Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 23, 2016

စစ္တပ္ႏွင့္ အက်ိဳးစီးပြား ဆက္စပ္ေနသည့္ ၀န္ႀကီးဌာနမ်ား ေပါင္းစည္းသြားမႈအေပၚ စုိးရိမ္မႈမ်ား ရွိေနဟု ဆုိ



ႏုိင္ငံေတာ္ သမၼတအျဖစ္ ေရြးခ်ယ္ခံထားရသည့္ ဦးထင္ေက်ာ္က အစုိးရသစ္ လက္ထက္တြင္ ပုိမုိ ထိေရာက္စြာ လုပ္ငန္း ေဆာင္ရြက္ႏုိင္ေရးအတြက္ ၀န္ႀကီးဌာန အေရအတြက္အား လက္ရွိ ၃၆ ခုမွ ၂၁ ခု အထိ ေလွ်ာ့ခ်ထားၿပီး လ်ာထားသည့္ ၀န္ႀကီး ၁၈ ဦးစာရင္းကုိ ျပည္ေထာင္စုလႊတ္ေတာ္သုိ႔ တင္သြင္းခဲ့ၿပီး ျဖစ္သည္။ ဦးထင္ေက်ာ္၏ အဆုိျပဳမႈတြင္ လုပ္ငန္းသဘာ၀ခ်င္း နီးစပ္ တူညီမႈရွိသည့္ ၀န္ႀကီးဌာနမ်ားကုိ ေပါင္းစပ္ ဖြဲ႕စည္းထားသည္။

သုိ႔ေသာ္ ထုိသုိ႔ ၀န္ႀကီးဌာန ဖြဲ႕စည္းပံုမ်ား ေျပာင္းလဲျခင္းက စစ္တပ္၏ အက်ဳိးစီးပြားကုိ ထိခုိက္ေစႏုိင္ၿပီး တင္းမာမႈမ်ား ျဖစ္ေပၚလာႏုိင္သည္ဟု ေလ့လာသူမ်ားက ဆုိသည္။ စစ္တပ္ႏွင့္ နီးစပ္သည့္ စီးပြားေရး အဖြဲ႕အစည္းမ်ားအတြက္ သစ္ေတာႏွင့္ သတၱဳတြင္းလုပ္ငန္းမ်ားက အက်ဳိးအျမတ္ မ်ားစြာ ျဖစ္ထြန္းေစလ်က္ ရွိသည္။ အစုိးရသစ္ လက္ထက္တြင္ သတၱဳတြင္း ၀န္ႀကီးဌာနအား သစ္ေတာႏွင့္ ပတ္၀န္းက်င္ ထိန္းသိမ္းေရး ၀န္ႀကီးဌာနႏွင့္ ေပါင္းစပ္မည္ျဖစ္သည္။

NLD သည္ သယံဇာတ လုပ္ငန္းတြင္ တရားဥပေဒ စုိးမုိးမႈရွိေစရန္ ေဆာင္ရြက္မည္ဟု ေရြးေကာက္ပြဲ မတုိင္မီ ကတည္းက ေျပာၾကားထားသျဖင့္ ထုိျပဳျပင္ေျပာင္းလဲမႈမ်ားက စစ္တပ္၏ အက်ဳိးစီးပြားကုိ ေလ်ာ့က်ေစႏုိင္မည္ ျဖစ္သည္။ ယင္းတုိ႔၏ အက်ဳိးစီးပြားႏွင့္ ယွဥ္လာပါက အထိခံမည္ မဟုတ္ေပ။ စစ္တပ္ ပါ၀င္ပတ္သက္မႈရွိသည့္ ေၾကးနီစီမံကိန္းႏွင့္ ပတ္သက္၍ ၿပီးခဲ့သည့္လအတြင္း NLD အမတ္တစ္ဦးက လႊတ္ေတာ္တြင္ ေဆြးေႏြးစဥ္ တပ္မေတာ္သား ကုိယ္စားလွယ္မ်ားအားလုံး၏ မတ္တတ္ရပ္ ကန္႔ကြက္ျခင္းကုိ ခံခဲ့သည္။ အဆုိပါ အမတ္ ေဆြးေႏြးသည့္ အခ်က္အလက္မ်ားကုိလည္း လႊတ္ေတာ္တြင္ မွတ္တမ္းမတင္ရင္ တပ္မေတာ္သားကုိယ္စားလွယ္ အစုအဖဲြ႕က ျပည္သူ႔လႊတ္ေတာ္ ဥကၠဌထံ စာေရးေတာင္းဆုိခဲ့ၾကသည္။

စစ္အစုိးရေခတ္ အေျခခံဥပေဒအရ စစ္တပ္သည္ အမတ္ေနရာ ေလးပံုတစ္ပံုကုိ ရယူထားၿပီး အေရးပါသည့္ ၀န္ႀကီးသံုးဦး ခန္႔အပ္ခြင့္သည့္ စစ္တပ္ႏွင့္ NLD တုိ႔ သေဘာထား ကဲြလြဲမႈ ႀကီးမားလာပါက အစုိးရအဖြဲ႕အတြင္း အျငင္းပြားမႈမ်ား ျဖစ္ေပၚလာမည္ကုိ စုိးရိမ္မႈမ်ား ရွိသည္ဟု ေလ႔လာသူမ်ားက ဆုိသည္။ ျမန္မာႏုိင္ငံတြင္ နွစ္ ငါးဆယ္ၾကာ စစ္တပ္အုပ္ခ်ဳပ္မႈေၾကာင့္ ျဖစ္ေပၚခဲ့သည့္ ကြဲျပားမႈမ်ားကုိ တံတားထုိးေပးႏုိင္မည့္ အမ်ဳိးသား ရင္ၾကားေစ့ေရး အစုိးရတစ္ရပ္ကုိ ဖြဲ႕စည္းရန္ စီစဥ္ထားသည္ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။

၀ါရင့္ ပါတီ၀င္တစ္ဦးက “ေဒၚေအာင္ဆန္းစုၾကည္ဟာ အမ်ဳိးသား ရင္ၾကားေစ့ေရးအတြက္ စစ္တပ္နဲ႔ ညိွႏိႈင္းဖုိ႔ အျပင္းအထန္ ႀကဳိးစားခဲ့ပါတယ္။ ဒါေပမဲ့ သူတုိ႔က ကၽြန္ေတာ္တုိ႔ကုိ မယံုပါဘူး။ ဦးျမင့္ေဆြကုိ ေရြးခ်ယ္တာက သူတုိ႔ အက်ဳိးစီးပြားကုိ ကာကြယ္ဖုိ႔ ေနာက္ဆံုး ေဆာင္ရြက္မႈပါ” ဟု ေျပာၾကားခဲ့သည္။

ေရြးေကာက္ပြဲ အႏုိင္ရထားသည့္ NLD က ပြင့္လင္းျမင္သာမႈရွိၿပီး ထိေရာက္သည့္ အစုိးရတစ္ရပ္ ဖြဲ႕စည္းမည္ဟု ကတိျပဳထားသည္။ ထုိအဆုိျပဳထားသည့္ အစုိးရအဖြဲ႕ ဖြဲ႕စည္းပံု ျပဳျပင္ေျပာင္းလဲျခင္းက အစုိးရသစ္၏ စြမ္းေဆာင္ရည္ကုိ ျမင္ေတြ႕ႏုိင္မည့္ အခြင့္အေရး ျဖစ္သည္။ ၀န္ႀကီးဌာနမ်ား ေပါင္းစပ္လုိက္သျဖင့္ ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ရာတြင္ ပုိမုိလြယ္ကူလာမည္ဟု ေလ႔လာသူမ်ားက ဆုိသည္။

NLD ၏ ေျပာခြင့္ရပုဂိၢဳလ္ ဦးေဇာ္ျမင့္ေမာင္က “စစ္တပ္က ဘယ္လုိပဲ ဆံုးျဖတ္သည္ျဖစ္ေစ ကၽြန္ေတာ္တုိ႔က အမ်ဳိးသား ရင္ၾကားေစ့ေရး မူ၀ါဒကုိ ကုိင္ဆြဲသြားမွာပါ” ဟု ေျပာၾကားခဲ့သည္။

KHTun
The Ladies News
https://www.facebook.com/News.TheLadies
......................


နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဦးထင်ကျော်က အစိုးရသစ် လက်ထက်တွင် ပိုမို ထိရောက်စွာ လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ၀န်ကြီးဌာန အရေအတွက်အား လက်ရှိ ၃၆ ခုမှ ၂၁ ခု အထိ လျှော့ချထားပြီး လျာထားသည့် ၀န်ကြီး ၁၈ ဦးစာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ဖြစ်သည်။ ဦးထင်ကျော်၏ အဆိုပြုမှုတွင် လုပ်ငန်းသဘာဝချင်း နီးစပ် တူညီမှုရှိသည့် ၀န်ကြီးဌာနများကို ပေါင်းစပ် ဖွဲ့စည်းထားသည်။

သို့သော် ထိုသို့ ၀န်ကြီးဌာန ဖွဲ့စည်းပုံများ ပြောင်းလဲခြင်းက စစ်တပ်၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်ပြီး တင်းမာမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု လေ့လာသူများက ဆိုသည်။ စစ်တပ်နှင့် နီးစပ်သည့် စီးပွားရေး အဖွဲ့အစည်းများအတွက် သစ်တောနှင့် သတ္တုတွင်းလုပ်ငန်းများက အကျိုးအမြတ် များစွာ ဖြစ်ထွန်းစေလျက် ရှိသည်။ အစိုးရသစ် လက်ထက်တွင် သတ္တုတွင်း ၀န်ကြီးဌာနအား သစ်တောနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနနှင့် ပေါင်းစပ်မည်ဖြစ်သည်။

NLD သည် သယံဇာတ လုပ်ငန်းတွင် တရားဥပဒေ စိုးမိုးမှုရှိစေရန် ဆောင်ရွက်မည်ဟု ရွေးကောက်ပွဲ မတိုင်မီ ကတည်းက ပြောကြားထားသဖြင့် ထိုပြုပြင်ပြောင်းလဲမှုများက စစ်တပ်၏ အကျိုးစီးပွားကို လျော့ကျစေနိုင်မည် ဖြစ်သည်။ ယင်းတို့၏ အကျိုးစီးပွားနှင့် ယှဉ်လာပါက အထိခံမည် မဟုတ်ပေ။ စစ်တပ် ပါ၀င်ပတ်သက်မှုရှိသည့် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ပြီးခဲ့သည့်လအတွင်း NLD အမတ်တစ်ဦးက လွှတ်တော်တွင် ဆွေးနွေးစဉ် တပ်မတော်သား ကိုယ်စားလှယ်များအားလုံး၏ မတ်တတ်ရပ် ကန့်ကွက်ခြင်းကို ခံခဲ့သည်။ အဆိုပါ အမတ် ဆွေးနွေးသည့် အချက်အလက်များကိုလည်း လွှတ်တော်တွင် မှတ်တမ်းမတင်ရင် တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က ပြည်သူ့လွှတ်တော် ဥက္ကဌထံ စာရေးတောင်းဆိုခဲ့ကြသည်။

စစ်အစိုးရခေတ် အခြေခံဥပဒေအရ စစ်တပ်သည် အမတ်နေရာ လေးပုံတစ်ပုံကို ရယူထားပြီး အရေးပါသည့် ၀န်ကြီးသုံးဦး ခန့်အပ်ခွင့်သည့် စစ်တပ်နှင့် NLD တို့ သဘောထား ကွဲလွဲမှု ကြီးမားလာပါက အစိုးရအဖွဲ့အတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများ ရှိသည်ဟု လေ့လာသူများက ဆိုသည်။ မြန်မာနိုင်ငံတွင် နှစ် ငါးဆယ်ကြာ စစ်တပ်အုပ်ချုပ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ကွဲပြားမှုများကို တံတားထိုးပေးနိုင်မည့် အမျိုးသား ရင်ကြားစေ့ရေး အစိုးရတစ်ရပ်ကို ဖွဲ့စည်းရန် စီစဉ်ထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၀ါရင့် ပါတီဝင်တစ်ဦးက “ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ရင်ကြားစေ့ရေးအတွက် စစ်တပ်နဲ့ ညှိနှိုင်းဖို့ အပြင်းအထန် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို မယုံပါဘူး။ ဦးမြင့်ဆွေကို ရွေးချယ်တာက သူတို့ အကျိုးစီးပွားကို ကာကွယ်ဖို့ နောက်ဆုံး ဆောင်ရွက်မှုပါ” ဟု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ အနိုင်ရထားသည့် NLD က ပွင့်လင်းမြင်သာမှုရှိပြီး ထိရောက်သည့် အစိုးရတစ်ရပ် ဖွဲ့စည်းမည်ဟု ကတိပြုထားသည်။ ထိုအဆိုပြုထားသည့် အစိုးရအဖွဲ့ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲခြင်းက အစိုးရသစ်၏ စွမ်းဆောင်ရည်ကို မြင်တွေ့နိုင်မည့် အခွင့်အရေး ဖြစ်သည်။ ၀န်ကြီးဌာနများ ပေါင်းစပ်လိုက်သဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ပိုမိုလွယ်ကူလာမည်ဟု လေ့လာသူများက ဆိုသည်။

NLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်မြင့်မောင်က “စစ်တပ်က ဘယ်လိုပဲ ဆုံးဖြတ်သည်ဖြစ်စေ ကျွန်တော်တို့က အမျိုးသား ရင်ကြားစေ့ရေး မူဝါဒကို ကိုင်ဆွဲသွားမှာပါ” ဟု ပြောကြားခဲ့သည်။

KHTun
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment