Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 8, 2016

စာေမးပြဲကာလ မႏၱေလးခရိုင္အတြင္းKTV၊ စင္တင္ႏွင့္ အရက္ဆိုင္မ်ား ပိတ္ထားရမည့္


  တကၠသိုလ္၀င္စာေမးပြဲေတြ ေျဖဆိုရမယ့္ရက္ေတြအေတာအတြင္း မႏၲေလးခရိုင္အတြင္းကKTV၊ စင္တင္ေတးဂီတေတြပိတ္ထားဖို႔ ထုတ္ျပန္လိုက္ပါၿပီ။တကၠသိုလ္၀င္စာေမးပြဲေတြေျဖဆိုေနတဲ့ မတ္လ ၉ ရက္ေန႔ကေန မတ္လ ၁၈ ရက္ေန႔အထိKTV၊ စင္တင္မ်ားပိတ္သိမ္းထားရမွာပါ။

 ဒါ့အၿပင္ အရက္ဆိုင္၊ ဘီယာဆိုင္ေတြလဲ မတ္လ၁၆ရက္ေန႔ ဇီ၀ေဗဒနဲ႔ေဘာဂေဗဒ ေၿဖဆိုၿပီး စာေမးပြဲေနာက္ဆံုးရက္ေတြထိ ပိတ္သိမ္းထားရမယ္လို႔ သိရပါတယ္။ ဒီလို ယစ္မ်ိဳးစံုအရက္ဆိုင္ေတြပိတ္ဖို႔ကို မတ္လ ၁ ရက္ေန႔ကတည္းက အသိေပး အေၾကာင္းၾကားထားၿပီး၊ ခံ၀န္လက္မွတ္ေတြလဲ ထိုးခိုင္းထားၿပီးျဖစ္တယ္လို႔ မဟာေအာင္ေၿမၿမိဳ႕နယ္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကေျပာပါတယ္။

ၿမန္မာႏိုင္ငံရဲတပ္ဖြဲ႔အေနနဲ႕လဲ ၿပည္နယ္နဲ႕တိုင္းေတြမွာ တက္ၠသိုလ္၀င္စာေမးပြဲအတြက္ လံုၿခံဳေရး စီမံခ်က္ေရးဆြဲထားၿပီး စာေမးပြဲေၿဖဆိုမယ့္ကာလအတြင္း မလိုလားအပ္တဲ့ၿပႆနာေတြ မၿဖစ္ေအာင္ ေမးခြန္းလႊာသယ္ယူဖို႔ကိစ္ၥ၊ ေမးခြန္လႊာၿပန္သိမ္းတဲ့ကိစၥေတြအတြက္ စာစစ္ဌာနေတြမွာလဲ လံုၿခံဳေရးေပးသြားမယ္လို႔  မႏၲေလးတုိင္းေဒသၾကီးရဲတပ္ဖြဲ႔ရံုးမွ ရဲမွဴးၾကီးသက္ႏိုင္က ေၿပာပါတယ္။

မႏၲေလးခ႐ုိင္အတြင္း ယစ္မ်ဳိးစံု ေရာင္းခ်ခြင့္လုိင္စင္ ၂၇၉၀ ေက်ာ္ရွိတယ္လို႔ သိရပါတယ္။အခုႏွစ္ ၂၀၁၆ခုႏွစ္တက္ၠသိုလ္၀င္စာေမးပြဲအတြက္ မႏၱေလးတိုင္းေဒသၾကီးအတြင္း စာေၿဖဌာန ၁၆၅ ခုရွိၿပီး၊ ေက်ာင္းသား၊ သူ ၉၅၀၀၀ ေက်ာ္ေၿဖဆိုမွာၿဖစ္ပါတယ္။

MRTV-4
http://www.mrtv4.com.mm

.............................................


  တက္ကသိုလ်ဝင်စာမေးပွဲတွေ ဖြေဆိုရမယ့်ရက်တွေအတောအတွင်း မန္တလေးခရိုင်အတွင်းကKTV၊ စင်တင်တေးဂီတတွေပိတ်ထားဖို့ ထုတ်ပြန်လိုက်ပါပြီ။တက္ကသိုလ်ဝင်စာမေးပွဲတွေဖြေဆိုနေတဲ့ မတ်လ ၉ ရက်နေ့ကနေ မတ်လ ၁၈ ရက်နေ့အထိKTV၊ စင်တင်များပိတ်သိမ်းထားရမှာပါ။

 ဒါ့အပြင် အရက်ဆိုင်၊ ဘီယာဆိုင်တွေလဲ မတ်လ၁၆ရက်နေ့ ဇီဝဗေဒနဲ့ဘောဂဗေဒ ဖြေဆိုပြီး စာမေးပွဲနောက်ဆုံးရက်တွေထိ ပိတ်သိမ်းထားရမယ်လို့ သိရပါတယ်။ ဒီလို ယစ်မျိုးစုံအရက်ဆိုင်တွေပိတ်ဖို့ကို မတ်လ ၁ ရက်နေ့ကတည်းက အသိပေး အကြောင်းကြားထားပြီး၊ ခံဝန်လက်မှတ်တွေလဲ ထိုးခိုင်းထားပြီးဖြစ်တယ်လို့ မဟာအောင်မြေမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့လဲ ပြည်နယ်နဲ့တိုင်းတွေမှာ တက်္ကသိုလ်ဝင်စာမေးပွဲအတွက် လုံခြုံရေး စီမံချက်ရေးဆွဲထားပြီး စာမေးပွဲဖြေဆိုမယ့်ကာလအတွင်း မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်အောင် မေးခွန်းလွှာသယ်ယူဖို့ကိစ်္စ၊ မေးခွန်လွှာပြန်သိမ်းတဲ့ကိစ္စတွေအတွက် စာစစ်ဌာနတွေမှာလဲ လုံခြံုရေးပေးသွားမယ်လို့  မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကြီးသက်နိုင်က ပြောပါတယ်။

မန္တလေးခရိုင်အတွင်း ယစ်မျိုးစုံ ရောင်းချခွင့်လိုင်စင် ၂၇၉၀ ကျော်ရှိတယ်လို့ သိရပါတယ်။အခုနှစ် ၂၀၁၆ခုနှစ်တက်္ကသိုလ်ဝင်စာမေးပွဲအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း စာဖြေဌာန ၁၆၅ ခုရှိပြီး၊ ကျောင်းသား၊ သူ ၉၅၀၀၀ ကျော်ဖြေဆိုမှာဖြစ်ပါတယ်။

MRTV-4
http://www.mrtv4.com.mm

No comments:

Post a Comment