Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, April 4, 2016

ေဒၚစုဖိတ္ၾကားခ်က္အရ တရုတ္ႏိုင္ငံျခားေရး၀န္ႀကီး ျမန္မာျပည္ေရာက္

တရုတ္ႏိုင္ငံျခားေရး၀န္ႀကီး Wang Yi
ျမန္မာအစုိးရရဲ႕ ႏုိင္ငံေတာ္သမၼတရုံး ၀န္ႀကီးလည္းျဖစ္၊ ႏုိင္ငံျခားေရး၀န္ႀကီး လည္းျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဖိတ္ၾကားခ်က္အရ တရုတ္ႏုိင္ငံျခားေရး ၀န္ႀကီး Wang Yi ဟာ ျမန္မာႏုိင္ငံကုိ ဧၿပီလ ၅ ရက္ကေန ၆ ရက္ေန႔အထိ ၂ ရက္ၾကာ သြားေရာက္မွာ ျဖစ္ပါတယ္။ NLD အစုိးရတက္လာအၿပီး ၄ ရက္အၾကာမွာ ပထမဆုံး လာေရာက္လည္ပတ္တဲ့ ထိပ္တန္း သံတမန္ တဦးျဖစ္တာေၾကာင့္ ႏွစ္ႏုိင္ ငံ ဆက္ဆံေရးကုိ တရုတ္တုိ႔ဖက္က အေလးထားတယ္ ဆုိတာ ျပသ လုိက္ တာ ျဖစ္တယ္လုိ႔ တရုတ္ႏုိင္ငံျခားဆက္ဆံေရး သုေတသီ Yun Sun က ေျပာပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္၀င္းလႈိင္က တင္ျပေပးထားပါတယ္။

 ႏုိင္ငံျခားေရး၀န္ႀကီး Wang Yi ကုိ တရုတ္အစုိးရက ျမန္မာႏုိင္ငံကုိ အခုလုိ လြတ္လုိက္တာဟာ NLD အစုိးရတက္လာၿပီးေနာက္ပုိင္း ႏုိင္ငံတကာက လာေရာက္တဲ့ ထိပ္တန္း သံတမန္ေတြထဲမွာ တရုတ္ႏုိင္ငံက ပထမဆုံး ျဖစ္တယ္ဆုိတာကုိ ျပသလုိက္တာလည္း ျဖစ္ပါတယ္။

Yun Sun ဟာ အေမရိကန္ႏုိင္ငံအေျခစုိက္ Stimson သုေတသနဌာန တရုတ္ႏိုင္ငံျခားေရးရာ ဆက္ဆံေရးသုေတသီ တဦးျဖစ္ပါတယ္။ သူက တရုတ္ႏုိင္ငံျခားေရး၀န္ႀကီး အခုလုိ ျမန္မာျပည္ကုိ သြားတာဟာ ႏွစ္ဖက္စလုံးက ေကာင္းမြန္တဲ့ ဆက္ဆံေရးကုိ လုိလားတယ္ဆုိတာကုိ ျပသလုိက္တာ ျဖစ္တယ္လုိ႔ ေျပာပါတယ္။

 “NLD အစုိးရတက္လာၿပီးေနာက္ပုိင္း ရက္ပုိင္းအတြင္း ျမန္မာႏုိင္ငံကုိ လာေရာက္လည္ပတ္တဲ့ ပထမဆုံး ထိပ္တန္းသံတမန္ဟာ ႏုိင္ငံျခားေရး၀န္ႀကီး Wang Yi ျဖစ္တယ္ဆုိတာကုိ တရုတ္ႏုိင္ငံက ျပသလုိက္တာ ျဖစ္ပါတယ္။ ၿပီးေတာ့ သူအခုလုိ သြားတာဟာလည္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဖိတ္ၾကားခ်က္ေၾကာင့္ သြားတယ္ဆုိေတာ့ ျမန္မာဖက္ကလည္း တရုတ္ႏုိင္ငံနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရး ထားရွိလုိတယ္ဆုိတာကုိ ရွင္းလင္းစြာ ျပသလုိက္ တာ ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဖိတ္ၾကားခ်က္ကုိ လက္ခံၿပီး NLD အစုိးရတက္လာၿပီး ၄ ရက္ေလာက္အၾကာမွာ တရုတ္ႏုိင္ငံျခားေရး၀န္ႀကီး Wang Yi က ရန္ကုန္နဲ႔ ေနျပည္ေတာ္တုိ႔ကုိ သြားေရာက္လည္ပတ္တာကုိ ၾကည့္ျခင္းအားျဖင့္ တရုတ္တုိ႔ဖက္ကလည္း NLD အစုိးရနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရး ထားရွိလုိတယ္ဆုိတာကုိ ျပသလုိက္တာ ျဖစ္ပါတယ္။”

