Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, April 4, 2016

ေခါင္းကိုက္ျခင္းအတြက္ သဘာ၀နည္းလမ္းေကာင္းမ်ား


မၾကာခဏဆိုသလို ေခါင္းကိုက္တတ္ၿပီး ေဆးေတြေသာက္ေပမယ့္လည္း မသက္သာတာ ႀကံဳဘူးတယ္ဆိုရင္ေတာ့ သဘာ၀ကုထံုုးေလးေတြ ေ၀မွ်လိုက္ပါတယ္။

ငရုတ္သီးေျခာက္မႈန္႔နဲ႔ ေရ

ေခါင္းကိုက္ေ၀ဒနာအတြက္ အေကာင္းဆံုးနဲ႕ အရိုးရွင္းဆံုးကုထံုးကေတာ့ ေရေသာက္တာပဲျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ခႏၶာကိုယ္အတြင္း ေရဓါတ္ဆံုးရႈံးေနတာကို သတိေပးတဲ့အေနနဲ႔ ေခါင္းကိုက္တတ္ေၾကာင့္ျဖစ္ပါတယ္။

 ဒီလိုေရေသာက္တဲ့အခါမွာ ငရုတ္သီးေျခာက္မႈန္႔အနည္းငယ္ ထည္႔ေသာက္ျခင္းျဖင့္ နာက်င္ကိုက္ခဲမႈကို သိရွိေစတဲ့ အာရံုေၾကာေတြကို ပိတ္ဆို႕ေပးလိုက္တဲ့အတြက္ ေခါင္းကိုက္ေ၀ဒနာကို သက္သာေစပါတယ္။ လက္ဖက္စားဇြန္း ရဲ႕ တစ္၀က္ခန္႔ကို ေသာက္မယ့္ေရထဲ ေရာေမႊၿပီး ေရတစ္စက္ေလာက္ကို ႏွာေခါင္းေပါက္ထဲ ေလာင္းထည္႔ၿပီး က်န္ေရကိုုေတာ့ ေသာက္သံုးလိုက္ႏိုုင္ပါတယ္။

ဂ်င္းစိမ္းေရေႏြးၾကမ္းနဲ႔ ေကာ္ဖီ

ေခါင္းနည္းနည္းကိုက္လာၿပီဆုိရင္ ကဖိန္းဓါတ္ပါတဲ့အရာတစ္မ်ိိဳးမ်ိဳးကို စေသာက္ေလ့ရွိၾကပါတယ္။ တကယ္ကေတာ့ ေဆးပညာအရ ကဖိန္းဓါတ္္ဟာ ေခါင္းကိုက္ေစတဲ့ အာရံုေၾကာေတြ တင္းၾကပ္ေနတာကို ေလ်ာ့က်ေစပါတယ္။

ေကာ္ဖီေသာက္ရံုနဲ႔ မသက္သာဘူးဆိုရင္ေတာ့ ဂ်င္းစိမ္းေရေႏြးၾကမ္းကို စမ္းေသာက္ၾကည္႔ပါ။ ဂ်င္းဟာ နာက်င္ေယာင္ယမ္းတာေတြကို သက္သာေစၿပီး ေခါင္းကိုက္ျခင္းနဲ႔ ပ်ိဳ႕အန္ျခင္းေတြကို ေပ်ာက္ကင္းသက္သာေစပါတယ္။

( Michelle )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com

Ref : Helloglow    

.....................................

ခေါင်းကိုက်ခြင်းအတွက် သဘာဝနည်းလမ်းကောင်းများ


မကြာခဏဆိုသလို ခေါင်းကိုက်တတ်ပြီး ဆေးတွေသောက်ပေမယ့်လည်း မသက်သာတာ ကြုံဘူးတယ်ဆိုရင်တော့ သဘာဝကုထုံုးလေးတွေ ဝေမျှလိုက်ပါတယ်။

ငရုတ်သီးခြောက်မှုန့်နဲ့ ရေ

ခေါင်းကိုက်ဝေဒနာအတွက် အကောင်းဆုံးနဲ့ အရိုးရှင်းဆုံးကုထုံးကတော့ ရေသောက်တာပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်အတွင်း ရေဓါတ်ဆုံးရှုံးနေတာကို သတိပေးတဲ့အနေနဲ့ ခေါင်းကိုက်တတ်ကြောင့်ဖြစ်ပါတယ်။

 ဒီလိုရေသောက်တဲ့အခါမှာ ငရုတ်သီးခြောက်မှုန့်အနည်းငယ် ထည့်သောက်ခြင်းဖြင့် နာကျင်ကိုက်ခဲမှုကို သိရှိစေတဲ့ အာရုံကြောတွေကို ပိတ်ဆို့ပေးလိုက်တဲ့အတွက် ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။ လက်ဖက်စားဇွန်း ရဲ့ တစ်ဝက်ခန့်ကို သောက်မယ့်ရေထဲ ရောမွှေပြီး ရေတစ်စက်လောက်ကို နှာခေါင်းပေါက်ထဲ လောင်းထည့်ပြီး ကျန်ရေကိုုတော့ သောက်သုံးလိုက်နိုုင်ပါတယ်။

ဂျင်းစိမ်းရေနွေးကြမ်းနဲ့ ကော်ဖီ

ခေါင်းနည်းနည်းကိုက်လာပြီဆိုရင် ကဖိန်းဓါတ်ပါတဲ့အရာတစ်မျိိုးမျိုးကို စသောက်လေ့ရှိကြပါတယ်။ တကယ်ကတော့ ဆေးပညာအရ ကဖိန်းဓါတ််ဟာ ခေါင်းကိုက်စေတဲ့ အာရုံကြောတွေ တင်းကြပ်နေတာကို လျော့ကျစေပါတယ်။

ကော်ဖီသောက်ရုံနဲ့ မသက်သာဘူးဆိုရင်တော့ ဂျင်းစိမ်းရေနွေးကြမ်းကို စမ်းသောက်ကြည့်ပါ။ ဂျင်းဟာ နာကျင်ယောင်ယမ်းတာတွေကို သက်သာစေပြီး ခေါင်းကိုက်ခြင်းနဲ့ ပျို့အန်ခြင်းတွေကို ပျောက်ကင်းသက်သာစေပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Helloglow     

No comments:

Post a Comment