Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 1, 2016

ရဲတပ္ဖြဲ႕ကို တပ္မေတာ္ေအာက္မွ ဖယ္ထုတ္ေရးမွာ NLD၏ အဓိက တာဝန္ျဖစ္ဟု ခ်က္ ႏိုင္ငံျခားေရးဝန္ႀကီးဆို

ျမန္မာႏိုင္ငံေရးတြင္ အရပ္ဘက္အုပ္ခ်ဳပ္မႈအား ေကာင္းလာေစရန္အတြက္ ရဲတပ္ဖြဲ႕ကို တပ္မေတာ္၏ ထိန္းခ်ဳပ္မႈေအာက္မွ ဖယ္ထုတ္ေရးမွာ အေထြေထြေ႐ြးေကာက္ပြဲ အႏိုင္ရ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ၏ အဓိက တာဝန္ျဖစ္ေၾကာင္း ခ်က္သမၼတႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီး Lubomir Zaoralek က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ အေထြေထြေ႐ြးေကာက္ပြဲ အလြန္ကာလတြင္ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး လုပ္ငန္းမ်ားအတြက္ ႏိုင္ငံေရး အင္အားစုမ်ားႏွင့္
ေတြ႕ဆုံေဆြးေႏြးလ်က္ရွိေသာ ခ်က္သမၼတႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီး Lubomir Zaoralek က ၄င္း၏ တြစ္တာ စာမ်က္ႏွာတြင္ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔က ယင္းသို႔ ေရးသားထားျခင္းျဖစ္သည္။

အရပ္ဘက္ထိန္းခ်ဳပ္မႈေအာက္တြင္ တပ္မေတာ္ ေရာက္ရွိေစရန္အတြက္ ရဲတပ္ဖြဲ႕ကို သီးျခားစီ ခြဲထုတ္ေရးမွာ အေထြေထြေ႐ြးေကာက္ပြဲ အႏိုင္ရ ပါတီအတြက္ အေရးႀကီးေသာ တာဝန္ တစ္ရပ္ ျဖစ္ေၾကာင္း Lubomir Zaoralek က ေျပာၾကားသည္။

အဆိုပါ ခ်က္ သမၼတႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီး Lubomir Zaoralek သည္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိစဥ္ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔က ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႕အစည္းမွ ၈၈ မ်ဳိးဆက္ေက်ာင္းသား ဦးမင္းကိုႏိုင္၊ ဦးကိုကိုႀကီး တို႔အပါအဝင္ ႏိုင္ငံေရး အက်ဥ္းသားေဟာင္းမ်ားႏွင့္ ေတြ႕ဆုံ ေဆြးေႏြးထားသည္။

အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲတြင္ ျမန္မာလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားသည္ ခ်က္သမၼတႏိုင္ငံ၏ လႊတ္ေတာ္သို႔ ေလ့လာေရးသြားေရာက္မည့္ ကိစၥရပ္မ်ားကို ေဆြးေႏြး ခဲ့ေၾကာင္း ႏိုင္ငံျခားေရး ဝန္ႀကီး Lubomir Zaoralek က ေျပာၾကားသည္။

ထို႔အျပင္ ေဖေဖာ္ဝါရီလ ၂၉ ရက္ေန႔တြင္လည္း အမ်ဳိးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္း ခ်က္သမၼတ ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီး Lubomir Zaoralekက ၄င္း၏ တြစ္တာ စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။


The Voice Weekly
........
ရဲတပ်ဖွဲ့ကို တပ်မတော်အောက်မှ ဖယ်ထုတ်ရေးမှာ NLD၏ အဓိက တာဝန်ဖြစ်ဟု ချက် နိုင်ငံခြားရေးဝန်ကြီးဆို

===================
===================

မြန်မာနိုင်ငံရေးတွင် အရပ်ဘက်အုပ်ချုပ်မှုအား ကောင်းလာစေရန်အတွက် ရဲတပ်ဖွဲ့ကို တပ်မတော်၏ ထိန်းချုပ်မှုအောက်မှ ဖယ်ထုတ်ရေးမှာ အထွေထွေရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အဓိက တာဝန်ဖြစ်ကြောင်း ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Lubomir Zaoralek က ပြောကြားသည်။

မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲ အလွန်ကာလတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများအတွက် နိုင်ငံရေး အင်အားစုများနှင့်
တွေ့ဆုံဆွေးနွေးလျက်ရှိသော ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Lubomir Zaoralek က ၄င်း၏ တွစ်တာ စာမျက်နှာတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ယင်းသို့ ရေးသားထားခြင်းဖြစ်သည်။

အရပ်ဘက်ထိန်းချုပ်မှုအောက်တွင် တပ်မတော် ရောက်ရှိစေရန်အတွက် ရဲတပ်ဖွဲ့ကို သီးခြားစီ ခွဲထုတ်ရေးမှာ အထွေထွေရွေးကောက်ပွဲ အနိုင်ရ ပါတီအတွက် အရေးကြီးသော တာဝန် တစ်ရပ် ဖြစ်ကြောင်း Lubomir Zaoralek က ပြောကြားသည်။

အဆိုပါ ချက် သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Lubomir Zaoralek သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက်ကျောင်းသား ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး တို့အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် တွေ့ဆုံ ဆွေးနွေးထားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများသည် ချက်သမ္မတနိုင်ငံ၏ လွှတ်တော်သို့ လေ့လာရေးသွားရောက်မည့် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး Lubomir Zaoralek က ပြောကြားသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ချက်သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Lubomir Zaoralekက ၄င်း၏ တွစ်တာ စာမျက်နှာတွင် ဖော်ပြထားသည်။


The Voice Weekly

No comments:

Post a Comment