Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 26, 2016

လႊတ္ေတာ္မွာ ေျဖဆိုမႈေတြ ဆိုင္းငံ့မယ္ဆိုတဲ့ အစိုးရအေျပာကို NLD ေဝဖန္ (လွှတ်တော်မှာ ဖြေဆိုမှုတွေ ဆိုင်းငံ့မယ်ဆိုတဲ့ အစိုးရအပြောကို NLD ဝေဖန် )


သက္တမ္း လက္က်န္ ရွိေသးတဲ့ အစိုးရ အေနနဲ႔ လက္ရွိ လႊတ္ေတာ္သစ္က သိခ်င္ တာေတြ ကို ေျဖဆိုဖို႔ရာ တာဝန္ ရွိတယ္ လို႔ NLD ပါတီ ရဲ့ ေျပာေရး ဆိုခြင့္ ရွိသူ ဦးဝင္းထိန္ က ေျပာ။ 
လက္ရွိ အစိုးရ ရဲ႕ ဝန္ႀကီး ဌာေန ေတြ ရဲ႕ စီမံကိန္း ေတြ နဲ႔ ပတ္သက္ၿပီး လက္ရွိ လႊတ္ေတာ္ထဲ ေမးခြန္း ထုတ္ ေနတာ ေတြကို အစိုးရ ဘက္က လာေရာက္ ေျဖၾကားေတာ့ မွာ မဟုတ္ဘူး လို႔ အစိုးရ ဘက္က ေျပာဆိုလာတာ ဟာ တာဝန္မဲ့ ေျပာတာ ျဖစ္တယ္ ဆိုၿပီး အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီ ဘက္က တုံ႔ျပန္ လိုက္ပါတယ္။

သက္တမ္း လက္က်န္ ရွိေသးတဲ့ အစိုးရ အေနနဲ႔ လက္ရွိ လႊတ္ေတာ္သစ္က သိခ်င္ တာေတြ ကို ေျဖဆိုဖို႔ရာ တာဝန္ ရွိတယ္ လို႔ လႊတ္ေတာ္ ထဲမွာ ေနရာ အမ်ားစု ရရွိ ထားတဲ့ NLD ပါတီ ရဲ႕ ေျပာေရး ဆိုခြင့္ ရွိသူ ဦးဝင္းထိန္ က ဘီဘီစီ ကို ေျပာပါတယ္။

အစိုးရ သစ္ ဦးေဆာင္ ဖြဲ႕ရမယ့္ NLD ပါတီ အေနနဲ႔ သိခ်င္ တာေတြ ရွိရင္ တာဝန္ လႊဲေျပာင္းမႈ အေထာက္အကူ အဖြဲ႕ခ်င္း ၫွိႏႈိင္း ေမးျမန္း ႏိုင္တယ္ ဆိုတဲ့ ျပန္ၾကားေရး ဝန္ႀကီး ဦးရဲထြဋ္ရဲ႕ ေျပာဆိုမႈ အေပၚ မွာလည္း ဦးဝင္းထိန္ က ျငင္းပယ္ခဲ့ ပါတယ္။

လႊတ္ေတာ္ တြင္း တင္တဲ့ အဆိုေတြ၊ ေမးျမန္းမႈ ေတြ ဟာ အေထာက္အကူ အျပဳ အဖြဲ႕ေတြ နဲ႔ မဆိုင္ဘူးလို႔ ဦးဝင္းထိန္ က ဆိုပါတယ္။

အစိုးရ အလႊဲအေျပာင္း ကာနီး အခ်ိန္လိုမ်ိဳး အကဲဆတ္လွတဲ့ ကာလ မွာ NLD ပါတီ ဘက္က လႊတ္ေတာ္တြင္း ေမးခြန္း ထုတ္ လာတာ ေတြ အေပၚ သမၼတ ဦးသိန္းစိန္ အစိုးရ အဖြဲ႕ အေနနဲ႔ သေဘာ မက် ျဖစ္သြားခဲ့တယ္ လို႔ ျမန္မာ့ ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ဦးေက်ာ္လင္းဦး က ယူဆတယ္လို႔ ဘီဘီစီကို ေျပာပါတယ္။

ဒါ့အျပင္ လက္ရွိ လႊတ္ေတာ္ အေပၚမွာ သမၼတ ဦးသိန္းစိန္ အစိုးရ အေနနဲ႔ တာဝန္ခံဖို႔ လို မလို ဖြဲ႕စည္းပုံကို ျပန္သုံးသပ္ရမယ္ ဆိုတဲ့ ျပန္ၾကားေရးဝန္ႀကီး ဦးရဲထြဋ္ရဲ႕ ေျပာဆိုမႈ အေပၚမွာ လည္း လက္ရွိ အစိုးရဟာ လက္ရွိ လႊတ္ေတာ္ အေပၚမွာ တာဝန္ခံမႈ ရွိမွ ဒီမိုကေရစီ စံႏႈံး နဲ႔ ကိုက္ညီမယ္ လို႔ ယူဆေၾကာင္းလည္း ဦးေက်ာ္လင္းဦး က ဆိုပါတယ္။

သမၼတ ဦးသိန္းစိန္ အစိုးရ ရဲ႕ လက္က်န္ သက္တမ္း မၾကာခင္မွာပဲ ကုန္ဆုံး ေတာ့မယ့္ အခ်က္ရယ္၊ အမ်ိဳး သား ရင္ၾကားေစ့ေရး ဆိုတဲ့ ကိစၥ ေတြ ေၾကာင့္ NLD အေနနဲ႔ လက္ရွိ အစိုးရ အေပၚ ဖိအား ေပးမႈ ေတြ လုပ္သင့္ မသင့္ ဆိုတာ ကိုေတာ့ NLD ပါတီ အေနနဲ႔ ထည့္သြင္း စဥ္းစား မွာ ျဖစ္တယ္ လို႔ ဦးဝင္းထိန္ က ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
.............

သက်တမ်း လက်ကျန် ရှိသေးတဲ့ အစိုးရ အနေနဲ့ လက်ရှိ လွှတ်တော်သစ်က သိချင် တာတွေ ကို ဖြေဆိုဖို့ရာ တာဝန် ရှိတယ် လို့ NLD ပါတီ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးဝင်းထိန် က ပြော။ 
လက်ရှိ အစိုးရ ရဲ့ ဝန်ကြီး ဌာနေ တွေ ရဲ့ စီမံကိန်း တွေ နဲ့ ပတ်သက်ပြီး လက်ရှိ လွှတ်တော်ထဲ မေးခွန်း ထုတ် နေတာ တွေကို အစိုးရ ဘက်က လာရောက် ဖြေကြားတော့ မှာ မဟုတ်ဘူး လို့ အစိုးရ ဘက်က ပြောဆိုလာတာ ဟာ တာဝန်မဲ့ ပြောတာ ဖြစ်တယ် ဆိုပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဘက်က တုံ့ပြန် လိုက်ပါတယ်။

သက်တမ်း လက်ကျန် ရှိသေးတဲ့ အစိုးရ အနေနဲ့ လက်ရှိ လွှတ်တော်သစ်က သိချင် တာတွေ ကို ဖြေဆိုဖို့ရာ တာဝန် ရှိတယ် လို့ လွှတ်တော် ထဲမှာ နေရာ အများစု ရရှိ ထားတဲ့ NLD ပါတီ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးဝင်းထိန် က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ သစ် ဦးဆောင် ဖွဲ့ရမယ့် NLD ပါတီ အနေနဲ့ သိချင် တာတွေ ရှိရင် တာဝန် လွှဲပြောင်းမှု အထောက်အကူ အဖွဲ့ချင်း ညှိနှိုင်း မေးမြန်း နိုင်တယ် ဆိုတဲ့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ရဲ့ ပြောဆိုမှု အပေါ် မှာလည်း ဦးဝင်းထိန် က ငြင်းပယ်ခဲ့ ပါတယ်။

လွှတ်တော် တွင်း တင်တဲ့ အဆိုတွေ၊ မေးမြန်းမှု တွေ ဟာ အထောက်အကူ အပြု အဖွဲ့တွေ နဲ့ မဆိုင်ဘူးလို့ ဦးဝင်းထိန် က ဆိုပါတယ်။

အစိုးရ အလွှဲအပြောင်း ကာနီး အချိန်လိုမျိုး အကဲဆတ်လှတဲ့ ကာလ မှာ NLD ပါတီ ဘက်က လွှတ်တော်တွင်း မေးခွန်း ထုတ် လာတာ တွေ အပေါ် သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့ အနေနဲ့ သဘော မကျ ဖြစ်သွားခဲ့တယ် လို့ မြန်မာ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကျော်လင်းဦး က ယူဆတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိ လွှတ်တော် အပေါ်မှာ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ တာဝန်ခံဖို့ လို မလို ဖွဲ့စည်းပုံကို ပြန်သုံးသပ်ရမယ် ဆိုတဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ ပြောဆိုမှု အပေါ်မှာ လည်း လက်ရှိ အစိုးရဟာ လက်ရှိ လွှတ်တော် အပေါ်မှာ တာဝန်ခံမှု ရှိမှ ဒီမိုကရေစီ စံနှုံး နဲ့ ကိုက်ညီမယ် လို့ ယူဆကြောင်းလည်း ဦးကျော်လင်းဦး က ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ ရဲ့ လက်ကျန် သက်တမ်း မကြာခင်မှာပဲ ကုန်ဆုံး တော့မယ့် အချက်ရယ်၊ အမျိုး သား ရင်ကြားစေ့ရေး ဆိုတဲ့ ကိစ္စ တွေ ကြောင့် NLD အနေနဲ့ လက်ရှိ အစိုးရ အပေါ် ဖိအား ပေးမှု တွေ လုပ်သင့် မသင့် ဆိုတာ ကိုတော့ NLD ပါတီ အနေနဲ့ ထည့်သွင်း စဉ်းစား မှာ ဖြစ်တယ် လို့ ဦးဝင်းထိန် က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment