Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 26, 2016

ဗိုလ္ေအာင္ေက်ာ္ ရာျပည့္ ေမြးရပ္မွာ က်င္းပ

ဗိုလ္ေအာင္ေက်ာ္ရာျပည့္ အခမ္းအနား- သတင္းဓာတ္ပံု Credit to ဟသၤာတတကၠသုိလ္ ေက်ာင္းသားမ်ားသမဂၢ - ဗကသမ်ားအဖဲြ႔ခ်ဳပ္၊
ေက်ာင္းသားေခါင္းေဆာင္ ဗိုလ္ေအာင္ေက်ာ္ရဲ႕ ႏွစ္ ၁၀၀ျပည့္ အထိမ္းအမွတ္ အခမ္းအနားကို သူ႔ရဲ႕ ေမြးရပ္ေျမ မွာ ဒီကေန႔ စတင္ က်င္းပေနပါၿပီ။ ျမန္မာျပည္အ တြက္ ဗိုလ္ေအာင္ေက်ာ္လို တိုင္းျပည္အေပၚ တာဝန္ေက်တဲ့ ပုဂၢိဳလ္မ်ိဳးေတြ လိုအပ္ေနတယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ က ေဖေဖာ္ဝါ ရီ ၂၇ရက္ေန႔ မွာ က်ေရာက္မယ့္ ဗိုလ္ေအာင္ေက်ာ္ရဲ႕ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္ ေမြးေန႔ပြဲအခမ္းအနားကို ေပးပို႔တဲ့ သဝဏ္လႊာမွာ ထည့္သြင္းေျပာဆိုထားပါတယ္။ သတင္းအျပည့္အစံုကိုေတာ့ ဗီြအိုေအသတင္းေထာက္ မျမင့္ျမင့္ခိုင္က တင္ျပထားပါတယ္။

တိုင္းျပည္နဲ႔ လူမ်ိဳးအတြက္ အသက္စြန္႔ႀကိဳးပမ္းခဲ့တဲ့ ေက်ာင္းသားေခါင္းေဆာင္ ဗိုလ္ေအာင္ေက်ာ္ ႏွစ္ ၁၀၀ျပည့္ အထိမ္းအမွတ္ အခမ္းအနားကို သူ႔ရဲ႕ ေမြးရပ္ေျမ ဧရာဝတီတိုင္း၊ အဂၤပူၿမိဳ႕နယ္၊ မဲဇလီကုန္းမွာ ေဖေဖာ္ဝါရီ ၂၆ရက္နဲ႔ ၂၇ရက္ ၂ရက္ က်င္းပသြားမွာျဖစ္ပါတယ္။

နယ္ခ်ဲ႕ဆန္႔က်င္ေရး ေက်ာင္းသားေခါင္းေဆာင္ ဗိုလ္ေအာင္ေက်ာ္ကို ဂုဏ္ျပဳတဲ့ အေနနဲ႔ ဗိုလ္ေအာင္ေက်ာ္ ေမြးဖြားရာ ရံုးဇင္ေက်းရြာမွာ ႏွစ္ ၁၀၀ျပည့္ ဗိုလ္ေအာင္ေက်ာ္ အထိမ္းအမွတ္ျပခန္းကို ဖြင့္လွစ္ခဲ့သလို ဗိုလ္ေအာင္ ေက်ာ္ရဲ႕ ပံုတူေၾကးရုပ္ကို မဲဇလီကုန္း ဗိုလ္ေအာင္ေက်ာ္ ခန္းမေရွ႕မွာ ေဖေဖာ္ဝါရီ ၂၆ရက္ေန႔ ညေနပိုင္းက ဖြင့္လွစ္လိုက္ပါတယ္။

ေဖေဖာ္ဝါရီ ၂၇ရက္ေန႔မွာ က်ေရာက္မယ့္ ဗိုလ္ေအာင္ေက်ာ္ရဲ႕ ႏွစ္ ၁၀၀ျပည့္ ေမြးေန႔ အထိမ္းအမွတ္ အခမ္းအနားကို တသက္မွာ တခါတာ က်င္းပခြင့္ရတာမို႔ ပိတီျဖစ္သလို ပြဲ က်င္းပရတဲ့ ရည္ရြယ္ခ်က္နဲ႔ ပတ္သက္လို႔ ရာျပည့္ပြဲ က်င္းပေရး ေကာ္မတီဝင္ ဦးဆန္းညြန္႔ဦးက အခုလိုေျပာျပပါတယ္။

"ေနာင္မ်ိဳးဆက္သစ္ေတြေပါ့ဗ်ာ ဘယ္လိုပဲ ကၽြန္ပညာေရးစနစ္ကို စခဲ့ရင္ ဘယ္လိုမွ ေခါင္းငံု႔မခံဘူး။ ဒီလို အသက္ကိုေပးၿပီး ေတာ္လွန္ တယ္။ ေနာင္မ်ိဳးဆက္သစ္ ကေလးေတြ ဒီလို မဟုတ္မခံစိတ္ဓာတ္ကေလးေတြ  ၊ သူ႔ကၽြန္မခံစိတ္ဓာတ္ကေလးေတြ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈေတြကို ၿငိမ္မခံတတ္တဲ့ စိတ္ဓာတ္မ်ိဳး ကိုယ့္ႏုိင္ငံအတြက္ ျဖစ္ေအာင္ အဲ့လိုေလးေတြျဖစ္ေအာင္ မွတ္မွတ္ရရျဖစ္ေအာင္ ေနာက္မ်ိဳးဆက္သစ္ေတြ အတုယူႏုိင္ေအာင္ ဒီပြဲကို က်ေနာ္တို႔က အဓိကထားၿပီး က်င္းပျပဳလုပ္တာပါခင္ဗ်ာ။"

ဒီအခမ္းအနားကို ဗိုလ္ေအာင္ေက်ာ္ရဲ႕ ေျမးေတာ္စပ္သူ လက္ရွိ ဧရာဝတီတိုင္းေဒသႀကီး လႊတ္ေတာ္ ဥကၠ႒ ဦးေအာင္ေက်ာ္ခိုင္အပါအဝင္ ၈၈မ်ိဳးဆက္နဲ႔ အျခားႏိုင္ငံေရးအင္အားစုေတြ တက္ေရာက္ၾကသလို ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔မွာ က်ေရာက္မယ့္ ဗိုလ္ေအာင္ေက်ာ္ရဲ႕ ႏွစ္ ၁၀၀ျပည့္ ေမြးေန႔အတြက္ ရည္ရြယ္ၿပီး စာေပေဟာေျပာပြဲေတြ အျပင္ စာေပနဲ႔ အႏုပညာျပခန္းေတြကို လည္း ျပသထားပါတယ္။

နယ္ခ်ဲ႕ကိုလိုနီလက္ထက္မွာ မတရားမႈေတြကို တြန္းလွန္ခဲ့ တဲ့ ေက်ာင္းသားေခါင္းေဆာင္ ဗိုလ္ေအာင္ေက်ာ္ရဲ႕ ရာျပည့္ပြဲဟာ ႏိုင္ငံေရး အေရာင္အေသြး ကင္းကင္းနဲ႔ ဗိုလ္ေအာင္ေက်ာ္ကို ေလးစားတဲ့ ပုဂၢိဳလ္ေတြ အားလံုး ပါဝင္ ခြင့္ရတဲ့ပြဲျဖစ္တယ္လို႔ ပြဲျဖစ္ေျမာက္ေရး အကူညီေပးေနတဲ့ ကိုေဇာ္ရမ္းက ေျပာပါတယ္။

"ဒီပြဲမွာ က်ေနာ္တို႔က ႏုိင္ငံေရးပါတီအေရာင္အေသြးကင္းကင္းနဲ႔ ဧရာဝတီေက်ာင္းသား သပိတ္စစ္ေၾကာင္းက ညီငယ္ ခြပ္ေဒါင္း မ်ိဳးဆက္ေတြ၊ ေနာက္တခါ အထက္ျမန္မာျပည္ ပင္မစစ္ေၾကာင္း က ေက်ာင္းသားေတြ ေနာက္တခါ က်ေနာ္တို႔ ၇၄၊ ၇၅ ေက်ာင္းသားေတြ အကုန္လံုးေပါ့ ဒီကို ေရာက္ရွိလာတယ္။ စာေရးဆရာေတြ ေရာက္ရွိလာတယ္။ အကုန္လံုး ေရာက္ရွိလာၿပီး ဒီႏွစ္တစ္ရာျပည့္အခမ္းအနားကို ခမ္းခမ္းနားနား အႏွစ္သာရ ရွိရွိနဲ႔ က်င္းပမွာျဖစ္တဲ့အတြက္ ေတာ္ေတာ္ေလး ကို ျပည့္ျပည့္စံုစံု ႏိုင္ငံေရးအခင္းအက်င္းက ေတာ္ေတာ္ေလးကို ပြင့္ပြင့္လင္းလင္း လြတ္လြတ္လပ္လပ္ လုပ္လို႔ရတဲ့အတြက္ ေတာ္ေတာ္ေလးကို အဆင္ေျပတယ္လို႔ ေျပာႏုိင္ပါတယ္။ "

ဗိုလ္ေအာင္ေက်ာ္ရဲ႕ တူ စာေရးဆရာ သန္းဝင္းႏိုင္ကေတာ့ ဒီလို ရာျပည့္ပြဲမ်ိဳးကို ေဆြမ်ိဳးေတြ ဦးေဆာင္ၿပီး မလုပ္ႏိုင္ေပမယ့္ ေဒသခံေတြ၊ လူငယ္ေတြနဲ႔ ေက်ာင္းသားေခါင္းေဆာင္ေဟာင္းေတြ ဝိုင္းဝန္းလုပ္ေဆာင္ ေပး ၾကတဲ့အတြက္ တိုင္းျပည္အတြက္ ဂုဏ္ယူတယ္လို႔ ဆိုပါတယ္။

" က်ေနာ္က သိပ္ဝမ္းသာပါတယ္။ က်ေနာ္တို႔က လုပ္ရမွာေလ။ က်ေနာ္တို႔ကလည္း မတတ္ႏုိင္ဘူး။ ေက်ာင္းသားေဟာင္းေတြ၊ ေဒသခံလူငယ္ေတြက ဝိုင္းလုပ္တဲ့အခါမွာ က်ေနာ္တို႔ ကိုယ္စားလုပ္ေပးတယ္ဆိုေတာ့ အရမ္းေက်းဇဴးတင္ ပါတယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔က ကိုယ္တုိင္ လည္း မလုပ္ႏုိင္ဘူးေလ။ က်ေနာ္တို႔က ကိုယ္တုိင္အတြက္ေရာ တုိင္းျပည္အတြက္ေရာ ဂုဏ္ယူပါတယ္။"

ေနမ်ဳိးသီဟသူရ ဘဲြ႔ရ ေက်ာင္းသားေခါင္းေဆာင္ ဗိုလ္ေအာင္ေက်ာ္ဟာ နယ္ခ်ဲ႕အစိုးရက ၁၃၀၀ျပည့္ အေရး ေတာ္ပံုမွာ ပါဝင္ခဲ့တဲ့ ေက်ာင္းသားေခါင္းေဆာင္ေတြကို ဖမ္းဆီးခဲ့လို႔ ၁၉၃၈ ခုႏွစ္ ဒီဇင္ဘာလ ၂၀ ရက္ေန႔က ရန္ကုန္ၿမိဳ႕က အတြင္း၀န္႐ုံးကို ပိတ္ဆို႔ ဆႏၵျပခဲ့ၿပီး နယ္ခ်ဲ႕ျမင္းစီးပုလိပ္ေတြရဲ႕ အၾကမ္းဖက္ ႐ုိက္ႏွက္ၿဖိဳခြင္းမႈ ေၾကာင့္ ဒဏ္ရာ ရခဲ့ၿပီး အဲ့ဒီဒဏ္ရာနဲ႔ပဲ က်ဆံုးခဲ့တာျဖစ္ပါတယ္။

ျမင့္ျမင့္ခိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........
 ဗိုလ်အောင်ကျော်ရာပြည့် အခမ်းအနား- သတင်းဓာတ်ပုံ Credit to ဟင်္သာတတက္ကသိုလ် ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ်၊
ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့ နှစ် ၁၀၀ပြည့် အထိမ်းအမှတ် အခမ်းအနားကို သူ့ရဲ့ မွေးရပ်မြေ မှာ ဒီကနေ့ စတင် ကျင်းပနေပါပြီ။ မြန်မာပြည်အ တွက် ဗိုလ်အောင်ကျော်လို တိုင်းပြည်အပေါ် တာဝန်ကျေတဲ့ ပုဂ္ဂိုလ်မျိုးတွေ လိုအပ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဖေဖော်ဝါ ရီ ၂၇ရက်နေ့ မှာ ကျရောက်မယ့် ဗိုလ်အောင်ကျော်ရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် မွေးနေ့ပွဲအခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုထားပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ကြိုးပမ်းခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် နှစ် ၁၀၀ပြည့် အထိမ်းအမှတ် အခမ်းအနားကို သူ့ရဲ့ မွေးရပ်မြေ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမှာ ဖေဖော်ဝါရီ ၂၆ရက်နဲ့ ၂၇ရက် ၂ရက် ကျင်းပသွားမှာဖြစ်ပါတယ်။

နယ်ချဲ့ဆန့်ကျင်ရေး ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဗိုလ်အောင်ကျော် မွေးဖွားရာ ရုံးဇင်ကျေးရွာမှာ နှစ် ၁၀၀ပြည့် ဗိုလ်အောင်ကျော် အထိမ်းအမှတ်ပြခန်းကို ဖွင့်လှစ်ခဲ့သလို ဗိုလ်အောင် ကျော်ရဲ့ ပုံတူကြေးရုပ်ကို မဲဇလီကုန်း ဗိုလ်အောင်ကျော် ခန်းမရှေ့မှာ ဖေဖော်ဝါရီ ၂၆ရက်နေ့ ညနေပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၇ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်အောင်ကျော်ရဲ့ နှစ် ၁၀၀ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တသက်မှာ တခါတာ ကျင်းပခွင့်ရတာမို့ ပိတီဖြစ်သလို ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ရာပြည့်ပွဲ ကျင်းပရေး ကော်မတီဝင် ဦးဆန်းညွန့်ဦးက အခုလိုပြောပြပါတယ်။

"နောင်မျိုးဆက်သစ်တွေပေါ့ဗျာ ဘယ်လိုပဲ ကျွန်ပညာရေးစနစ်ကို စခဲ့ရင် ဘယ်လိုမှ ခေါင်းငုံ့မခံဘူး။ ဒီလို အသက်ကိုပေးပြီး တော်လှန် တယ်။ နောင်မျိုးဆက်သစ် ကလေးတွေ ဒီလို မဟုတ်မခံစိတ်ဓာတ်ကလေးတွေ  ၊ သူ့ကျွန်မခံစိတ်ဓာတ်ကလေးတွေ ဖိနှိပ်ချုပ်ချယ်မှုတွေကို ငြိမ်မခံတတ်တဲ့ စိတ်ဓာတ်မျိုး ကိုယ့်နိုင်ငံအတွက် ဖြစ်အောင် အဲ့လိုလေးတွေဖြစ်အောင် မှတ်မှတ်ရရဖြစ်အောင် နောက်မျိုးဆက်သစ်တွေ အတုယူနိုင်အောင် ဒီပွဲကို ကျနော်တို့က အဓိကထားပြီး ကျင်းပပြုလုပ်တာပါခင်ဗျာ။"

ဒီအခမ်းအနားကို ဗိုလ်အောင်ကျော်ရဲ့ မြေးတော်စပ်သူ လက်ရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်အပါအဝင် ၈၈မျိုးဆက်နဲ့ အခြားနိုင်ငံရေးအင်အားစုတွေ တက်ရောက်ကြသလို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်အောင်ကျော်ရဲ့ နှစ် ၁၀၀ပြည့် မွေးနေ့အတွက် ရည်ရွယ်ပြီး စာပေဟောပြောပွဲတွေ အပြင် စာပေနဲ့ အနုပညာပြခန်းတွေကို လည်း ပြသထားပါတယ်။

နယ်ချဲ့ကိုလိုနီလက်ထက်မှာ မတရားမှုတွေကို တွန်းလှန်ခဲ့ တဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့ ရာပြည့်ပွဲဟာ နိုင်ငံရေး အရောင်အသွေး ကင်းကင်းနဲ့ ဗိုလ်အောင်ကျော်ကို လေးစားတဲ့ ပုဂ္ဂိုလ်တွေ အားလုံး ပါဝင် ခွင့်ရတဲ့ပွဲဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး အကူညီပေးနေတဲ့ ကိုဇော်ရမ်းက ပြောပါတယ်။

"ဒီပွဲမှာ ကျနော်တို့က နိုင်ငံရေးပါတီအရောင်အသွေးကင်းကင်းနဲ့ ဧရာဝတီကျောင်းသား သပိတ်စစ်ကြောင်းက ညီငယ် ခွပ်ဒေါင်း မျိုးဆက်တွေ၊ နောက်တခါ အထက်မြန်မာပြည် ပင်မစစ်ကြောင်း က ကျောင်းသားတွေ နောက်တခါ ကျနော်တို့ ရ၄၊ ရ၅ ကျောင်းသားတွေ အကုန်လုံးပေါ့ ဒီကို ရောက်ရှိလာတယ်။ စာရေးဆရာတွေ ရောက်ရှိလာတယ်။ အကုန်လုံး ရောက်ရှိလာပြီး ဒီနှစ်တစ်ရာပြည့်အခမ်းအနားကို ခမ်းခမ်းနားနား အနှစ်သာရ ရှိရှိနဲ့ ကျင်းပမှာဖြစ်တဲ့အတွက် တော်တော်လေး ကို ပြည့်ပြည့်စုံစုံ နိုင်ငံရေးအခင်းအကျင်းက တော်တော်လေးကို ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် လုပ်လို့ရတဲ့အတွက် တော်တော်လေးကို အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ "

ဗိုလ်အောင်ကျော်ရဲ့ တူ စာရေးဆရာ သန်းဝင်းနိုင်ကတော့ ဒီလို ရာပြည့်ပွဲမျိုးကို ဆွေမျိုးတွေ ဦးဆောင်ပြီး မလုပ်နိုင်ပေမယ့် ဒေသခံတွေ၊ လူငယ်တွေနဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းတွေ ဝိုင်းဝန်းလုပ်ဆောင် ပေး ကြတဲ့အတွက် တိုင်းပြည်အတွက် ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

" ကျနော်က သိပ်ဝမ်းသာပါတယ်။ ကျနော်တို့က လုပ်ရမှာလေ။ ကျနော်တို့ကလည်း မတတ်နိုင်ဘူး။ ကျောင်းသားဟောင်းတွေ၊ ဒေသခံလူငယ်တွေက ဝိုင်းလုပ်တဲ့အခါမှာ ကျနော်တို့ ကိုယ်စားလုပ်ပေးတယ်ဆိုတော့ အရမ်းကျေးဇူးတင် ပါတယ်။ နောက်ပြီးတော့ ကျနော်တို့က ကိုယ်တိုင် လည်း မလုပ်နိုင်ဘူးလေ။ ကျနော်တို့က ကိုယ်တိုင်အတွက်ရော တိုင်းပြည်အတွက်ရော ဂုဏ်ယူပါတယ်။"

နေမျိုးသီဟသူရ ဘွဲ့ရ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ဟာ နယ်ချဲ့အစိုးရက ၁၃၀၀ပြည့် အရေး တော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့လို့ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့က အတွင်းဝန်ရုံးကို ပိတ်ဆို့ ဆန္ဒပြခဲ့ပြီး နယ်ချဲ့မြင်းစီးပုလိပ်တွေရဲ့ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းမှု ကြောင့် ဒဏ်ရာ ရခဲ့ပြီး အဲ့ဒီဒဏ်ရာနဲ့ပဲ ကျဆုံးခဲ့တာဖြစ်ပါတယ်။

မြင့်မြင့်ခိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment