CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, February 5, 2016
၅၉(စ) ဆိုင္းငံ့ေရးႏွင့္ တပ္မေတာ္လိုလားသူအခ်ဳိ႕ ၀န္ၾကီးခ်ဳပ္ျဖစ္ေရး အေပးအယူ လုပ္ေနဟု သတင္းထြက္ေပၚ
ေဖေဖာ္၀ါရီ ၁ ရက္ လႊတ္ေတာ္စတင္သည့္ေန႔တြင္ လႊတ္ေတာ္ေလ့လာေရးအတြက္ ဖိတ္ၾကားခံရသူမ်ားထဲတြင္ NLD အစိုးရအဖဲြ႕၌ ပါ၀င္ဖဲြ႕စည္းရန္ ေရြးခ်ယ္လ်ာထားသူမ်ားလည္း ပါ၀င္ေၾကာင္း၊ ေဒၚေအာင္ဆန္း
စုၾကည္သမၼတျဖစ္ရန္ ၅၉ (စ) ဆိုင္းငံ့ေရးႏွင့္ တပ္မေတာ္လိုလားသူအခ်ဳိ႕အား၀န္ၾကီးခ်ဳပ္ရာထူးေပးေရးကိုအေပးအယူလုပ္ရန္ ညွိႏိႈင္းေနသည္ဟု NLD တာ၀န္ရိွသူမ်ား၏ သတင္းမီဒီယာ မ်ားသို႔ ေျပာၾကားခ်က္အရ သိရသည္။
ျပည္ေထာင္စုအဆင့္အစိုးရအဖဲြ႕စာရင္းမေပၚထြက္မီ ျပည္နယ္တိုင္းေဒသႀကီးမ်ားမွအစိုးရတာ၀န္လဲႊေျပာင္းေရးဆိုင္ရာသင္တန္းမ်ားတက္ေရာက္လာၾကသူမ်ားသည္ သက္ဆိုင္ရာ အစိုးရအဖဲြ႕၀င္ ၀န္ၾကီးမ်ား လႊတ္ေတာ္ဥကၠ႒၊ ဒုဥကၠ႒မ်ား တာ၀န္ထမ္းေဆာင္မည့္သူမ်ားအျဖစ္ လ်ာထားခံခဲ့ရေသာ ပုဂၢိဳလ္မ်ားစာရင္း
ထြက္ေပၚလာခဲ့သည္။
ထိုဂၢဳိလ္မ်ားတြင္ကခ်င္ျပည္နယ္ႏွင့္ရွမ္းျပည္နယ္မွပုဂၢိဳလ္မ်ားပါ၀င္လာျခင္းမရိွ၍ တပ္မေတာ္မွလိုလားသည့္ပုဂၢိဳလ္မ်ား ၀န္ၾကီးခ်ဳပ္ျဖစ္ ေရးႏွင့္ NLD ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္သမၼတမျဖစ္ေစရန္ကန္႔သတ္တားဆီးထားသည့္ဖဲြ႕စည္းပံုအေျခခံဥပေဒပုဒ္မ၅၉(စ)အားဆိုင္းငံ့ေရးအေပးအယူတခုရိွလာနိုင္သည္ဟု လႊတ္ေတာ္ႏွင့္နီးစပ္သူမ်ားအဆိုအရ သိရသည္။
''ရွမ္းနဲ႔ကခ်င္ကကိုယ္စားလွယ္ေတြကသူတို႔က ေစာေစာလာျပီး ျပန္သြားၾကတယ္။ အခု သင္တန္းဆင္း
ေတာ့ပါတာ မေတြ႕ရဘူး။ အခု ဒီမွာ ၾကားေနတဲ့အတိုင္းပဲ အေပးအယူေတာ့လုပ္ရမယ္။
တိုင္းေဒသႀကီး၊ ျပည္နယ္ ၀န္ၾကီးခ်ဳပ္ေတြနဲ႔ အေပးအယူလုပ္ရမယ္။ တပ္ကေတာင္းတဲ့ လူေတြ NLD က
လိုက္ေလ်ာရင္ ၅၉ (စ)ကို ဆိုင္းငံ့ေပးမယ္။ အဲဒီလို ျဖစ္ေနတယ္။
ရခိုင္ရယ္၊ ရွမ္းရယ္၊ ကခ်င္ရယ္၊ ရန္ကုန္ရယ္ အဲဒီေလးခုလို႔ ၾကားတယ္''ဟု ေနျပည္ေတာ္ေရာက္ လႊတ္ေတာ္ကိုယ္စားလွယ္တဦးက ဆိုသည္။
၅၉ (စ)ဆိုင္းငံ့ေရးကိစၥကို ျပည္ခိုင္ၿဖိဳးပါတီမွ ေထာက္ခံထားၿပီးျဖစ္ေၾကာင္းႏွင့္ တပ္မေတာ္ကိုယ္စားလွယ္မ်ားပါ၀င္ေထာက္ခံရန္အတြက္အုပ္ခ်ဳပ္ေရးပိုင္းကိစၥရပ္မ်ားကို NLD ႏွင့္ တပ္မေတာ္တို႔ ညိွႏိႈင္းေဆာင္ရြက္ေနရေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္တဦး၏အဆိုအရ သိရသည္။
''၅၉ (စ)ဆိုင္းငံ့ေရးကို ျပည္ခိုင္ၿဖိဳးက ေထာက္ခံျပီးျပီ။ ျပည္ခိုင္ၿဖိဳးက သေဘာထားၾကီးျပတယ္။
တပ္ပဲလိုေတာ့ တာ။ တပ္က သူတို႔လိုခ်င္တာေတြ ရိွမွာေပါ့။ ဒါလည္း ပထမပိုင္းကညိွေနတယ္။ သိပ္ေတာ့ မေျပလည္ေသးဘူး။ အခုက်ေတာ့ ဒီအေပးအယူအဆင္ေျပဖို႔ အုပ္ခ်ဳပ္ေရးပိုင္းမွာ တခ်ဳိ႕ကိစၥေတြ ညိွေနရတယ္'' ဟု ၎က ဆိုသည္။
NLD ၏ ျပည္နယ္၊ တိုင္းေဒသ ၾကီးအစိုးရ အဖဲြ႕၀င္၀န္ၾကီးခ်ဳပ္မ်ားႏွင့္ ၀န္ၾကီးမ်ားအျဖစ္ ခန္႔အပ္ရန္လ်ာထား သည့္စာရင္းတြင္ ေနျပည္ေတာ္တြင္ အစိုးရတာ၀န္လဲႊေျပာင္းေရးဆိုင္ရာ သင္တန္းတက္ေရာက္ေနသူ အမ်ားစု ပါ၀င္သည္ဟု NLD ဗဟိုအလုပ္အမႈေဆာင္အဖဲြ႕၀င္ ဦးေက်ာ္ခင္က RFA သတင္းမီဒီယာသို႔ ေျပာၾကားထားျပီး NLD နာယက ဦးတင္ဦးကလည္း ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ သမၼတျဖစ္မည္ဟု
တထစ္ခ်ယံုၾကည္ လ်က္ရိွေၾကာင္း သတင္းမီဒီယာမ်ား၏ ေမးျမန္းခ်က္တြင္ ထည့္သြင္းေျပာၾကားထားသည္။
ကိုဗညား
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.............................................
ဖေဖော်ဝါရီ ၁ ရက် လွှတ်တော်စတင်သည့်နေ့တွင် လွှတ်တော်လေ့လာရေးအတွက် ဖိတ်ကြားခံရသူများထဲတွင် NLD အစိုးရအဖွဲ့၌ ပါ၀င်ဖွဲ့စည်းရန် ရွေးချယ်လျာထားသူများလည်း ပါ၀င်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရန် ၅၉ (စ) ဆိုင်းငံ့ရေးနှင့် တပ်မတော်လိုလားသူအချို့အားဝန်ကြီးချုပ်ရာထူးပေးရေးကိုအပေးအယူလုပ်ရန် ညှိနှိုင်းနေသည်ဟု NLD တာဝန်ရှိသူများ၏ သတင်းမီဒီယာ များသို့ ပြောကြားချက်အရ သိရသည်။
ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့စာရင်းမပေါ်ထွက်မီ ပြည်နယ်တိုင်းဒေသကြီးများမှအစိုးရတာဝန်လွှဲပြောင်းရေးဆိုင်ရာသင်တန်းများတက်ရောက်လာကြသူများသည် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ တာဝန်ထမ်းဆောင်မည့်သူများအဖြစ် လျာထားခံခဲ့ရသော ပုဂ္ဂိုလ်များစာရင်း ထွက်ပေါ်လာခဲ့သည်။
ထိုဂ္ဂိုလ်များတွင်ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မှပုဂ္ဂိုလ်များပါ၀င်လာခြင်းမရှိ၍ တပ်မတော်မှလိုလားသည့်ပုဂ္ဂိုလ်များ ၀န်ကြီးချုပ်ဖြစ် ရေးနှင့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်စေရန်ကန့်သတ်တားဆီးထားသည့်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၅၉(စ)အားဆိုင်းငံ့ရေးအပေးအယူတခုရှိလာနိုင်သည်ဟု လွှတ်တော်နှင့်နီးစပ်သူများအဆိုအရ သိရသည်။
''ရှမ်းနဲ့ကချင်ကကိုယ်စားလှယ်တွေကသူတို့က စောစောလာပြီး ပြန်သွားကြတယ်။ အခု သင်တန်းဆင်း တော့ပါတာ မတွေ့ရဘူး။ အခု ဒီမှာ ကြားနေတဲ့အတိုင်းပဲ အပေးအယူတော့လုပ်ရမယ်။
တိုင်းဒေသကြီး၊ ပြည်နယ် ၀န်ကြီးချုပ်တွေနဲ့ အပေးအယူလုပ်ရမယ်။ တပ်ကတောင်းတဲ့ လူတွေ NLD က လိုက်လျောရင် ၅၉ (စ)ကို ဆိုင်းငံ့ပေးမယ်။ အဲဒီလို ဖြစ်နေတယ်။
ရခိုင်ရယ်၊ ရှမ်းရယ်၊ ကချင်ရယ်၊ ရန်ကုန်ရယ် အဲဒီလေးခုလို့ ကြားတယ်''ဟု နေပြည်တော်ရောက် လွှတ်တော်ကိုယ်စားလှယ်တဦးက ဆိုသည်။
၅၉ (စ)ဆိုင်းငံ့ရေးကိစ္စကို ပြည်ခိုင်ဖြိုးပါတီမှ ထောက်ခံထားပြီးဖြစ်ကြောင်းနှင့် တပ်မတော်ကိုယ်စားလှယ်များပါ၀င်ထောက်ခံရန်အတွက်အုပ်ချုပ်ရေးပိုင်းကိစ္စရပ်များကို NLD နှင့် တပ်မတော်တို့ ညှိနှိုင်းဆောင်ရွက်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ်တဦး၏အဆိုအရ သိရသည်။
''၅၉ (စ)ဆိုင်းငံ့ရေးကို ပြည်ခိုင်ဖြိုးက ထောက်ခံပြီးပြီ။ ပြည်ခိုင်ဖြိုးက သဘောထားကြီးပြတယ်။ တပ်ပဲလိုတော့ တာ။ တပ်က သူတို့လိုချင်တာတွေ ရှိမှာပေါ့။ ဒါလည်း ပထမပိုင်းကညှိနေတယ်။ သိပ်တော့ မပြေလည်သေးဘူး။ အခုကျတော့ ဒီအပေးအယူအဆင်ပြေဖို့ အုပ်ချုပ်ရေးပိုင်းမှာ တချို့ကိစ္စတွေ ညှိနေရတယ်'' ဟု ၎င်းက ဆိုသည်။
NLD ၏ ပြည်နယ်၊ တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးချုပ်များနှင့် ၀န်ကြီးများအဖြစ် ခန့်အပ်ရန်လျာထား သည့်စာရင်းတွင် နေပြည်တော်တွင် အစိုးရတာဝန်လွှဲပြောင်းရေးဆိုင်ရာ သင်တန်းတက်ရောက်နေသူ အများစု ပါ၀င်သည်ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ခင်က RFA သတင်းမီဒီယာသို့ ပြောကြားထားပြီး NLD နာယက ဦးတင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်မည်ဟု တထစ်ချယုံကြည် လျက်ရှိကြောင်း သတင်းမီဒီယာများ၏ မေးမြန်းချက်တွင် ထည့်သွင်းပြောကြားထားသည်။
ကိုဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
၅၉(စ) ဆိုင္းငံ့ေရးႏွင့္ တပ္မေတာ္လိုလားသူအခ်ဳိ႕ ၀န္ၾကီးခ်ဳပ္ျဖစ္ေရး အေပးအယူ လုပ္ေနဟု သတင္းထြက္ေပၚ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 05, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
February 05, 2016
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment