Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 1, 2016

ေဒၚေအာင္ဆန္းစုၾကည္ ႏုိင္ငံျခားေရး၀န္ႀကီးျဖစ္လာႏုိင္ဟု NLD ဗဟုိအလုပ္အမႈေဆာင္အဖြဲ႔၀င္ ဦးထြန္းထြန္းဟိန္ ေျပာၾကား

အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္သည္ ႏုိင္ငံျခားေရး၀န္ႀကီး ျဖစ္လာႏုိင္ေျခရိွေၾကာင္း NLD ဗဟုိအလုပ္အမႈေဆာင္အဖြဲ႔၀င္၊ ဥပေဒၾကမ္းေကာ္မတီ ဥကၠဌ ဦးထြန္းထြန္းဟိန္ News Watch ဂ်ာနယ္သုိ႔ မတ္လ ၁ ရက္ေန႔က ေျပာၾကားသည္။

ေဖေဖာ္၀ါရီ ၂၇ ရက္ေန႔ထုတ္ ဘန္ေကာက္ပို႔စ္၌ ေဖာ္ျပခဲ့သည့္ Larry Jagan ၏ Suu Kyi and Army Commander Strike Deal ေဆာင္းပါးတြင္ ေဖာ္ျပထားသည့္ ေဒၚေအာင္ဆန္းစုၾကည္သည္ နိုင္ငံျခားေရး၀န္ၾကီးေနရာ ရယူမည့္ အ လားအလာရိွဆိုသည့္အခ်က္ႏွင့္ပတ္သက္၍ ေမးျမန္းရာ ၄င္းက အထက္ပါအတုိင္း သုံးသပ္ျပခဲ့ျခင္းျဖစ္သည္။
“အဲဒါကေတာ့ ျဖစ္ႏုိင္ေျခရိွတယ္လုိ႔ သုံးသပ္ပါတယ္။ ျမန္မာႏုိင္ငံဖြံ႔ၿဖိဳးတုိးတက္ဖုိ႔ဆုိရင္ ကမၻာနဲ႔ ႏုိင္ငံတကာနဲ႔ ဆက္ ဆံေရးေတြ အမ်ားႀကီး ျပဳလုပ္ရမွာေလ။ အဲလုိ အဆက္ဆံျပဳရမွာဆုိေတာ့ အဲဒီေနရာမွာ ေနမယ္ဆုိရင္ ျမန္မာႏုိင္ငံ အတြက္ အက်ဳိးအမ်ားႀကီး ျဖစ္ထြန္းစရာျဖစ္တဲ့ ေနရာေပါ့။ ဒါေပမဲ့ အဲဒီေနရာမွာ ယူမယ္လုိ႔ အတိအက်ေျပာတာမ ဟုတ္ဘူးေနာ္။ စဥ္းစားၾကည့္တာပါ”ဟု ဦးထြန္းထြန္းဟိန္က ေျပာသည္။

ထုိ႔ျပင္ ေဆာင္းပါးတြင္ ေဖာ္ျပထားသည့္ ေဒၚေအာင္ဆန္းစုၾကည္သည္ သူမသမၼတျဖစ္ေရး ဆက္လက္ ၾကိဳးပမ္းေတာ့မည္မဟုတ္ဘဲ အစိုးအဖြဲ႔၀င္တဦးေနျဖင့္ အစိုးရကို ကိုင္တြယ္ထိန္းသိမ္းသြားမည္ဟူသည့္ သုံး သပ္ခ်က္ႏွင့္ ပတ္သက္၍ ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ ဥပေဒျပဳေရး၊ အစုိးရ ဖြဲ႔စည္းေရးႏွင့္ ပါတီ စသည့္ေနရာ ၃ ခုစလံုးအား ထိန္းခ်ဳပ္ႏုိင္မည့္ ေနရာတခုတြင္ ရိွေနလိမ့္မည္ဟု သုံးသပ္ထားၿပီး ယခင္က ေျပာဆိုထားသည့္အတိုင္း NLD က ႐ုပ္ျပသမၼတ တဦးကိုေရြးေကာက္တင္ေျမွာက္ျပီး သူမက သမၼအထက္မွာ ရွိေနမည္ ဟူသည့္ ေရးသားခ်က္ႏွင့္ ပတ္သက္၍လည္း “ ဒီဥစၥာကလည္း အစကတည္းက အန္တီေျပာထားၿပီးသားပဲ။ အဲဒီသုံးသပ္ခ်က္အတုိင္းေနမယ္လုိ႔ ေျပာထားၿပီးသားပါ။ သမၼတကုိ ေစာင့္ၾကည့္လုိ႔ရမဲ့ေနရာ ၊လႊတ္ေတာ္ကုိ ေစာင့္ၾကည့္လုိ႔ရမဲ့ေနရာ၊ ပါတီကုိ ေစာင့္ၾကည့္လုိ႔ရမဲ့ေနရာမွာ ေနလိမ့္မယ္လုိ႔ ယူဆပါတယ္”ဟု ဦးထြန္းထြန္းဟိန္က ေျပာသည္။

ယင္းအျပင္ တရား၀င္ ထုတ္ေဖာ္ေျပာၾကားမထားေသာ္လည္း NLD အေနႏွင့္ ဖြဲ႔စည္းပံုျပင္ဆင္ေရးကို ဆက္လက္ မ ၾကိဳးပမ္းေတာ့ဟူသည့္အခ်က္အား ဦးထြန္းထြန္းဟိန္က ျငင္းဆိုသည္။
“အဲဒါနဲ႔ ပတ္သက္လုိ႔ျဖစ္ႏုိင္ဖြယ္ သိပ္မရိွပါဘူး။ ကၽြန္ေတာ္တုိ႔ NLD က ဖြဲ႔စည္းပုံအေျခခံဥပေဒကုိ ျပင္မယ္ဆုိၿပီးေတာ့ ျပည္သူကုိ ကတိေပးၿပီးေတာ့ ေပၚေပါက္လာတဲ့ အစုိးရအဖြဲ႔ေလ။ အဲဒီအခ်က္ကုိ မေထာက္ခံပါဘူး။ ျပင္ဖုိ႔ႀကိဳးစားမွာပါ။ ဖြဲ႔စည္းပုံအေျခခံဥပေဒက ဒီမုိကေရစီစံႏႈန္းနဲ႔ မကုိက္ညီတာေတြ၊ တုိင္းျပည္ဖြံ႔ၿဖိဳးတုိးတက္ဖုိ႔အတြက္ မျဖစ္ႏုိင္တာေတြ၊ ေနာက္ၿပီးေတာ့ ၿငိမ္းခ်မ္းေရးအတြက္ အခက္အခဲရိွေနတာေတြ။ ဒါေတြ သိေနတာပဲ။ အဲဒီေတာ့ ဖြဲ႔စည္းပုံကုိ NLD က မျပင္ပါဘူးဆုိတဲ့ သုံးသပ္ခ်က္ဟာ မျဖစ္ႏုိင္ဘူးလုိ႔ ေျပာခ်င္ပါတယ္”ဟု ၎က ေျပာသည္။

မတ္လ ၃၀၊ ၃၁ ရက္မ်ားတြင္ အလႊဲအေျပာင္း ကိစၥမ်ားရွိျခင္း၊ ဧျပီ ရက္႐ွည္႐ုံးပိတ္ရက္မ်ားရွိေနျခင္းေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လႈိင္တို႔အၾကား ေဆြးေႏြးညွိႏႈိင္းမႈမ်ား ဧျပီလြန္မွ ဆက္လက္ လုပ္ေဆာင္မည္ဟုလည္း ဦးထြန္းထြန္းဟိန္က သံုးသပ္ေျပာၾကားသည္။

အဆိုပါ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ၈၈ မ်ဳိဆက္ ေက်ာင္းသားေခါင္းေဆာင္ကုိျမေအးက ေအာက္ပါအတိုင္း သုံးသပ္သည္။
“ဖြဲ႔စည္းပုံဆုိင္ရာ ကိစၥရပ္တစ္ခုကုိ ျပင္ခ်င္တယ္ဆုိရင္ ၇၅ ရာခုိင္ႏႈန္းအထက္ရမွ ျပင္လုိ႔ရမယ္ဆုိတာ အားလုံးသိ ၾက ပါ တယ္။ အဲေတာ့ ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ေရး၊မျဖစ္ေရးဆုိတဲ့ ကိစၥက အရမ္းအေရးႀကီး ေနပါတယ္။ ဘာ လုိ႔လဲဆုိေတာ့ လႊတ္ ေတာ္ဥကၠဌ ႏွစ္ေယာက္စလုံးကလည္း ေရြးခ်ယ္ၿပီးျဖစ္တယ္။ျမန္မာျပည္မွာ အျမင့္ဆုံးအာ ဏာအဖြဲ႔အစည္းက ကာလုံဗ်။ ကာ ကြယ္ေရးနဲ႔ လုံၿခံဳေရးေကာင္စီ။ အဲဒီေကာင္စီ ၁၁ ေယာက္တည္းမွာ ေဒၚေအာင္ ဆန္းစုၾကည္ပါဖုိ႔လုိတယ္လုိ႔ျမင္တယ္။ ေဒၚစုက ကာလုံမွာပါဖုိ႔ဆုိတာ သမၼတဆုိတဲ့ အေျခအေနန႔ဲျဖစ္မွရမယ္။ဒါမွ မဟုတ္ရင္ ႏုိင္ငံျခားေရး၀န္ႀကီးျဖစ္မွ ရမယ္။ ဒီအေျခေန ႏွစ္ရပ္ရိွတဲ့အထဲမွာ သမၼတျဖစ္ေရးက ၅၉-စ ဆုိင္းငံ့မလား၊ ျပင္ဖုိ႔ကေတာ့ မျဖစ္ႏုိင္ဘူး။ ဒီေလာက္အခ်ိန္ကာလနဲ႔ ဘယ္လုိမွ မျဖစ္ႏိုင္ဘူး။ အဲဒီအေျခအေနအေပၚမွာ ကာခ်ဳပ္နဲ႔ ေဆြးေႏြးခ်က္ေတြက ဒီကိစၥေတြ ပါေကာင္းပါႏုိင္မယ္လုိ႔ ခန္႔မွန္းလို႔ပဲရမယ္ေပါ့။ အကယ္၍ ၅၉-စ ဆုိင္းငံ့မ ေပးတဲ့အခါမွာ ေဒၚစုက သမၼတျဖစ္ႏုိင္တဲ့အေျခအေနမရိွေတာ့ဘူး ဆုိပါစုိ႔။ အဲဒါဆုိရင္ ေဒၚစုက ကာလုံထဲပါဖုိ႔ ႏုိင္ငံျခား ေရး ၀န္ႀကီးပဲ လုပ္ရေတာ့မယ့္ အေျခအေနျဖစ္မယ္။ အဲဒါဆုိရင္ ကုိးယုိ႔ကားယားႏုိင္ငံေရးျဖစ္စဥ္ ျဖစ္သြားလိမ့္မယ္။ အဲဒီအေပၚမွာ စုိးရိမ္တယ္။”

လင္းလင္းေအာင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
...........
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာနိုင်ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန် ပြောကြား
------ ------ ------ ------ ------
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာနိုင်ခြေရှိကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန် News Watch ဂျာနယ်သို့ မတ်လ ၁ ရက်နေ့က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်၌ ဖော်ပြခဲ့သည့် Larry Jagan ၏ Suu Kyi and Army Commander Strike Deal ဆောင်းပါးတွင် ဖော်ပြထားသည့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးနေရာ ရယူမည့် အ လားအလာရှိဆိုသည့်အချက်နှင့်ပတ်သက်၍ မေးမြန်းရာ ၄င်းက အထက်ပါအတိုင်း သုံးသပ်ပြခဲ့ခြင်းဖြစ်သည်။
“အဲဒါကတော့ ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကမ္ဘာနဲ့ နိုင်ငံတကာနဲ့ ဆက် ဆံရေးတွေ အများကြီး ပြုလုပ်ရမှာလေ။ အဲလို အဆက်ဆံပြုရမှာဆိုတော့ အဲဒီနေရာမှာ နေမယ်ဆိုရင် မြန်မာနိုင်ငံ အတွက် အကျိုးအများကြီး ဖြစ်ထွန်းစရာဖြစ်တဲ့ နေရာပေါ့။ ဒါပေမဲ့ အဲဒီနေရာမှာ ယူမယ်လို့ အတိအကျပြောတာမ ဟုတ်ဘူးနော်။ စဉ်းစားကြည့်တာပါ”ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။

ထို့ပြင် ဆောင်းပါးတွင် ဖော်ပြထားသည့် ဒေါ်အောင်ဆန်းစုကြည်သည် သူမသမ္မတဖြစ်ရေး ဆက်လက် ကြိုးပမ်းတော့မည်မဟုတ်ဘဲ အစိုးအဖွဲ့ဝင်တဦးနေဖြင့် အစိုးရကို ကိုင်တွယ်ထိန်းသိမ်းသွားမည်ဟူသည့် သုံး သပ်ချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဥပဒေပြုရေး၊ အစိုးရ ဖွဲ့စည်းရေးနှင့် ပါတီ စသည့်နေရာ ၃ ခုစလုံးအား ထိန်းချုပ်နိုင်မည့် နေရာတခုတွင် ရှိနေလိမ့်မည်ဟု သုံးသပ်ထားပြီး ယခင်က ပြောဆိုထားသည့်အတိုင်း NLD က ရုပ်ပြသမ္မတ တဦးကိုရွေးကောက်တင်မြှောက်ပြီး သူမက သမ္မအထက်မှာ ရှိနေမည် ဟူသည့် ရေးသားချက်နှင့် ပတ်သက်၍လည်း “ ဒီဥစ္စာကလည်း အစကတည်းက အန်တီပြောထားပြီးသားပဲ။ အဲဒီသုံးသပ်ချက်အတိုင်းနေမယ်လို့ ပြောထားပြီးသားပါ။ သမ္မတကို စောင့်ကြည့်လို့ရမဲ့နေရာ ၊လွှတ်တော်ကို စောင့်ကြည့်လို့ရမဲ့နေရာ၊ ပါတီကို စောင့်ကြည့်လို့ရမဲ့နေရာမှာ နေလိမ့်မယ်လို့ ယူဆပါတယ်”ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။

ယင်းအပြင် တရားဝင် ထုတ်ဖော်ပြောကြားမထားသော်လည်း NLD အနေနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆက်လက် မ ကြိုးပမ်းတော့ဟူသည့်အချက်အား ဦးထွန်းထွန်းဟိန်က ငြင်းဆိုသည်။
“အဲဒါနဲ့ ပတ်သက်လို့ဖြစ်နိုင်ဖွယ် သိပ်မရှိပါဘူး။ ကျွန်တော်တို့ NLD က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုပြီးတော့ ပြည်သူကို ကတိပေးပြီးတော့ ပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့လေ။ အဲဒီအချက်ကို မထောက်ခံပါဘူး။ ပြင်ဖို့ကြိုးစားမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာတွေ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မဖြစ်နိုင်တာတွေ၊ နောက်ပြီးတော့ ငြိမ်းချမ်းရေးအတွက် အခက်အခဲရှိနေတာတွေ။ ဒါတွေ သိနေတာပဲ။ အဲဒီတော့ ဖွဲ့စည်းပုံကို NLD က မပြင်ပါဘူးဆိုတဲ့ သုံးသပ်ချက်ဟာ မဖြစ်နိုင်ဘူးလို့ ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။

မတ်လ ၃၀၊ ၃၁ ရက်များတွင် အလွှဲအပြောင်း ကိစ္စများရှိခြင်း၊ ဧပြီ ရက်ရှည်ရုံးပိတ်ရက်များရှိနေခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ဧပြီလွန်မှ ဆက်လက် လုပ်ဆောင်မည်ဟုလည်း ဦးထွန်းထွန်းဟိန်က သုံးသပ်ပြောကြားသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ၈၈ မျိုဆက် ကျောင်းသားခေါင်းဆောင်ကိုမြအေးက အောက်ပါအတိုင်း သုံးသပ်သည်။
“ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်တစ်ခုကို ပြင်ချင်တယ်ဆိုရင် ရ၅ ရာခိုင်နှုန်းအထက်ရမှ ပြင်လို့ရမယ်ဆိုတာ အားလုံးသိ ကြ ပါ တယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊မဖြစ်ရေးဆိုတဲ့ ကိစ္စက အရမ်းအရေးကြီး နေပါတယ်။ ဘာ လို့လဲဆိုတော့ လွှတ် တော်ဥက္ကဌ နှစ်ယောက်စလုံးကလည်း ရွေးချယ်ပြီးဖြစ်တယ်။မြန်မာပြည်မှာ အမြင့်ဆုံးအာ ဏာအဖွဲ့အစည်းက ကာလုံဗျ။ ကာ ကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ။ အဲဒီကောင်စီ ၁၁ ယောက်တည်းမှာ ဒေါ်အောင် ဆန်းစုကြည်ပါဖို့လိုတယ်လို့မြင်တယ်။ ဒေါ်စုက ကာလုံမှာပါဖို့ဆိုတာ သမ္မတဆိုတဲ့ အခြေအနေနဲ့ဖြစ်မှရမယ်။ဒါမှ မဟုတ်ရင် နိုင်ငံခြားရေးဝန်ကြီးဖြစ်မှ ရမယ်။ ဒီအခြေနေ နှစ်ရပ်ရှိတဲ့အထဲမှာ သမ္မတဖြစ်ရေးက ၅၉-စ ဆိုင်းငံ့မလား၊ ပြင်ဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒီလောက်အချိန်ကာလနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီအခြေအနေအပေါ်မှာ ကာချုပ်နဲ့ ဆွေးနွေးချက်တွေက ဒီကိစ္စတွေ ပါကောင်းပါနိုင်မယ်လို့ ခန့်မှန်းလို့ပဲရမယ်ပေါ့။ အကယ်၍ ၅၉-စ ဆိုင်းငံ့မ ပေးတဲ့အခါမှာ ဒေါ်စုက သမ္မတဖြစ်နိုင်တဲ့အခြေအနေမရှိတော့ဘူး ဆိုပါစို့။ အဲဒါဆိုရင် ဒေါ်စုက ကာလုံထဲပါဖို့ နိုင်ငံခြား ရေး ၀န်ကြီးပဲ လုပ်ရတော့မယ့် အခြေအနေဖြစ်မယ်။ အဲဒါဆိုရင် ကိုးယို့ကားယားနိုင်ငံရေးဖြစ်စဉ် ဖြစ်သွားလိမ့်မယ်။ အဲဒီအပေါ်မှာ စိုးရိမ်တယ်။”

လင်းလင်းအောင်

No comments:

Post a Comment