Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 26, 2016

တပ္မေတာ္ ကိုယ္စားလွယ္ေတြနဲ႔ လႊတ္ေတာ္တြင္း တင္းမာ (တပ်မတော် ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်တွင်း တင်းမာ )

တပ္မေတာ္ကိုယ္စားလွယ္ အားလံုးက တၿပိဳင္တည္း မတ္တပ္ရပ္ ကန္႔ကြက္ခဲ့။
အစိုးရအာဏာ အလႊဲအေျပာင္း မလုပ္ခင္ စပ္ၾကား ႏုိင္ငံေတာ္ စီမံကိန္းနဲ႔ စီးပြားေရး လုပ္ငန္းေတြနဲ႔ပတ္သက္ၿပီး အလ်င္စလို ကိုင္တြယ္ေဆာင္ရြက္ေနတာကို ကန္႔ကြက္တဲ့ အဆိုအေပၚ ကိုယ္စားလွယ္အမ်ားစုက သေဘာတူ တာေၾကာင့္ ျပည္သူ႔လႊတ္ေတာ္ မွာ အတည္ျပဳခဲ့ေပမဲ့ အတည္ျပဳခ်က္အေပၚ ကိုယ္စားလွယ္တဦးက ေထာက္ခံေဆြးေႏြးေနစဥ္ တပ္မေတာ္ကိုယ္စားလွယ္ အားလံုးက တၿပိဳင္တည္း မတ္တပ္ရပ္ ကန္႔ကြက္ခဲ့တာေၾကာင့္ လႊတ္ေတာ္တြင္း တင္းမာခဲ့ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ထားပါတယ္။

 စစ္ကိုင္းတိုင္း ပုလဲအမတ္ ေဒၚခင္စန္းလိႈင္ရဲ႕ အေရးႀကီး အဆိုျဖစ္တဲ့ ႏိုင္ငံေတာ္ အစိုးရက ေရြးေကာက္ပဲြအျပီး လက္ရွိေဆာင္ရြက္ေနေသာ ႏိုင္ငံပိုင္ေျမ၊ ႏုိင္ငံပိုင္ စက္႐ံုမ်ား ႏိုင္ငံပုိုင္စီးပြားေရးလုပ္ငန္းမ်ား အလ်င္စလို ငွားရမ္းေရာင္းခ် လႊဲေျပာင္းမႈ၊ ပုဂၢလိကပိုင္ျပဳလုပ္မႈ၊ စီမံကိန္းေတြကို ေနရာတက်မစီမံဘဲ အေဆာတလ်င္ခြင့္ျပဳေနမႈ၊ က်ဴးေက်ာ္ေတြကို အဓမၼဖယ္ရွားမႈ၊ ႏုိင္ငံပိုင္သယံဇာတေတြကို လိုအပ္တဲ့ ေဆာင္ရြက္ မႈေတြ၊ သေဘာတူညီမႈေတြ မလုပ္ဘဲ အစိုးရတာဝန္ မလႊဲေျပာင္းမီ အလ်င္အျမန္ စီမံခန္႔ခြဲေနမႈေတြ ကို ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသားတို့ အက်ိဳးအတြက္ အေသးစိတ္ စိစစ္ဟန္႔တား၍ ထိန္းေက်ာင္း တည့္မတ္ေပး ရန္ ျပည္ေထာင္စု အစိုးရအား တိုက္တြန္းတဲ့ အဆုိကို ၾကာသပေတးေန႔ က တင္သြင္းခဲ့တာပါ။  ေသာၾကာေန႔ မွာေတာ့ ဒီအဆိုကို ဆက္လက္ေဆြးေႏြးရာ လႊတ္ေတာ္တြင္း အေျခအေန တင္းမာမႈေတြျဖစ္ျပီး မဲခြဲဆံုးျဖတ္တာေၾကာင့္ တင္သြင္းတဲ့အဆုိကို လႊတ္ေတာ္က အတည္ျပဳခဲ့ပါတယ္။

ဒီေန႔လႊတ္ေတာ္တြင္း အေျခအေနကိုေတာ့ အဆိုတင္သြင္းတဲ့ ပုလဲ အမတ္ ေဒၚခင္စန္းလိႈင္ က အခုလိုေျပာျပခဲ့ပါတယ္။

" လႊတ္ေတာ္ထဲမွာ ဒီအဆိုနဲ႔ပတ္သက္ၿပီးေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၂ေယာက္က ေဆြးေႏြးတယ္။ အဲ့တာ သူတို႔က လက္ပံေတာင္းေတာင္ ကိစၥနဲ႔ပတ္သက္ၿပီးေတာ့  ကိုယ္စားလွယ္ဘက္က ေဆြးေႏြးတာကို သူတို႔ဘက္က မေက်မနပ္ျဖစ္ၿပီးေတာ့ တပ္မေတာ္သားတေယာက္က ထကန္႔ကြက္တယ္။  တေယာက္က ထ ကန္႔ကြက္တာကို မေက်နပ္လို႔ဆိုၿပီး အကုန္လံုးက တၿပိဳင္နက္တည္း ထၿပီးေတာ့ ကန္႔ကြက္ၾကတယ္။ ဒီေန႔လည္း လႊတ္ေတာ္က တခါတည္း ဆံုးျဖတ္ခ်က္ ခ်လိုက္ၿပီေလ။ အဆိုတင္တာ ေအာင္ျမင္ၿပီး လႊတ္ေတာ္က မွတ္တမ္းတင္ ထားရွိတာ။"

ေစတုတၳရာၿမိဳ႕နယ္ကိုယ္စားလွယ္ ဦးေက်ာ္ေအာင္လြင္က ဒီအဆိုကို ေထာက္ခံကာ လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းနဲ႔ ပတ္သက္လို႔ ေဆြးေႏြးေနခ်ိန္မွာပဲ လြတ္ေတာ္ထဲမွာ ၂၅ရာခိုင္ႏႈံးရွိတဲ့ တပ္မေတာ္သားကိုယ္စားလွယ္မ်ားအားလံုးက ၾကားျဖတ္ကာ မတ္တပ္ရပ္ ကန္႔ကြက္ခဲ့တဲ့ အတြက္ လႊတ္ေတာ္ ဥကၠ႒က တပ္မေတာ္သား ကုိယ္စားလွယ္ေတြကို တင္ျပခြင့္ေပးခဲ့ပါတယ္။

လႊတ္ေတာ္တြင္း ဒီအဆိုကို ကန္႔ကြက္မူေတြ၊ ေထာက္ခံမူေတြ လုပ္ေနတဲ့ တခ်ိန္တည္းမွာ တပ္မေတာ္သားကိုယ္စားလွယ္ေတြ အားလံုးက မတ္တပ္ရပ္ ကန္႔ကြက္မႈဟာ ဒုတိယအႀကိမ္ က်င္းပတဲ့ လႊတ္ေတာ္မွာ ပထမဦးဆံုးအႀကိမ္ ထူးထူးျခားျခား ျဖစ္ပြားခဲ့တာပါ။

ဒီအဆိုကုိေတာ့ ျပည္ေထာင္စုႀကံ႕ခိုင္ေရးနဲ႔ ဖြံျဖိဳးေရးပါတီရဲ႕ ကရင္ျပည္နယ္ ဖာပြန္ျမိဳ႕နယ္ ျပည္သူလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေစာထြန္းျမေအာင္က လႊတ္ေတာ္တြင္းမွာ အခုလိုကန္႔ကြက္ခဲ့ပါတယ္ ။

" ဒါကို က်ေနာ္တို႔ လႊတ္ေတာ္က အဆိုတရပ္အေနျဖင့္ အတည္ျပဳ တင္သြင္းလိုက္ျခင္း အားျဖင့္ ႏွစ္ဖက္ အဖြဲ႔အစည္းမ်ားအား ေကာင္းေသာ လုပ္ေဆာင္ျခင္း မျဖစ္ပဲ အမ်ိဳးသား ရင္ၾကား ပိုမိုကြဲသြားတာမ်ိဳး ျဖစ္လာႏုိင္ပါတယ္။"

ဒုတိယအႀကိမ္လႊတ္ေတာ္က လြတ္ေတာ္ကိုယ္စားလွယ္ေတြ အဆိုျပဳထားတဲ့ အခ်က္ေတြနဲ႔ ပတ္သက္လို႔သက္ဆိုင္ရာဝန္ႀကီးဌာနေတြက လႊတ္ေတာ္မွာ လာေရာက္ရွင္းျပဖို႔အတြက္ လႊတ္ေတာ္မွာတင္ျပခဲ့ေပမဲ့ လက္ရွိအစိုးရကေတာ့့ အရင္အစိုးရက အရင္လႊတ္ေတာ္ကိုပဲ တာဝန္ခံတာျဖစ္တယ္လုိ႔ ေျပာဆုိခဲ့တာပါ။ ဒါအျပင္ ေနာက္လႊတ္ေတာ္မွာ အဆိုေတြ ေမးခြန္းေတြ ဆက္တုိက္တင္လာတဲ့ အတြက္ လက္ရွိ အစိုးရအေနနဲ႔ တက္ေရာက္ေဆြးေႏြးဖို ့ဆိုင္းငံ့ ထားတယ္ လို႔ ႏိုင္ငံပုိင္သတင္းစာေတြမွာ ျပည္ေထာင္စုဝန္ႀကီး ဦးရဲထြဋ္က ေျပာဆုိ ထားပါတယ္။

ဒီလို ေျပာဆုိခ်က္နဲ႔ ပတ္သက္လို့ ေဒၚခင္စန္းလိႈင္က အခုလိုေျပာဆုိသြားပါတယ္။

" ပထမအႀကိမ္ လႊတ္ေတာ္ျဖစ္ျဖစ္၊ ဒုတိယအႀကိမ္ လႊတ္ေတာ္ျဖစ္ျဖစ္ ဝန္ႀကီးဌာနေတြအေနနဲ႔က ေလးေလးစားစားနဲ႔ ျပည္သူလူထုက သိခ်င္ေနတဲ့ အခ်က္ေလး ကို ျပည္သူလူထု ကိုယ္စား လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ေမးျမန္းရ တာျဖစ္တဲ့ အတြက္ေၾကာင့္မို႔လို႔  တကယ္တမ္းက ဒါေလးက ျပန္လည္ၿပီး လာေျဖၾကားမယ္ဆိုရင္ အင္မတန္မွ ေကာင္း တာပါပဲ။ ျပည္သူလူထု ကလည္း ဝန္ႀကီးဌာနေတြက ဒီလိုမ်ိဳး တိတိက်က် ေျဖၾကား တယ္ ဆိုတာကိုလည္း လိုခ်င္တယ္။ အဲ့တာကိုလည္း သိခ်င္ေနတယ္ဆုိတဲ့ အေျခအေန တခုပါ။"

အစိုးရသစ္ မတက္လာခင္မွာ သိသာထင္ရွားစြာနဲ႔ အလ်င္စလို လုပ္ေဆာင္ေနတယ္ လို႔ စြပ္စဲြခံေနရတဲ့ကိစၥကေတာ့ ကခ်င္ျပည္နယ္ တြင္းမွာ ေက်ာက္စိမ္း တူးေဖာ္ေရးလုပ္ငန္းကို စက္အင္အား၊ လူအင္အားအမ်ားအျပားနဲ႔ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနတာေတြကို ေထာက္ျပေ၀ဖန္မူေတြရွိေနတာပါဒီလို တူးေဖာ္ေနတာေၾကာင့္ ေျမစာပံုေတြ ျပိဳက်ျပီး လူေတြေသဆံုးမူေတြ ရွိေနတာေၾကာင့္ ေဒသခံေတြက ကန္႔ကြက္ရတဲ့အထိ တင္းမာခဲ့ပါတယ္။ ဒါ့အျပင္ သံယံဇာတ တူးေဖာ္ေနတဲ့ ကိစၥတခုျဖစ္တဲ့ လက္ပံေတာင္းေတာင္ ေၾကးနီ စီမံကိန္းဟာ ေမလမွာ ေႀကးနီ စထုတ္လုပ္ေတာ့မယ္ လုိ႔  ျမန္မာဝမ္ေပါင္ ကုမၸဏီက ေျပာဆုိတဲ့အတြက္ ဒီကိစၥေတြဟာလည္း စံုစမ္း စစ္ေဆးေရးေကာ္မရွင္ ရဲ ့အစီရင္ခံစာ အတုိင္း အျပည့္အဝ လိုက္နာမူမရွိဘူး လို႔ ေဝဖန္ခံေနရ တာျဖစ္ပါတယ္။

မေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.................
 တပ်မတော်ကိုယ်စားလှယ် အားလုံးက တပြိုင်တည်း မတ်တပ်ရပ် ကန့်ကွက်ခဲ့။
အစိုးရအာဏာ အလွှဲအပြောင်း မလုပ်ခင် စပ်ကြား နိုင်ငံတော် စီမံကိန်းနဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အလျင်စလို ကိုင်တွယ်ဆောင်ရွက်နေတာကို ကန့်ကွက်တဲ့ အဆိုအပေါ် ကိုယ်စားလှယ်အများစုက သဘောတူ တာကြောင့် ပြည်သူ့လွှတ်တော် မှာ အတည်ပြုခဲ့ပေမဲ့ အတည်ပြုချက်အပေါ် ကိုယ်စားလှယ်တဦးက ထောက်ခံဆွေးနွေးနေစဉ် တပ်မတော်ကိုယ်စားလှယ် အားလုံးက တပြိုင်တည်း မတ်တပ်ရပ် ကန့်ကွက်ခဲ့တာကြောင့် လွှတ်တော်တွင်း တင်းမာခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

 စစ်ကိုင်းတိုင်း ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီး အဆိုဖြစ်တဲ့ နိုင်ငံတော် အစိုးရက ရွေးကောက်ပွဲအပြီး လက်ရှိဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင် စက်ရုံများ နိုင်ငံပိုုင်စီးပွားရေးလုပ်ငန်းများ အလျင်စလို ငှားရမ်းရောင်းချ လွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းတွေကို နေရာတကျမစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊ ကျူးကျော်တွေကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင်သယံဇာတတွေကို လိုအပ်တဲ့ ဆောင်ရွက် မှုတွေ၊ သဘောတူညီမှုတွေ မလုပ်ဘဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှုတွေ ကို နိုင်ငံတော်နဲ့ နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေး ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းတဲ့ အဆိုကို ကြာသပတေးနေ့ က တင်သွင်းခဲ့တာပါ။  သောကြာနေ့ မှာတော့ ဒီအဆိုကို ဆက်လက်ဆွေးနွေးရာ လွှတ်တော်တွင်း အခြေအနေ တင်းမာမှုတွေဖြစ်ပြီး မဲခွဲဆုံးဖြတ်တာကြောင့် တင်သွင်းတဲ့အဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ဒီနေ့လွှတ်တော်တွင်း အခြေအနေကိုတော့ အဆိုတင်သွင်းတဲ့ ပုလဲ အမတ် ဒေါ်ခင်စန်းလှိုင် က အခုလိုပြောပြခဲ့ပါတယ်။

" လွှတ်တော်ထဲမှာ ဒီအဆိုနဲ့ပတ်သက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ် ၁၂ယောက်က ဆွေးနွေးတယ်။ အဲ့တာ သူတို့က လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်ပြီးတော့  ကိုယ်စားလှယ်ဘက်က ဆွေးနွေးတာကို သူတို့ဘက်က မကျေမနပ်ဖြစ်ပြီးတော့ တပ်မတော်သားတယောက်က ထကန့်ကွက်တယ်။  တယောက်က ထ ကန့်ကွက်တာကို မကျေနပ်လို့ဆိုပြီး အကုန်လုံးက တပြိုင်နက်တည်း ထပြီးတော့ ကန့်ကွက်ကြတယ်။ ဒီနေ့လည်း လွှတ်တော်က တခါတည်း ဆုံးဖြတ်ချက် ချလိုက်ပြီလေ။ အဆိုတင်တာ အောင်မြင်ပြီး လွှတ်တော်က မှတ်တမ်းတင် ထားရှိတာ။"

စေတုတ္ထရာမြို့နယ်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ဒီအဆိုကို ထောက်ခံကာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ဆွေးနွေးနေချိန်မှာပဲ လွတ်တော်ထဲမှာ ၂၅ရာခိုင်နှုံးရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်များအားလုံးက ကြားဖြတ်ကာ မတ်တပ်ရပ် ကန့်ကွက်ခဲ့တဲ့ အတွက် လွှတ်တော် ဥက္ကဋ္ဌက တပ်မတော်သား ကိုယ်စားလှယ်တွေကို တင်ပြခွင့်ပေးခဲ့ပါတယ်။

လွှတ်တော်တွင်း ဒီအဆိုကို ကန့်ကွက်မူတွေ၊ ထောက်ခံမူတွေ လုပ်နေတဲ့ တချိန်တည်းမှာ တပ်မတော်သားကိုယ်စားလှယ်တွေ အားလုံးက မတ်တပ်ရပ် ကန့်ကွက်မှုဟာ ဒုတိယအကြိမ် ကျင်းပတဲ့ လွှတ်တော်မှာ ပထမဦးဆုံးအကြိမ် ထူးထူးခြားခြား ဖြစ်ပွားခဲ့တာပါ။

ဒီအဆိုကိုတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်က လွှတ်တော်တွင်းမှာ အခုလိုကန့်ကွက်ခဲ့ပါတယ် ။

" ဒါကို ကျနော်တို့ လွှတ်တော်က အဆိုတရပ်အနေဖြင့် အတည်ပြု တင်သွင်းလိုက်ခြင်း အားဖြင့် နှစ်ဖက် အဖွဲ့အစည်းများအား ကောင်းသော လုပ်ဆောင်ခြင်း မဖြစ်ပဲ အမျိုးသား ရင်ကြား ပိုမိုကွဲသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။"

ဒုတိယအကြိမ်လွှတ်တော်က လွတ်တော်ကိုယ်စားလှယ်တွေ အဆိုပြုထားတဲ့ အချက်တွေနဲ့ ပတ်သက်လို့သက်ဆိုင်ရာဝန်ကြီးဌာနတွေက လွှတ်တော်မှာ လာရောက်ရှင်းပြဖို့အတွက် လွှတ်တော်မှာတင်ပြခဲ့ပေမဲ့ လက်ရှိအစိုးရကတော့့ အရင်အစိုးရက အရင်လွှတ်တော်ကိုပဲ တာဝန်ခံတာဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ ဒါအပြင် နောက်လွှတ်တော်မှာ အဆိုတွေ မေးခွန်းတွေ ဆက်တိုက်တင်လာတဲ့ အတွက် လက်ရှိ အစိုးရအနေနဲ့ တက်ရောက်ဆွေးနွေးဖို ့ဆိုင်းငံ့ ထားတယ် လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောဆို ထားပါတယ်။

ဒီလို ပြောဆိုချက်နဲ့ ပတ်သက်လို့ ဒေါ်ခင်စန်းလှိုင်က အခုလိုပြောဆိုသွားပါတယ်။

" ပထမအကြိမ် လွှတ်တော်ဖြစ်ဖြစ်၊ ဒုတိယအကြိမ် လွှတ်တော်ဖြစ်ဖြစ် ဝန်ကြီးဌာနတွေအနေနဲ့က လေးလေးစားစားနဲ့ ပြည်သူလူထုက သိချင်နေတဲ့ အချက်လေး ကို ပြည်သူလူထု ကိုယ်စား လွှတ်တော် ကိုယ်စားလှယ်တွေက မေးမြန်းရ တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့  တကယ်တမ်းက ဒါလေးက ပြန်လည်ပြီး လာဖြေကြားမယ်ဆိုရင် အင်မတန်မှ ကောင်း တာပါပဲ။ ပြည်သူလူထု ကလည်း ဝန်ကြီးဌာနတွေက ဒီလိုမျိုး တိတိကျကျ ဖြေကြား တယ် ဆိုတာကိုလည်း လိုချင်တယ်။ အဲ့တာကိုလည်း သိချင်နေတယ်ဆိုတဲ့ အခြေအနေ တခုပါ။"

အစိုးရသစ် မတက်လာခင်မှာ သိသာထင်ရှားစွာနဲ့ အလျင်စလို လုပ်ဆောင်နေတယ် လို့ စွပ်စွဲခံနေရတဲ့ကိစ္စကတော့ ကချင်ပြည်နယ် တွင်းမှာ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းကို စက်အင်အား၊ လူအင်အားအများအပြားနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေကို ထောက်ပြဝေဖန်မူတွေရှိနေတာပါဒီလို တူးဖော်နေတာကြောင့် မြေစာပုံတွေ ပြိုကျပြီး လူတွေသေဆုံးမူတွေ ရှိနေတာကြောင့် ဒေသခံတွေက ကန့်ကွက်ရတဲ့အထိ တင်းမာခဲ့ပါတယ်။ ဒါ့အပြင် သံယံဇာတ တူးဖော်နေတဲ့ ကိစ္စတခုဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဟာ မေလမှာ ကြေးနီ စထုတ်လုပ်တော့မယ် လို့  မြန်မာဝမ်ပေါင် ကုမ္ပဏီက ပြောဆိုတဲ့အတွက် ဒီကိစ္စတွေဟာလည်း စုံစမ်း စစ်ဆေးရေးကော်မရှင် ရဲ ့အစီရင်ခံစာ အတိုင်း အပြည့်အဝ လိုက်နာမူမရှိဘူး လို့ ဝေဖန်ခံနေရ တာဖြစ်ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment