Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 23, 2016

ေဒၚေအာင္ဆန္းစုၾကည္က က်ဆံုးသြားတဲ့ နုိင္ငံေရး အက်ဥ္းသားေတြကို ဂုဏ္ျပဳ

နုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP တည္ေထာင္တဲ့ ၁၆ နွစ္ျပည့္ အခမ္းအနားကို မတ္လ ၂၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ေတာ္၀င္နွင္းဆီစားေသာက္ဆုိင္မွာ က်င္းပေနစဥ္။ Photo: Htet Arker/ RFA
က်ဆံုးသြားၾကတဲ့ နုိင္ငံေရးအက်ဥ္းသားေတြဟာ အျမင့္ဆံုး စြန္႕လႊတ္ၾကသူေတြ ျဖစ္ေၾကာင္းနဲ႔ သူတို႔မယံုၾကည္တဲ့အရာေတြကို အသက္စြန္႔ၿပီး အနစ္နာခံတဲ့ သူရဲေကာင္းေတြျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က က်ဆံုးသြားတဲ့ နုိင္ငံေရး အက်ဥ္းသားေတြကို ဂုဏ္ျပဳလုိက္ပါတယ္။

ရန္ကုန္ၿမိဳ႕ ေတာ္၀င္နွင္းဆီစားေသာက္ဆုိင္မွာ က်င္းပတဲ့ နုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP တည္ေထာင္တဲ့ ၁၆ နွစ္ျပည့္နဲ႔ နုိင္ငံေရး အက်ဥ္းသားေတြကို ဂုဏ္ျပဳတဲ့ပဲြကို ေဒၚေအာင္ဆန္းစုၾကည္က သ၀ဏ္လႊာေပးပို႔ခဲ့တာ ျဖစ္ပါတယ္။

အဲဒီသ၀ဏ္လႊာကို အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ဗဟိုေကာ္မတီ၀င္ ေဒၚတိုးတိုးလြင္က ဖတ္ၾကားခဲ့ပါတယ္။

"သူရဲေကာင္း အာဇာနည္ေတြဟာ ပံုစံအမ်ိဳးမ်ိဳးနဲ႔ တိုင္းျပည္အတြက္၊ အမ်ိဳးဘာသာ၊ သာသနာအတြက္၊ စြန္႔လႊတ္စြန္႔စား ခဲ့ၾကပါတယ္၊ ေပးဆပ္အနစ္နာခံခဲ့ၾကပါတယ္၊ အဲ့ထဲမွာ အသက္စြန္႔ခဲ့သူမ်ားဟာ အျမင့္ဆံုးေပးဆပ္ခဲ့ၾကတဲ့ သူေတြ၊ အဆံုးစြန္ဆံုးေပး ဆပ္ခဲ့ၾကတဲ့သူေတြျဖစ္ပါတယ္၊  အသက္စြန္႔ခဲ့တဲ့ သူရဲေကာင္းေတြ၊ အာဇာနည္ေတြဆိုတာ သူတို႔ယံုၾကည္ခ်က္အတြက္ ရဲရဲဝ႔ံဝ႔ံ ရပ္တည္ခဲ့ၾက၊ လႈပ္ရွားခဲ့ၾကတဲ့သူေတြပါ၊ တနည္းအားျဖင့္ သူတို႔မယံုၾကည္တဲ့ အရာကိုလက္ခံဖို႔ အသက္စြန္႔ၿပီးျငင္းပယ္ခဲ့ၾကတဲ့ သူေတြပါ"

လက္ရိွ အက်ဥ္းေထာင္ေတြထဲမွာ ႏိုင္ငံေရးအက်ဥ္းသား ၉၀ ေလာက္ ရိွေနၿပီး တရားရင္ဆိုင္ေနရသူ ၄၀၀ ေက်ာ္ရွိတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီ ေစာင့္ေရွာက္ေရးအသင္း (AAPP) အတြင္းေရးမွဴး ဦးတိတ္ႏုိင္ က ေျပာပါတယ္။

ဒါ့အျပင္ နုိင္ငံေရးအက်ဥ္းသားေဟာင္းတစ္ဦးျဖစ္သူ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးစိုင္းညြန္႔လြင္က ဒီကေန႔ နုိင္ငံေရးအေျခအေနဟာ နုိင္ငံေရးအက်ဥ္းသားေတြရဲ႕ ေအာင္ပဲြျဖစ္တယ္လို႔ ေျပာပါတယ္။

ဒီကေန႔ အခမ္းအနားကို ႏိုင္ငံတကာ သံတမန္ေတြ၊ ႏိုင္ငံေရးပါတီက ကိုယ္စားလွယ္ေတြ၊ ၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖဲြ႔ အစည္း ေခါင္းေဆာင္ေတြနဲ႔ က်ဆံုးသြားတဲ့ ႏိုင္ငံေရး အက်ဥ္းသားေဟာင္း မိသားစု၀င္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။

အဲဒီပဲြမွာ က်ဆံုးသြားတဲ့ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းေတြရဲ႕မိသားစုေတြကို ဂုဏ္ျပဳလႊာနဲ႔ ေထာက္ပ့ံေငြေတြ ေပးအပ္ခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese
...................

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တည်ထောင်တဲ့ ၁၆ နှစ်ပြည့် အခမ်းအနားကို မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပနေစဉ်။ Photo: Htet Arker/ RFA
ကျဆုံးသွားကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အမြင့်ဆုံး စွန့်လွှတ်ကြသူတွေ ဖြစ်ကြောင်းနဲ့ သူတို့မယုံကြည်တဲ့အရာတွေကို အသက်စွန့်ပြီး အနစ်နာခံတဲ့ သူရဲကောင်းတွေဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကျဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဂုဏ်ပြုလိုက်ပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တည်ထောင်တဲ့ ၁၆ နှစ်ပြည့်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဂုဏ်ပြုတဲ့ပွဲကို ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီသဝဏ်လွှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဒေါ်တိုးတိုးလွင်က ဖတ်ကြားခဲ့ပါတယ်။

"သူရဲကောင်း အာဇာနည်တွေဟာ ပုံစံအမျိုးမျိုးနဲ့ တိုင်းပြည်အတွက်၊ အမျိုးဘာသာ၊ သာသနာအတွက်၊ စွန့်လွှတ်စွန့်စား ခဲ့ကြပါတယ်၊ ပေးဆပ်အနစ်နာခံခဲ့ကြပါတယ်၊ အဲ့ထဲမှာ အသက်စွန့်ခဲ့သူများဟာ အမြင့်ဆုံးပေးဆပ်ခဲ့ကြတဲ့ သူတွေ၊ အဆုံးစွန်ဆုံးပေး ဆပ်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်၊  အသက်စွန့်ခဲ့တဲ့ သူရဲကောင်းတွေ၊ အာဇာနည်တွေဆိုတာ သူတို့ယုံကြည်ချက်အတွက် ရဲရဲဝ့ံဝ့ံ ရပ်တည်ခဲ့ကြ၊ လှုပ်ရှားခဲ့ကြတဲ့သူတွေပါ၊ တနည်းအားဖြင့် သူတို့မယုံကြည်တဲ့ အရာကိုလက်ခံဖို့ အသက်စွန့်ပြီးငြင်းပယ်ခဲ့ကြတဲ့ သူတွေပါ"

လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၉၀ လောက် ရှိနေပြီး တရားရင်ဆိုင်နေရသူ ၄၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ဦးတိတ်နိုင် က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဒီကနေ့ နိုင်ငံရေးအခြေအနေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အောင်ပွဲဖြစ်တယ်လို့ ပြောပါတယ်။

ဒီကနေ့ အခမ်းအနားကို နိုင်ငံတကာ သံတမန်တွေ၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေနဲ့ ကျဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီပွဲမှာ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့မိသားစုတွေကို ဂုဏ်ပြုလွှာနဲ့ ထောက်ပ့ံငွေတွေ ပေးအပ်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment