Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 12, 2016

မ႑ပ္မၿပီးေသးတဲ့အတြက္ လက္မွတ္ဖိုးျပန္ေပးဖို႔ ေတာင္းဆို

ေငြျပန္အမ္းေပးဖုိ႔ ျပည္လမ္းရွိ Overdose မ႑ပ္ေပၚတြင္ ေစာင့္ဆိုင္းေနေသာ လူငယ္တခ်ိဳ႕ကို ဧၿပီလ ၁၂ ရက္ေန႔က ေတြ႔ရစဥ္။ Photo: Kyaw Htoon Naing/ RFA
ရန္ကုန္ၿမိဳ႕ ျပည္လမ္းေပၚက Overdose သႀကၤန္ေရကစားမ႑ပ္ဟာ ဒီေန႔ထိ မ႑ပ္ေဆာက္လို႔ မၿပီးေသးတဲ့ အတြက္ လက္မွတ္တစ္ေစာင္ကို က်ပ္ ၄ ေသာင္းခဲြအထိ ေပးဝယ္ထားသူ ၂၀၀ ေက်ာ္က မေန႔ညကစၿပီး အဲဒီမ႑ပ္မွာ ေငြျပန္ရဖို႔ ေစာင့္ေနၾကပါတယ္။

မ႑ပ္စီစဥ္သူေတြအေနနဲ႔ ေငြျပန္အမ္းေပးဖုိ႔ သုိ႔မဟုတ္ တျခားေရကစားမ႑ပ္က လက္မွတ္နဲ႔ လဲလွယ္ေပးဖို႔ ကုိ ေျမာက္ဒဂုံၿမိဳ႕နယ္က ေရကစားလက္မွတ္ဝယ္ယူထားတဲ့ ကုိျပည့္စုံက ေျပာပါတယ္။

"ဒီလိုအေျခအေန ျဖစ္ေနတယ္ဆိုကတည္းက ဒီတစ္ရက္ ႏွစ္ရက္ဘယ္လိုမွ မၿပီးႏိုင္ေလာက္ေတာ့ဘူး၊ ငါးရက္လုပ္မွာဆိုေတာ့ သူတို႔လက္မွတ္လဲေပးရင္လဲေပး ဒါမွမဟုတ္ ေငြသားအေန နဲ႔ ျပန္လဲေပးေပါ့ေနာ္၊ တစ္ခုမဟုတ္တစ္ခု အကုန္လံုးကိုေက်နပ္ေအာင္လုပ္ေပးသင့္တယ္၊ ၇ ရက္ သားသမီးအကုန္လံုးက ပိုက္ဆံေတြ အရမ္းခ်မ္းသာလို႔ လာကစားတာမဟုတ္ဘူး၊ ယံုၾကည္မႈကို အလြဲသံုးစားလုပ္ခံလိုက္ရတဲ့ ခံစားခ်က္ေပါ့ေနာ္ ဒီဟာကို Organizer ေတြကို သိေစခ်င္တယ္ေပါ့ေနာ္"

Overdose သၾကၤန္ေရကစားမ႑ပ္ဟာ ယခင္က ကမာၻေအးဘုရားလမ္းေပၚမွာ ေဆာက္လုပ္ဖုိ႔စီစဥ္ၿပီး လက္မွတ္ေတြေရာင္းခ်ထားတာျဖစ္ပါတယ္။

ရန္ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္သစ္ ဦးၿဖိဳးမင္းသိန္းက ကမာၻေအးဘုရားလမ္းေပၚမွာ သႀကၤန္ေရကစား မ႑ပ္ေတြ ေဆာက္လုပ္ခြင့္မျပဳေတာ့ဘဲ မ႑ပ္ ၁ ခုနဲ႔ ၁ ခုၾကား ေပ ၁၀၀ ကြာရမယ္ဆုိတဲ့ စည္းကမ္းခ်က္ေတြ နဲ႔ ျပည္လမ္းမေပၚက ေျမေနရာရွိသူေတြကုိပဲ ခြင့္ျပဳမွာျဖစ္ေၾကာင္း သတ္မွတ္လုိက္တာေၾကာင့္ Overdose မ႑ပ္ဟာ ျပည္လမ္းေပၚက IBC ေရွ႕မွာ ေျမေနရာငွားၿပီး မ႑ပ္ေဆာက္ခဲ့တာျဖစ္ပါတယ္။

အဲ့ဒီငွားရမ္းထားတဲ့ ေနရာေဘးက ပိေတာက္ခ်စ္သူ မိသားစုေရကစားမ႑ပ္နဲ႔ ေပ ၁၀၀ မကြာဘဲ ေပ ၅၀ ေလာက္ပဲ ကြာတာေၾကာင့္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးအဖြဲ႔က မ႑ပ္ဆက္လက္ေဆာက္လုပ္ခြင့္ကုိ တားဆီးလုိက္တာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese

..................................


ငွေပြန်အမ်းပေးဖို့ ပြည်လမ်းရှိ Overdose မဏ္ဍပ်ပေါ်တွင် စောင့်ဆိုင်းနေသော လူငယ်တချို့ကို ဧပြီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Htoon Naing/ RFA
ရန်ကုန်မြို့ ပြည်လမ်းပေါ်က Overdose သင်္ကြန်ရေကစားမဏ္ဍပ်ဟာ ဒီနေ့ထိ မဏ္ဍပ်ဆောက်လို့ မပြီးသေးတဲ့ အတွက် လက်မှတ်တစ်စောင်ကို ကျပ် ၄ သောင်းခွဲအထိ ပေးဝယ်ထားသူ ၂၀၀ ကျော်က မနေ့ညကစပြီး အဲဒီမဏ္ဍပ်မှာ ငွေပြန်ရဖို့ စောင့်နေကြပါတယ်။

မဏ္ဍပ်စီစဉ်သူတွေအနေနဲ့ ငွေပြန်အမ်းပေးဖို့ သို့မဟုတ် တခြားရေကစားမဏ္ဍပ်က လက်မှတ်နဲ့ လဲလှယ်ပေးဖို့ ကို မြောက်ဒဂုံမြို့နယ်က ရေကစားလက်မှတ်ဝယ်ယူထားတဲ့ ကိုပြည့်စုံက ပြောပါတယ်။

"ဒီလိုအခြေအနေ ဖြစ်နေတယ်ဆိုကတည်းက ဒီတစ်ရက် နှစ်ရက်ဘယ်လိုမှ မပြီးနိုင်လောက်တော့ဘူး၊ ငါးရက်လုပ်မှာဆိုတော့ သူတို့လက်မှတ်လဲပေးရင်လဲပေး ဒါမှမဟုတ် ငွေသားအနေ နဲ့ ပြန်လဲပေးပေါ့နော်၊ တစ်ခုမဟုတ်တစ်ခု အကုန်လုံးကိုကျေနပ်အောင်လုပ်ပေးသင့်တယ်၊ ရ ရက် သားသမီးအကုန်လုံးက ပိုက်ဆံတွေ အရမ်းချမ်းသာလို့ လာကစားတာမဟုတ်ဘူး၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံလိုက်ရတဲ့ ခံစားချက်ပေါ့နော် ဒီဟာကို Organizer တွေကို သိစေချင်တယ်ပေါ့နော်"

Overdose သင်္ကြန်ရေကစားမဏ္ဍပ်ဟာ ယခင်က ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဆောက်လုပ်ဖို့စီစဉ်ပြီး လက်မှတ်တွေရောင်းချထားတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်သစ် ဦးဖြိုးမင်းသိန်းက ကမ္ဘာအေးဘုရားလမ်းပေါ်မှာ သင်္ကြန်ရေကစား မဏ္ဍပ်တွေ ဆောက်လုပ်ခွင့်မပြုတော့ဘဲ မဏ္ဍပ် ၁ ခုနဲ့ ၁ ခုကြား ပေ ၁၀၀ ကွာရမယ်ဆိုတဲ့ စည်းကမ်းချက်တွေ နဲ့ ပြည်လမ်းမပေါ်က မြေနေရာရှိသူတွေကိုပဲ ခွင့်ပြုမှာဖြစ်ကြောင်း သတ်မှတ်လိုက်တာကြောင့် Overdose မဏ္ဍပ်ဟာ ပြည်လမ်းပေါ်က IBC ရှေ့မှာ မြေနေရာငှားပြီး မဏ္ဍပ်ဆောက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီငှားရမ်းထားတဲ့ နေရာဘေးက ပိတောက်ချစ်သူ မိသားစုရေကစားမဏ္ဍပ်နဲ့ ပေ ၁၀၀ မကွာဘဲ ပေ ၅၀ လောက်ပဲ ကွာတာကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့က မဏ္ဍပ်ဆက်လက်ဆောက်လုပ်ခွင့်ကို တားဆီးလိုက်တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment