Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 29, 2016

ပူစီနံရြက္ရဲ႕ အာနိသင္(၇)မ်ိဳး

By netsetaw -  April 25, 2016 6941


ပူစီနံရြက္ရဲ႕ မူရင္းအသံက Pudina ျဖစ္ပါတယ္။ အဂၤလိပ္လုိဆုိရင္ေတာ့ Mint Leave လုိ႔လည္း ေခၚပါတယ္။ ျမန္မာႏုိင္ငံ
မွာထက္ အိႏၵိယ၊ သိရိလကၤာနဲ႔တုိ႕မွာ ပုိၿပီး အသုံးမ်ားပါတယ္။ ျမန္မာႏုိင္ငံမွာေတာ့ တုိ႔စရာဟင္းရြက္အျဖစ္ သုံးၾကပါ
တယ္။ ေဆးဘက္၀င္ ဟင္းရြက္ျဖစ္လုိ႔ ပူစီနံရြက္ရဲ႕ အက်ိဳးအာနိသင္(၇) မ်ိဳးကို ေဖာ္ျပေပးလုိက္ပါတယ္။

(၁) အစာကုိ ေၾကညက္လြယ္ေစတယ္

ပူစီနံမွာ အလြန္ႏူးညံ့တဲ့ aroma ဓာတ္ ပါ၀င္လုိ႔ ၀မ္းဗုိက္ေရာဂါေတြကို မျဖစ္ေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။ အစာေၾက
ညက္မႈကုိ လွ်င္ျမန္ေစၿပီး ကယ္လိုရီေလာင္ကၽြမ္းမႈကို ကူညီေပးႏုိင္ပါတယ္။

(၂) အသဲကုိ ေကာင္းေစတယ္

အရက္အေသာက္မ်ားလုိ႔ အသည္းပ်က္ဆီးေနသူေတြအေနနဲ႔ ပူစီနံဟင္းရြက္ကုိ ေန႔စဥ္စားေပးပါက အသည္းကို အားတုိးေစပါတယ္။

(၃) ပန္းနာ/ရင္ၾကပ္/ေခ်ာင္းဆုိး/တုပ္ေကြး အတြက္ေဆး

ပူစီနံရြက္မွာ ပန္းနာ/ရင္ၾကပ္/ေခ်ာင္းဆုိး/တုပ္ေကြး-စတဲ့ ေရာဂါေတြကို တုိက္ထုတ္ေပးႏုိင္တဲ့ ေဆးအာနိသင္ေတြ ပါ၀င္
ပါတယ္။ ရာသီးဥတု အကူးအေျပာင္းေၾကာင့္ ဖ်ားနာရင္လည္း စားေပးသင့္တဲ့ အရြက္ ျဖစ္ပါတယ္။

(၄) သြားက်န္းမာေရးကုိ ေကာင္းမြန္ေစတယ္

ပူစီနံရြက္မွာ သြားက်န္းမာေရးကို အေထာက္အကူျပဳႏုိင္တဲ့ ဆုိဒီယမ္၊ ပုိဆက္စီယမ္- စတဲ့ ဓာတ္ေတြ ပါ၀င္ပါတယ္။ သြား
ပုိးစားျခင္းကို သက္သာေပ်ာက္ကင္းေစၿပီး သြားေၾကြလႊာ ပ်က္စီးမႈကုိလည္း မျဖစ္ေစပါဘူး။

(၅) ကင္ဆာကုိ တုိက္ျဖတ္ႏုိင္တယ္



ဗီတာမင္ A,C,B12 ဓာတ္ေတြ ပါ၀င္တဲ့ ပူစီနံဟာ ကင္ဆာကိုလည္း တုိက္ျဖတ္ႏုိင္ပါတယ္။ ကင္ဆာလ္ေတြ ၀င္ေရာက္
အျမစ္တြယ္ျခင္းကိုလည္း တားဆီးေပးၿပီး သက္ရွည္က်န္းမာေစပါတယ္။

(၆) ၀က္ၿခံတင္းတိပ္းကုိ မျဖစ္ေအာင္ကာကြယ္ေပးတယ္

ပူစီနံဟာ အေရျပားအလွကုိ ပ်က္ေစတဲ့ ၀က္ၿခံ၊ တင္းတိပ္ စတဲ့ ေရာဂါေတြကို ႏုိင္နင္းပါတယ္။ ဒါ့အျပင္ ရာသီဥတု စြတ္စုိထုိင္းမႈိင္းမႈေၾကာင့္ ျဖစ္ေပၚတတ္တဲ့ အေရျပား မႈိစြဲျခင္း၊ ယားယံျခင္း၊ ေပြး၊ ၀ဲ၊ ညႇင္း-စတဲ့ ေရာဂါေတြကိုလည္း မျဖစ္ေအာင္
ကာကြယ္ေပးပါတယ္။

(၇) ခၽြဲၾကပ္ျခင္း၊ လည္ေခ်ာင္းယားယံျခင္း၊ ႏွာရည္ယုိျခင္းကို ကာကြယ္ေပးတယ္

ခၽြဲၾကပ္ျခင္း၊ လည္ေခ်ာင္းယားယံျခင္း၊ ႏွာရည္ယုိျခင္းမ်ား ျဖစ္ပါက ပူစီနံရြက္အနည္းငယ္ စားေပးလုိက္႐ုံနဲ႕ အရွင္းေပ်ာက္
ကင္းေစပါတယ္။

နတ္စည္ေတာ္ (Shwemom)

......................................


ပူစီနံရွက်ရဲ့ အာနိသင်(၇)မျိုး
By netsetaw -  April 25, 2016 6941


ပူစီနံရွက်ရဲ့ မူရင်းအသံက Pudina ဖြစ်ပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Mint Leave လို့လည်း ခေါ်ပါတယ်။ မြန်မာနိုင်ငံ
မှာထက် အိန္ဒိယ၊ သိရိလင်္ကာနဲ့တို့မှာ ပိုပြီး အသုံးများပါတယ်။ မြန်မာနိုင်ငံမှာတော့ တို့စရာဟင်းရွက်အဖြစ် သုံးကြပါ
တယ်။ ဆေးဘက်ဝင် ဟင်းရွက်ဖြစ်လို့ ပူစီနံရွက်ရဲ့ အကျိုးအာနိသင်(၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အစာကို ကြေညက်လွယ်စေတယ်




ပူစီနံမှာ အလွန်နူးညံ့တဲ့ aroma ဓာတ် ပါ၀င်လို့ ၀မ်းဗိုက်ရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစာကြေ
ညက်မှုကို လျှင်မြန်စေပြီး ကယ်လိုရီလောင်ကျွမ်းမှုကို ကူညီပေးနိုင်ပါတယ်။

(၂) အသဲကို ကောင်းစေတယ်

အရက်အသောက်များလို့ အသည်းပျက်ဆီးနေသူတွေအနေနဲ့ ပူစီနံဟင်းရွက်ကို နေ့စဉ်စားပေးပါက အသည်းကို အားတိုးစေပါတယ်။

(၃) ပန်းနာ/ရင်ကြပ်/ချောင်းဆိုး/တုပ်ကွေး အတွက်ဆေး



ပူစီနံရွက်မှာ ပန်းနာ/ရင်ကြပ်/ချောင်းဆိုး/တုပ်ကွေး-စတဲ့ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဆေးအာနိသင်တွေ ပါ၀င်
ပါတယ်။ ရာသီးဥတု အကူးအပြောင်းကြောင့် ဖျားနာရင်လည်း စားပေးသင့်တဲ့ အရွက် ဖြစ်ပါတယ်။

(၄) သွားကျန်းမာရေးကို ကောင်းမွန်စေတယ်

ပူစီနံရွက်မှာ သွားကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ဆိုဒီယမ်၊ ပိုဆက်စီယမ်- စတဲ့ ဓာတ်တွေ ပါ၀င်ပါတယ်။ သွား
ပိုးစားခြင်းကို သက်သာပျောက်ကင်းစေပြီး သွားကြွေလွှာ ပျက်စီးမှုကိုလည်း မဖြစ်စေပါဘူး။

(၅) ကင်ဆာကို တိုက်ဖြတ်နိုင်တယ်



ဗီတာမင် A,C,B12 ဓာတ်တွေ ပါ၀င်တဲ့ ပူစီနံဟာ ကင်ဆာကိုလည်း တိုက်ဖြတ်နိုင်ပါတယ်။ ကင်ဆာလ်တွေ ၀င်ရောက်
အမြစ်တွယ်ခြင်းကိုလည်း တားဆီးပေးပြီး သက်ရှည်ကျန်းမာစေပါတယ်။

(၆) ၀က်ခြံတင်းတိပ်းကို မဖြစ်အောင်ကာကွယ်ပေးတယ်

ပူစီနံဟာ အရေပြားအလှကို ပျက်စေတဲ့ ၀က်ခြံ၊ တင်းတိပ် စတဲ့ ရောဂါတွေကို နိုင်နင်းပါတယ်။ ဒါ့အပြင် ရာသီဥတု စွတ်စိုထိုင်းမှိုင်းမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ အရေပြား မှိုစွဲခြင်း၊ ယားယံခြင်း၊ ပွေး၊ ၀ဲ၊ ညှင်း-စတဲ့ ရောဂါတွေကိုလည်း မဖြစ်အောင်
ကာကွယ်ပေးပါတယ်။

(၇) ချွဲကြပ်ခြင်း၊ လည်ချောင်းယားယံခြင်း၊ နှာရည်ယိုခြင်းကို ကာကွယ်ပေးတယ်

ချွဲကြပ်ခြင်း၊ လည်ချောင်းယားယံခြင်း၊ နှာရည်ယိုခြင်းများ ဖြစ်ပါက ပူစီနံရွက်အနည်းငယ် စားပေးလိုက်ရုံနဲ့ အရှင်းပျောက်
ကင်းစေပါတယ်။

နတ်စည်တော် (Shwemom)

No comments:

Post a Comment