တရုတ္နဲ႔ ျမန္မာႏုိင္ငံအၾကား အက်ဳိးတူ ကိစၥရပ္ေတြ ရွိတဲ့အတြက္ ဒီခရီးစဥ္ ျဖစ္လာတယ္၊ သူတုိ႔ဟာ မိတ္ေဆြႏုိင္ငံေတြျဖစ္တယ္ဆုိတာကုိ ဒီခရီးစဥ္ကေန ကမၻာကုိ ျပသႏုိင္မွာလည္း ျဖစ္ပါတယ္။

တရုတ္ႏုိင္ငံျခားေရး၀န္ႀကီး Wang Yi ရဲ႕ ခရီးစဥ္အတြင္း တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႔အစည္းေတြနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမယ့္ အေျခအေနနဲ႔ စီးပြားေရးကိစၥရပ္ေတြကုိ အဓိကထား ေဆြးေႏြးၾကလိမ့္မယ္လုိ႔ ယူဆေၾကာင္း Yun Sun ဆက္ေျပာပါတယ္။

“ေခါင္းေဆာင္ ၂ ဦး ေတြ႔ဆုံၾကတဲ့အခါ ္အေၾကာင္းအရာ ၂ ခုကုိ အဓိကထား ေဆြးေႏြးၾကလိမ့္မယ္လုိ႔ က်မထင္ပါတယ္။ ပထမတခ်က္ကေတာ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ျဖစ္ပါတယ္။ NLD အစုိးရက ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြကုိ ဘယ္လုိ ဆက္အေကာင္အထည္ ေဖာ္မလဲဆုိတဲ့ ကိစၥျဖစ္ပါလိမ့္ မယ္။ သမၼတ ဦးသိန္းစိန္အစုိးရလက္ထက္မွာ ၿငိမ္းခ်မ္းေရး ေဆြးေႏြး မႈေတြကုိ ဦးေဆာင္ လုပ္ကုိင္ခဲ့တဲ့ ျမန္မာၿငိမ္း ခ်မ္းေရးစင္တာ ကုိ ဖ်က္လုိက္ၿပီဆုိတာကုိေတာ့ က်မတုိ႔ သိထားၿပီး ျဖစ္ပါတယ္။ ဆုိေတာ့ NLD အစုိးရကလည္း NCA - တႏုိင္ငံလုံး အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရရွိဖုိ႔အတြက္ အဖြဲ႔အသစ္ ဖြဲ႔လိမ့္မယ္လုိ႔ ယူဆထားၾကတဲ့ အခါက်ေတာ့ တရုတ္ႏုိင္ငံကလည္း ဒီလုပ္ငန္းစဥ္ေတြမွာ ပုိမုိ ပါ၀င္လာလုိတဲ့ ဆႏၵရွိတယ္လုိ႔ က်မထင္ပါတယ္။ အပစ္အခတ္ရပ္စဲေရး အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔အတြက္ တရုတ္နယ္စပ္မွာ ရွိေနၾကတဲ့ လက္နက္ကုိင္ အဖြဲ႔အစည္းေတြလဲ ပါလာဖုိ႔ လုိတဲ့အတြက္ ျမန္မာအစုိးရဟာ ဒီေနရာမွာ တရုတ္ရဲ႕ အကူအညီကုိ လိုအပ္မွာ ျဖစ္ပါတယ္။ တရုတ္အစုိးရဖက္က ဦးစားေပး ေဆြးေႏြးႏုိင္တဲ့ဒုတိယအခ်က္ကေတာ့ - စီးပြားေရး ဖြံ႔ၿဖိဳးမႈ အစီအစဥ္၊ NLD အစုိးရဖက္က လုပ္ေဆာင္လုိတဲ့ စီးပြားေရး စီမံကိန္းေတြ ျဖစ္ပါတယ္။ တရုတ္ႏုိင္ငံက ေငြေၾကးလည္း တတ္ႏုိင္ေတာ့ ျမန္မာႏုိင္ငံ စီးပြားေရးဖြံ႔ၿဖိဳးေရး အစီအစဥ္ေတြမွာ ကူညီ လုပ္ေဆာင္ေပးႏုိင္တာေတြ အမ်ားႀကီး ရွိပါတယ္။ စီးပြားေရးဖြံ႔ၿဖိဳးေရး အစီအစဥ္ဟာ အခ်ိန္ဆြဲမေနပဲ အျမန္ လုပ္ေဆာင္သင့္တဲ့ ကိစၥျဖစ္တဲ့အတြက္ NLD အစုိးရအေနနဲ႔ လက္ေတြ႔ လုပ္ျပႏုိင္ဖုိ႔ လုိပါတယ္။ ဒါေၾကာင့္ ေခါင္းေဆာင္ ၂ ဦး ေတြ႔ၾကတဲ့အခါ ျမန္မာႏုိင္ငံဖြံ႔ၿဖိဳးေရးအတြက္ ဘယ္လုိ လက္တြဲ လုပ္ေဆာင္ႏုိင္မလဲ ဆုိတဲ့ကိစၥကုိ အဓိကထား ေဆြးေႏြးၾကမယ္လုိ႔ က်မထင္ပါတယ္။”

ဒီမုိကေရစီ အတုိက္အခံအင္အားစုေတြကုိ တရုတ္အစုိးရဖက္က အရင္က လုံး၀ ဆက္ဆံမႈ မျပဳခဲ့ေပမယ့္ ၂၀၁၅ ခုႏွစ္၊ ႏုိ၀င္ဘာ ေရြးေကာက္ပြဲမတုိင္ခင္မွာ NLD ပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ တျခား ပါတီအတြင္း က ေခါင္းေဆာင္ေတြကုိပါ တရုတ္ႏုိင္ငံကုိ တရား၀င္ ဖိတ္ၾကား တာေတြ ျပဳလုပ္လာခဲ့ပါတယ္။

 ဒါေပမယ့္လည္း NLD အစုိးရသစ္က အခုမွ တုိင္းျပည္အာဏာ ရလာတာ ရက္ပုိင္းကေလးသာ ရွိေသးတဲ့အတြက္ အစုိးရ ၂ ခုအၾကား ဆက္ဆံေရး ေကာင္း မြန္ေအာင္ တည္ေဆာက္ဆဲကာ လမွာ ျမန္မာျပည္သူေတြ အၾကား လုိလားမႈမရွိလွ တဲ့ ျမစ္ဆုံဆည္ကိစၥကုိေတာ့ ဒီခရီးစဥ္အတြင္း ဦးစားေပး ေဆြးေႏြးမယ္လုိ႔ သူ႔အေနနဲ႔ မယူဆေၾကာင္း Yun Sun က သုံးသပ္ပါတယ္။

 “ျမစ္ဆုံဆည္ကိစၥဟာ ဒီခရီးစဥ္အတြင္း ဦးစားေပးကိစၥရပ္ တခုအျဖစ္ ထည့္သြင္း စဥ္စားသင့္တယ္လုိ႔ အစုိးရ ၂ ခုစလုံးက စဥ္းစားၾကမွာ မဟုတ္ပါဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ျမစ္ဆုံတည္ကိစၥဟာ ျပႆနာတခုျဖစ္တယ္ဆုိတာကုိ တရုတ္ဖက္ကေရာ ျမန္မာဖက္ကပါ လက္ခံထားၾက လုိ႔ ျဖစ္ပါတယ္။ ျမစ္ဆုံဆည္ စီမံကိန္းကုိ ျပန္စဖုိ႔အတြက္ တရုတ္တုိ႔ဖက္က ဖိအားေပးမယ္ဆုိရင္ ျမန္မာ လူထုနဲ႔ ဆက္ဆံေရးကုိ ထိခုိက္ႏုိင္သလုိ႔ ျမန္မာ့ လူမႈအသုိင္း၀ုိင္းၾကားမွာလည္း တရုတ္ႏုိင္ငံဟာ မ်က္ႏွာပန္း လွမွာ မဟုတ္ပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ အစုိးရဖက္က ၾကည့္မယ္ဆုိရင္လည္း ျမစ္ဆုံဆည္စီမံကိန္းကုိ ဖ်က္သိမ္းလုိက္ၿပီ ဆုိဦးေတာ့ ေရွ႕ဆက္ ဘယ္လုိ ခရီးဆက္ၾကမလဲဆုိတဲ့ ေမးခြန္းထုတ္စရာ ရွိေနပါတယ္။ ဒါေၾကာင့္ အခုခ်ိန္မွာေတာ့ ႏွစ္ႏုိင္ငံစလုံးက ေကာင္းမြန္တဲ့ ဆက္ဆံေရး တည္ေဆာက္ေရးကုိပဲ အဓိကထား လုပ္ေဆာင္ၾကမယ္လုိ႔ က်မထင္ပါတယ္။”

ျမစ္ဆုံဆည္စီမံကိန္း ဖ်က္သိမ္းလုိက္ရင္ေတာင္ တရုတ္ႏုိင္ငံက ဒီစီမံကိန္းမွာ ရင္းႏွီးျမဳပ္ႏွံၿပီးသမွ် အရင္းအႏွီးေတြ ျပန္ရမယ္ဆုိတဲ့ ကတိ ဦးသိန္းစိန္ အစုိးရထံက ရရွိထားၿပီး ျဖစ္တဲ့အတြက္ တရုတ္တုိ႔ ဖက္က အရႈံးမရွိဘူးဆုိ တာကေတာ့ ေသခ်ာတယ္လုိ႔ Yun Sun က ေျပာပါတယ္။ လက္ရွိမွာေတာ့ ရခုိင္ျပည္နယ္က ထြက္တဲ့ သဘာ၀ဓါတ္ေငြ႔ေတြကုိ ပုိက္လုိင္းသြယ္ၿပီး တရုတ္ႏုိင္ငံထဲကုိ တင္ပုိ႔ေနတာေနတာပါ။

၁၉၈၈ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့တဲ့ ဒီမုိကေရစီ အေရးေတာ္ ပုံႀကီးေနာက္ ပုိင္း ျမန္မာစစ္အစုိးရကုိ ႏုိင္ငံတကာ ၀ုိင္းပယ္ထားတဲ့ အခ်ိန္မွာ တရုတ္ အစုိးရက စစ္အစုိးရလုိအပ္သမွ် အစစ ကူညီ ပ့ံပုိးေပးခဲ့တဲ့အတြက္ ျမန္မာႏုိင္ငံအတြင္းက စီမံကိန္း ႀကီးငယ္ေတြမွာ ရင္းႏွီးျမဳပ္ႏွံႏုိင္ဖုိ႔ သမၼတ ဦးသိန္းစိန္ အစုိးရလက္ထက္ အထိ မ်က္ႏွာသာ ေပးခံခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဦးသိန္းစိန္အစုိးရ သက္တမ္း ထက္၀က္ေလာက္ ၾကာလာတဲ့အခါမွာ ျမစ္ဆုံဆည္စီမံကိန္းအပါအ၀င္ ျမန္မာႏုိင္ငံအတြင္း တရုတ္ကုမၸဏီေတြ ရင္းႏွီးျမဳပ္ႏွံထားတဲ့ စီမံကိန္းေတြကုိ ျမန္မာလူထုက ကန္႔ကြက္တာေတြ ျဖစ္လာတဲ့ တခ်ိန္ထဲမွာပဲ ဦးသိန္းစိန္ အစုိးရကလည္း အေမရိကန္ အပါအ၀င္ အေနာက္အုပ္စုႏုိင္ငံေတြနဲ႔ ဆက္ဆံေရး ပုိမုိ ေကာင္းမြန္လာတာေၾကာင့္ ဒီအေပၚ တရုတ္ဖက္က စုိးရိမ္မႈေတြ ရွိလာတယ္ဆုိတဲ့ သတင္းေတြ ထြက္လာခဲ့တာပါ။

ဒါေၾကာင့္လည္း ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ NLD အစုိးရ တက္လာလာခ်င္း ဆုိသလုိပဲ တရုတ္ႏုိင္ငံျခားေရး ၀န္ႀကီးဟာ ျမန္မာႏုိင္ငံကုိ ပထမဆုံးလာေရာက္တဲ့ ႏုိင္ငံတကာက ထိပ္တန္း သံတမန္တဦျဖစ္ၿပီး ႏွစ္ႏုိင္ငံ ဆက္ဆံေရး ေျပေအာင္ လုပ္ေတာင္တာ အပါအ၀င္ NLD အစုိးရရဲ႕ စီးပြားေရး ဖြံ႔ၿဖိဳးမႈ အစီအစဥ္ေတြမွာ ပါ၀င္ ကူညီႏုိင္ေရးအတြက္ လက္ဦးမႈ လာယူတာလည္း ျဖစ္ႏုိင္လုိ႔ သုံးသပ္ ေျပာဆုိေနၾကပါတယ္။

ဘယ္လုိပဲ ျဖစ္ျဖစ္ တရုတ္ႏုိင္ငံျခားေရး၀န္ႀကီး Wang Yi ျမန္မာႏုိင္ငံကုိ အခုလုိ လာလည္တာဟာ NLD အစုိးရနဲ႔သာမကပဲ တရုတ္ - ျမန္မာ ဆက္ဆံေရး တုိးတက္ ေကာင္းမြန္လာေအာင္ တရုတ္တုိ႔ဖက္က ႀကိဳးပမ္းျပရာလည္း ေရာက္ပါတယ္ ခင္ဗ်ား။

ကိုုေဇာ္၀င္းလႈိင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.......................................


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi
မြန်မာအစိုးရရဲ့ နိုင်ငံတော်သမ္မတရုံး ၀န်ကြီးလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေး ၀န်ကြီး Wang Yi ဟာ မြန်မာနိုင်ငံကို ဧပြီလ ၅ ရက်ကနေ ၆ ရက်နေ့အထိ ၂ ရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။ NLD အစိုးရတက်လာအပြီး ၄ ရက်အကြာမှာ ပထမဆုံး လာရောက်လည်ပတ်တဲ့ ထိပ်တန်း သံတမန် တဦးဖြစ်တာကြောင့် နှစ်နိုင် ငံ ဆက်ဆံရေးကို တရုတ်တို့ဖက်က အလေးထားတယ် ဆိုတာ ပြသ လိုက် တာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားဆက်ဆံရေး သုတေသီ Yun Sun က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

 နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို တရုတ်အစိုးရက မြန်မာနိုင်ငံကို အခုလို လွတ်လိုက်တာဟာ NLD အစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံတကာက လာရောက်တဲ့ ထိပ်တန်း သံတမန်တွေထဲမှာ တရုတ်နိုင်ငံက ပထမဆုံး ဖြစ်တယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

Yun Sun ဟာ အမေရိကန်နိုင်ငံအခြေစိုက် Stimson သုတေသနဌာန တရုတ်နိုင်ငံခြားရေးရာ ဆက်ဆံရေးသုတေသီ တဦးဖြစ်ပါတယ်။ သူက တရုတ်နိုင်ငံခြားရေးဝန်ကြီး အခုလို မြန်မာပြည်ကို သွားတာဟာ နှစ်ဖက်စလုံးက ကောင်းမွန်တဲ့ ဆက်ဆံရေးကို လိုလားတယ်ဆိုတာကို ပြသလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

 “NLD အစိုးရတက်လာပြီးနောက်ပိုင်း ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ပထမဆုံး ထိပ်တန်းသံတမန်ဟာ နိုင်ငံခြားရေးဝန်ကြီး Wang Yi ဖြစ်တယ်ဆိုတာကို တရုတ်နိုင်ငံက ပြသလိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ သူအခုလို သွားတာဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်ကြောင့် သွားတယ်ဆိုတော့ မြန်မာဖက်ကလည်း တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထားရှိလိုတယ်ဆိုတာကို ရှင်းလင်းစွာ ပြသလိုက် တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး NLD အစိုးရတက်လာပြီး ၄ ရက်လောက်အကြာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ရန်ကုန်နဲ့ နေပြည်တော်တို့ကို သွားရောက်လည်ပတ်တာကို ကြည့်ခြင်းအားဖြင့် တရုတ်တို့ဖက်ကလည်း NLD အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထားရှိလိုတယ်ဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။”

တရုတ်နဲ့ မြန်မာနိုင်ငံအကြား အကျိုးတူ ကိစ္စရပ်တွေ ရှိတဲ့အတွက် ဒီခရီးစဉ် ဖြစ်လာတယ်၊ သူတို့ဟာ မိတ်ဆွေနိုင်ငံတွေဖြစ်တယ်ဆိုတာကို ဒီခရီးစဉ်ကနေ ကမ္ဘာကို ပြသနိုင်မှာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ရဲ့ ခရီးစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ့် အခြေအနေနဲ့ စီးပွားရေးကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးကြလိမ့်မယ်လို့ ယူဆကြောင်း Yun Sun ဆက်ပြောပါတယ်။

“ခေါင်းဆောင် ၂ ဦး တွေ့ဆုံကြတဲ့အခါ ်အကြောင်းအရာ ၂ ခုကို အဓိကထား ဆွေးနွေးကြလိမ့်မယ်လို့ ကျမထင်ပါတယ်။ ပထမတချက်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပါတယ်။ NLD အစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဘယ်လို ဆက်အကောင်အထည် ဖော်မလဲဆိုတဲ့ ကိစ္စဖြစ်ပါလိမ့် မယ်။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး ဆွေးနွေး မှုတွေကို ဦးဆောင် လုပ်ကိုင်ခဲ့တဲ့ မြန်မာငြိမ်း ချမ်းရေးစင်တာ ကို ဖျက်လိုက်ပြီဆိုတာကိုတော့ ကျမတို့ သိထားပြီး ဖြစ်ပါတယ်။ ဆိုတော့ NLD အစိုးရကလည်း NCA - တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့အတွက် အဖွဲ့အသစ် ဖွဲ့လိမ့်မယ်လို့ ယူဆထားကြတဲ့ အခါကျတော့ တရုတ်နိုင်ငံကလည်း ဒီလုပ်ငန်းစဉ်တွေမှာ ပိုမို ပါ၀င်လာလိုတဲ့ ဆန္ဒရှိတယ်လို့ ကျမထင်ပါတယ်။ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်ဖို့အတွက် တရုတ်နယ်စပ်မှာ ရှိနေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေလဲ ပါလာဖို့ လိုတဲ့အတွက် မြန်မာအစိုးရဟာ ဒီနေရာမှာ တရုတ်ရဲ့ အကူအညီကို လိုအပ်မှာ ဖြစ်ပါတယ်။ တရုတ်အစိုးရဖက်က ဦးစားပေး ဆွေးနွေးနိုင်တဲ့ဒုတိယအချက်ကတော့ - စီးပွားရေး ဖွံ့ဖြိုးမှု အစီအစဉ်၊ NLD အစိုးရဖက်က လုပ်ဆောင်လိုတဲ့ စီးပွားရေး စီမံကိန်းတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ငွေကြေးလည်း တတ်နိုင်တော့ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးရေး အစီအစဉ်တွေမှာ ကူညီ လုပ်ဆောင်ပေးနိုင်တာတွေ အများကြီး ရှိပါတယ်။ စီးပွားရေးဖွံ့ဖြိုးရေး အစီအစဉ်ဟာ အချိန်ဆွဲမနေပဲ အမြန် လုပ်ဆောင်သင့်တဲ့ ကိစ္စဖြစ်တဲ့အတွက် NLD အစိုးရအနေနဲ့ လက်တွေ့ လုပ်ပြနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ခေါင်းဆောင် ၂ ဦး တွေ့ကြတဲ့အခါ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ဘယ်လို လက်တွဲ လုပ်ဆောင်နိုင်မလဲ ဆိုတဲ့ကိစ္စကို အဓိကထား ဆွေးနွေးကြမယ်လို့ ကျမထင်ပါတယ်။”

ဒီမိုကရေစီ အတိုက်အခံအင်အားစုတွေကို တရုတ်အစိုးရဖက်က အရင်က လုံးဝ ဆက်ဆံမှု မပြုခဲ့ပေမယ့် ၂၀၁၅ ခုနှစ်၊ နို၀င်ဘာ ရွေးကောက်ပွဲမတိုင်ခင်မှာ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြား ပါတီအတွင်း က ခေါင်းဆောင်တွေကိုပါ တရုတ်နိုင်ငံကို တရားဝင် ဖိတ်ကြား တာတွေ ပြုလုပ်လာခဲ့ပါတယ်။

 ဒါပေမယ့်လည်း NLD အစိုးရသစ်က အခုမှ တိုင်းပြည်အာဏာ ရလာတာ ရက်ပိုင်းကလေးသာ ရှိသေးတဲ့အတွက် အစိုးရ ၂ ခုအကြား ဆက်ဆံရေး ကောင်း မွန်အောင် တည်ဆောက်ဆဲကာ လမှာ မြန်မာပြည်သူတွေ အကြား လိုလားမှုမရှိလှ တဲ့ မြစ်ဆုံဆည်ကိစ္စကိုတော့ ဒီခရီးစဉ်အတွင်း ဦးစားပေး ဆွေးနွေးမယ်လို့ သူ့အနေနဲ့ မယူဆကြောင်း Yun Sun က သုံးသပ်ပါတယ်။

 “မြစ်ဆုံဆည်ကိစ္စဟာ ဒီခရီးစဉ်အတွင်း ဦးစားပေးကိစ္စရပ် တခုအဖြစ် ထည့်သွင်း စဉ်စားသင့်တယ်လို့ အစိုးရ ၂ ခုစလုံးက စဉ်းစားကြမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြစ်ဆုံတည်ကိစ္စဟာ ပြဿနာတခုဖြစ်တယ်ဆိုတာကို တရုတ်ဖက်ကရော မြန်မာဖက်ကပါ လက်ခံထားကြ လို့ ဖြစ်ပါတယ်။ မြစ်ဆုံဆည် စီမံကိန်းကို ပြန်စဖို့အတွက် တရုတ်တို့ဖက်က ဖိအားပေးမယ်ဆိုရင် မြန်မာ လူထုနဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်သလို့ မြန်မာ့ လူမှုအသိုင်းဝိုင်းကြားမှာလည်း တရုတ်နိုင်ငံဟာ မျက်နှာပန်း လှမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အစိုးရဖက်က ကြည့်မယ်ဆိုရင်လည်း မြစ်ဆုံဆည်စီမံကိန်းကို ဖျက်သိမ်းလိုက်ပြီ ဆိုဦးတော့ ရှေ့ဆက် ဘယ်လို ခရီးဆက်ကြမလဲဆိုတဲ့ မေးခွန်းထုတ်စရာ ရှိနေပါတယ်။ ဒါကြောင့် အခုချိန်မှာတော့ နှစ်နိုင်ငံစလုံးက ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ရေးကိုပဲ အဓိကထား လုပ်ဆောင်ကြမယ်လို့ ကျမထင်ပါတယ်။”

မြစ်ဆုံဆည်စီမံကိန်း ဖျက်သိမ်းလိုက်ရင်တောင် တရုတ်နိုင်ငံက ဒီစီမံကိန်းမှာ ရင်းနှီးမြုပ်နှံပြီးသမျှ အရင်းအနှီးတွေ ပြန်ရမယ်ဆိုတဲ့ ကတိ ဦးသိန်းစိန် အစိုးရထံက ရရှိထားပြီး ဖြစ်တဲ့အတွက် တရုတ်တို့ ဖက်က အရှုံးမရှိဘူးဆို တာကတော့ သေချာတယ်လို့ Yun Sun က ပြောပါတယ်။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်က ထွက်တဲ့ သဘာဝဓါတ်ငွေ့တွေကို ပိုက်လိုင်းသွယ်ပြီး တရုတ်နိုင်ငံထဲကို တင်ပို့နေတာနေတာပါ။

၁၉၈၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီ အရေးတော် ပုံကြီးနောက် ပိုင်း မြန်မာစစ်အစိုးရကို နိုင်ငံတကာ ၀ုိင်းပယ်ထားတဲ့ အချိန်မှာ တရုတ် အစိုးရက စစ်အစိုးရလိုအပ်သမျှ အစစ ကူညီ ပ့ံပိုးပေးခဲ့တဲ့အတွက် မြန်မာနိုင်ငံအတွင်းက စီမံကိန်း ကြီးငယ်တွေမှာ ရင်းနှီးမြုပ်နှံနိုင်ဖို့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အထိ မျက်နှာသာ ပေးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဦးသိန်းစိန်အစိုးရ သက်တမ်း ထက်ဝက်လောက် ကြာလာတဲ့အခါမှာ မြစ်ဆုံဆည်စီမံကိန်းအပါအဝင် မြန်မာနိုင်ငံအတွင်း တရုတ်ကုမ္ပဏီတွေ ရင်းနှီးမြုပ်နှံထားတဲ့ စီမံကိန်းတွေကို မြန်မာလူထုက ကန့်ကွက်တာတွေ ဖြစ်လာတဲ့ တချိန်ထဲမှာပဲ ဦးသိန်းစိန် အစိုးရကလည်း အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမို ကောင်းမွန်လာတာကြောင့် ဒီအပေါ် တရုတ်ဖက်က စိုးရိမ်မှုတွေ ရှိလာတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာပါ။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရ တက်လာလာချင်း ဆိုသလိုပဲ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဟာ မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ နိုင်ငံတကာက ထိပ်တန်း သံတမန်တဦဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပြေအောင် လုပ်တောင်တာ အပါအဝင် NLD အစိုးရရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အစီအစဉ်တွေမှာ ပါ၀င် ကူညီနိုင်ရေးအတွက် လက်ဦးမှု လာယူတာလည်း ဖြစ်နိုင်လို့ သုံးသပ် ပြောဆိုနေကြပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi မြန်မာနိုင်ငံကို အခုလို လာလည်တာဟာ NLD အစိုးရနဲ့သာမကပဲ တရုတ် - မြန်မာ ဆက်ဆံရေး တိုးတက် ကောင်းမွန်လာအောင် တရုတ်တို့ဖက်က ကြိုးပမ်းပြရာလည်း ရောက်ပါတယ် ခင်ဗျား။

ကိုုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment