Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 8, 2016

အေရးႀကီးအဆို ေဆြးေႏြးခ်က္အခ်ိဳ႕ ပယ္ဖ်က္ေပးရန္ တပ္မေတာ္သား ကိုယ္စားလွယ္မ်ား တင္ျပမႈ လႊတ္ေတာ္ လက္ခံ(အရေးကြီးအဆို ဆွေးနွေးချက်အချို့ ပယ်ဖျက်ပေးရန် တပ်မတော်သား ကိုယ်စားလှယ်များ တင်ပြမှု လွှတ်တော် လက်ခံ)



 ႏိုင္ငံေတာ္ပိုင္ ေျမႏွင့္ စီးပြားေရးလုပ္ငန္းမ်ား စီမံကိန္းမ်ားကိစၥႏွင့္ ပတ္သက္၍ ျပည္သူ႔လႊတ္ေတာ္တြင္ အေရးႀကီးအဆို တစ္ရပ္ တင္သြင္းစဥ္ အဆိုအား ေဆြးေႏြးခဲ့သည့္ ေစတုတၱရာ မဲဆႏၵနယ္မွ ျပည္သူ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္ေအာင္လြင္၏ ေဆြးေႏြးခ်က္ အခ်ိဳ႕အား လႊတ္ေတာ္မွတ္တမ္းမွ ပယ္ဖ်က္ေပးရန္ တပ္မေတာ္သား ကိုယ္စားလွယ္မ်ား တင္ျပမႈ ျပည္သူ႔လႊတ္ေတာ္႐ံုးသို႔ ညႊန္ၾကားထားၿပီး ျဖစ္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ဦးဝင္းျမင့္က ေျပာသည္။

“ေစတုတၱရာမဲဆႏၵနယ္မွ ဦးေက်ာ္ေအာင္လြင္၏ ေဆြးေႏြးခ်က္သည္ ကိုက္ညီမႈ မရွိသည့္ အတြက္ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား တင္ျပလာသည့္ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္း၊ ကပစ ၂၀ ၏ တပ္ေျမကိစၥႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားအား ျပည္သူ႔လႊတ္ေတာ္မွတ္တမ္းမွ ထုတ္ႏုတ္ ပယ္ဖ်က္ရန္ ႐ံုးအဖြဲ႔သို႔ ညႊန္ၾကားၿပီး ျဖစ္ေၾကာင္း အသိေပး တင္ျပအပ္ပါတယ္” ဟု ၄င္းကဆိုသည္။

၂၀၁၃ ခုႏွစ္ ျပည္သူ႔လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၁၅၈ နည္း ဥပေဒခြဲ ဂ ၌ အဆိုတစ္ရပ္ကို ေဆြးေႏြးရာတြင္ ေျပာဆိုခ်က္မ်ားသည္ လႊတ္ေတာ္တြင္ ေဆြးေႏြးဆဲ အဆိုႏွင့္သာ အတိအက် သက္ဆိုင္ေစရမည္ဟု ျပ႒ာန္း ထားေၾကာင္းလည္း ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒က ရွင္းျပသည္။

ႏိုင္ငံေတာ္အစိုးရက ေရြးေကာက္ပြဲအၿပီး ေနာက္ပိုင္း ေဆာင္ရြက္ေနေသာ ႏိုင္ငံေတာ္ပိုင္ေျမ ႏိုင္ငံပိုင္စက္႐ံုမ်ား ႏိုင္ငံေတာ္ပိုင္ စီးပြားေရးလုပ္ငန္းမ်ား အလ်င္စလို ငွားရမ္းေရာင္းခ် လႊဲေျပာင္းမႈ၊ ပုဂၢလိကျပဳလုပ္မႈ၊ စီမံကိန္းမ်ားကို ေနရာတက်မစီမံဘဲ အေဆာတလ်င္ခြင့္ျပဳေနမႈ၊ က်ဴးေက်ာ္မ်ားကို အဓမၼဖယ္ရွားမႈ ၊ႏိုင္ငံေတာ္ပိုင္ သယံဇာတမ်ားကို လိုအပ္ေသာေဆာင္ရြက္မႈမ်ား သေဘာတူညွိႏိႈင္းမႈမ်ား မျပဳလုပ္ဘဲ အစိုးရတာဝန္မလြဲေျပာင္းမီ အလ်င္အျမန္ စီမံခန္႔ခြဲေနမႈ စသည္တို႔ကို ႏိုင္ငံေတာ္ႏွင့္ႏိုင္ငံသားတို႔ အက်ိဳးအတြက္ အေသးစိတ္ စိစစ္ ဟန္႔တား၍ ထိန္းေက်ာင္း တည့္မတ္ေပးပါရန္ ႏိုင္ငံေတာ္အစိုးရအား တိုက္တြန္းေၾကာင္း အေရးႀကီး အဆိုတစ္ရပ္ကို ပုလဲမဲဆႏၵနယ္မွ ေဒၚခင္စန္းလိႈင္က ျပည္သူ႔လႊတ္ေတာ္သို႔ တင္သြင္းခဲ့ျခင္းျဖစ္သည္။

သတင္း - ကိုေပါက္ ( ေနျပည္ေတာ္ )
The Ladies News
https://www.facebook.com/News.TheLadies/
.................


 နိုင်ငံတော်ပိုင် မြေနှင့် စီးပွားရေးလုပ်ငန်းများ စီမံကိန်းများကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆို တစ်ရပ် တင်သွင်းစဉ် အဆိုအား ဆွေးနွေးခဲ့သည့် စေတုတ္တရာ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်၏ ဆွေးနွေးချက် အချို့အား လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တပ်မတော်သား ကိုယ်စားလှယ်များ တင်ပြမှု ပြည်သူ့လွှတ်တော်ရုံးသို့ ညွှန်ကြားထားပြီး ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က ပြောသည်။

“စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ ဆွေးနွေးချက်သည် ကိုက်ညီမှု မရှိသည့် အတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ တင်ပြလာသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ကပစ ၂၀ ၏ တပ်မြေကိစ္စနှင့် ပတ်သက်သော အချက်အလက်များအား ပြည်သူ့လွှတ်တော်မှတ်တမ်းမှ ထုတ်နုတ် ပယ်ဖျက်ရန် ရုံးအဖွဲ့သို့ ညွှန်ကြားပြီး ဖြစ်ကြောင်း အသိပေး တင်ပြအပ်ပါတယ်” ဟု ၄င်းကဆိုသည်။

၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၈ နည်း ဥပဒေခွဲ ဂ ၌ အဆိုတစ်ရပ်ကို ဆွေးနွေးရာတွင် ပြောဆိုချက်များသည် လွှတ်တော်တွင် ဆွေးနွေးဆဲ အဆိုနှင့်သာ အတိအကျ သက်ဆိုင်စေရမည်ဟု ပြဋ္ဌာန်း ထားကြောင်းလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရှင်းပြသည်။

နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲအပြီး နောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံတော်ပိုင်မြေ နိုင်ငံပိုင်စက်ရုံများ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ အလျင်စလို ငှားရမ်းရောင်းချ လွှဲပြောင်းမှု၊ ပုဂ္ဂလိကပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျမစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု ၊နိုင်ငံတော်ပိုင် သယံဇာတများကို လိုအပ်သောဆောင်ရွက်မှုများ သဘောတူညှိနှိုင်းမှုများ မပြုလုပ်ဘဲ အစိုးရတာဝန်မလွဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှု စသည်တို့ကို နိုင်ငံတော်နှင့်နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် စိစစ် ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုတစ်ရပ်ကို ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

သတင်း - ကိုပေါက် ( နေပြည်တော် )
The Ladies News
https://www.facebook.com/News.TheLadies/

No comments:

Post a Comment