Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 7, 2016

ထားဝယ္ဇုန္ စီမံကိန္း ကိစၥ အစိုးရသစ္ကို သတိေပး

 ျပည္ပ စိတ္ဝင္စားတဲ့ ထားဝယ္ စီးပြားေရး ဇုန္
ထားဝယ္ အထူး စီးပြားေရး ဇုန္ စီမံကိန္း ေၾကာင့္ လူအခြင့္အေရး ခ်ိဳးေဖာက္ မွု ေတြ ရွိ ခဲ့တဲ့ အတြက္ စီမံကိန္း ေၾကာင့္ ထိခိုက္မွု ရွိတဲ့ ရြာ ၂၂ ရြာ ကို ေလ့လာတဲ့ အစီရင္ခံစာ ကို ထားဝယ္ ဖြံ့ၿဖိဳးေရး အဖြဲ႕က ရန္ကုန္ မွာ မတ္လ ၇ ရက္က ထုတ္ျပန္ လိုက္ပါတယ္ ။

လက္ရွိ အစိုးရ လက္ထက္ စီမံကိန္းမွာ ေျမယာ သိမ္းဆည္းမွု၊ ေလ်ာ္ေၾကးေငြ ကိစၥနဲ႔ လူမွုေရး ျပႆနာေတြ ရွိခဲ့လို႔ ဒီ ခ်ိဳးေဖာက္မွု ေတြ ကို သတိေပး ေထာက္ၿပ ခဲ့ဖူးတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ အစိုးရ က အေရးယူ ေဆာင္ရြက္ ေပးမွု မရွိခဲ့ လို႔ ေနာက္ အစိုးရ ကို အသိ ေပးဖို႔ ခုလို ထုတ္ျပန္တာလို႔ အစီရင္ခံစာ ျပဳစုသူ ထားဝယ္ ဖြံ့ၿဖိဳးေရး အဖြဲ႕ က ဒါရိုက္တာ ကိုသန္႔ စင္ က ေျပာပါတယ္ ။

ထုတ္ျပန္ လိုက္တဲ့ “လူထုၾကားမွ အသံမ်ား” အစီရင္ခံစာမွာ စီးပြားေရးဇုန္ စီမံကိန္းနဲ႔ ပတ္သက္တဲ့ သတင္း အခ်က္ အလက္ ရရွိမွု၊ ပါဝင္ ေဆြးေႏြးနိုင္ခြင့္ နဲ႔ အသက္ေမြး ဝမ္းေက်ာင္း ထိခိုက္မွု စတဲ့ က႑ေတြ ပါပါတယ္။

ဒီ စီမံကိန္း ရပ္ဆိုင္း ထားတုန္း ျပင္စရာ ရွိတာေတြ ျပဳျပင္ နိုင္ေအာင္ ဒီလို အသိေပး တာလို႔ လည္း ဆိုပါတယ္။

ေရနက္ ဆိပ္ကမ္း နဲ႔ တျခား စက္မွုဇုန္ေတြ ပါတဲ့ ဒီစီမံကိန္းမွာ ဂ်ပန္၊ ထိုင္းနဲ႔ ျမန္မာ သုံးနိုင္ငံ ရင္းႏွီး ျမႇုပ္ႏွံမွုေတြ ပါဝင္တယ္ လို႔ သိရပါတယ္။

BBC Burmese
http://www.bbc.com/burmese
.................
  ပြည်ပ စိတ်ဝင်စားတဲ့ ထားဝယ် စီးပွားရေး ဇုန်
ထားဝယ် အထူး စီးပွားရေး ဇုန် စီမံကိန်း ကြောင့် လူအခွင့်အရေး ချိုးဖောက် မှု တွေ ရှိ ခဲ့တဲ့ အတွက် စီမံကိန်း ကြောင့် ထိခိုက်မှု ရှိတဲ့ ရွာ ၂၂ ရွာ ကို လေ့လာတဲ့ အစီရင်ခံစာ ကို ထားဝယ် ဖွံ့ဖြိုးရေး အဖွဲ့က ရန်ကုန် မှာ မတ်လ ရ ရက်က ထုတ်ပြန် လိုက်ပါတယ် ။

လက်ရှိ အစိုးရ လက်ထက် စီမံကိန်းမှာ မြေယာ သိမ်းဆည်းမှု၊ လျော်ကြေးငွေ ကိစ္စနဲ့ လူမှုရေး ပြဿနာတွေ ရှိခဲ့လို့ ဒီ ချိုးဖောက်မှု တွေ ကို သတိပေး ထောက်ပြ ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အစိုးရ က အရေးယူ ဆောင်ရွက် ပေးမှု မရှိခဲ့ လို့ နောက် အစိုးရ ကို အသိ ပေးဖို့ ခုလို ထုတ်ပြန်တာလို့ အစီရင်ခံစာ ပြုစုသူ ထားဝယ် ဖွံ့ဖြိုးရေး အဖွဲ့ က ဒါရိုက်တာ ကိုသန့် စင် က ပြောပါတယ် ။

ထုတ်ပြန် လိုက်တဲ့ “လူထုကြားမှ အသံများ” အစီရင်ခံစာမှာ စီးပွားရေးဇုန် စီမံကိန်းနဲ့ ပတ်သက်တဲ့ သတင်း အချက် အလက် ရရှိမှု၊ ပါဝင် ဆွေးနွေးနိုင်ခွင့် နဲ့ အသက်မွေး ဝမ်းကျောင်း ထိခိုက်မှု စတဲ့ ကဏ္ဍတွေ ပါပါတယ်။

ဒီ စီမံကိန်း ရပ်ဆိုင်း ထားတုန်း ပြင်စရာ ရှိတာတွေ ပြုပြင် နိုင်အောင် ဒီလို အသိပေး တာလို့ လည်း ဆိုပါတယ်။

ရေနက် ဆိပ်ကမ်း နဲ့ တခြား စက်မှုဇုန်တွေ ပါတဲ့ ဒီစီမံကိန်းမှာ ဂျပန်၊ ထိုင်းနဲ့ မြန်မာ သုံးနိုင်ငံ ရင်းနှီး မြှုပ်နှံမှုတွေ ပါဝင်တယ် လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment