Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 8, 2016

တပ္မေတာ္သား ကုိယ္စားလွယ္ေတြနဲ႔ ဒုသမၼတေနရာ



ဒီသီတင္းပတ္ထဲ ဒုသမၼတရာထူးအတြက္ အမည္စာရင္း တင္သြင္းရာမွာ တပ္မေတာ္သားေတြကုိ ကုိယ္စားျပဳ ေရြးခ်ယ္ခံရမယ္ဆုိရင္ အမ်ဳိးသား ႏုိင္ငံေရးအတြက္ လက္ခံေဆာင္ရြက္သြားမွာ ျဖစ္တဲ့အေၾကာင္း အမည္စာရင္းသြင္းခံရဖြယ္ ရွိတယ္လုိ႔ အမ်ားက ခန္႔မွန္းေနၾကတဲ့ တပ္မေတာ္အရာရွိေဟာင္းေတြက ေျပာပါတယ္။ ဒုသမၼတနဲ႔ သမၼတတာ၀န္အတြက္ ေရြးခ်ယ္ဖုိ႔ ရက္ပုိင္းသာ လုိေတာ့တဲ့ အေျခအေနနဲ႔ ပတ္သက္လုိ႔ ေနျပည္ေတာ္မွာ သြားေရာက္သတင္းယူေနတဲ့ ဗီြအိုေအ ျမန္မာပုိင္း သတင္းေထာက္ ေမခက သတင္းေပးပို႔ထားပါတယ္။

ေရြးေကာက္ပဲြမွာ အႏုိင္ရတဲ့ အမ်ဳိးသားဒီမုိကေရစီ အဖဲြ႔ခ်ဳပ္ (NLD) ပါတီက ဒုသမၼတ ေနရာအတြက္ ကိုယ္စားလွယ္ ၂ ဦး အမည္စာရင္း တင္သြင္းရမွာျဖစ္သလုိ၊ တပ္မေတာ္သား ကုိယ္စားလွယ္ေတြ ဘက္ကလည္း တဦးအဆုိျပဳရမွာ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ တပ္မေတာ္သား ကုိယ္စားလွယ္ေတြဘက္က ဒုသမၼတအျဖစ္ ျပည္ေထာင္စု ႀကံ့ခုိင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီက စစ္အရာရွိေဟာင္းေတြ ျဖစ္ၾကတဲ့ သူရဦးသက္ေဆြ နဲ႔ ဦးလွေဌးဝင္း တိုု႔ အဆုိျပဳခံရႏုိင္တယ္လုိ႔ ခန္႔မွန္းခ်က္ေတြလည္း ထြက္ေပၚေနတာပါ။ တပ္မေတာ္မွာ ၾသဇာႀကီးမားတဲ့ ၾကည္းေရေလ ညႈိႏႈိင္းေရးမွဴး တာ၀န္ယူခဲ့ဖူးသူ တဦးလည္းျဖစ္ ရန္ကုန္တုိင္း တုိင္းမွဴးအျဖစ္နဲ႔လည္း တာ၀န္ယူခဲ့ဖူးတဲ့ ဦးလွေဌးဝင္းဟာ ၂၀၁၂ ေလာက္တုန္းကလည္း အဲဒီအခ်ိန္တုန္းက ဒုတိယသမၼတ တာ၀န္ယူထားတဲ့ သီဟသူရ ဦးတင္ေအာင္ျမင့္ဦး ရာထူးမွ ႏုတ္ထြက္စာ တင္ခဲ့တုန္းကလည္း အစားထုိး ခန္႔အပ္ခံရႏိုင္တယ္လို႔ ခန္႔မွန္းခံခဲ့ရသူပါ။

ေနျပည္ေတာ္ ေဇယ်ာသီရိမဲဆႏၵနယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီးအႏိုင္ရထားတဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးဝင္းကေတာ့ သတင္းေတြထြက္ေပၚေနတာနဲ႔ ပတ္သက္လုိ႔ အတည္ျပဳေျပာဆုိတာမ်ဳိး မရွိေပမဲ့ တာ၀န္ေပးရင္ေတာ့ လက္ခံတာ၀န္ယူမွာ ျဖစ္တဲ့အေၾကာင္း ေျပာဆုိခဲ့ပါတယ္။

“ေျပာခြင့္မရွိဘူးဆိုတာက ကမ္းလွမ္းတယ္၊ မကမ္းလွမ္းဘူးဆိုတာက ဘာမွမေျပာေသးပါဘူး။ ကိုယ္ကလည္း ဘာမွ ေျပာလို႔မရဘူး။ တပ္ကေတာ့ ကိုယ္တို႔က အစကတည္းကေျပာထားၿပီးၿပီေလ အမ်ိဳးသားႏိုင္ငံေရးတာ၀န္ထမ္းေဆာင္မယ္လို႔ေျပာတဲ့အတြက္ ဘာပဲျဖစ္ျဖစ္လုပ္ရမွာပဲ၊ ႏိုင္ငံအတြက္ဆို ဘာပဲျဖစ္ျဖစ္လုပ္ရမွာပဲ။”

အလားတူ အမည္စာရင္း တင္သြင္းခံရႏုိင္တယ္လုိ႔ သတင္းထြက္ေနသူ တေယာက္ကေတာ့ ကိုကိုးကၽြန္း မဲဆႏၵနယ္ေျမကေန ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္အျဖစ္ ေရြးခ်ယ္ခံထားရတဲ့ သူရဦးသက္ေဆြပါ။ ေရတပ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီးေဟာင္း တဦးျဖစ္တဲ့ ဦးသက္ေဆြကလည္း တရား၀င္ အတည္မျပဳႏုိင္ေသးေပမဲ့ တာ၀န္ေပးလာရင္ေတာ့ လက္ခံေဆာင္ရြက္သြားမယ္လုိ႔ ေျပာပါတယ္။

“ကမ္းလွမ္းတဲ့အခါက်ေတာ့လည္း အမ်ိဳးသားအက်ိဳးစီးပြားအတြက္လုပ္ရမွာေပါ့ ဒါပဲေပါ့။”

တပ္မေတာ္သား ကိုယ္စားလွယ္အစုအဖြဲ႔က ဒုသမၼတေလာင္း ၁ ဦးအျပင္ ျပည္သူ႔လႊတ္ေတာ္က ဒုသမၼတေလာင္း ၁ ဦး၊ အမ်ိဳးသားလႊတ္ေတာ္က ဒုသမၼတေလာင္း ၁ ဦး တုိ႔ကုိေတာ့ လႊတ္ေတာ္တြင္းမွာ အမ်ားစု ေနရာယူထားတဲ့ NLD ပါတီက ဦးေဆာင္ၿပီး ၾကာသပေတးေန႔မွာ တင္သြင္းရမွာ ျဖစ္ၿပီး၊ ဒုသမၼတ ၃ ဦး အနက္ကမွ အစုိးရကုိ ဦးေဆာင္မယ့္ သမၼတတဦးကုိ ထပ္မံေရြးခ်ယ္ရမွာလည္း ျဖစ္ပါတယ္။

ေမခ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.....................................




ဒီသီတင်းပတ်ထဲ ဒုသမ္မတရာထူးအတွက် အမည်စာရင်း တင်သွင်းရာမှာ တပ်မတော်သားတွေကို ကိုယ်စားပြု ရွေးချယ်ခံရမယ်ဆိုရင် အမျိုးသား နိုင်ငံရေးအတွက် လက်ခံဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း အမည်စာရင်းသွင်းခံရဖွယ် ရှိတယ်လို့ အများက ခန့်မှန်းနေကြတဲ့ တပ်မတော်အရာရှိဟောင်းတွေက ပြောပါတယ်။ ဒုသမ္မတနဲ့ သမ္မတတာဝန်အတွက် ရွေးချယ်ဖို့ ရက်ပိုင်းသာ လိုတော့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ နေပြည်တော်မှာ သွားရောက်သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဒုသမ္မတ နေရာအတွက် ကိုယ်စားလှယ် ၂ ဦး အမည်စာရင်း တင်သွင်းရမှာဖြစ်သလို၊ တပ်မတော်သား ကိုယ်စားလှယ်တွေ ဘက်ကလည်း တဦးအဆိုပြုရမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ဒုသမ္မတအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက စစ်အရာရှိဟောင်းတွေ ဖြစ်ကြတဲ့ သူရဦးသက်ဆွေ နဲ့ ဦးလှဌေးဝင်း တိုု့ အဆိုပြုခံရနိုင်တယ်လို့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေတာပါ။ တပ်မတော်မှာ သြဇာကြီးမားတဲ့ ကြည်းရေလေ ညှိုနှိုင်းရေးမှူး တာဝန်ယူခဲ့ဖူးသူ တဦးလည်းဖြစ် ရန်ကုန်တိုင်း တိုင်းမှူးအဖြစ်နဲ့လည်း တာဝန်ယူခဲ့ဖူးတဲ့ ဦးလှဌေးဝင်းဟာ ၂၀၁၂ လောက်တုန်းကလည်း အဲဒီအချိန်တုန်းက ဒုတိယသမ္မတ တာဝန်ယူထားတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်စာ တင်ခဲ့တုန်းကလည်း အစားထိုး ခန့်အပ်ခံရနိုင်တယ်လို့ ခန့်မှန်းခံခဲ့ရသူပါ။

နေပြည်တော် ဇေယျာသီရိမဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီးအနိုင်ရထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းကတော့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ အတည်ပြုပြောဆိုတာမျိုး မရှိပေမဲ့ တာဝန်ပေးရင်တော့ လက်ခံတာဝန်ယူမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

“ပြောခွင့်မရှိဘူးဆိုတာက ကမ်းလှမ်းတယ်၊ မကမ်းလှမ်းဘူးဆိုတာက ဘာမှမပြောသေးပါဘူး။ ကိုယ်ကလည်း ဘာမှ ပြောလို့မရဘူး။ တပ်ကတော့ ကိုယ်တို့က အစကတည်းကပြောထားပြီးပြီလေ အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်မယ်လို့ပြောတဲ့အတွက် ဘာပဲဖြစ်ဖြစ်လုပ်ရမှာပဲ၊ နိုင်ငံအတွက်ဆို ဘာပဲဖြစ်ဖြစ်လုပ်ရမှာပဲ။”

အလားတူ အမည်စာရင်း တင်သွင်းခံရနိုင်တယ်လို့ သတင်းထွက်နေသူ တယောက်ကတော့ ကိုကိုးကျွန်း မဲဆန္ဒနယ်မြေကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရတဲ့ သူရဦးသက်ဆွေပါ။ ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်တဲ့ ဦးသက်ဆွေကလည်း တရားဝင် အတည်မပြုနိုင်သေးပေမဲ့ တာဝန်ပေးလာရင်တော့ လက်ခံဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ကမ်းလှမ်းတဲ့အခါကျတော့လည်း အမျိုးသားအကျိုးစီးပွားအတွက်လုပ်ရမှာပေါ့ ဒါပဲပေါ့။”

တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ဒုသမ္မတလောင်း ၁ ဦးအပြင် ပြည်သူ့လွှတ်တော်က ဒုသမ္မတလောင်း ၁ ဦး၊ အမျိုးသားလွှတ်တော်က ဒုသမ္မတလောင်း ၁ ဦး တို့ကိုတော့ လွှတ်တော်တွင်းမှာ အများစု နေရာယူထားတဲ့ NLD ပါတီက ဦးဆောင်ပြီး ကြာသပတေးနေ့မှာ တင်သွင်းရမှာ ဖြစ်ပြီး၊ ဒုသမ္မတ ၃ ဦး အနက်ကမှ အစိုးရကို ဦးဆောင်မယ့် သမ္မတတဦးကို ထပ်မံရွေးချယ်ရမှာလည်း ဖြစ်ပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment