှ တစ်စတစ်စ ပြောင်းလဲသွားခြင်းမျု ိးမဟုတ်။ ရုတ်တရတ် ချက်ချင်း ဖြစ်ပေါ်သွားသည့် အပြောင်း အလဲ။ ကြီးမားသော ထိုပြောင်းလဲမှု ကို တစ်မုဟုတ်ချင်း ဖြစ်ပေါ်စေသည့်အရာကား .... ၊

ဥပရာဇာ၏ သဝဏ် ဖြစ်လေသည်။

ဒလဗန်းသည် မျက်စိအစုံကို ခဲယဉ်းစွာ မှိတ်လိုက်သည်။ သို့သော ် သဝဏ်လွှာပေါ်မှ စာလုံးများ က အာရုံတွင် ပျောက်မသွား။ ထိုစာလုံးများ ၏ နောက်ကွယ်မှ အကြောင်းခြင်းရာ တို့သည်လည်း လွင့်ပြယ်မသွား။ နာကျည်းခြင်းဖြင့် ပြည့်နေသော နှလုံးသွေးစက်တိုင်းတွင် သဝဏ်ပါစာလုံး များ အရိပ်ထင်နေသည်။ ဖျောက်ဖျက်မရ။

ဘယ်လောက်ကြာအောင် မျက်လုံးအစုံကိုမှိတ်ရင်း တဲနန်းဝတွင် ရပ်နေသည်မသိ။ နူးညံ့ သော အထိအတွေ ့တစ်ခု၏ လှုပ်ခါမှု ကြောင့် မသိမသာ ယိမ်းယိုင်သွားတော့မှပင် ဒလဗန်း မျက်စိ ပြန်ဖွင့်သည်။

'နောက်မှာ ရပ်နေရင်းနဲ့ အမောင့်ကိုခေါ်နေတာ ကြာလှပြီ။ အမောင့်နောက်မှာ မြပန်း ရောက်နေတာလည်း ကွမ်းတစ်ယာညက်တောင် ရှိတော့မယ်။ အမောင်ဘာတွေ စဉ်းစားနေတာလဲ'

ရှေ့ဘက်သို့ လာထိုင်သည်။

မမြင်တတ်သော ကြည့်ခြင်းဖြင့် ဒလဗန်း မလှုပ်မရှား စကားမဆို ရှိလေသည်။

'အမောင် နေမကောင်းဘူးလားဟင်…မျက်နှာကြီးလည်း နီနေတယ်။ အို… မျက်လုံးတွေ လည်း နီရဲလို့ပါလား'

ပါးပြင်၊ နဖူးစပ်၊ လည်တိုင်များ ဆီသို့ နုညက်သော လက်ဖဝါးတို့ ထိတွေ ့သုံးသပ်လာသည် ကို ခံစားရသည်။ သို့ သော ် မလှုပ်မရှားစကားမဆို။

'ဟင် အမောင်…ဘာ ဖြစ်နေတာလဲ'

စကားမတုံ့။

'မြပန်း..မြပန်း…ကြောက်လာပြီ'

တုန်ရင် အက်ကွဲသော ၀မ်းခေါင်းသံကြီးတစ်ခု ဒလဗန်း ရင်ခေါင်းထဲမှ ထွက်လာသည်။

'ဒါ ဖတ်ကြည့်'

လက်သီးဆုပ်ထဲမှ တွန့်ကြေနေသော သဝဏ်လိပ်ကိုသာ ဒလဗန်း လှမ်းပေးလိုက်သည်။ ထို့နောက် လက်ချောင်းများ ကြားထဲသို့ မျက်နှာကို နှစ်မြှပ်လိုက်လေသည်။ သဝဏ်လိပ်ဖြန့်သံ ကြားရသည်။ ရှေ့မှော က်တွင် ဤသဝဏ်လိပ်ကို ဖွင့်လျက်သား ထပ်မတွေ ့ချင်တော့။

ထို့ကြောင့် ..

