Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 7, 2016

မနီလာသိန္း က ဂုဏ္သိကၡာ ထိခုိက္ေစမွဳနဲ႕ ရဲစခန္းမွဴးကုိတရားစြဲဖုိ႕ေလ်ာက္ထားေပမယ္႕ ဒုတိယအၾကိမ္ရုံးခ်ိန္းမွာျပန္ေလ်ာက္ထားဖုိ႕ တရားသူၾကီး ဆုံးျဖတ္

ရန္ကုန္ မတ္ ၇ - မနီလာသိန္းဟာ သူ႕ကုိ တရားခံေျပးအျဖစ္ ေၾကညာခဲ႕တဲ႕ မရမ္းကုန္းၿမိဳ႕နယ္ ရဲစခန္းမွဴးကို ျပန္လည္ တရားစြဲဆိုဖို႕ ေလွ်ာက္ထားခဲ့ေပမယ့္ တရားသူႀကီးက ဒုတိယအႀကိမ္ရံုးခ်ိန္(မတ္လ ၂၁ ရက္)မွာ ျပန္လည္ေလွ်ာက္ထားဖို႕ အမိန္႕ ခ်မွတ္လုိက္တယ္လုိ႕သိရပါတယ္။
မနီလာသိန္းကတရားစြဲဆုိခံထားရေပမယ္႕ ေန႕စဥ္ေနအိမ္နဲ႕ရုံးပုံမွန္သြားလာေနတာကုိ မရမ္းကုန္းၿမိဳ႕နယ္ ဘုရင့္ေနာင္ရဲစခန္းမွဴး တာ၀န္ရွိသူ ဦးသန္းဝင္း ကသိေပမယ္႕ တရားခံေျပးအျဖစ္ေၾကညာျပီး ဖမ္း၀ရမ္း ထုတ္ဂုဏ္သိကၡာထိခုိက္ေစခဲ႕တာေၾကာင္႕မနီလာသိန္းဘက္ကတရားျပန္လည္စြဲဆုိဖုိ႕ ဆုံးျဖတ္ခဲ႕တာျဖစ္ပါတယ္။
“ဒီေန႔ ရံုးခ်ိန္းမွာ တရားရံုးထိေရာက္ေအာင္ ဖမ္းဝရမ္းနဲ႕ေခၚလာတာဟာ လိမ္လည္လွည့္ဖ်ားၿပီးေတာ့ေခၚလာတာျဖစ္လို႕ တရားျပန္စြဲဖို႕တင္တယ္ အဲဒီလိုတင္တဲ့ အခါ အကိုတို႕ဘက္က ဘယ္လိုပုဒ္မေတြနဲ႕ တရားစြဲေပးပါ ဆိုၿပီး ေတာ့ တခါတည္း တင္လိုက္တယ္ တရားသူႀကီးက ဒီကိစၥကို စံုစမ္းေဖာ္ထုတ္အုန္းမွာျဖစ္တဲ့ အတြက္ အခုလို ပုဒ္မေတြနဲ႕ တင္တာကို သူအေန လုပ္မရေတာ့ ပုဒ္မေတြမပါပဲနဲ႕ ပံုစံေျပာင္းၿပီးေတာ့ တင္ေပးပါလို႕ေျပာတယ္ ဒါေၾကာင့္ ဒုတိယအႀကိမ္ ရံုးခ်ိန္းမွာ တရားသူႀကီး ေျပာတဲ့ ပံုစံအတိုင္းေျပာင္းတင္ၿပီးေတာ့ ေလ်ွာက္မယ္” လို႕ မနီလာသိန္းရဲ႕ အမ်ဳိးသား ကိုဂ်င္မီက ေျပာပါတယ္။
မနီလာသိန္းဟာ ၿပီးခဲ့တဲ့ ႏွစ္ ေဖေဖာ္ဝါရီလက သမိုင္းလမ္းဆံုမွာ လက္ပံတန္းေက်ာင္းသားသပိတ္ကို ေထာက္ခံဆႏၵျပခဲ့တဲ့ ပုဒ္မ ၁၈ နဲ႕ တရားစြဲဆိုခံရတာျဖစ္ပါတယ္။သူ႕ကုိ ေဖေဖာ္၀ါရီ၂၅ ရက္မွာ ၈၈ ရုံးခန္းမွာလာေရာက္္ဖမ္းဆီးေခၚေဆာင္ခဲ႕ျပီး အာမခံယူတာ၊ ခံဝန္ထိုးတာ၊ ဒဏ္ေငြေပးေဆာင္တာေတြကို လံုးဝမလုပ္ဘူးလုိ႕ ျငင္းဆုိခဲ႕တာေၾကာင္႕ အင္းစိန္အက်ဥ္းေထာင္ မွာ ခ်ဳပ္ေႏွာင္ခံထားရတာျဖစ္ပါတယ္။
ေန႕စဥ္အိမ္မွာပံုမွန္ေန၊ ရံုးပံုမွန္တတ္ေနတဲ့သူကို ဘယ္မွာရွိေနမွန္းသိလွ်က္ တရားခံေျပးအျဖစ္ ဖမ္း၀ရမ္းထုတ္တာဟာ တရားဥ ပေဒစိုးမိုးမႈ ဘယ္ေလာက္ကင္းမဲ့ေနသလဲဆိုတာကို ေဖာ္ျပလိုက္တာပဲ လို႕ ၈၈ မ်ဳိးဆက္ၿငိမ္းခ်မ္းေရးနဲ႕ ပြင့္လင္းလူအဖြဲ႕ အစည္း က မသင္ဇာက ေျပာပါတယ္။
Author/ေမစုၾကည္

Kumudra

................
မနီလာသိန်း က ဂုဏ်သိက္ခာ ထိခိုက်စေမှုနဲ့ ရဲစခန်းမှူးကိုတရားစွဲဖို့လျောက်ထားပေမယ့်
ဒုတိယအကြိမ်ရုံးချိန်းမှာပြန်လျောက်ထားဖို့ တရားသူကြီး ဆုံးဖြတ်
ရန်ကုန် မတ် ရ - မနီလာသိန်းဟာ သူ့ကို တရားခံပြေးအဖြစ် ကြေညာခဲ့တဲ့ မရမ်းကုန်းမြို့နယ် ရဲစခန်းမှူးကို ပြန်လည် တရားစွဲဆိုဖို့ လျှောက်ထားခဲ့ပေမယ့် တရားသူကြီးက ဒုတိယအကြိမ်ရုံးချိန်(မတ်လ ၂၁ ရက်)မှာ ပြန်လည်လျှောက်ထားဖို့ အမိန့် ချမှတ်လိုက်တယ်လို့သိရပါတယ်။
မနီလာသိန်းကတရားစွဲဆိုခံထားရပေမယ့် နေ့စဉ်နေအိမ်နဲ့ရုံးပုံမှန်သွားလာနေတာကို မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ရဲစခန်းမှူး တာဝန်ရှိသူ ဦးသန်းဝင်း ကသိပေမယ့် တရားခံပြေးအဖြစ်ကြေညာပြီး ဖမ်းဝရမ်း ထုတ်ဂုဏ်သိက္ခာထိခိုက်စေခဲ့တာကြောင့်မနီလာသိန်းဘက်ကတရားပြန်လည်စွဲဆိုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
“ဒီနေ့ ရုံးချိန်းမှာ တရားရုံးထိရောက်အောင် ဖမ်းဝရမ်းနဲ့ခေါ်လာတာဟာ လိမ်လည်လှည့်ဖျားပြီးတော့ခေါ်လာတာဖြစ်လို့ တရားပြန်စွဲဖို့တင်တယ် အဲဒီလိုတင်တဲ့ အခါ အကိုတို့ဘက်က ဘယ်လိုပုဒ်မတွေနဲ့ တရားစွဲပေးပါ ဆိုပြီး တော့ တခါတည်း တင်လိုက်တယ် တရားသူကြီးက ဒီကိစ္စကို စုံစမ်းဖော်ထုတ်အုန်းမှာဖြစ်တဲ့ အတွက် အခုလို ပုဒ်မတွေနဲ့ တင်တာကို သူအနေ လုပ်မရတော့ ပုဒ်မတွေမပါပဲနဲ့ ပုံစံပြောင်းပြီးတော့ တင်ပေးပါလို့ပြောတယ် ဒါကြောင့် ဒုတိယအကြိမ် ရုံးချိန်းမှာ တရားသူကြီး ပြောတဲ့ ပုံစံအတိုင်းပြောင်းတင်ပြီးတော့ လျှောက်မယ်” လို့ မနီလာသိန်းရဲ့ အမျိုးသား ကိုဂျင်မီက ပြောပါတယ်။
မနီလာသိန်းဟာ ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလက သမိုင်းလမ်းဆုံမှာ လက်ပံတန်းကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြခဲ့တဲ့ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံရတာဖြစ်ပါတယ်။သူ့ကို ဖေဖော်ဝါရီ၂၅ ရက်မှာ ၈၈ ရုံးခန်းမှာလာရောက််ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး အာမခံယူတာ၊ ခံဝန်ထိုးတာ၊ ဒဏ်ငွေပေးဆောင်တာတွေကို လုံးဝမလုပ်ဘူးလို့ ငြင်းဆိုခဲ့တာကြောင့် အင်းစိန်အကျဉ်းထောင် မှာ ချုပ်နှောင်ခံထားရတာဖြစ်ပါတယ်။
နေ့စဉ်အိမ်မှာပုံမှန်နေ၊ ရုံးပုံမှန်တတ်နေတဲ့သူကို ဘယ်မှာရှိနေမှန်းသိလျှက် တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်တာဟာ တရားဥ ပဒေစိုးမိုးမှု ဘယ်လောက်ကင်းမဲ့နေသလဲဆိုတာကို ဖော်ပြလိုက်တာပဲ လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့ အစည်း က မသင်ဇာက ပြောပါတယ်။
Author/မေစုကြည်

Kumudra



No comments:

Post a Comment