Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 12, 2016

တပ္နဲ႔ျပည္သူ တစ္သားတည္းျဖစ္ ဖို႔ နုိင္ငံေတာ္သမၼတေျပာ

ေနျပည္ေတာ္ သမၼတအိမ္ေတာ္မွာ ဒီေန႔က်င္းပတဲ့ ျမန္မာ့ရိုးရာမဟာသၾကၤန္ပဲြ အႀကိဳေန႔မွာ သမၼတဦးထင္ေက်ာ္ ကို ေတြ႔ရစဥ္။ Photo: Win Naung Toe/RFA
ျမန္မာႏုိင္ငံသူ ႏုိင္ငံသားအားလံုး ေပါင္းသင္းဆက္ဆံေရးမွာ တပ္ရယ္ အရပ္ရယ္ ဆုိတဲ့ အသံုးအႏႈန္းေၾကာင့္ မဟာတံတုိင္းႀကီးလို ျခားနားမႈ မျဖစ္ေစခ်င္ေၾကာင္း ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္က ဒီေန႔ ေျပာလိုက္ပါတယ္။

ေနျပည္ေတာ္က သမၼတအိမ္ေတာ္မွာ က်င္းပတဲ့ ျမန္မာ့ရိုးရာမဟာသၾကၤန္ပဲြ အႀကိဳေန႔မွာ ႏွစ္သစ္ဆုေတာင္း စကားေျပာၾကားစဥ္ ထည့္သြင္းေျပာခဲ့တာျဖစ္ပါတယ္။

"ျမန္မာႏိုင္ငံသူ ျမန္မာႏိုင္ငံသားအားလံုး တပ္ရယ္ အရပ္ရယ္ ဆိုတဲ့ အသံုးႏႈန္းေၾကာင့္ ေပါင္းသင္း ဆက္ဆံေရး မဟာတံတိုင္းႀကီးလို ျခားေနတာမ်ဳိး မျဖစ္ေစခ်င္ဘူး၊ တကယ့္ရင္းရင္းႏွီးႏွီးခင္ခင္မင္မင္ တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္ဆံၾကေစခ်င္ပါတယ္၊ အထူးသျဖင့္ မသိတဲ့လူနဲ႔ ပိုၿပီးစကားေျပာႏိုင္ေအာင္ ႀကိဳးစားၾကပါ၊ မေျပာႏိုင္တာလည္း အျပစ္မတင္ပါဘူး၊ အားလံုးကေဆြ မ်ဳိးသားခ်င္းလိုပါပဲ၊ အဲ့ေတာ့ အမ်ားအက်ဳိးေဆာင္ရြက္တဲ့ပုဂၢိဳလ္မ်ား ျဖစ္ၾကပါေစ၊ အမွန္တရားဘက္က ရပ္တည္ႏိုင္တဲ့ပုဂၢိဳလ္မ်ားျဖစ္ၾကပါေစ၊ မင္းေဘးအႏၱရာယ္က ကင္းေဝးၾကပါေစ၊ မင္းျပစ္မင္းဒဏ္က ကင္းေဝးၾကပါေစ"

အရင္က သမၼတအိမ္ေတာ္မွာ သၾကၤန္ပဲြေတာ္ကို ႏွစ္ရက္ က်င္းပခဲ့ေပမယ့္ ဒီႏွစ္မွာ စရိတ္စကသက္သာ ဖို႔ ျခိဳးၿခံေခၽြတာဖို႔အတြက္ တစ္ရက္ပဲက်င္းပတာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ဖခင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေတာ္လွန္ေရးလုပ္ေဆာင္စဥ္မွာ တပ္မေတာ္က ျပည္သူေတြရဲ့ အသက္ေဘးအႏၱရာယ္ကို အကာအကြယ္ေပးခဲ့သလို အရပ္ဘက္ကလည္း ရွိရာလက္နက္စဲြၿပီး တပ္မေတာ္ သားေတြအတြက္ အသက္စြန္႔လႊတ္ခဲ့ၾကေၾကာင္း အဲဒီအေျခအေနေတြကို ျပန္ေတြးၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ရင္းရင္းႏွီးႏွီး ခင္ခင္မင္မင္ ဆက္ဆံၾကဖို႔ တုိက္တြန္းခဲ့ပါတယ္။

အဲ့ဒီလို ဆက္ဆံမယ္ဆုိရင္ အစစအရာရာ ပိုၿပီးအဆင္ေျပလာမွာျဖစ္ၿပီး ႏိုင္ငံေတာ္ တုိးတက္ရာ တုိးတက္ေၾကာင္း လုပ္ေဆာင္ရာမွာလည္း ပိုၿပီးအရွိန္အဟုန္ရွိလာမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

သမၼတအိမ္ေတာ္သၾကၤန္ကို ဒုတိယသမၼတ ၂ဦး၊ တပ္မေတာ္ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္၊ ျပည္ေထာင္စု ၀န္ႀကီးေတြ၊ ျပည္သူ႔လႊတ္ေတာ္ ဥကၠဌ ၊ လႊတ္ေတာ္ဥကၠဌေဟာင္း သူရဦးေရႊမန္း၊ ဦး၀င္းထိန္ တို႔ တက္ေရာက္ခဲ့ၾကၿပီး အႏုပညာရွင္ေတြက ေဖ်ာ္ေျဖခဲ့ၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese


..........................................


နေပြည်တော် သမ္မတအိမ်တော်မှာ ဒီနေ့ကျင်းပတဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ အကြိုနေ့မှာ သမ္မတဦးထင်ကျော် ကို တွေ့ရစဉ်။ Photo: Win Naung Toe/RFA
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ပေါင်းသင်းဆက်ဆံရေးမှာ တပ်ရယ် အရပ်ရယ် ဆိုတဲ့ အသုံးအနှုန်းကြောင့် မဟာတံတိုင်းကြီးလို ခြားနားမှု မဖြစ်စေချင်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီနေ့ ပြောလိုက်ပါတယ်။

နေပြည်တော်က သမ္မတအိမ်တော်မှာ ကျင်းပတဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ အကြိုနေ့မှာ နှစ်သစ်ဆုတောင်း စကားပြောကြားစဉ် ထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။

"မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံး တပ်ရယ် အရပ်ရယ် ဆိုတဲ့ အသုံးနှုန်းကြောင့် ပေါင်းသင်း ဆက်ဆံရေး မဟာတံတိုင်းကြီးလို ခြားနေတာမျိုး မဖြစ်စေချင်ဘူး၊ တကယ့်ရင်းရင်းနှီးနှီးခင်ခင်မင်မင် တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံကြစေချင်ပါတယ်၊ အထူးသဖြင့် မသိတဲ့လူနဲ့ ပိုပြီးစကားပြောနိုင်အောင် ကြိုးစားကြပါ၊ မပြောနိုင်တာလည်း အပြစ်မတင်ပါဘူး၊ အားလုံးကဆွေ မျိုးသားချင်းလိုပါပဲ၊ အဲ့တော့ အများအကျိုးဆောင်ရွက်တဲ့ပုဂ္ဂိုလ်များ ဖြစ်ကြပါစေ၊ အမှန်တရားဘက်က ရပ်တည်နိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေ၊ မင်းဘေးအန္တရာယ်က ကင်းဝေးကြပါစေ၊ မင်းပြစ်မင်းဒဏ်က ကင်းဝေးကြပါစေ"

အရင်က သမ္မတအိမ်တော်မှာ သင်္ကြန်ပွဲတော်ကို နှစ်ရက် ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာ စရိတ်စကသက်သာ ဖို့ ခြိုးခြံချွေတာဖို့အတွက် တစ်ရက်ပဲကျင်းပတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တော်လှန်ရေးလုပ်ဆောင်စဉ်မှာ တပ်မတော်က ပြည်သူတွေရဲ့ အသက်ဘေးအန္တရာယ်ကို အကာအကွယ်ပေးခဲ့သလို အရပ်ဘက်ကလည်း ရှိရာလက်နက်စွဲပြီး တပ်မတော် သားတွေအတွက် အသက်စွန့်လွှတ်ခဲ့ကြကြောင်း အဲဒီအခြေအနေတွေကို ပြန်တွေးပြီး တစ်ယောက်နဲ့ တစ်ယောက်ရင်းရင်းနှီးနှီး ခင်ခင်မင်မင် ဆက်ဆံကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲ့ဒီလို ဆက်ဆံမယ်ဆိုရင် အစစအရာရာ ပိုပြီးအဆင်ပြေလာမှာဖြစ်ပြီး နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်ရာမှာလည်း ပိုပြီးအရှိန်အဟုန်ရှိလာမယ်လို့ ပြောကြားခဲ့ပါတယ်။

သမ္မတအိမ်တော်သင်္ကြန်ကို ဒုတိယသမ္မတ ၂ဦး၊ တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု ၀န်ကြီးတွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ၊ လွှတ်တော်ဥက္ကဌဟောင်း သူရဦးရွှေမန်း၊ ဦးဝင်းထိန် တို့ တက်ရောက်ခဲ့ကြပြီး အနုပညာရှင်တွေက ဖျော်ဖြေခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment