Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 8, 2016

ေဒါက္တာ ေဇာ္ျမင့္ေမာင္ကို ေျပာေရးဆိုခြင့္ရွိသူအျဖစ္ ခန္႔အပ္ ( ဒေါက်တာ ဇော်မြင့်မောင်ကို ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ် )



အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ရဲ့ ပါတီမူ၀ါဒေတြနဲ႔ အသြင္ကူးေျပာင္းေရး ကိစၥရပ္ေတြ နဲ႔ပတ္သက္ၿပီး ေျပာေရးဆိုခြင့္ရွိသူအျဖစ္ ေဒၚေအာင္ဆန္းစုၾကည္အျပင္ မႏၱေလးတိုင္း ေဒသႀကီး အမရပူရၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ကို တိုးခ်ဲ႔ တာ၀န္ေပးအပ္လိုက္ေၾကာင္း ဒီေန႔ အန္အယ္လ္ဒီပါတီက ေၾကညာခ်က္ထုတ္လိုက္ပါတယ္။

ပါတီနဲ႔ပတ္သက္ၿပီး ေျပာလို႔ရတာေတြကို လြတ္လြတ္လပ္လပ္ ေျပာဆိုခြင့္ရွိတယ္လုိ႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္ေတာေဇာ္ျမင့္ေမာင္ က ေျပာပါတယ္။

"က်ေနာ္တို႔ ၆ ရက္ေန႔ကလုပ္တဲ့ CEC အစည္းအေဝးမွာ ခန္႔အပ္လိုက္တာပါ၊ ေျပာေရးဆိုခြင့္ရွိသူအျဖစ္ ထပ္တိုးၿပီးေတာ့ ခန္႔အပ္လိုက္တယ္ဆိုေတာ့ ပါတီနဲ႔ဆိုင္တဲ့ ကိစၥအားလံုးလည္း အက်ံဳးဝင္မယ္၊ က်ေနာ္တို႔အဖြဲ႔ခ်ဳပ္ရဲ႕မူဝါဒပိုင္းဆိုင္ရာေပါ့ဗ်ာ၊ လြတ္လြတ္လပ္လပ္ ေျပာပိုင္ခြင့္ရွိပါတယ္၊ က်ေနာ္တို႔က သတင္းစာရွင္းလင္းပြဲေတြဆိုရင္ အမလုပ္တာမ်ားပါတယ္၊ ဒါကေတာ့ သိခ်င္တာေတြရွိရင္ သတင္းေထာက္ေတြေမးရင္ က်ေနာ္ေျဖဖို႔ပါ"

အစိုးရတာ၀န္လဲႊေျပာင္းေရးကိစၥရပ္ေတြနဲ႔ ပါတီမူ၀ါဒေတြကို ပါတီဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ကသာ ေျပာေရးဆိုခြင့္ရွိတာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ဇန္န၀ါရီလ ၂၂ ရက္ေန႔က သတင္းထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ၿပီးခဲ့တဲ့ မတ္လ ၂ ရက္ေန႔က အန္အယ္လ္ဒီပါတီ လြႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔ဆံုရာမွာ မီဒီယာေတြအေပၚ ေျဖၾကားေနတာေတြကို သတိေပးေျပာၾကားထားပါတယ္။

ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ လြန္ခဲ့တဲ့ ၁၉၉၀ ေရြးေကာက္ပဲြ၊ ၂၀၁၂ ၾကားျဖတ္ ေရြးေကာက္ပဲြနဲ႔ ၂၀၁၅ ေရြးေကာက္ပဲြတုိ႔မွာ အန္အယ္လ္ဒီပါတီကုိယ္စားလွယ္အျဖစ္ အႏုိင္ရရွိခဲ့သူျဖစ္ၿပီး ပါတီရဲ့ ဗဟိုအလုပ္အမႈေဆာင္တစ္ဦး ျဖစ္ပါတယ္။ ဒါ့အျပင္ မႏၱေလးတုိင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ တာ၀န္ေပးအပ္ခံရမယ္လို႔ နာမည္ထြက္ေနသူလည္း ျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
.............


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပါတီမူဝါဒတွေနဲ့ အသွင်ကူးပြောင်းရေး ကိစ္စရပ်တွေ နဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူအဖြစ် ဒေါ်အောင်ဆန်းစုကြည်အပြင် မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်ကို တိုးချဲ့ တာဝန်ပေးအပ်လိုက်ကြောင်း ဒီနေ့ အန်အယ်လ်ဒီပါတီက ကြေညာချက်ထုတ်လိုက်ပါတယ်။

ပါတီနဲ့ပတ်သက်ပြီး ပြောလို့ရတာတွေကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရှိတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တောဇော်မြင့်မောင် က ပြောပါတယ်။

"ကျနော်တို့ ၆ ရက်နေ့ကလုပ်တဲ့ CEC အစည်းအဝေးမှာ ခန့်အပ်လိုက်တာပါ၊ ပြောရေးဆိုခွင့်ရှိသူအဖြစ် ထပ်တိုးပြီးတော့ ခန့်အပ်လိုက်တယ်ဆိုတော့ ပါတီနဲ့ဆိုင်တဲ့ ကိစ္စအားလုံးလည်း အကျုံးဝင်မယ်၊ ကျနော်တို့အဖွဲ့ချုပ်ရဲ့မူဝါဒပိုင်းဆိုင်ရာပေါ့ဗျာ၊ လွတ်လွတ်လပ်လပ် ပြောပိုင်ခွင့်ရှိပါတယ်၊ ကျနော်တို့က သတင်းစာရှင်းလင်းပွဲတွေဆိုရင် အမလုပ်တာများပါတယ်၊ ဒါကတော့ သိချင်တာတွေရှိရင် သတင်းထောက်တွေမေးရင် ကျနော်ဖြေဖို့ပါ"

အစိုးရတာဝန်လွှဲပြောင်းရေးကိစ္စရပ်တွေနဲ့ ပါတီမူဝါဒတွေကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကသာ ပြောရေးဆိုခွင့်ရှိတာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က အန်အယ်လ်ဒီပါတီ လွွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ မီဒီယာတွေအပေါ် ဖြေကြားနေတာတွေကို သတိပေးပြောကြားထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ လွန်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတို့မှာ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူဖြစ်ပြီး ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် တာဝန်ပေးအပ်ခံရမယ်လို့ နာမည်ထွက်နေသူလည်း ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

No comments:

Post a Comment