Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 7, 2016

အမ်ိဳးသားအက်ိဳးစီးပြားအတြက္ ဒုသမၼတလုပ္မည္ဟု သူရသက္ေဆြေျပာ

သတင္း  ျပည္တြင္း  ႏိုင္ငံေရး
မင္းမင္း

(ဓာတ္ပံု- မင္းမင္း/မဇၩိမ)

ေနျပည္ေတာ္(မတ္လ ၈ရက္)။ ။ ကမ္းလွမ္းလာပါက အမ်ိဳးသားအက်ိဳးစီးပြားအတြက္ ဒုသမၼတတာဝန္ကိုထမ္းေဆာင္မည္ဟု တပ္မေတာ္သားအမတ္မ်ားက အဆိုျပဳမည့္ ဒုတိယသမၼေလာင္းအျဖစ္ နာမည္ထြက္ေနသူ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း သူရသက္ေဆြက ေျပာဆိုလိုက္သည္။

“ကမ္းလွမ္းလာတဲ့အခါက်ေတာ့လည္း အမ်ိဳးသားအက်ိဳးစီးပြားအတြက္ လုပ္ရမွာေပါ့” ဟု ဒုသမၼတရာထူးကို ရည္ညႊန္းကာ သူရသက္ေဆြက မတ္လ ၈ရက္၊ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးအၿပီးတြင္ ေျပာသည္။

သို႔ေသာ္ ဒုတိယသမၼတအျဖစ္ တာဝန္ထမ္းေဆာင္ရန္အတြက္ တပ္မေတာ္မွ တရားဝင္ကမ္းလွမ္းထားျခင္းမရွိေသးဟု သူရသက္ေဆြက ဆိုကာ သတင္းထြက္ေပၚေနမႈမ်ားအေပၚ အတည္မျပဳခဲ့ေပ။

“ကမ္းလွမ္းမႈလည္း မရွိေသးဘူး။ အတည္မျပဳႏုိင္ပါဘူး” ဟု ၎က ေျပာသည္။

၂၀၀၈ဖြဲ႔စည္းပံုအေျခခံဥပေဒအရ တပ္မေတာ္ဘက္က တင္ေျမာက္မည့္ ဒုသမၼတတစ္ဦးအျဖစ္ ထင္ေၾကးေပးခံေနရသူ သူရသက္ေဆြသည္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ၾကီးရာထူးမွ အၿငိမ္းစားယူကာ ၂၀၁၅ႏိုဝင္ဘာေရြးေကာက္ပြဲတြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီကိုယ္စားျပဳကာ ကိုကိုးကၽြန္းၿမိဳ႕မွ ျပည္သူ႔လႊတ္ေတာ္အမတ္အျဖစ္ ေရြးေကာက္ပြဲဝင္ကာ အႏိုင္ရလာသူ ျဖစ္သည္။

သမၼတႏွင့္ ဒုတိယသမၼတမ်ားေရြးခ်ယ္တင္ေျမွာက္မည့္ လႊတ္ေတာ္အမတ္မ်ား၏ အစုအဖြဲ႔အလိုက္ အစည္းအေဝးမ်ားကို မတ္လ ၁၀ရက္တြင္ စတင္က်င္းပမည္ျဖစ္ၿပီး ဒုသမၼတေလာင္းအဆိုျပဳလႊာမ်ားကို မတ္လ ၈ရက္ျပည္သူ႔လႊတ္ေတာ္တြင္ လႊတ္ေတာ္အမတ္မ်ားက လႊတ္ေတာ္႐ံုးက ေဝငွထားၿပီျဖစ္သည္။

- See more at: http://mizzimaburmese.com/article/12058#sthash.pGWdgZXA.dpuf
........................
အမျိုးသားအကျိုးစီးပွားအတွက် ဒုသမ္မတလုပ်မည်ဟု သူရသက်ဆွေပြော
သတင်း  ပြည်တွင်း  နိုင်ငံရေး
မင်းမင်း

(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၈ရက်)။ ။ ကမ်းလှမ်းလာပါက အမျိုးသားအကျိုးစီးပွားအတွက် ဒုသမ္မတတာဝန်ကိုထမ်းဆောင်မည်ဟု တပ်မတော်သားအမတ်များက အဆိုပြုမည့် ဒုတိယသမ္မလောင်းအဖြစ် နာမည်ထွက်နေသူ ဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေက ပြောဆိုလိုက်သည်။

“ကမ်းလှမ်းလာတဲ့အခါကျတော့လည်း အမျိုးသားအကျိုးစီးပွားအတွက် လုပ်ရမှာပေါ့” ဟု ဒုသမ္မတရာထူးကို ရည်ညွှန်းကာ သူရသက်ဆွေက မတ်လ ၈ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောသည်။

သို့သော် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် တပ်မတော်မှ တရားဝင်ကမ်းလှမ်းထားခြင်းမရှိသေးဟု သူရသက်ဆွေက ဆိုကာ သတင်းထွက်ပေါ်နေမှုများအပေါ် အတည်မပြုခဲ့ပေ။

“ကမ်းလှမ်းမှုလည်း မရှိသေးဘူး။ အတည်မပြုနိုင်ပါဘူး” ဟု ၎င်းက ပြောသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ဘက်က တင်မြောက်မည့် ဒုသမ္မတတစ်ဦးအဖြစ် ထင်ကြေးပေးခံနေရသူ သူရသက်ဆွေသည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးရာထူးမှ အငြိမ်းစားယူကာ ၂၀၁၅နိုဝင်ဘာရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကာ ကိုကိုးကျွန်းမြို့မှ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက်ပွဲဝင်ကာ အနိုင်ရလာသူ ဖြစ်သည်။

သမ္မတနှင့် ဒုတိယသမ္မတများရွေးချယ်တင်မြှောက်မည့် လွှတ်တော်အမတ်များ၏ အစုအဖွဲ့အလိုက် အစည်းအဝေးများကို မတ်လ ၁၀ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဒုသမ္မတလောင်းအဆိုပြုလွှာများကို မတ်လ ၈ရက်ပြည်သူ့လွှတ်တော်တွင် လွှတ်တော်အမတ်များက လွှတ်တော်ရုံးက ဝေငှထားပြီဖြစ်သည်။



- See more at: http://mizzimaburmese.com/article/12058#sthash.pGWdgZXA.dpuf

No comments:

Post a Comment