Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 23, 2016

ခုႏွစ္ႏွစ္ေက်ာ္ ေလ့လာဆည္းပူးၿပီး စာတမ္းတင္ႏိုင္ခဲ့ျခင္းေၾကာင့္ PhD ဘြဲ႔ရခဲ့ ဟု ေဒါက္တာသန္းျမင့္ ေျပာ


မတ္-၂၃

အစိုးရသစ္လက္ထက္တြင္ ျပည္ေထာင္စုဝန္ႀကီးတစ္ေယာက္အျဖစ္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ တင္ျပ ေရြးခ်ယ္ခံထားရသည့္ လႈိင္သာယာမဲဆႏၵနယ္ ကိုယ္စားလွယ္ ေဒါက္တာသန္းျမင့္အား ဘြဲ႔လက္မွတ္ အတုျပဳ လုပ္ခဲ့ၿပီး ၄င္းတက္ခဲ့သည့္ တကၠသိုလ္သည္လည္း အမွန္တကယ္မရွိေၾကာင္း ထြက္ေပၚေနေသာ သတင္းမွာ ေကာလဟာလသာျဖစ္ေၾကာင္း The Ladies ကိုေျပာသည္။

“ ၇ ႏွစ္လံုးလံုး PhD မွာအပတ္တကုတ္ႀကိဳးစားခဲ့တယ္၊ ကၽြန္ေတာ့္စာတမ္းကို ႀကိဳက္တဲ့တကၠသိုလ္ကဆရာႀကီး လာဖတ္ႏိုင္တယ္၊ comment ေပးႏိုင္တယ္၊ တကယ့္အဆင့္အတန္းမွီတဲ့ စာတမ္းအေနနဲ႔ ေဆာင္ရြက္ထားတာ” ဟု ေဒါက္တာသန္းျမင့္က ရွင္းျပသည္။



၄င္း PhD ဘြဲ႔ရရွိရန္ တင္သြင္းခဲ့သည့္စာတမ္းႏွင့္ ပတ္သက္ၿပီး မည့္သည့္အခ်ိန္မဆို အစစ္ေဆးခံႏိုင္ေၾကာင္း ႏွင့္ လာေရာက္ေလ့လာႏိုင္ေၾကာင္း ထပ္ေလာင္းေျပာသည္။

“ေက်ာင္းေတြသေဘာကေတာ့ ခၽြတ္ေခ်ာ္မႈေတာ့ျဖစ္ႏိုင္တာေပါ့၊ ေနာက္ပိုင္းမွ ေက်ာင္းက ပ်က္တာဆိုေတာ့ ဒီဘြဲ႔ကိုဖ်က္တယ္ဆိုလည္း မတတ္ႏိုင္ဘူးေလ၊ ကၽြန္ေတာ္ ရိုးရိုးသားသားလုပ္ခဲ့တာပဲ၊ ကၽြန္ေတာ္တစ္ေယာက္ ထဲလည္း မဟုတ္ဘူး၊ ပိုက္ဆံေပးလို႔ ရထားတာလည္းမဟုတ္ဘူး” ဟု ရွင္းျပသည္။
ေဒါက္တာသန္းျမင့္တက္ေရာက္ခဲ့သည့္ PACIFIC WESTERN UNIVERSITY တြင္ ျမန္မာႏိုင္ငံ မြန္ျပည္နယ္မွ ဆရာႀကီးႏိုင္ပန္းလွ လည္းတက္ေရာက္ေအာင္ျမင္ခဲ့ေၾကာင္း ၄င္းက ဆိုသည္။



“ပါတီအႀကီးအကဲေတြကို ဒီဘြဲ႔နဲ႔ပတ္သက္ၿပီး မူရင္းစာရြက္စာတမ္းေတြတင္ျပၿပီးၿပီ၊ မိတၱဴလည္း ေပးထားၿပီးပါၿပီ၊ အားလံုးအဆင္ေျပပါတယ္”ဟု ၄င္းကေျပာသည္။
ေဒါက္တာသန္းျမင့္သည္ PhD ဘြဲ႔ရရွိရန္ မာလာဝီႏိုင္ငံနဲ႔ ပတ္သက္ၿပီး ရိုးရာယဥ္ေက်းမႈ၊ ဓေလ့စရိုက္၊ လူမႈေရး၊ စီးပြားေရးမ်ားကို စာတမ္းျပဳစုခဲ့ျခင္းျဖစ္သည္။

ကိုေပါက္
The Ladies New
https://www.facebook.com/News.TheLadies/
..............


မတ်-၂၃

အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးတစ်ယောက်အဖြစ် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ ရွေးချယ်ခံထားရသည့် လှိုင်သာယာမဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါက်တာသန်းမြင့်အား ဘွဲ့လက်မှတ် အတုပြု လုပ်ခဲ့ပြီး ၄င်းတက်ခဲ့သည့် တက္ကသိုလ်သည်လည်း အမှန်တကယ်မရှိကြောင်း ထွက်ပေါ်နေသော သတင်းမှာ ကောလဟာလသာဖြစ်ကြောင်း The Ladies ကိုပြောသည်။

“ ရ နှစ်လုံးလုံး PhD မှာအပတ်တကုတ်ကြိုးစားခဲ့တယ်၊ ကျွန်တော့်စာတမ်းကို ကြိုက်တဲ့တက္ကသိုလ်ကဆရာကြီး လာဖတ်နိုင်တယ်၊ comment ပေးနိုင်တယ်၊ တကယ့်အဆင့်အတန်းမှီတဲ့ စာတမ်းအနေနဲ့ ဆောင်ရွက်ထားတာ” ဟု ဒေါက်တာသန်းမြင့်က ရှင်းပြသည်။


၄င်း PhD ဘွဲ့ရရှိရန် တင်သွင်းခဲ့သည့်စာတမ်းနှင့် ပတ်သက်ပြီး မည့်သည့်အချိန်မဆို အစစ်ဆေးခံနိုင်ကြောင်း နှင့် လာရောက်လေ့လာနိုင်ကြောင်း ထပ်လောင်းပြောသည်။

“ကျောင်းတွေသဘောကတော့ ချွတ်ချော်မှုတော့ဖြစ်နိုင်တာပေါ့၊ နောက်ပိုင်းမှ ကျောင်းက ပျက်တာဆိုတော့ ဒီဘွဲ့ကိုဖျက်တယ်ဆိုလည်း မတတ်နိုင်ဘူးလေ၊ ကျွန်တော် ရိုးရိုးသားသားလုပ်ခဲ့တာပဲ၊ ကျွန်တော်တစ်ယောက် ထဲလည်း မဟုတ်ဘူး၊ ပိုက်ဆံပေးလို့ ရထားတာလည်းမဟုတ်ဘူး” ဟု ရှင်းပြသည်။
ဒေါက်တာသန်းမြင့်တက်ရောက်ခဲ့သည့် PACIFIC WESTERN UNIVERSITY တွင် မြန်မာနိုင်ငံ မွန်ပြည်နယ်မှ ဆရာကြီးနိုင်ပန်းလှ လည်းတက်ရောက်အောင်မြင်ခဲ့ကြောင်း ၄င်းက ဆိုသည်။


“ပါတီအကြီးအကဲတွေကို ဒီဘွဲ့နဲ့ပတ်သက်ပြီး မူရင်းစာရွက်စာတမ်းတွေတင်ပြပြီးပြီ၊ မိတ္တူလည်း ပေးထားပြီးပါပြီ၊ အားလုံးအဆင်ပြေပါတယ်”ဟု ၄င်းကပြောသည်။
ဒေါက်တာသန်းမြင့်သည် PhD ဘွဲ့ရရှိရန် မာလာဝီနိုင်ငံနဲ့ ပတ်သက်ပြီး ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ လူမှုရေး၊ စီးပွားရေးများကို စာတမ်းပြုစုခဲ့ခြင်းဖြစ်သည်။

ကိုပေါက်
The Ladies New
https://www.facebook.com/News.TheLadies/

No comments:

Post a Comment