Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 7, 2016

ျမန္မာအစိုးရသစ္ကို ဂ်ပန္ ODA ေခ်းေငြယန္း (၁၀၀)ဘီလီယံ ေပးမည္


NLD ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဂ်ပန္၀န္ႀကီးခ်ဳပ္ Shinzo Abe တို႔ ေတြ႕ဆံုစဥ္
ေဒၚေအာင္ဆန္းစုႀကည္ပါတီအစိုးရတက္အလာမွာ ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံကို ODA (ေခၚ) ႏိုင္ငံျခားဖြ႔ံၿဖိဳးတိုးတက္ေရး အကူအညီ ႀကီးႀကီးမားမားေပးဖို႔ ျပင္ဆင္ေနပါတယ္။ ဒီအကူအညီေတြထဲမွာ အတိုးအလြန္နဲတဲ့ ေခ်းေငြနဲ႔ ကူညီေငြေပါင္း ဂ်ပန္းယန္း ၁၀၀ ဘီလီယံ (အေမရိကန္ေဒၚလာ သန္း ၉၀၀ နီးပါး) ရွိၿပီး၊ လမ္းပန္းဆက္သြယ္ေရး အေဆာက္အအံုနဲ႔ ၿမိဳ.ျပစီမံကိန္းေတြမွာ အဓိကသံုးစြဲမယ္လို႔ ဂ်ပန္အစိုးရအရာရွိတဦးကေျပာပါတယ္။ ဒီအေၾကာင္း ကိုဝင္းမင္း က ဆက္သြယ္ေမးျမန္းတင္ျပထားပါတယ္။

ေဒၚေအာင္ဆန္းစုႀကည္ဦးေဆာင္တဲ့ NLD ပါတီ အေနနဲ႔ မၾကာခင္ အစိုးရတာဝန္ယူလာခ်ိန္ ျမန္မာႏိုင္ငံမွာ ႀကီႀကီးမား မားေျပာင္းလဲ မႈေတြ ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ၿပီး၊ ခုလို ဂ်ပန္ဘက္က အကူအညီ ႀကီးႀကီးမားမားေပးဖို႔ စီစဥ္ေနတာလို႔ ဂ်ပန္အရာရွိတစ္ဦးေျပာတာကို က်ိဳဒို သတင္းဌာနက ေဖာ္ျပလိုက္ပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးရဲ့ အထူးအႀကံေပး Hiroto Izumi ျမန္မာႏိုင္ငံကို ၿပီးခဲ့တဲလ ေဖေဖာ္ဝါရီမွာ သြာလည္တံုး ေဒၚေအာင္ဆန္းစုႀကည္က ခုလို အကူအညီေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး ဇြန္လမွာ အစီအစဥ္အေသးစိတ္လုပ္ေဆာင္ႏိုင္လိမ္မယ္လို႔ ဒီဂ်ပန္အရာရွိကဆိုပါတယ္။

ျမန္မာ့စီးပြားေရးအေၾကာင္း ထဲထဲဝင္ဝင္ သုေတသနလုပ္ေနတဲ့ ဂ်ပန္အစိုးရသုေတသနအရာရွိေဟာင္းနဲ႔ လက္ရွိ ဂ်ပန္ႏိုင္ငံ အမ်ိဳးသား မူဝါဒဆိုင္ရာဘြဲ႔လြန္တကၠသိုလ္ ပါေမာကၡ Kudo Toshihiro က အခုလို စီစဥ္ေနတာဟာ ဂ်ပန္ရဲ့ ျမန္မာ့ဒီမိုကေရစီအေရး ေထာက္ခံမႈကိုျပတာလို႔ဆိုပါတယ္။

“ဂ်ပန္အစိုးရရဲ့ ရည္ရြယ္ခ်က္ကေတာ့ ဂ်ပန္က အေၾကာႀကီးေစာင့္ခဲ့ရတဲ့ ျပည္သူကေရြးခ်ယ္ၿပီးတက္လာတဲ့ အစိုးရ၊ အခု အမ်ိုဳးသားဒီမိုကေရစီ အဖြဲ႔ခ်ုပ္ NLD အစိုးရကို ေထာက္ခံတာျပတဲ့အေနနဲ႔ ဒီ ODA ပမာဏကို ျမွင့္တင္ေပးဖိုပါ။”

ပါေမာကၡ Kudo Toshihiro ကဆက္ၿပီး မၾကာခင္ကပဲ NLD စီးပြားေရးေကာ္မတီ ဂ်ပန္ကိုလာလည္တံုးကလဲခုလိုကူညီေပးဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့တာကို အခု ဂ်ပန္ဖက္က တံု႔ျပန္လိုက္တာျဖစ္တယ္လို႔ ဆိုပါတယ္။

“ၿပီးခဲ့တဲ့တစ္ေခါက္ကNLD စီးပြားေရးေကာ္မတီအဖြဲ႔ ဂ်ပန္ကိုလာလာတံုး ေဒၚေအာင္ဆန္းစုႀကည္ထံကေန ဂ်ပန္အစိုးရကိုပို႔လိုက္တဲ့ အမွာစကားကို ေျပာျပခဲ့ပါတယ္။ ျမန္မာႏိုင္ငံအတြက္ တစ္ခုခု ကူညီေပးဖို႔ေပါ့ေလ။ ဂ်ပန္အစိုးရကလဲ အဲ့ဒိလို ကူညီေပးဖို႔ ႀကိဳးစားတာကို ျပလိုက္တာပါပဲ။”

အခုလို ကူညီတဲ့ ODA မွာ အတိုးမရွိသေလာက္နဲတဲ့ ေခ်းေငြနဲ႔ အကူအညီေတြပါၿပီး၊ အခု ပမာဏဟာ မ်ားတယ္၊ ျမန္မာႏိုင္ငံမွာ လက္ရွိလုပ္ေနဆဲ လမ္းပန္းဆက္သြယ္ေရးလုပ္ငန္းေတြအတြက္ အဓိက ျဖစ္တယ္လို႔ ပါေမာကၡ Kudo Toshihiro က ဆိုပါတယ္။

 “ဒီပမာဏက မ်ားပါတယ္၊ တကယ္တန္းက ဂ်ပန္အစိုးရအေနနဲ႔ ဒီ ODA ေပးတဲ့ ပမာဏကို ျမွင့္တင္ဖို႔လုပ္ေနပါတယ္။ အခုေပးမဲ့ ODA အမ်ားစုက လက္ရွိလုပ္ေနဆဲကိစၥေတြအတြက္ ဆက္လုပ္္ဖို႔ေပးမွာပါ။သီလဝါကိစၥ၊ သီလဝါနဲ႔ဆက္စပ္တဲ့ လမ္းပန္းဆက္သြယ္ေရး အေဆာက္အအံုေတြကိစၥ၊ေနာက္ ရထားလမ္းေတြ၊ ရန္ကုန္ၿမိဳ႔ပတ္ရထားေရာ ေနာက္ ရန္ကုန္-မႏၱေလးရထားလမ္း၊ၿပီးေတာ့ ေဒသႏၱရတိုးတက္မႈအတြက္ လိုတဲ့လမ္းေတြနဲ႔ လွ်ပ္စစ္မီး စတဲ့ ေျမာက္မ်ားစြာေသာ လက္ရွိလုပ္ေနတဲ့ လုပ္ငန္းေတြအတြက္ပါ။”

တကယ္ေတာ့ ဦးသိန္းစိန္အစိုးရတက္လာအၿပီး တိုးေပးလာခဲ့တဲ ODA ကို ဂ်ပန္ဖက္က အခုေနာက္အစိုးရလက္ထက္ ပိုေပးလာဖို႔ အခြင့္အလမ္းရွိလာခ်ိန္မွာ ျမန္မာအစိုးရ ဘက္မွာလဲ လုပ္ရည္ကိုင္ရည္ေတြတိုးတက္ေအာင္လုပ္ဖို႔လိုေနေသးတယ္ လို႔ ပါေမာကၡ Kudo Toshihiro က ေထာက္ျပပါတယ္။

 “ျမန္မာႏိုင္ငံမွာ ျပည္သူအေျချပဳဖြ႔ံၿဖိိဳးတိုးတက္ေရးလို႔ ေၾကြးေၾကာ္ထားတယ္ေပါ့ဗ်ာ၊ အဲ့ဒါကို အစိုးရအရာရွိေတြက လူထုအတြက္ တကယ္လက္ေတြ႔ အက်ိဳးရွိေအာင္ ဘယ္လိုစဥ္းစားလုပ္ေဆာင္လဲေပါ့ဗ်ာ။ ဒါက ပထမအေရးႀကီးတာပါ။

ေနာက္တစ္ခုက လုပ္ငန္းကၽြမ္းက်င္မႈေပါ့ေနာ္၊ အဲ့ဒါက ျမန္မာႏိုင္ငံမွာ အားနည္းလြန္းေနပါတယ္၊ ခုလိုေျပာရတာ ကၽြန္ေတာ္ စိတ္မေကာင္ပါဘူး။ အဲ့ဒိအတြက္ ဂ်ပန္အပါအဝင္ ႏိုင္ငံတကာအေတြ႔အႀကံဳေတြကေန ေလ့လာယူဖို႔ လိုပါတယ္။”

ပါေမာကၡ Kudo Toshihiro က ဆက္ၿပီး ဂ်ပန္အေနနဲ႔ ၁၉၈၈ ဆိုရွယ္လစ္အစိုးရလက္ထက္မွာ အစိုးရစက္မႈလုပ္ငန္းေတြကိုပဲ အကူအညီေပးခဲ့တာ မထိေရာက္ခဲ့ဘူး၊ ဦးသိန္စိန္လက္ထက္က စၿပီး ဘက္စံုဖြံ႔ၿဖိဳးေရးအတြက္ အေရးပါတဲ့ ဒီ လမ္းပန္းဆက္သြယ္ေရးကို ဦးစားေပးလုပ္ခဲ့တာ ထိေရာက္မႈတခ်ိဳ႔စရွိလာတယ္၊ အခုဆိုရင္ ျမန္မာႏိုင္ငံကို ၿဂိဳလ္တုကႀကည့္ရင္ မီးအမ်ားၾကီး ပိုထိန္လာတယ္၊ သီလဝါလဲ အလုပ္တြေနၿပီ၊ ဒီစက္မႈဇံုက ဗီယက္နမ္စက္မႈဇံုထက္ထက္ေတာင္ႀကီးတယ္၊ ဒါေၾကာင့္ေနာက္တက္လာမဲ့ အစိုးရလက္ထက္မွာ အခုထက္ပိုတိုးတက္လာဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ဆိုပါတယ္။

၀င္းမင္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.............

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ တွေ့ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည်ပါတီအစိုးရတက်အလာမှာ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို ODA (ခေါ်) နိုင်ငံခြားဖွ့ံဖြိုးတိုးတက်ရေး အကူအညီ ကြီးကြီးမားမားပေးဖို့ ပြင်ဆင်နေပါတယ်။ ဒီအကူအညီတွေထဲမှာ အတိုးအလွန်နဲတဲ့ ချေးငွေနဲ့ ကူညီငွေပေါင်း ဂျပန်းယန်း ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၉၀၀ နီးပါး) ရှိပြီး၊ လမ်းပန်းဆက်သွယ်ရေး အဆောက်အအုံနဲ့ မြို.ပြစီမံကိန်းတွေမှာ အဓိကသုံးစွဲမယ်လို့ ဂျပန်အစိုးရအရာရှိတဦးကပြောပါတယ်။ ဒီအကြောင်း ကိုဝင်းမင်း က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ အနေနဲ့ မကြာခင် အစိုးရတာဝန်ယူလာချိန် မြန်မာနိုင်ငံမှာ ကြီကြီးမား မားပြောင်းလဲ မှုတွေ ဖြစ်လာမယ်လို့ မျှော်လင့်ပြီး၊ ခုလို ဂျပန်ဘက်က အကူအညီ ကြီးကြီးမားမားပေးဖို့ စီစဉ်နေတာလို့ ဂျပန်အရာရှိတစ်ဦးပြောတာကို ကျိုဒို သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အထူးအကြံပေး Hiroto Izumi မြန်မာနိုင်ငံကို ပြီးခဲ့တဲလ ဖေဖော်ဝါရီမှာ သွာလည်တုံး ဒေါ်အောင်ဆန်းစုကြည်က ခုလို အကူအညီပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ဇွန်လမှာ အစီအစဉ်အသေးစိတ်လုပ်ဆောင်နိုင်လိမ်မယ်လို့ ဒီဂျပန်အရာရှိကဆိုပါတယ်။

မြန်မာ့စီးပွားရေးအကြောင်း ထဲထဲဝင်ဝင် သုတေသနလုပ်နေတဲ့ ဂျပန်အစိုးရသုတေသနအရာရှိဟောင်းနဲ့ လက်ရှိ ဂျပန်နိုင်ငံ အမျိုးသား မူဝါဒဆိုင်ရာဘွဲ့လွန်တက္ကသိုလ် ပါမောက္ခ Kudo Toshihiro က အခုလို စီစဉ်နေတာဟာ ဂျပန်ရဲ့ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံမှုကိုပြတာလို့ဆိုပါတယ်။

“ဂျပန်အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ ဂျပန်က အကြောကြီးစောင့်ခဲ့ရတဲ့ ပြည်သူကရွေးချယ်ပြီးတက်လာတဲ့ အစိုးရ၊ အခု အမျိုုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရကို ထောက်ခံတာပြတဲ့အနေနဲ့ ဒီ ODA ပမာဏကို မြှင့်တင်ပေးဖိုပါ။”

ပါမောက္ခ Kudo Toshihiro ကဆက်ပြီး မကြာခင်ကပဲ NLD စီးပွားရေးကော်မတီ ဂျပန်ကိုလာလည်တုံးကလဲခုလိုကူညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာကို အခု ဂျပန်ဖက်က တုံ့ပြန်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့တစ်ခေါက်ကNLD စီးပွားရေးကော်မတီအဖွဲ့ ဂျပန်ကိုလာလာတုံး ဒေါ်အောင်ဆန်းစုကြည်ထံကနေ ဂျပန်အစိုးရကိုပို့လိုက်တဲ့ အမှာစကားကို ပြောပြခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် တစ်ခုခု ကူညီပေးဖို့ပေါ့လေ။ ဂျပန်အစိုးရကလဲ အဲ့ဒိလို ကူညီပေးဖို့ ကြိုးစားတာကို ပြလိုက်တာပါပဲ။”

အခုလို ကူညီတဲ့ ODA မှာ အတိုးမရှိသလောက်နဲတဲ့ ချေးငွေနဲ့ အကူအညီတွေပါပြီး၊ အခု ပမာဏဟာ များတယ်၊ မြန်မာနိုင်ငံမှာ လက်ရှိလုပ်နေဆဲ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေအတွက် အဓိက ဖြစ်တယ်လို့ ပါမောက္ခ Kudo Toshihiro က ဆိုပါတယ်။

 “ဒီပမာဏက များပါတယ်၊ တကယ်တန်းက ဂျပန်အစိုးရအနေနဲ့ ဒီ ODA ပေးတဲ့ ပမာဏကို မြှင့်တင်ဖို့လုပ်နေပါတယ်။ အခုပေးမဲ့ ODA အများစုက လက်ရှိလုပ်နေဆဲကိစ္စတွေအတွက် ဆက်လုပ််ဖို့ပေးမှာပါ။သီလဝါကိစ္စ၊ သီလဝါနဲ့ဆက်စပ်တဲ့ လမ်းပန်းဆက်သွယ်ရေး အဆောက်အအုံတွေကိစ္စ၊နောက် ရထားလမ်းတွေ၊ ရန်ကုန်မြို့ပတ်ရထားရော နောက် ရန်ကုန်-မန္တလေးရထားလမ်း၊ပြီးတော့ ဒေသန္တရတိုးတက်မှုအတွက် လိုတဲ့လမ်းတွေနဲ့ လျှပ်စစ်မီး စတဲ့ မြောက်များစွာသော လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေအတွက်ပါ။”

တကယ်တော့ ဦးသိန်းစိန်အစိုးရတက်လာအပြီး တိုးပေးလာခဲ့တဲ ODA ကို ဂျပန်ဖက်က အခုနောက်အစိုးရလက်ထက် ပိုပေးလာဖို့ အခွင့်အလမ်းရှိလာချိန်မှာ မြန်မာအစိုးရ ဘက်မှာလဲ လုပ်ရည်ကိုင်ရည်တွေတိုးတက်အောင်လုပ်ဖို့လိုနေသေးတယ် လို့ ပါမောက္ခ Kudo Toshihiro က ထောက်ပြပါတယ်။

 “မြန်မာနိုင်ငံမှာ ပြည်သူအခြေပြုဖွ့ံဖြိိုးတိုးတက်ရေးလို့ ကြွေးကြော်ထားတယ်ပေါ့ဗျာ၊ အဲ့ဒါကို အစိုးရအရာရှိတွေက လူထုအတွက် တကယ်လက်တွေ့ အကျိုးရှိအောင် ဘယ်လိုစဉ်းစားလုပ်ဆောင်လဲပေါ့ဗျာ။ ဒါက ပထမအရေးကြီးတာပါ။

နောက်တစ်ခုက လုပ်ငန်းကျွမ်းကျင်မှုပေါ့နော်၊ အဲ့ဒါက မြန်မာနိုင်ငံမှာ အားနည်းလွန်းနေပါတယ်၊ ခုလိုပြောရတာ ကျွန်တော် စိတ်မကောင်ပါဘူး။ အဲ့ဒိအတွက် ဂျပန်အပါအဝင် နိုင်ငံတကာအတွေ့အကြုံတွေကနေ လေ့လာယူဖို့ လိုပါတယ်။”

ပါမောက္ခ Kudo Toshihiro က ဆက်ပြီး ဂျပန်အနေနဲ့ ၁၉၈၈ ဆိုရှယ်လစ်အစိုးရလက်ထက်မှာ အစိုးရစက်မှုလုပ်ငန်းတွေကိုပဲ အကူအညီပေးခဲ့တာ မထိရောက်ခဲ့ဘူး၊ ဦးသိန်စိန်လက်ထက်က စပြီး ဘက်စုံဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ ဒီ လမ်းပန်းဆက်သွယ်ရေးကို ဦးစားပေးလုပ်ခဲ့တာ ထိရောက်မှုတချို့စရှိလာတယ်၊ အခုဆိုရင် မြန်မာနိုင်ငံကို ဂြိုလ်တုကကြည့်ရင် မီးအများကြီး ပိုထိန်လာတယ်၊ သီလဝါလဲ အလုပ်တွနေပြီ၊ ဒီစက်မှုဇုံက ဗီယက်နမ်စက်မှုဇုံထက်ထက်တောင်ကြီးတယ်၊ ဒါကြောင့်နောက်တက်လာမဲ့ အစိုးရလက်ထက်မှာ အခုထက်ပိုတိုးတက်လာဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

၀င်းမင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment