Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 1, 2016

ျမန္မာလုပ္သားမ်ားနစ္နာေၾကး ေဒၚလာ ၁ သန္းေက်ာ္ ထုိင္းစက္႐ံု စတင္ေပး( မြန်မာလုပ်သားများနစ်နာကြေး ဒေါ်လာ ၁ သန်းကျော် ထိုင်းစက်ရုံ စတင်ပေး)

ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္မွာ အလုပ္သမားအခြင့္အေရးေတာင္းဆိုဆႏၵျပစဥ္
ထိုင္းႏိုင္ငံ စမြတ္ဆာခြန္ခ႐ိုင္မွာရွိတဲ့ Golden Prize ငါးေသတၱာစက္ရံုမွာ အလုပ္လုပ္ေနတဲ့ ျမန္မာအလုပ္သမား ၁၅၀၀ ခန္႔ဟာ အလုပ္ထုတ္ပစ္ခံရတာေတြ၊ လုပ္အားခ အျပည့္အ၀ မရတာေတြေၾကာင့္ အလုပ္ရွင္ကုိ တရားစဲြဆုိ အမႈဖြင့္ခဲ့တ့ဲ့အတြက္ အေမရိကန္ေဒၚလာ ၁ သန္းေက်ာ္ နစ္နာေၾကးေပးရန္ စက္႐ံုပိုင္ရွင္က ဒီကေန႔မွာ သေဘာတူလိုက္ၿပီး နစ္နာေၾကးေတြ ေပးေနဆဲျဖစ္ပါတယ္။ ထုိင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏိုင္ငံ စမြတ္ဆာခြန္ခရိုင္မွာရွိတဲ့ Golden Prize ငါးေသတၱာတမ်ိဳးတည္းကိုသာ ထုတ္လုပ္တဲ့ စက္ရံုမွာ ျမန္မာအလုပ္သမား ၁၅၀၀ ခန္႔နဲ႔ ထုိင္းအလုပ္သမား ၂၅၀ ခန္႔ရိွၿပီး အလုပ္သမားဥပေဒပါ အနိမ့္ဆံုးလုပ္အားခ မရတာေတြ တရားမွ်တမႈမရွိတဲ့ စည္းမ်ဥ္းစည္းကမ္းေတြ ထုတ္တာေၾကာင့္ဆုိကာ ၿပီးခဲ့တဲ့ႏို၀င္ဘာက ေထာင္နဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြ ဆႏၵျပခဲ့ၾကတာပါ။ ဒီေနာက္မွာေတာ့ နစ္နာေၾကးရဖို႔အတြက္ အလုပ္ရွင္ကို တရားစြဲဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီလ ၂၆ ရက္ေန႔ကလည္း အလုပ္မလုပ္ဘဲ ဆႏၵျပခဲ့တာေၾကာင့္ အဂၤါေန႔မွာ အလုပ္ရွင္က အလုပ္သမားေတြကို နစ္နာေၾကး အေမရိကန္ေဒၚလာ ၁ သန္းေက်ာ္ေပးဖို႔အတြက္ သေဘာတူခဲ့တယ္လို႔ အလုပ္သမားေတြကုိ ဥပေဒေၾကာင္းအရ အကူညီေပးခဲ့တဲ့  ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ယက္ရဲ ့ဒုဥကၠဌ ဦးေအာင္ေက်ာ္က ေျပာပါတယ္။

“အမွန္ကေတာ့ စက္႐ံုမွာရွိတဲ့ အလုပ္သမားက ျမန္မာႏုိင္ငံသားက ၁၅၀၀ ျဖစ္ၿပီး၊ ထုိင္းႏုိင္ငံသားက ၂၅၀ ေလာက္ရွိတယ္။ အဲေတာ့ ၁၇၅၀ ေလာက္ ရွိတဲ့ စက္႐ံုမွာ ဒီအလုပ္သမား ဥပေဒဆုိင္ရာ အခြင့္အေရးခ်ိဳးေဖာက္တာေပါ့။ လုပ္အားခက ၁ ရက္ ၃၀၀၊ OT အခ်ိန္ပို ၁ နာရီ ၅၆ ဆိုတာေတြ မသဲကြဲလို႔ က်ေနာ္က ျပန္ၿပီး တရားစြဲတဲ့အခါမွာ ထုိင္းဥပေဒအရ ေနာက္ေၾကာင္းျပန္ ၂ ႏွစ္စာ ျပန္ရပါတယ္။ အဲဒီ ေနာက္ေၾကာင္းျပန္ ၂ ႏွစ္စာကို ဒီလူဦးေရအားလံုးကို ေပးရမွာျဖစ္တဲ့အတြက္ေၾကာင့္ ၁၀၀ ရာခိုင္ႏႈန္း အလုပ္သမားေတြက ေတာင္းဆုိတဲ့အခါမွာ အဲ့မွာ ႏွစ္ဦးႏွစ္ဘက္ အလုပ္ရွင္ဘက္ကလည္း သူ တတ္ႏုိင္သေလာက္ ျပန္ညႇိႏႈိင္းလိုက္ေတာ့ ၆၅ ရာခိုင္ႏႈန္းနဲ႔ ျပတ္သြားပါတယ္။ အေမရိကန္ေဒၚလာနဲ႔ဆုိေတာ့ ၁ ဒႆမ ၃ သန္းေလာက္နဲ႔ ညီမွ်တယ္လို႔ ေျပာလို႔ရပါတယ္ခင္ဗ်။”

ဒီစက္႐ံုမွာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ၁၅၀၀ ခန္႔ အလုပ္လုပ္ေနၿပီး တေန႔လုပ္အားခ အခ်ိန္ပုိဆင္းခေတြဟာ ဥပေဒနဲ႔အညီ မရတဲ့အတြက္ တရားစဲြဆုိခဲ့တာ ျဖစ္ေၾကာင္းကုိလည္း ဆက္ေျပာျပပါတယ္။

“၁ ရက္ ၈ နာရီ အလုပ္လုပ္ရင္ ဘတ္ ၃၀၀ ေပးရမယ္။ ေနာက္ အခ်ိန္ပိုလုပ္လို႔ရွိရင္ ၁ နာရီကို ၅၆ ဘတ္နဲ႔ ၂၅ ျပား ေပးရမယ္လုိ႔ ဥပေဒမွာ သတ္မွတ္ထားေပမဲ့ အမွန္တကယ္ သူ ေပးခဲ့တာက ဘတ္ ၂၂၀ ကေန ၂၅၀ ၾကားမွာသာ သူ ေပးခဲ့ၿပီးေတာ့ အခ်ိန္ပိုေၾကးကိုလည္း ၂၅ ဘတ္နဲ႔ ဘတ္ ၃၀ ၾကားမွာပဲ ေပးခဲ့တဲ့အတြက္ေၾကာင့္ ဥပေဒအရ သိသာထင္ရွားစြာ ခ်ိဳးေဖာက္ေနတဲ့အတြက္ေၾကာင့္ ဒီအမႈကို က်ေနာ္တုိ႔ တရားစြဲလုိက္ျခင္း ျဖစ္ပါတယ္ခင္ဗ်။ နစ္နာေၾကး ျပန္လည္ရရွိဖို႔ ေတာင္းဆုိတဲ့အခါမွာ လူ တေယာက္နဲ႔တေယာက္က မတူဘူးခင္ဗ်။ လူ တေယာက္ရဲ႕ သူ႔ရဲ႕လုပ္သက္ရယ္၊ ေနာက္ အဲ့လူတေယာက္က တရက္ကို ပ်မ္းမွ်နာရီ ဘယ္ႏွစ္နာရီေလာက္ လုပ္ခဲ့သလဲဆုိတာ တေယာက္နဲ႔တေယာက္က မတူႏုိင္တဲ့အတြက္ေၾကာင့္ တေယာက္နဲ႔တေယာက္ ရတဲ့ ေငြေၾကးေလးေတြလည္း တတန္းတည္း မျဖစ္ဘူးခင္ဗ်။ ဥပမာ - မေန႔ညက က်ေနာ္တုိ႔ စၿပီးမွ ေငြေပးေခ်တဲ့အခါမွာ ည ၂ နာရီအထိကို ေငြလက္ငင္းစနစ္နဲ႔ ေပးေခ်ပါတယ္။ အဲဒီမွာ တေယာက္ကို ၅ ေသာင္း ၉ ေထာင္ေပးတာရွိသလို၊ ၆ ေသာင္းခြဲရွိတယ္၊ ၇ ေသာင္းခြဲရွိတယ္။ ၈ ေသာင္းေက်ာ္ရွိတယ္။ အဲဒါေတြအားလံုး အနီးစပ္ဆံုး ေပါင္းစပ္လုိက္ေတာ့ အေစာက က်ေနာ္ေျပာတဲ့ ၁.၃ သန္းဆိုတဲ့ အေမရိကန္ေဒၚလာနဲ႔ ညီမွ်တယ္လို႔ ေျပာျခင္းျဖစ္ပါတယ္ခင္ဗ်။”

ဒီစက္႐ံုမွာ ထုိင္းအလုပ္သမား၂၅၀ ခန္႔လည္း အလုပ္လုပ္ေနေပမဲ့ ဆႏၵေဖာ္ထုတ္တဲ့အခါမွာ ထုိင္းအလုပ္သမားေတြ မပါခဲ့ဘူးလို႔ ဆုိပါတယ္။ ဒါေပမဲ့ စက္႐ံုတခုလံုး နစ္နာေၾကးရဖို႔အတြက္ ျမန္မာေတြက ေတာင္းဆိုတဲ့အတြက္ ထုိင္းအလုပ္းသမားေတြပါ နစ္နာေၾကးရရွိၾကမွာ ျဖစ္တယ္လုိ႔လည္း ဦးေအာင္ေက်ာ္ က ဆုိပါတယ္။

“ဆႏၵျပတဲ့အင္အားထဲမွာေတာ့ ထုိင္းလူမ်ိဳးက တေယာက္မွ မပါလာပါဘူး။ သုိ႔ေသာ္ က်ေနာ္တုိ႔က အလုပ္သမားခ်င္း အတူတူျဖစ္တဲ့အတြက္ေၾကာင့္ ထုိင္းနဲ႔ျမန္မာလည္း တန္းတူရရမွာပဲဆုိၿပီး၊ က်ေနာ္တုိ႔ ျမန္မာေတြကပဲ ဦးေဆာင္ၿပီးမွ ထုိင္းလူမ်ိဳးေတြလည္း အခ်ိဳးေဖာက္ခံရတဲ့သူေတြ ရွိပါတယ္။ သူတုိ႔ကိုလည္း ေပးပါဆိုၿပီးေတာ့ ေတာင္းဆိုေပးလိုက္တ့ဲအတြက္ေၾကာင့္ ထုိင္းေတြလည္း ရရွိျခင္း ျဖစ္ပါတယ္ခင္ဗ်။”

လက္ရွိမွာေတာ့ ျမန္မာအလုပ္သမားေတြအတြက္ နစ္နာေၾကးေတြကုိ အဂၤါေန႔မနက္ အေစာႀကီးကတည္းက စတင္းေပးေဆာင္ေနၿပိီး အလုပ္သမား ေထာင္နဲ႔ခ်ီရွိတဲ့အတြက္ ေနာက္ရက္ေတြအထိ နစ္နာေၾကးေတြ ဆက္ေနရဦးမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ထုိင္းအလုပ္သမားေတြအတြက္လည္း နစ္နာေၾကးေပးဖို႔ ရက္သတ္မွတ္ေပးထားၿပီး ျမန္မာေတြနည္းတူ နစ္နာေၾကးရရွိသြားမွာ ျဖစ္ပါတယ္။ ထုိင္းႏုိ္င္ငံတြင္း ေရႊ႕ေျပာင္းအလုပ္သမား အနည္းဆံုး ၃ သန္းေက်ာ္ရွိတယ္လုိ႔ ႏွစ္ႏိုင္ငံအစိုးရေတြက ခန္႔မွန္းထားၿပီး တရားမ၀င္ အလုပ္သမားေတြ ေန႔စဥ္၀င္ေရာက္ေနတဲ့အတြက္ ဒီထက္မက ရွိႏုိင္တယ္လို႔လည္း ေရႊ႕ေျပာင္းအလုပ္သမားေရး လုပ္ေဆာင္ေနသူေတြက ဆုိပါတယ္။

ထုိ္င္းႏုိင္ငံမွာ အလုပ္လုပ္ခြင့္လက္မွတ္ေတြ သက္တမ္း ၈ ႏွစ္အထိ ဆက္လက္တုိးေပးမွာျဖစ္ၿပီး အလုပ္သမားေတြအေနနဲ႔ အလုပ္လုပ္ခြင့္လက္မွတ္ ရွိခဲ့ရင္ေတာ့ ဥပေဒပါအခြင့္အေရးေတြကို ရရွိခံစားရမွာျဖစ္တယ္လုိ႔ေတာ့ ထုိင္းနဲ႔ ျမန္မာ အစုိးရအဆင့္ေဆြးေႏြးပဲြေတြမွာ ထုိင္းအစိုးရဘက္က ေျပာဆုိထားပါတယ္။

မေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........
 ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ အလုပ်သမားအခွင့်အရေးတောင်းဆိုဆန္ဒပြစဉ်
ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်မှာရှိတဲ့ Golden Prize ငါးသေတ္တာစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၁၅၀၀ ခန့်ဟာ အလုပ်ထုတ်ပစ်ခံရတာတွေ၊ လုပ်အားခ အပြည့်အဝ မရတာတွေကြောင့် အလုပ်ရှင်ကို တရားစွဲဆို အမှုဖွင့်ခဲ့တဲ့့အတွက် အမေရိကန်ဒေါ်လာ ၁ သန်းကျော် နစ်နာကြေးပေးရန် စက်ရုံပိုင်ရှင်က ဒီကနေ့မှာ သဘောတူလိုက်ပြီး နစ်နာကြေးတွေ ပေးနေဆဲဖြစ်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်မှာရှိတဲ့ Golden Prize ငါးသေတ္တာတမျိုးတည်းကိုသာ ထုတ်လုပ်တဲ့ စက်ရုံမှာ မြန်မာအလုပ်သမား ၁၅၀၀ ခန့်နဲ့ ထိုင်းအလုပ်သမား ၂၅၀ ခန့်ရှိပြီး အလုပ်သမားဥပဒေပါ အနိမ့်ဆုံးလုပ်အားခ မရတာတွေ တရားမျှတမှုမရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်တာကြောင့်ဆိုကာ ပြီးခဲ့တဲ့နိုဝင်ဘာက ထောင်နဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ ဆန္ဒပြခဲ့ကြတာပါ။ ဒီနောက်မှာတော့ နစ်နာကြေးရဖို့အတွက် အလုပ်ရှင်ကို တရားစွဲဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့တာကြောင့် အင်္ဂါနေ့မှာ အလုပ်ရှင်က အလုပ်သမားတွေကို နစ်နာကြေး အမေရိကန်ဒေါ်လာ ၁ သန်းကျော်ပေးဖို့အတွက် သဘောတူခဲ့တယ်လို့ အလုပ်သမားတွေကို ဥပဒေကြောင်းအရ အကူညီပေးခဲ့တဲ့  ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်ရဲ ့ဒုဥက္ကဌ ဦးအောင်ကျော်က ပြောပါတယ်။

“အမှန်ကတော့ စက်ရုံမှာရှိတဲ့ အလုပ်သမားက မြန်မာနိုင်ငံသားက ၁၅၀၀ ဖြစ်ပြီး၊ ထိုင်းနိုင်ငံသားက ၂၅၀ လောက်ရှိတယ်။ အဲတော့ ၁၇၅၀ လောက် ရှိတဲ့ စက်ရုံမှာ ဒီအလုပ်သမား ဥပဒေဆိုင်ရာ အခွင့်အရေးချိုးဖောက်တာပေါ့။ လုပ်အားခက ၁ ရက် ၃၀၀၊ OT အချိန်ပို ၁ နာရီ ၅၆ ဆိုတာတွေ မသဲကွဲလို့ ကျနော်က ပြန်ပြီး တရားစွဲတဲ့အခါမှာ ထိုင်းဥပဒေအရ နောက်ကြောင်းပြန် ၂ နှစ်စာ ပြန်ရပါတယ်။ အဲဒီ နောက်ကြောင်းပြန် ၂ နှစ်စာကို ဒီလူဦးရေအားလုံးကို ပေးရမှာဖြစ်တဲ့အတွက်ကြောင့် ၁၀၀ ရာခိုင်နှုန်း အလုပ်သမားတွေက တောင်းဆိုတဲ့အခါမှာ အဲ့မှာ နှစ်ဦးနှစ်ဘက် အလုပ်ရှင်ဘက်ကလည်း သူ တတ်နိုင်သလောက် ပြန်ညှိနှိုင်းလိုက်တော့ ၆၅ ရာခိုင်နှုန်းနဲ့ ပြတ်သွားပါတယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုတော့ ၁ ဒဿမ ၃ သန်းလောက်နဲ့ ညီမျှတယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။”

ဒီစက်ရုံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀၀ ခန့် အလုပ်လုပ်နေပြီး တနေ့လုပ်အားခ အချိန်ပိုဆင်းခတွေဟာ ဥပဒေနဲ့အညီ မရတဲ့အတွက် တရားစွဲဆိုခဲ့တာ ဖြစ်ကြောင်းကိုလည်း ဆက်ပြောပြပါတယ်။

“၁ ရက် ၈ နာရီ အလုပ်လုပ်ရင် ဘတ် ၃၀၀ ပေးရမယ်။ နောက် အချိန်ပိုလုပ်လို့ရှိရင် ၁ နာရီကို ၅၆ ဘတ်နဲ့ ၂၅ ပြား ပေးရမယ်လို့ ဥပဒေမှာ သတ်မှတ်ထားပေမဲ့ အမှန်တကယ် သူ ပေးခဲ့တာက ဘတ် ၂၂၀ ကနေ ၂၅၀ ကြားမှာသာ သူ ပေးခဲ့ပြီးတော့ အချိန်ပိုကြေးကိုလည်း ၂၅ ဘတ်နဲ့ ဘတ် ၃၀ ကြားမှာပဲ ပေးခဲ့တဲ့အတွက်ကြောင့် ဥပဒေအရ သိသာထင်ရှားစွာ ချိုးဖောက်နေတဲ့အတွက်ကြောင့် ဒီအမှုကို ကျနော်တို့ တရားစွဲလိုက်ခြင်း ဖြစ်ပါတယ်ခင်ဗျ။ နစ်နာကြေး ပြန်လည်ရရှိဖို့ တောင်းဆိုတဲ့အခါမှာ လူ တယောက်နဲ့တယောက်က မတူဘူးခင်ဗျ။ လူ တယောက်ရဲ့ သူ့ရဲ့လုပ်သက်ရယ်၊ နောက် အဲ့လူတယောက်က တရက်ကို ပျမ်းမျှနာရီ ဘယ်နှစ်နာရီလောက် လုပ်ခဲ့သလဲဆိုတာ တယောက်နဲ့တယောက်က မတူနိုင်တဲ့အတွက်ကြောင့် တယောက်နဲ့တယောက် ရတဲ့ ငွေကြေးလေးတွေလည်း တတန်းတည်း မဖြစ်ဘူးခင်ဗျ။ ဥပမာ - မနေ့ညက ကျနော်တို့ စပြီးမှ ငွေပေးချေတဲ့အခါမှာ ည ၂ နာရီအထိကို ငွေလက်ငင်းစနစ်နဲ့ ပေးချေပါတယ်။ အဲဒီမှာ တယောက်ကို ၅ သောင်း ၉ ထောင်ပေးတာရှိသလို၊ ၆ သောင်းခွဲရှိတယ်၊ ရ သောင်းခွဲရှိတယ်။ ၈ သောင်းကျော်ရှိတယ်။ အဲဒါတွေအားလုံး အနီးစပ်ဆုံး ပေါင်းစပ်လိုက်တော့ အစောက ကျနော်ပြောတဲ့ ၁.၃ သန်းဆိုတဲ့ အမေရိကန်ဒေါ်လာနဲ့ ညီမျှတယ်လို့ ပြောခြင်းဖြစ်ပါတယ်ခင်ဗျ။”

ဒီစက်ရုံမှာ ထိုင်းအလုပ်သမား၂၅၀ ခန့်လည်း အလုပ်လုပ်နေပေမဲ့ ဆန္ဒဖော်ထုတ်တဲ့အခါမှာ ထိုင်းအလုပ်သမားတွေ မပါခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ စက်ရုံတခုလုံး နစ်နာကြေးရဖို့အတွက် မြန်မာတွေက တောင်းဆိုတဲ့အတွက် ထိုင်းအလုပ်းသမားတွေပါ နစ်နာကြေးရရှိကြမှာ ဖြစ်တယ်လို့လည်း ဦးအောင်ကျော် က ဆိုပါတယ်။

“ဆန္ဒပြတဲ့အင်အားထဲမှာတော့ ထိုင်းလူမျိုးက တယောက်မှ မပါလာပါဘူး။ သို့သော် ကျနော်တို့က အလုပ်သမားချင်း အတူတူဖြစ်တဲ့အတွက်ကြောင့် ထိုင်းနဲ့မြန်မာလည်း တန်းတူရရမှာပဲဆိုပြီး၊ ကျနော်တို့ မြန်မာတွေကပဲ ဦးဆောင်ပြီးမှ ထိုင်းလူမျိုးတွေလည်း အချိုးဖောက်ခံရတဲ့သူတွေ ရှိပါတယ်။ သူတို့ကိုလည်း ပေးပါဆိုပြီးတော့ တောင်းဆိုပေးလိုက်တဲ့အတွက်ကြောင့် ထိုင်းတွေလည်း ရရှိခြင်း ဖြစ်ပါတယ်ခင်ဗျ။”

လက်ရှိမှာတော့ မြန်မာအလုပ်သမားတွေအတွက် နစ်နာကြေးတွေကို အင်္ဂါနေ့မနက် အစောကြီးကတည်းက စတင်းပေးဆောင်နေပြိီး အလုပ်သမား ထောင်နဲ့ချီရှိတဲ့အတွက် နောက်ရက်တွေအထိ နစ်နာကြေးတွေ ဆက်နေရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းအလုပ်သမားတွေအတွက်လည်း နစ်နာကြေးပေးဖို့ ရက်သတ်မှတ်ပေးထားပြီး မြန်မာတွေနည်းတူ နစ်နာကြေးရရှိသွားမှာ ဖြစ်ပါတယ်။ ထိုင်းနို်င်ငံတွင်း ရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၃ သန်းကျော်ရှိတယ်လို့ နှစ်နိုင်ငံအစိုးရတွေက ခန့်မှန်းထားပြီး တရားမဝင် အလုပ်သမားတွေ နေ့စဉ်ဝင်ရောက်နေတဲ့အတွက် ဒီထက်မက ရှိနိုင်တယ်လို့လည်း ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေသူတွေက ဆိုပါတယ်။

ထို်င်းနိုင်ငံမှာ အလုပ်လုပ်ခွင့်လက်မှတ်တွေ သက်တမ်း ၈ နှစ်အထိ ဆက်လက်တိုးပေးမှာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ခွင့်လက်မှတ် ရှိခဲ့ရင်တော့ ဥပဒေပါအခွင့်အရေးတွေကို ရရှိခံစားရမှာဖြစ်တယ်လို့တော့ ထိုင်းနဲ့ မြန်မာ အစိုးရအဆင့်ဆွေးနွေးပွဲတွေမှာ ထိုင်းအစိုးရဘက်က ပြောဆိုထားပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment