Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 8, 2016

NLD ၏ ကာလရွည္မဟာမိတ္ ဇိုမီးေခါင္းေဆာင္ ပူးလ္က်င္ရွင့္ထန္လည္း ပုဒ္မ ၅၉ (စ) ႏွင့္ ညိွစြန္းေန


ေရြးေကာက္ပြဲအႏိုင္ရ အန္အယ္လ္ဒီအမ်ဳိးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္၏ ကာလရွည္ တိုင္းရင္းသား မဟာမိတ္ျဖစ္သည့္ ဇိုမီးဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ေခါင္းေဆာင္ ပူးလ္က်င္ရွင့္ထန္သည္ သားႏွစ္ဦးမွာ အေမရိကန္ႏိုင္ငံသားအျဖစ္ ခံယူထားျခင္းေၾကာင့္ ၄င္းမွာလည္း အန္အယ္လ္ဒီ၏ အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရး အစိုးရအဖြဲ႔တြင္ ဒုတိယသမၼတ ေနရာရယူရန္ မျဖစ္ႏိုင္ေၾကာင္း ဇိုမီးဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ တာ၀န္ရိွသူထံမွ သိရသည္။

“ဦး၀င္းထိန္နဲ႔ ေတြ႔ကတည္က ကၽြန္ေတာ္တို႔ ေျပာထားတယ္။ လႊတ္ေတာ္ ကိုယ္စားလွယ္လုပ္ေတာ့ အခ်က္လက္ေတြကလည္း ေပးထားရတယ္ေလ။ ဒုသမၼတေနရာက ကၽြန္ေတာ္တို႔ ဇိုမီးဒီမိုကေရစီ အဖြဲ႔ခ်ဳပ္က မျဖစ္ႏိုင္ပါဘူး” ဟု ဇိုမီးဒီမိုကေရစီ အဖြဲ႔ခ်ဳပ္မွ အေထြေထြ အတြင္းေရးမွဴး ပူလ္းဂင္ကမ္းလ်ွံက ေျပာသည္။

ျပီးခဲ့သည့္ စစ္အစိုးရ လက္ထက္တြင္ ႏိုင္ငံေရးလႈပ္ရွားခဲ့သည့္ ပူးလ္က်င္ရွင့္ထန္မွာလည္း စား၀တ္ေနေရး လုပ္ငန္းမ်ားအထိ ပိတ္ပင္တားျမစ္ခံခဲ့ရျပီး အိမ္မွာလည္း လမ္းႏွင့္မလြတ္ဟုဆိုကာ အာဏာပိုင္မ်ားမွ အိမ္ဖ်က္ရန္ ၾကိဳးစားသည္အထိ ျဖစ္ခဲ့ဖူးသည္။

ဇိုမီးေခါင္းေဆာင္ ပူးလ္က်င္ရွင့္ထန္မွာ ၀ါရင့္ တိုင္းရင္းသား ႏိုင္ငံေရးသမားျဖစ္ျပီး ျပီးခဲ့သည့္ စစ္အစိုးရ လက္ထက္ တစ္ေလ်ွာက္တြင္ အန္အယ္လ္ဒီနွင့္ လက္တြဲခဲ့သည့္ တိုင္းရင္းသားပါတီ အနည္းငယ္ထဲတြင္ ၄င္းဥကၠ႒အျဖစ္ တာ၀န္ယူခဲ့သည့္ ဇိုမီးေနရွင္နယ္ ကြန္ကရက္ပါတီမွာလည္း ပါ၀င္သည္။

လႊတ္ေတာ္ေခၚယူေရး ကိုယ္စားျပဳေကာ္မတီ စီအာပီပီအဖြဲ႔၀င္လည္း ျဖစ္ေသာ ဇိုမီးေခါင္းေဆာင္ ၀င္ေရာက္ ယွဥ္ျပိဳင္မည့္ မဲဆႏၵနယ္တြင္ အန္အယ္လ္ဒီပါတီမွ ၀င္ေရာက္ယွဥ္ျပိဳင္ျခင္း မျပဳခဲ့ဘဲ ပူလ္းက်င္ရွင့္ထန္မွာ လြတ္လြတ္ကၽြတ္ကၽြတ္ အႏိုင္ရကာ တီးတိန္ျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ေရြးခ်ယ္ခံခဲ့ရသည္။

အျခားတိုင္းရင္းသား ေခါင္းေဆာင္ တစ္ဦးျဖစ္ေသာ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ ဦးခြန္ထြန္းဦးမွာ သမီးျဖစ္သူ ၾသစေၾတးလ်ႏိုင္ငံသူ အျဖစ္ ခံယူထားသည့္အတြက္ အန္အယ္လ္ဒီပါတီဘက္မွ ဒုတိယ သမၼတေနရာ ကမ္းလွမ္းခဲ့ေသာ္လည္း ရာထူးရယူႏိုင္ေတာ့မည္ မဟုတ္ေပ။ ယင္းအတြက္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္မွ အေထြေထြ အတြင္းေရးမွဴး ျဖစ္သူ ဦးစိုင္းညႊန္႔လြင္မွာ ဒုတိယသမၼတ ျဖစ္လာရန္ ေရပန္းစားလာခဲ့သည္ဟု သတင္းမီဒီယာမ်ားက ေဖာ္ျပၾကသည္။

Photo - ဆလိုင္းေက်ာ္မိုး
The Ladies News
https://www.facebook.com/News.TheLadies
....................


ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကာလရှည် တိုင်းရင်းသား မဟာမိတ်ဖြစ်သည့် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ပူးလ်ကျင်ရှင့်ထန်သည် သားနှစ်ဦးမှာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားခြင်းကြောင့် ၄င်းမှာလည်း အန်အယ်လ်ဒီ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရအဖွဲ့တွင် ဒုတိယသမ္မတ နေရာရယူရန် မဖြစ်နိုင်ကြောင်း ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူထံမှ သိရသည်။

“ဦးဝင်းထိန်နဲ့ တွေ့ကတည်က ကျွန်တော်တို့ ပြောထားတယ်။ လွှတ်တော် ကိုယ်စားလှယ်လုပ်တော့ အချက်လက်တွေကလည်း ပေးထားရတယ်လေ။ ဒုသမ္မတနေရာက ကျွန်တော်တို့ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်က မဖြစ်နိုင်ပါဘူး” ဟု ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ပူလ်းဂင်ကမ်းလျှံက ပြောသည်။

ပြီးခဲ့သည့် စစ်အစိုးရ လက်ထက်တွင် နိုင်ငံရေးလှုပ်ရှားခဲ့သည့် ပူးလ်ကျင်ရှင့်ထန်မှာလည်း စားဝတ်နေရေး လုပ်ငန်းများအထိ ပိတ်ပင်တားမြစ်ခံခဲ့ရပြီး အိမ်မှာလည်း လမ်းနှင့်မလွတ်ဟုဆိုကာ အာဏာပိုင်များမှ အိမ်ဖျက်ရန် ကြိုးစားသည်အထိ ဖြစ်ခဲ့ဖူးသည်။

ဇိုမီးခေါင်းဆောင် ပူးလ်ကျင်ရှင့်ထန်မှာ ၀ါရင့် တိုင်းရင်းသား နိုင်ငံရေးသမားဖြစ်ပြီး ပြီးခဲ့သည့် စစ်အစိုးရ လက်ထက် တစ်လျှောက်တွင် အန်အယ်လ်ဒီနှင့် လက်တွဲခဲ့သည့် တိုင်းရင်းသားပါတီ အနည်းငယ်ထဲတွင် ၄င်းဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဇိုမီးနေရှင်နယ် ကွန်ကရက်ပါတီမှာလည်း ပါ၀င်သည်။

လွှတ်တော်ခေါ်ယူရေး ကိုယ်စားပြုကော်မတီ စီအာပီပီအဖွဲ့ဝင်လည်း ဖြစ်သော ဇိုမီးခေါင်းဆောင် ၀င်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် အန်အယ်လ်ဒီပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ဘဲ ပူလ်းကျင်ရှင့်ထန်မှာ လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရကာ တီးတိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

အခြားတိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦးမှာ သမီးဖြစ်သူ သြစတြေးလျနိုင်ငံသူ အဖြစ် ခံယူထားသည့်အတွက် အန်အယ်လ်ဒီပါတီဘက်မှ ဒုတိယ သမ္မတနေရာ ကမ်းလှမ်းခဲ့သော်လည်း ရာထူးရယူနိုင်တော့မည် မဟုတ်ပေ။ ယင်းအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးစိုင်းညွှန့်လွင်မှာ ဒုတိယသမ္မတ ဖြစ်လာရန် ရေပန်းစားလာခဲ့သည်ဟု သတင်းမီဒီယာများက ဖော်ပြကြသည်။

Photo - ဆလိုင်းကျော်မိုး
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment