Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, April 29, 2016
       ဖိုဆူမန်ဆက်ဟာ “နင်Threesome လုပ်လို့အဆင်ပြေမလား၊ လူမဲ၂ယောက်ပါမယ်” လို့
 မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ဖိုဆူမန်ဆက်ဟာ ၂၀၁၄က အေဂျက်အသင်းကနေ ယူနိုက်တက်ကို
.......................................................
မန်ယူကစားသမား၂ယောက်ကပျော်ပါးဖို့ ဆွဲဆောင်ခဲ့တယ်လို့ဖွင့်ဟလာတဲ့မော်ဒယ်
By Shwemom -  April 25, 2016 10177
မန်ယူအသင်းမှာ လတ်တလောခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား Timothy Fosu-Mensahက
 လိင်ဆက်ဆံဖို့ဖုန်းနဲ့ခေါ်ခဲ့တယ်လို့ မော်ဒယ်ဖြစ်သူ Eglantine-Flore Aguilarက မီဒီယာတွေကို ဖွင့်ဟလိုက်ပါတယ်။ သူမကိုဖျားယောင်းခဲ့တာတွေကို အသေးစိတ်ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။
       ဖိုဆူမန်ဆက်ဟာ “နင်Threesome လုပ်လို့အဆင်ပြေမလား၊ လူမဲ၂ယောက်ပါမယ်” လိုု့
အဆိုပါမော်ဒယ်ဆီကို  Messageပို့ခဲ့ပါတယ်။ အရင်ကတည်းက ၁၈နှစ်အရွယ် ဖိုဆူမန်ဆက်ဟာ အဆိုပါမော်ဒယ်ကို လိင်ဆက်ဆံဖို့ဖုန်းဖြင့် Messageတွေပို့ပြီး ဆွဲဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ မာရှယ်ကိုပါ
အဆစ်ထည့်ပြီး ဆွဲဆောင်ခဲ့တယ်လို့သိရပါတယ်။
        အက်စတွန်ဗီလာကို 1-0နဲ့မတိုင်ခင်ညမှာ Lowry Hotelကတစ်ဆင့် ဖိုဆူမန်ဆက်ဟာ
အဆိုပါမော်ဒယ်ဆီကို မက်ဆေ့ချ်ပို့ခဲ့တာဖြစ်ပါတယ်။ သူက သူပျင်းနေလို့ ဗီဒီယိုချက်နဲ့ စကားပြောချင်တယ်လို့ပြောခဲ့ပါတယ်။ နောက်တော့ မာရှယ်ကိုပါခေါ်ပြီး ဗီဒီယိုနဲ့စကားပြောခဲ့ပါတယ်။ “မာရှယ်က ချစ်ဖို့ကောင်းပါတယ်။ မိန်းကလေးတွေကိုဘယ်လို စကားပြောရမလဲ ဆိုုတာသိပါတယ်။ ဖိုဆူမန်ဆက်ကတော့
 Sexအကြောင်းပဲ တောက်လျှောက်ပြောနေပါတယ်။”လို့ မော်ဒယ်ကဆိုခဲ့ပါတယ်။
                 ပြင်သစ်တီဗွီDating Showတစ်ခုမှာ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ဆောင်နေတဲ့
 အဆိုပါမော်ဒယ်က“အစကတော့ သူကအရမ်းချစ်ဖို့ကောင်းပါတယ်။ ဒါ့ကြောင့် ကျမလည်း သူနဲ့စကား
ဆက်ပြောဖြစ်ခဲ့တာပါ။နောက်တော့ ကျွန်မသိလာရတာက သူဟာ Sexတစ်ခုထဲအတွက်နဲ့ ကျွန်မကို
 ဆက်သွယ်နေတယ်ဆိုတာပါပဲ။ သူကမာရှယ်ကိုတောင် ဆွဲထည့်ခဲ့ပါသေးတယ်။ သူက သူ့ကိုသူ
 တော်တော်လေးကို အထင်ကြီးနေပုံပါပဲ  မန်ယူရဲ့ပထမအသင်းမှာဝင်ဆော့ရတာကို တော်တော်လေး
 ပျော်နေပုံပါပဲ။ တကယ်တော့ ကလေးအဆင့်ပဲရှိပါသေးတယ်”လို့ဆိုခဲ့ပါတယ်။
              ဖိုဆူမန်ဆက်နဲ့မာရှယ်တို့ရဲ့ အေးဂျင့်များကို အဆိုပါကိစ္စနဲ့ပက်သက်ပြီး စုံစမ်းခဲ့ပေမယ့်
 မှတ်ချက်ပေးဖိုု့ ငြင်းဆိုခဲ့ပါတယ်။ ဖိုဆူမန်ဆက်ဟာ ၂၀၁၄က အေဂျက်အသင်းကနေ ယူနုုိက်တက်ကို
ပြောင်းလာသူဖြစ်ပြီး အာဆင်နယ်နဲ့ဖေဖော်ဝါရီလပွဲကစပြီး ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။
Source:metro, independent
http://www.shwemom.com/model-claims-man-uniteds-timothy-fosu-mensah-begged-her-for-threesome/
No comments:
Post a Comment