'မြပန်းခက် မိန်းကလေး၊ သဝဏ်ကိုမဖတ်ပါနဲ့တော့။ အလွန်ကြောက်စရာ စက်ဆုပ်စရာ ကောင်းတဲ့ အကြောင်းအရာတွေ ဒီသဝဏ်ထဲမှာ ရှိတယ်။ ပေးစမ်း။ အဲဒီ သဝဏ်လိပ်'

ဒလဗန်းသည် တွန့်ကြေနေသော သဝဏ်လိပ်ကို တဲအလယ်မှ မီးပုံထဲသိို့ ပစ်ထည့်လိုက် လေသည်။

'အမောင်…ဘာတွေ လဲ။ အဓိပ္ပာယ်လဲ။ မြပန်း ကြောက်တယ်'

သဝဏ်ကို လောင်ကျွမ်းလိုက်သော မီးတောက်များ ကြောင့် တဲနန်းအတွင် း ပို၍ တောက်ပ သော အလင်းရောင် တို့ လင်းဖြန့်သွားသည်။

ထိုအလင်းထဲမှ ထင်ရှားစွာ တွေ ့နေရသော အလှတွင် ထိတ်လန့်တုန်လှုပ်ခြင်းတို့ အထင်းသား ပေါ်လွင်နေချေသည်။

'မြပန်းခက်'

'ရှင့်'

'မင်း ဘာမှမသိရှာဘူးနော်'

'ဘာမှမသိလို့ မြပန်း ကြောက်တာပေါ့ အမောင်။ အဲဒီ သဝဏ်ထဲမှာ ဘာတွေ ပါသလဲဟင်။ ဘယ်သူ့ဆီက သဝဏ်လဲ။ သဝဏ်လိပ်တစ်ခုလုံးလည်း တွန့်ကြေလို့'

'မင်းသိချင်နေသလား။ အေးလေ..မင်းသိခွင့်ရှိတာပေါ့ မိန်းကလေးရယ်။ မင်းဟာ ဒလဗန်းရဲ့ ချစ်သူ၊ ဥပရာဇာရဲ့ သမီးတော် ပေပဲ'

'အို…ဥပရာဇာရဲ့ သမီးတော် ဆိုတဲ့ စကားအသုံးကို မြပန်း မကြားချင်ပါဘူး။ အမောင်ရဲ့ ချစ်သူ၊ တပ်မင်း ဒလဗန်းရဲ့ ချစ်သူဆိုတာ တစ်ခုတည်းနဲ့ မြပန်းခက်ရဲ့ လောက ပြည့်စုံပါတယ်။'

နုပျု ိခြင်း၏ ဂုဏ်ဖြင့် ထူးခြားစွာ လှပသော မြပန်းခက်သိစေရအောင် ဒလဗန်းတိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သို့ သော ် ဒလဗန်း၏ သက်ပြင်းချသံလေးပင် ပြင်းထန်လွန်းသဖြင့် မြပန်း ခက် ကြားသွားလေသည်။

'အမောင်…အမောင့်စိတ်နှလုံး မသာမယာ ဖြစ်နေလောက်အောင် ဒီသဝဏ်က ဘာတွေ ..'

'ကျု ပ် ပြောပြမယ် မြပန်းခက်၊ ဒီသဝဏ်က မင့်ခမည်းတော် ဆီက သဝဏ်ပဲ'

'အို…ခမည်းတော် ဆီက'

'ဟုတ်တယ်၊ အကြောင်းအရာက'

ဒလဗန်း စကားမဆက်နိုင်။

'ပြောလေ အမောင်'

'သူတို့ မဟာဓမ္မရာဇာဓိပတိကို သုတ်သင်ပစ်လိုက်ကြပြီ'

'အို….အင်းဝဘုရင်ကို သုတ်သင်ပစ်လိုက်ကြပြီ ဟုတ်လား။ သူဟာ စစ်ရှုံးသုံ့ပန်းမဟုတ် လား။ သူ ဘာလုပ်နိုင်မှာ မို့လဲ'

မြပန်းခက်၏ ရိုးသားသော မေးခွန်းသည် ဒလဗန်း၏ စိ်တ်နှလုံးကို ရိုက်ပုတ်လိုက်သည့် အလားပင်။

'ဟုတ်တယ်၊ မင်းပြောတာမှန်တယ်။ သူဘာမှ မလုပ်နိုင်ဘူး။ သူဟာ ကျု ပ်တို့ရဲ့ သုံ့ပန်း ဖြစ် တယ်။ ဒီမယ် နားထောင်စမ်း မြပန်းခက်၊ စစ်ဆိုတာဟာ အနိုင်အရှုံးရလဒ်အတွက် တစ်ဘက်နှင့် တစ်ဘက် အသက်ချင်း သွေးချင်းလဲရတာ ပဲ။ ရန်သူနဲ့မိမိ ဦးသူ သတ်စတမ်းပဲ။ဲ။ ဒါပေမဲ့ စစ်ရဲ့ သားကောင် စစ်သူရဲတို့ လို်က်နာရမယ့် စစ်စည်းကမ်း၊ စစ်ဥပဒေသကို စစ်သည်တိုင်း လိုက်နာ ရမယ်။ စစ်တိုက်သူတိုင်းဟာ စစ်ရဲ့ နိယာမကို ရိုသေရတယ်။ သူရဲကောင်းတို့ရဲ့ စစ်ပွဲ ဆိုတာဟာ လူတွေ ကို အဓိပ္ပာယ်မယ့် သတ်ပြစ်နေတာ မဟုတ်ဘူး'

ဥပရာဇာ၏ သမီးတော် မြပန်းခက်သည် ငြိမ်သက်စွာ နားထောင်နေလေသည်။

'စစ်မြေပြင်မှာ ကြိုက်ရာလက်နက်နှင့် ရန်သူ့အသက်ကို သုတ်သင်နိုင်တယ်။ ရန်သူ့ ဆင်၊ မြင်း၊ ရထားတပ်တွေ ကို ကြို က်ရာသေနင်္ဂနဲ့ ချေမှု န်းခွင့်ရှိတယ်။ နည်းပရိယာယ် စစ်မာယာ ကြို က်သလိုသုံးနိုင်တယ်'

ဒလဗန်း၏ ကြီးမားကျယ်ပြန့်သော ရင်အုပ်ကြီးသည် လေထန်သော မြစ်ရေပြင်ထက် လှိုင်းလုံးကြီးများ ပမာ နိမ့်မြင့်လှုပ်ရှားနေသည်။

မေးကြောကြီးများ ထောင်ထနေသော ၊ နှုတ်ခမ်း တင်းတင်းစေ့ထားသော ၊ မျက်လုံးနီရဲပြူ း ကြောင်နေသော ဒလဗန်း၏ မျက်နှာသည် ကြောက်မက် ဖွယ်ခက်ထန်နေသည်။

'စစ်မှာ လိုက်နာအပ်တဲ့ ဥပဒေတွေ ရှိတယ်။ ကျု ပ်တို့တစ်တွေ ဟာ သူရဲကောင်း ပီသစွာ စစ်ပွဲဝင်နေကြသူများ ဖြစ်တယ်။ ဒါပေမဲ့၊ ခုတော့…'

မီးတိုင်မှ မီးတောက်များ ကို ဒလဗန်း စူးစိုက်ကြည့်ပြန်သည်။

'ခမည်းတော် နဲ့ ဟံသာဝတီအကြီးအကဲတွေ …ဟုတ်လား'

'ဟုတ်တယ်၊ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို ကျု ပ်တို့စစ်သုံ့ပန်းအ ဖြစ်၊ ဆွေတော်မျု ိး တော် တွေ နဲ့တကွ လက်ရဖမ်းဆီးခေါ်ဆောင်ခဲ့တယ်။ နန်းကျဘုရင်၊ စစ်ရှုံးဘုရင်၊ မဟာဓမ္မရာဇာ ဓိပတိဟာ အတောင်ကျွတ်ငှက်၊ အဆံကျွတ်ခရုနဲ့ ဘာမှမခြားဘူး။ ဒါပေမဲ့ သူတို့က အခုအင်းဝ ဘုရင်ကို ရေမှာ ဖျောက်ဖျက် သုတ်သင်ပစ်လိုက်ကြသတဲ့၊ … ထွီ'

ရုတ်တရတ်မူ ဒလဗန်းကို မြပန်းခက် နားမလည်နိုင်အောင် ဖြစ်သွားသည်။

အင်းဝဘုရင်သည် ရန်သူ။ ရန်သူအကြီးအကဲကို သုတ်သင်လိုက်ခြင်းအတွက် ဘာကြောင့် ဒလဗန်း သည်မျှ ဆောက်တည်ရာမယ့် ပေါက်ကွဲပြင်းထန်နေရသနည်း။

'မြပန်းခက်.်…နားထောင်စမ်း။ စစ်ပွဲမှာ ဘုန်းကြီးရဟန်း၊ သူလျှို မဟုတ်သူ၊ သာမန်တိုင်းသူ ပြည်သား၊ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ သက်ကြီးရွယ်အို၊ မိမိထံ ဒူးထောက် ခိုဝင်လာသူ၊ စစ်သုံ့ပန်းအ ဖြစ် ဖမ်းဆီးရမိလာသူ၊ လက်တုံ့မပြန်သူတွေ ကို မသတ်ရဘူး၊ နားလည်လား။ ဒါဟာ ကျု ပ်နဲ့တကွ မင်းရဲ့ ခမည်းတော် အပါအဝင် ကျုပ်တို့ ဟံသာဝတီ စစ်သည်တော် တွေ အားလုံး သိရှိနား လည်ထားတဲ့ စစ်သည်တော် ရဲ့ ကျင့်ဝတ်။ အခု ဒါကို သင်တို့ဖောက်ဖျက်လိုက်ကြပြီ။ သုံ့လည်း ဖြစ်၊ စစ်ရှုံးဘုရင်လည်း ဖြစ်တဲ့ မဟာဓမ္မရာဇာကို သုတ်သင်လိုက်ကြခြင်းဟာ လောကမှာ အရုပ်ဆိုးဆုံး၊ အယုတ်ညံ့ဆုံး၊ သစ္စာမဲ့ဆုံး၊ ရှက်စရာကောင်းဆုံး ဖြစ်ရပ်ပဲ'

ဒလဗန်းသည် ပြောရင်းဖြင့် ရူးသွပ်သွားသူပမာ မြပန်းခက်နှင့် မျက်နှာချင်းဆိုင် ထိုင်လိုက် ပြန်သည်။ ထို့နောက် မြပန်းခက်၏ ပခုံးနှစ် ဘက်ကို တင်းကျပ်စွာ ဖျစ်ညှပ်ဆုပ်နယ် ခါယမ်းပြန်သည်။

'ရန်သူ့ခေါင်းဆောင် အလောင်းဘုရား ကြားသွားရင် ဘယ်လောက်ရှက်စရာကောင်းလဲ ဆိုတာ မင်းစဉ်းစားကြည့်စမ်း၊ စဉ်းစားကြည့်စမ်း'

'မြပန်း ဒါတွေ နားမလည်တော့ပါဘူး အမောင်ရယ်၊ မြပန်းကို ဒီလိုမကြည့်ပါနဲ့၊ ဒီလိုမအော်ပါ နဲ့။ မြပန်း ကြောက်ပါတယ်'

မြပန်းခက်သည် အားငယ်တတ်သော မိန်းမသား။ ကြောက်တတ်သော ၊ နုနယ်သော ၊ စစ်ကိုရွံ့မုန်းသော မင်းသမီးငယ်။

'ခွင့်လွှတ်ပါ မြပန်းရယ်၊ ကျု ပ်စိတ်တွေ သိပ်ထိခိုက်ပြီး ရင်ထဲက ဒေါသကြောင့် ဘာကိုမှ မဆင်ခြင်နိုင်အောင် ဖြစ်သွားတယ်။'

ဒလဗန်းသည် မြပန်းခက်ရှေ့မှခွာကာ၊ ကျောခိုင်းလျက် တဲနန်းဝဆီသို့သွား ရပ်လိုက်သည်။ ကြီးမားကျယ်ပြန့်သော ကျောပြင်ကိုကြည့်ရင်း မြပန်းခက် အားငယ်ထိတ်လန့်စွာ တွေ းမိနေသည်။

ဟံသာဝတီ၏ သူရဲကောင်းများ အနက်တွင် ဒလဗန်းသည် ထိပ်ဆုံးအဆင့်မှ ရှိနေသူ။

မင်းကြီးဗညားဒလနှင့် ခမည် းတော် ဥပရာဇာတို့၏ လက်ရုံးတစ်ဆူ အားကိုးအားထားပြု ရသူ။

ဒလဗန်းသည် လောကအတွင် းသိို့ စစ်တိုက်ရန်အတွက် မွေးဖွားရောက်ရှိလာသူ။ ထို့သို့ သော သူကိုမှ ကြီးစွာ သော သံယောဇဉ်ဖြင့် ချစ်ခင်တွယ်တာမိလေသော မိမိ။

စစ်နှင့် ခွဲခြားမရသူ ဒလဗန်း။ စစ်ကို ထိတ်လန့်ရွံ့မုန်းတတ်သော မိမိ။

ကွာခြားလွန်းလှ သော သည်နှစ် ယောက် ၏ အကြားမှာ ခိုင်မြဲသော အချစ်။

'အမောင်'

'ပြော၊ မြပန်း'

ဒလဗန်းက လှည့်မကြည့်ဘဲ စကားပြောဆိုသည်။

'မြပန်းဟာ အရာရာကို ထိတ်လန့်ကြောက်ရွံ့နေတဲ့ မိန်းမငယ်တစ်ဦးပါအမောင်။ ဒါပေမဲ့ အမောင့်ကို မြပန်း ဘယ်လောက် တမြတ်တနိုးချစ်သလဲဆိုတာ အမောင်သိပါတယ်'

'အင်း'

'အခု ဖြစ်နေတဲ့ ဟံသာဝတီနဲ့ အင်းဝအရေး ၊ ရွှေဘိုသားတွေ နဲ့ အရေး တွေကိုလည်း မြပန်း နားမလည်ဘူး။ မြပန်းသိတာ ကတော့ အလုံးအရင်းကြီးစွာ နဲ့ တဘက်နဲ့ တဘက် ကြောက်မက် ဖွယ်စစ်ကို တိုက်နေကြတယ်။ ဒီစစ်ကြီးကို အမြန်ဆုံးပြီးသွားစေချင်တယ်။ ဒါပဲ မြပန်းသိပါတယ်'

‘ကျု ပ် နားလည်ပါတယ်လေ’

‘မြပန်းဟာ ဟံသာဝတီဥပရာဇာရဲ့ သမီးတော် ဆိုပေမယ့်လည်း ထီးနန်းအရေးတွေ ကို စိတ်မဝင်စားတတ်သူပါ။ ဒီလောကမှာ မြပန်းသိတာ တစ်ခုပဲရှိပါတယ်။ အဲဒါက…’

ဒလဗန်း ပြန်လှည့်လာသည်။ မြပန်းခက်ကို စူးရှစွာ ကြည့်သည်။

‘အမောင့်ကို မြပန်း ချစ်တယ်ဆိုတာပဲ’

‘ကျု ပ်သိတယ် မြပန်း’

‘ဒါကြောင့် အမောင် စိတ်မချမ်းမြေ့ ဖြစ်နေတာကို မြပန်း မမြင်ရက်ဘူး။ ဘာအကြောင်းနဲ့ပဲ ဖြစ် ဖြစ် အမောင ်စိတ်ချမ်းသာစွာ ရှိနေစေဖို့ပဲ မြပန်းနားလည်တယ်။ အခုအရေး မှာ အမောင်စိတ်ချမ်းသာအောင် မြပန်း ဘာလုပ်ပေးရမလဲ ဟင်’

‘မင်း ဘာမှမလုပ်ပေးနိုင်ပါဘူး အချစ်ရယ်’

‘အမောင် ဘာလုပ်မလဲ၊ အခု အမောင် ဘယ်လိုစီစဉ်ချင်သလဲ။ အမောင့်အစီအစဉ်အတို်င်း မြပန်းလိုက်နာပါ့မယ်၊ မြပန်းအတတ်နိုင်ဆုံးက ဒါပါပဲ’
ရှိုက်သံတစ်စွန်းတစ်စ ပေါ်လာသည်။

မြပန်းခက်၏ နဖူးဆံစကို ဒလဗန်းက ညင်သာစွာ ပွတ်သပ်ပေးသည်။ မှေးမှိတ်လိုက်သည် မျက်လွှာအောက်မှ မျက်ရည်ပေါက်များ သည် ပါးပြင်ထက်သို့ လိမ့်ဆင်းလာကြလေသည်။

‘မငိုနဲ့ မြပန်း၊ စစ်ဆိုတာ လူပုဂ္ဂို လ်တစ်ဦး တစ်ယောက် ထဲရဲ့ ဆန္ဒဖြင့် ရွေးချယ်မှု ကြောင့် ပေါ်ပေါက်လာတာမဟုတ်ဘူး။ လူတွေ အများ ကြီးရဲ့ လိုအပ်စွာ ဖြစ်ပေါ်သော ကံကြမ္မာတစ်ရပ်ပဲ။ စစ်ရယ်လို့ ဖြစ်လာရင် တစ်ဘက်က ရှုံးရမှာ ပဲ။ တစ်ဘက်က နိုင်ရမှာပဲ။ အဲဒီ ့အရှုံးအနိုင်ကလည်း လူတစ်ဦး တစ်ယောက် အပေါ်မှာ မတည်ဘူး။ စစ်သူကြီးဒလဗန်းဆိုတဲ့ အမောင် တစ်ယောက် တည်း အပေါ်လည်း မတည်ဘူး။ လူတွေအများ ကြီးရဲ့ ပယောဂနဲ့ပဲပြီးဆုံးရပေမှာ ပဲ။ ဒီလောက်ပဲ မြပန်း နားလည်ထားတော့။ အခုတော့ မြပန်းအနားယူလိုက်ဦး။ တချိန်ချိန်မှာ တော့ အမောင့်ကို မြပန်းကူညီနိုင်တဲ့အခြေအနေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ကဲ…ကဲ…သွားအနားယူတော့ကွယ်’

တဲနန်းထဲမှ မြပန်းခက် ထွက်သွားသော အချိန်တွင် ကင်းတပ်သားများပင် ညဥ့်လယ်ယံ လူစောင့်လဲနေကြပြီ။

သဝဏ်လိပ်ကို ၀ါးမျု ိးရင်း ကြီးထွားလာသော မီးလျှံတို့အကြားတွင် လွန်ခဲ့သောနှစ် များ ဆီက ရုပ်ပုံလွှားများ ဒလဗန်း၏ အာရုံသို့ ရိုက်ခက်လာကြသည်။

*

၂။

{ ဟံသာဝတီမင်းထံ ကွေ့ခေါင်းဆောင် ကျွနု်ပ်၏ ဂုဏ္ဍအိန် ချစ်ကြည်စွာ သဝဏ်လွှာ ရောက် သည်မှာ မဟာဓမ္မရာဇာဓိပတိသည် လူစွမ်းလူစချု ိ့သော ဘုရင် ဖြစ်သည်နှင့် အညီ အင်းဝလည်း လျော့ရဲနေသည်ကို အစ်ကိုတို့အသိ ဖြစ်၏ ။ အစ်ကိုတို့က ဆင်၊မြင်း၊ သေနတ်၊ စိန်ပြောင်းအလုံးအရင်းနဲ့တက်လာပြီး၊ ကျွနု်ပ်ကလည်း အင်းဝကို အထက်မှ ဆော်ဖန်ကွက်ညှပ်သည်ရှိက၊ အင်းဝသည် ကျွနု်ပ်တို့လက်မှ လွတ်နိုင်အံ့လော။ }

သဝဏ်ကို အလယ်မှာ ထား၍ မင်းကြီးဗညားဒလ၊ ဥပရာဇာစစ်သူကြီး ဒေါစွယ်စယက်နှင့် စစ်သူကြီးဒလဗန်းတို့ အပြင်းအထန်ဆွေးနွေးငြင်းခုံရသည်။

သဝဏ်ပါအကြောင်းအရာများ မှာ အမှန် ဖြစ်သည်။ မဟာဓမ္မရာဇာဓိပတိသည် အင်းဝ၏ ၀န်းကျင်အနှံ့အပြားတွင် ပေါ်ပေါက်နေသော ထီးပြို င်နန်းပြို င်တို့ကို စုစည်းနိုင်သည့် အရည်အချင်း မရှိသည်လည်းမမှန်။

သို့သော ် ဒလဗန်းက ပြတ်သားစွာ ဆိုလေသည်။

‘ကျု ပ် ဒီဂုဏ္ဍအိမ်ဆိုတဲ့သူကို မယုံဘူး။ ဒီအချက်ဟာ ဒီသဝဏ်ကို ငြင်းပယ်ဖို့အတွက် အလုံအလောက်ဆုံးနဲ့ တစ်ခုတည်းသော အကြောင်းပဲ’

‘ခေါင်းဆောင် တစ်ယောက် ကို မယုံခြင်းနဲ့ အင်းဝကို ချီတက်တိုက်ခိုက်ခြင်းဟာ သိပ်တော့ မဆိုင်လှဘူးနဲ့တူတယ် ဒလဗန်း’

ဒေါစွယ်စယက် ငြင်းခုံသည်။

‘လုံးဝဆိုင်တာပေါ့ ဒေါစွယ်စယက်။ ဂုဏ္ဍအိမ်ဟာ အမျု ိးသာသနာနဲ့ ယဉ်ကျေးမှုတွေ ကို ဖျက်ဆီးပြီးမှ အဲဒီ အပျက်အစီးပုံပေါ်မှာ ခေါင်းဆောင်နေရာတက်ယူခဲ့တဲ့ လူယုတ်မာပဲ။ ဖရန်စစ် ်နဲ့ ကုလားဖြူ တွေ မိစ္ဆာဒိဋ္ဌ ဖြစ်တာက သဘာဝကျတယ်။ သင်တို့က ရေခြား၊ သွေးခြား တနိုင်ငံသား တွေ ပဲ။ အခု ဒီကောင်က ကျု ပ်တို့ဟံသာဝတီသား။ အင်းဝသားတွေ နဲ့ ရေတူမြေတူ သွေးတူ မျု ိးတူချင်းပဲ။ ကွေ့လူမျု ိးဆိုတာ တနိုင်ငံသားမဟုတ်ဘူး။ ဟောဒီ နိုင်ငံသား။ ဒါပေမဲ့ ဂုဏ္ဍအိန်ဟာ ဖရန်စစ်နဲ့ ကုလားဖြူတို့ထက် အောက်မကျတဲ့ ဖျက်ဆီးမှု တွေ ကို လုပ်ခဲ့တယ်။ သင်းဟာ စစ်သည် ကောင်းလည်း မဟုတ်ဘူး။ ဒီလိုလူမျု ိးနဲ့ မဟာမိတ်လုပ်ရင် ကျု ပ်တို့ ဟံသာဝတီသားတွေ ရဲ့ ဂုဏ်သရေ ညှို းနွမ်းမှာ ပဲ’

‘တစ်ခုတော့ စဉ်းစားရလိမ့်မယ် ဒလဗန်း’

ဥပရာဇာက တွေ းတွေးဆဆဝင်ပြောသည်။ ဟံသာဝတီဥပရာဇာမှာစင်စစ ်မင်းကြီး ဗညား ဒလနှင့် ပင် အသက်ချင်း မတိမ်းမယိမ်းရှိနေပေပြီ။

‘ဒီအချိန်ဟာ အင်းဝကို လုပ်ကြံဖို့ အရေးအသာဆုံးပဲ’

‘မှန်တယ်၊ ဒါပေမဲ့ ဂုဏ္ဍအိန်နဲ့ မပူးပေါင်းသင့်ဘူး’

မင်းကြီးဗညားဒလက ဒလဗန်းကို မျက်မှော င်ကြု တ်၍ ကြည့်သည်။

မင်းကြီးဗညားဒလမှာ ဟံသာဝတီထီးနန်း၏ ရာဇပလ္လင်ပေါ်သို့ ရောက်ခဲ့သည်မှာ မကြာသေး။ အမတ်ကြီးဘဝမှ ဘုရင် ဖြစ် လာသော ကြောင့် မင်းကြီးဗညားဒလမှာ လက်ရုံးရည် အရာ၌ နှလုံးရည်အရာလောက် ထက်မြက်ခြင်း မရှိသေး။

စင်စစ် ဒလဗန်းသည်သာ စစ်ရေး ၌ အရင့်ကျက်ဆုံး၊ အကြွယ်ဝဆုံး ဖြစ်လေသည်။

‘ဒလဗန်း၊ ဘယ်လိုသေနင်္ဂချချင်သလဲ’

မင်းကြီး ဗညားဒလ ဆိုသည်။

‘အင်းဝကို မလုပ်ကြံခင်မှ ပြည်နဲ့မြေလတ်တလွှားက နယ်ပယ်မြို ့ ရွာတွေ ကို ဦးစွာ သိမ်းပို်က် ရမယ်။ အဲဒီ ဒေသတွေ မှာ ဟံသာဝတီတပ်တွေ အင်အားခိုင်မာပြီးမှ အင်းဝအရေး ကို စီမံသင့် တယ်။’

‘ဂုဏ္ဍအိန်ကကော’

ဒေါစွယ်စယက်က သဝဏ်ကို ပြန်သိမ်းရင်းပြောလေသည်။

‘စစ်သည်ကောင်းဟာ သူခိုး၊ ဓားမြနဲ့ ဘယ်တော့မှ မပူးပေါင်းဘူး ဒေါစွယ်စယက်’

အင်းဝ၏ နယ်စွန် ပတ်ဝန်းကျင်မြို ့ ငယ် ရွှေငယ်လေးများ ကို နိုင်ထက်ကလူညှင်းဆဲတိုက် ခိုက်ခြင်း၊ စေတီပုထိုး ဌာပနာများ ကိုဖောက်ခြင်း၊ ကျွဲ၊ နွား၊ ကြက်၊ ၀က်မကျန် လုယူခြင်း၊ မလိုအပ်ဘဲ ဇနပုဒ်သားများ စွာ ကို သတ်ပစ်ခြင်း စသော ဂုဏ္ဍအိန်၏ သတင်းများ ကို သိထားပြီး ဖြစ် သော ကြောင့် ဒလဗန်း၏ စကားကို မည် သူမျှ မငြင်းနိုင်ကြ။

ထိုညဆွေးနွေးပွဲသည် ဒလဗန်း၏ အဆုံးအဖြတ်အတိုင်း ပြီးဆုံးသွားခဲ့သည်။

သို့ သော ် သည်အရေး ကတည်းက ဒလဗန်းရင်မှာ တစ်စုံတစ်ခုသော ကြောင့်ကြဗျာဝါဒမှု ၀င်ရောက်ခဲ့ပါသည်။

ထို့ကြောင့်ကြမှုအတိုင်း တနေ့သောအခါ ဖြစ်မလာပါစေနှင့် ဟုလည်း ဒလဗန်း ဆုတောင်းခဲ့သည်။ ဆုတောင်း ပြည့်-မပြည့် ဆိုသည်မှာ ကား။


The Red အနီ



Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)