Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, April 4, 2016

ႏုိင္ငံေတာ္သမၼတေပးပုိ႔ထားသည့္ ျပည္ေထာင္စု၀န္ႀကီးႏွစ္ဦးႏွင့္စပ္လ်ဥ္း၍ ေစာင့္ၾကည့္ေ၀ဖန္သံတုိ႔ထြက္ေပၚ



ေနျပည္ေတာ္ ဧၿပီ ၄

ႏိုင္ငံေတာ္သမၼတက ယေန႔ ျပည္ေထာင္စုလႊတ္ေတာ္သို႔ ျပည္ေထာင္စုအဆင့္ ဝန္ႀကီးႏွစ္ဦး ခန္႔အပ္ႏိုင္ရန္အတြက္ အမည္စာရင္းေပးပို႔ျခင္းကို ျပဳလုပ္ခဲ့ၿပီး အဆိုပါျပည္ေထာင္စုဝန္ႀကီး ရာထူးႏွစ္ေနရာသည္ လက္ရွိတြင္ ေဒၚေအာင္ဆန္းစုၾကည္ တာဝန္ယူထားသည့္ ပညာေရးဝန္ႀကီးဌာနႏွင့္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနတို႔ျဖစ္ေၾကာင္း သိရသည္။

''ေနရာႏွစ္ခုစလုံးအတြက္ ပညာ ရွင္ေတြထဲကေန ေရြးခ်ယ္လိုက္တာ ျဖစ္ပါတယ္။ ဦးေဖဇင္ထြန္းက လက္ရွိမွာ စြမ္းအင္ဝန္ႀကီးဌာနရဲ႕ အၿမဲတမ္းအတြင္းဝန္ တစ္ဦးျဖစ္ၿပီး ေအာက္ေျခ ဝန္ထမ္းေတြနဲ႔လည္း အဆင္ေျပသူတစ္ဦး ျဖစ္ပါတယ္။ လုပ္ငန္းပိုင္းဆိုင္ရာေတြမွာ တတ္ ကြၽမ္းနားလည္တဲ့ ပညာရွင္တစ္ဦး ျဖစ္တာေၾကာင့္ အစိုးရသစ္က မူဝါဒေတြ တိတိက်က် ခ်ထားေပးမယ္ ဆိုရင္ ေအာင္ျမင္ေအာင္ အေကာင္ အထည္ေဖာ္ႏိုင္မယ္လို႔ ယုံၾကည္ပါ တယ္''ဟု ျမန္မာ့ေရနံႏွင့္ သဘာဝ ဓာတ္ေငြ႕ထုတ္လုပ္၊ ျဖန္႔ျဖဴး၊ ေရာင္း ခ်ေရးလုပ္ငန္းမွ ညႊန္ၾကားေရးမွဴး တစ္ဦးက ေျပာၾကားသည္။

ေဒၚေအာင္ဆန္းစုၾကည္သည္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနႏွင့္ သမၼတ ႐ုံးဝန္ႀကီးဌာနတို႔၏ ျပည္ေထာင္စု ဝန္ႀကီး တာဝန္တို႔ကို ဆက္လက္ ထမ္းေဆာင္သြားမည္ျဖစ္ၿပီး အစိုးရ အဖြဲ႕ စတင္ဖြဲ႕စည္းခ်ိန္ကလည္း ရည္ရြယ္ထားသူမ်ားက ေနာက္ဆုံး အခ်ိန္က်မွ တာဝန္မယူႏိုင္ေၾကာင္း အေၾကာင္းျပန္သည့္အတြက္ ဝန္ႀကီး ဌာန ေလးခုအထိ တာဝန္ထမ္းေဆာင္ ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

သမၼတက ပညာေရးဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ လႊတ္ေတာ္သို႔ အမည္စာရင္းေပး သြင္းထားသူ အေနာက္ပိုင္းတကၠသိုလ္ ပါေမာကၡခ်ဳပ္ေဟာင္း ေဒါက္တာ မ်ိဳးသိမ္းႀကီးမွာ ေဒၚေအာင္ဆန္း စုၾကည္ႏွင့္အတူ ပညာေရးဆိုင္ရာ လုပ္ငန္းမ်ားတြင္ ပူးေပါင္းပါဝင္ခဲ့ ဖူးသူတစ္ဦးလည္း ျဖစ္ေၾကာင္း နီးစပ္သူမ်ားထံက သိရသည္။

ထို႔အျပင္ ေဒၚေအာင္ဆန္း စုၾကည္အေနျဖင့္ အတိုင္ပင္ခံ ေကာင္စီဖြဲ႕စည္းၿပီး ယင္းရာထူးကို လက္ခံခြင့္ရရွိပါက ¤င္းအေနျဖင့္ သမၼတ႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး တာဝန္ကိုလည္း လႊဲေျပာင္း ေပးႏိုင္ၿပီး ႏိုင္ငံျခားေရး တာဝန္ျဖင့္သာ အတိုင္ပင္ခံပုဂၢိဳလ္ တာဝန္ႏွင့္ ပူးတြဲထမ္းေဆာင္သြား ဖြယ္ ရွိသည္။

ပညာေရး ဝန္ႀကီးဌာနအေန ျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ ျပည္ေထာင္စုဝန္ႀကီး တာဝန္ယူႏိုင္ ပါက ပိုမိုအခြင့္အလမ္း ရရွိႏိုင္ ေၾကာင္း သံုးသပ္မႈမ်ားရွိေနၿပီး လက္ရွိတြင္ ပညာေရးဆိုင္ရာ ကြၽမ္းက်င္သူ တစ္ဦးျဖစ္သည့္ ေဒါက္တာ မ်ိဳးသိမ္းႀကီးကို အမ်ားစု လက္ခံေသာ္လည္း စိတ္သေဘာ မတိုက္ဆိုင္သူအခ်ိဳ႕ကမူ ကန္႔ကြက္ သံမ်ား ထြက္ေပၚလာသည္ကို ျမင္ေတြ႕ရသည္။

''ေက်ာင္းသားေတြနဲ႔ နီးစပ္တဲ့ ပညာရွင္မ်ိဳးဆိုရင္ ပိုၿပီးေကာင္းမယ္ လို႔ထင္ပါတယ္။ လက္ရွိမွာ ေက်ာင္း သားအေရးေတြနဲ႔ ပတ္သက္လာရင္ ေဒါက္တာမ်ိဳးသိမ္းႀကီးက အသည္း မာတဲ့လူမ်ိဳးလို႔ ထင္ၾကတယ္။ ဒါေပမယ့္ ႏိုင္ငံေတာ္သမၼတႀကီးနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔က ေရြး ခ်ယ္ထားတယ္ဆိုေတာ့ ကြၽန္ေတာ္ တို႔ ျငင္းပယ္ဖို႔ေတာ့ မရွိပါဘူး။ ထူးခြၽန္ထက္ျမက္သလို ျမန္မာ့ပညာ ေရးျမင့္မားဖို႔အတြက္ ရင္ဝယ္သား ကဲ့သို႔ ေဆာင္ရြက္ေပးႏိုင္တဲ့ ျပည္ေထာင္စုဝန္ႀကီးမ်ိဳး လိုခ်င္ပါ တယ္''ဟု ရန္ကုန္တကၠသိုလ္မွ နည္းျပဆရာတစ္ဦးက ေျဖၾကား သည္။

လႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးျဖစ္သည့္ ဦးေစာမိုးျမင့္ကမူ ''ကြၽမ္းက်င္ရာ နယ္ပယ္အလိုက္ တတ္ကြၽမ္းတဲ့ ပညာရွင္ေတြကို ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ခန္႔အပ္ ခြင့္ရတာကိုက အေကာင္းဘက္က ၾကည့္ရင္ အဆင္အေျပဆုံးျဖစ္မွာပါ။ လိုအပ္ခ်က္ေတြနဲ႔ အားနည္းခ်က္ ေတြကေတာ့ ေနရာတိုင္း လူတိုင္းမွာ ရွိေနႏိုင္တာပဲ။ ကူညီၿပီး အေျဖရွာ ၾကဖို႔ကေတာ့ အားလုံးမွာတာဝန္ရွိ ပါတယ္''ဟု သူ႔အျမင္ကို ေျပာၾကား သည္။

ဧၿပီ ၅ ရက္ နံနက္ ၁ဝ နာရီတြင္ က်င္းပမည့္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ပထမ ပုံမွန္အစည္းအေဝး ၁၇ ရက္ေျမာက္ ေန႔ အစီအစဥ္မ်ားတြင္ ျပည္ေထာင္စုဝန္ႀကီး ႏွစ္ဦးႏွင့္ စပ္လ်ဥ္း၍ သေဘာတူေၾကာင္း သို႔မဟုတ္ ကန္႔ကြက္ရန္ရွိေၾကာင္း လႊတ္ေတာ္တြင္ ဆႏၵခံယူၿပီး လိုအပ္ ပါကလည္း လက္ခံေဆြးေႏြးရန္ သင့္၊ မသင့္ကို လႊတ္ေတာ္မွ အဆုံး အျဖတ္ေပးသြားမည္ ျဖစ္ေၾကာင္း ယေန႔ထုတ္ျပန္သည့္ အစီအစဥ္ လ်ာထားခ်က္အရ သိရွိရသည္။

ျပည္ေထာင္စု ဝန္ႀကီးမ်ားႏွင့္ အတူ ႏိုင္ငံေတာ္သမၼတက ေပးပို႔ လာသည့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ႏွင့္ ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္ တို႔မွာမူ မူလကတည္းက တာဝန္ ထမ္းေဆာင္ခဲ့ဖူးသည့္ လူေဟာင္း မ်ားျဖစ္ျခင္းေၾကာင့္ သေဘာ တူညီမႈ ပိုမိုမ်ားျပားႏိုင္ေၾကာင္း သိရသည္။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

......................................................




နေပြည်တော် ဧပြီ ၄

နိုင်ငံတော်သမ္မတက ယနေ့ ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုအဆင့် ဝန်ကြီးနှစ်ဦး ခန့်အပ်နိုင်ရန်အတွက် အမည်စာရင်းပေးပို့ခြင်းကို ပြုလုပ်ခဲ့ပြီး အဆိုပါပြည်ထောင်စုဝန်ကြီး ရာထူးနှစ်နေရာသည် လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားသည့် ပညာရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ဖြစ်ကြောင်း သိရသည်။

''နေရာနှစ်ခုစလုံးအတွက် ပညာ ရှင်တွေထဲကနေ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ ဦးဖေဇင်ထွန်းက လက်ရှိမှာ စွမ်းအင်ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် တစ်ဦးဖြစ်ပြီး အောက်ခြေ ဝန်ထမ်းတွေနဲ့လည်း အဆင်ပြေသူတစ်ဦး ဖြစ်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ တတ် ကျွမ်းနားလည်တဲ့ ပညာရှင်တစ်ဦး ဖြစ်တာကြောင့် အစိုးရသစ်က မူဝါဒတွေ တိတိကျကျ ချထားပေးမယ် ဆိုရင် အောင်မြင်အောင် အကောင် အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါ တယ်''ဟု မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်း ချရေးလုပ်ငန်းမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတ ရုံးဝန်ကြီးဌာနတို့၏ ပြည်ထောင်စု ဝန်ကြီး တာဝန်တို့ကို ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ပြီး အစိုးရ အဖွဲ့ စတင်ဖွဲ့စည်းချိန်ကလည်း ရည်ရွယ်ထားသူများက နောက်ဆုံး အချိန်ကျမှ တာဝန်မယူနိုင်ကြောင်း အကြောင်းပြန်သည့်အတွက် ဝန်ကြီး ဌာန လေးခုအထိ တာဝန်ထမ်းဆောင် ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သမ္မတက ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လွှတ်တော်သို့ အမည်စာရင်းပေး သွင်းထားသူ အနောက်ပိုင်းတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဒေါက်တာ မျိုးသိမ်းကြီးမှာ ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ ပညာရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့ ဖူးသူတစ်ဦးလည်း ဖြစ်ကြောင်း နီးစပ်သူများထံက သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းပြီး ယင်းရာထူးကို လက်ခံခွင့်ရရှိပါက ¤င်းအနေဖြင့် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး တာဝန်ကိုလည်း လွှဲပြောင်း ပေးနိုင်ပြီး နိုင်ငံခြားရေး တာဝန်ဖြင့်သာ အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်နှင့် ပူးတွဲထမ်းဆောင်သွား ဖွယ် ရှိသည်။

ပညာရေး ဝန်ကြီးဌာနအနေ ဖြင့် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုဝန်ကြီး တာဝန်ယူနိုင် ပါက ပိုမိုအခွင့်အလမ်း ရရှိနိုင် ကြောင်း သုံးသပ်မှုများရှိနေပြီး လက်ရှိတွင် ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် ဒေါက်တာ မျိုးသိမ်းကြီးကို အများစု လက်ခံသော်လည်း စိတ်သဘော မတိုက်ဆိုင်သူအချို့ကမူ ကန့်ကွက် သံများ ထွက်ပေါ်လာသည်ကို မြင်တွေ့ရသည်။

''ကျောင်းသားတွေနဲ့ နီးစပ်တဲ့ ပညာရှင်မျိုးဆိုရင် ပိုပြီးကောင်းမယ် လို့ထင်ပါတယ်။ လက်ရှိမှာ ကျောင်း သားအရေးတွေနဲ့ ပတ်သက်လာရင် ဒေါက်တာမျိုးသိမ်းကြီးက အသည်း မာတဲ့လူမျိုးလို့ ထင်ကြတယ်။ ဒါပေမယ့် နိုင်ငံတော်သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ရွေး ချယ်ထားတယ်ဆိုတော့ ကျွန်တော် တို့ ငြင်းပယ်ဖို့တော့ မရှိပါဘူး။ ထူးချွန်ထက်မြက်သလို မြန်မာ့ပညာ ရေးမြင့်မားဖို့အတွက် ရင်ဝယ်သား ကဲ့သို့ ဆောင်ရွက်ပေးနိုင်တဲ့ ပြည်ထောင်စုဝန်ကြီးမျိုး လိုချင်ပါ တယ်''ဟု ရန်ကုန်တက္ကသိုလ်မှ နည်းပြဆရာတစ်ဦးက ဖြေကြား သည်။

လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဦးစောမိုးမြင့်ကမူ ''ကျွမ်းကျင်ရာ နယ်ပယ်အလိုက် တတ်ကျွမ်းတဲ့ ပညာရှင်တွေကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် ခွင့်ရတာကိုက အကောင်းဘက်က ကြည့်ရင် အဆင်အပြေဆုံးဖြစ်မှာပါ။ လိုအပ်ချက်တွေနဲ့ အားနည်းချက် တွေကတော့ နေရာတိုင်း လူတိုင်းမှာ ရှိနေနိုင်တာပဲ။ ကူညီပြီး အဖြေရှာ ကြဖို့ကတော့ အားလုံးမှာတာဝန်ရှိ ပါတယ်''ဟု သူ့အမြင်ကို ပြောကြား သည်။

ဧပြီ ၅ ရက် နံနက် ၁ဝ နာရီတွင် ကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက် နေ့ အစီအစဉ်များတွင် ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် စပ်လျဉ်း၍ သဘောတူကြောင်း သို့မဟုတ် ကန့်ကွက်ရန်ရှိကြောင်း လွှတ်တော်တွင် ဆန္ဒခံယူပြီး လိုအပ် ပါကလည်း လက်ခံဆွေးနွေးရန် သင့်၊ မသင့်ကို လွှတ်တော်မှ အဆုံး အဖြတ်ပေးသွားမည် ဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည့် အစီအစဉ် လျာထားချက်အရ သိရှိရသည်။

ပြည်ထောင်စု ဝန်ကြီးများနှင့် အတူ နိုင်ငံတော်သမ္မတက ပေးပို့ လာသည့် ပြည်ထောင်စုရှေ့နေချုပ် နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် တို့မှာမူ မူလကတည်းက တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် လူဟောင်း များဖြစ်ခြင်းကြောင့် သဘော တူညီမှု ပိုမိုများပြားနိုင်ကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment