ျပည္သူအမ်ား ဆင္းရဲသား


ျမန္မာျပည္ဟာ ဖြံ႔ၿဖိဳးမႈ အနည္းဆံုးႏိုင္ငံထဲမွာ ပါဝင္တာမို႔ ဆင္းရဲႏႊမ္းပါးမႈႏႈန္း ေလွ်ာ့ခ်ႏိုင္ေရးကို ဦးစားေပးေဆာင္ရြက္ရမယ္လို႔ သမၼတဦးသိန္းစိန္က (၂၀၁၃) မွာ ေျပာပါတယ္။ သမၼတသက္တမ္း (၅) ႏွစ္မွာ တတ္ႏိုင္သမွ် ႀကိဳးစားေပမယ့္ ႏွစ္ေပါင္းမ်ားစြာ နက္ရိႈင္းလာတဲ့ ဆင္းရဲတြင္းက လြတ္ေျမာက္ဖို႔ဆိုတာ စိတ္ကူးယဥ္ခ်က္လို ျဖစ္ေနပါတယ္။ စီးပြားေရး တုိးတက္မႈႏႈန္းကို ေလ့လာတြက္ခ်က္ၿပီး တိုင္းျပည္အေျခအေနကို အျပည္ျပည္ဆိုင္ရာ ဘ႑ာေရးအဖြဲ႔အစည္းေတြ အကဲျဖတ္ၾကပါတယ္။ ဒါေပမဲ့ ဆင္းရဲသား လူတန္းစားရဲ ႔ဘဝကို ေလ့လာဆန္းစစ္ၿပီး လူမႈအေျခအေနကို သံုးသပ္တာမ်ဳိးက နည္းပါတယ္။

ကုလသမဂၢ ဖြံ႔ၿဖိဳးမႈအစီအစဥ္ (UNDP) ကထုတ္တဲ့ (၂၀၁၅) လူ႔တိုးတက္မႈအစီရင္ခံစာ Human Development Report ကိုၾကည့္ရင္ အာဆီယံ (၁၀) ႏိုင္ငံမွာ ျမန္မာျပည္သားေတြဟာ ေအာက္ဆံုးအဆင့္မွာပဲ ရွိေနေသးတာကို ေတြ႔ႏိုင္ပါတယ္။ လားအုိ နဲ႔ ကေမာၻဒီးယားႏိုင္ငံသားေတြဟာ ျမန္မာျပည္သားေတြထက္ သာေနပါတယ္။ အသက္ေမြးေက်ာင္းမႈအတြက္ ျပည္သူေတြ ဘယ္ေလာက္ စြမ္းေဆာင္ႏိုင္သလဲဆိုတာကို ေလ့လာၿပီး၊ လူ႔တိုးတက္မႈကို အကဲျဖတ္ပါတယ္။ ဒါေၾကာင့္ တိုင္းျပည္ အသားတင္ထုတ္လုပ္မႈ တိုးပြားလာတိုင္း ျပည္သူလူထုဘဝ တိုးတက္ေကာင္းမြန္လာတာ မဟုတ္ေၾကာင္း သိႏိုင္ပါတယ္။

လူ႔အဖြဲ႔အစည္းရဲ ႔ ေရရွည္တိုးတက္ဖြံ႔ၿဖိဳးမႈ အလားအလာကို တိုင္းတာဖို႔အတြက္ လူ႔တိုးတက္မႈအညႊန္း Human Development Index ကို ကုလသမဂၢ က ထုတ္ေဝပါတယ္။ အေျခခံ (၃) ခုမွာ တိုးတက္မႈ ဘယ္ေလာက္ရွိတယ္ဆိုတာကို ဆန္းစစ္ေလ့လာတာ ျဖစ္ပါတယ္။ က်န္းမာစြာ ေနထိုင္ႏိုင္မႈ၊ ပညာသင္ႏိုင္မႈ နဲ႔ လူေနမႈ အဆင့္အတန္း ေကာင္းမြန္မႈစတဲ့ အေျခခံ (၃) ခုကိုၾကည့္ၿပီး လူ႔တိုးတက္မႈကို တိုင္းတာပါတယ္။ ဘယ္ေလာက္ အသက္ရွည္တယ္ ဆိုတာကိုၾကည့္ၿပီး က်န္းမာေရးဘဝကို တိုင္းတာပါတယ္။ လူငယ္ေတြ ပညာသင္ၾကားတဲ့ကာလကိုၾကည့္ၿပီး ပညာေရး တိုးတက္မႈကို အကဲျဖတ္ပါတယ္။ လူေနမႈ အဆင့္အတန္းကိုေတာ့ တိုင္းျပည္ရဲ ႔ ႏွစ္စဥ္ဝင္ေငြမွာ အေျခခံၿပီး တုိင္းတာပါတယ္။ ဒီ (၃) ခ်က္ကို အေျခခံၿပီး ႏိုင္ငံေပါင္း (၁၈၈) ႏိုင္ငံကို ေလ့လာတဲ့အခါ ျမန္မာက အဆင့္ (၁၄၈) မွာ ရွိေနပါတယ္။

ျမန္မာ့အထက္မွာ ပါကစၥတန္၊ ဘဂၤလားေဒ့ရွ္၊ နီေပါလ္၊ လာအို နဲ႔ ကေမာၻဒီးယားႏုိင္ငံေတြ ရွိပါတယ္။ လက္နက္ကိုင္ ပဋိပကၡ ျဖစ္ေနတဲ့ အီရတ္၊ ဆီရီးယား နဲ႔ လစ္ဗ်ား တို႔ဟာ ျမန္မာထက္ အမ်ားႀကီးသာေနပါတယ္။ ျမန္မာ့ထက္ အဆင့္နိမ့္တဲ့ ႏိုင္ငံ (၄၀) ဟာ အာဖရိကႏိုင္ငံေတြနဲ႔ ကၽြန္းႏိုင္ငံေလးေတြ ျဖစ္ပါတယ္။ ျမန္မာျပည္သားရဲ ႔ ပွ်မ္းမွ်သက္တမ္းဟာ (၆၅) ႏွစ္သာရွိၿပီး၊ ပညာသင္ကာလ က (၈) ႏွစ္သာရွိပါတယ္။ အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပံုေငြအဖြဲ႔ IMF အစီရင္ခံစာအရ (၂၀၁၅) မွာ လူတဦးခ်င္းရဲ ႔ ဝင္ေငြေဒၚလာ (၁၂၆၉) ရွိေၾကာင္း သိရပါတယ္။ ဘဂၤလားေဒ့ရွ္ကလြဲရင္ အိမ္နီးခ်င္းႏိုင္ငံေတြရဲ ႔ တဦးခ်င္းဝင္ေငြဟာ ျမန္မာထက္သာေနတာ ေတြ႔ရပါတယ္။ အာဆီယံႏိုင္ငံေတြထဲမွာလည္း ျမန္မာႏိုင္ငံသားေတြက ဝင္ေငြအနည္းဆံုး ျဖစ္ေနတာေၾကာင့္ လူ႔တိုးတက္မႈ နိမ့္က်တဲ့အဆင့္မွာ ရွိပါတယ္။

သယံဇာတ ၾကြယ္ဝမႈကိုၾကည့္ၿပီး တိုးတက္ဖြံ႔ၿဖိဳးဖို႔ အလားအလာ ရွိတာကို ေထာက္ျပၾကေပမယ့္ ျမန္မာျပည္ဟာ အေရွ ႔ေတာင္အာရွမွာ အဆင္းရဲဆံုးအဆင့္မွာပဲ ရွိေနပါတယ္။ အာဆီယံ (၁၀) ႏိုင္ငံမွာ သက္တမ္းအတိုဆံုးနဲ႔ ကေလး အေသအေပ်ာက္ အမ်ားဆံုးဟာ ျမန္မာျပည္ ျဖစ္ပါတယ္။ စစ္အစိုးရ မတက္မီက ျမန္မာႏိုင္ငံရဲ ႔ တိုးတက္ဖြံ႔ၿဖိဳးမႈႏႈန္းဟာ ထိုင္းနဲ႔ မေလးရွားတို႔နဲ႔ တန္းတူရည္တူ ျဖစ္ခဲ့ေပမယ့္ အခုေတာ့ လာအို နဲ႔ ကေမာၻဒီးယားကိုေတာင္ မီဖို႔ခက္ေနပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ႏိုင္ငံေရး၊ စီးပြားေရးကို စစ္ဗိုလ္ခ်ဳပ္ေတြ ခ်ဳပ္ကိုင္ၿပီး စစ္ေရးကို ဦးစားေပးေနတာမို႔ လူ႔တိုးတက္မႈအဆင့္ နိမ့္က်ၿပီး ဆင္းရဲတြင္းနက္ ေနရတာကို (၂၀၁၄) ႏိုဝင္ဘာလထုတ္ Ending Poverty and Boosting Shared Prosperity ဆိုတဲ့ ကမာၻ႔ဘဏ္အုပ္စုက ေရးသားျပဳစုတဲ့ (၇၁) မ်က္ႏွာ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ျမန္မာ့လူဦးေရ (၄၀) ရာခိုင္ႏႈန္းဟာ အလြန္ဆင္းရဲၾကၿပီး အမ်ားစုဟာ ေက်းလက္ေဒသမွာ ေနထိုင္ၾကပါတယ္။ ပဋိပကၡ ျဖစ္တဲ့ေဒသမွာ ဆင္းရဲသား ပိုမ်ားပါတယ္။ ခ်င္းျပည္နယ္ နဲ႔ ရခိုင္ျပည္နယ္မွာ လူဦးေရ (၇၅) ရာခိုင္ႏႈန္းဟာ ဆင္းရဲသားေတြ ျဖစ္ၾကပါတယ္။ ဆင္းရဲသား (၃) မ်ုိး (၃) စား ရွိတယ္လို႔ ကမာၻ႔ဘဏ္အုပ္စုက ဆိုပါတယ္။ ပထမအမ်ဳိးက ပညာမရွိ၊ ေငြရင္းမရွိဘဲ ေက်းလက္ေဒသမွာ စိုက္ပ်ဳိးေရးလုပ္တဲ့ ဆင္းရဲသားလူတန္းစား ျဖစ္ပါတယ္။ ဒုတိယက ေက်းလက္ဘဝကို လြတ္ေျမာက္ေအာင္ ႀကိဳးစားရင္း ၿမိဳ ႔အနီးကို ေရာက္လာတဲ့ ၾကားကာလ ဆင္းရဲသား ျဖစ္ပါတယ္။ တတိယကေတာ့ စီးပြားေရးလႈပ္ရွားမႈမွာ ပါဝင္ခြင့္မရၾကတဲ့ အပယ္ခံ ဆင္းရဲသား လူတန္းစား ျဖစ္တယ္လို႔ ဆိုပါတယ္။

အလုပ္သမား အင္အားသံုးတဲ့လုပ္ငန္း တိုးပြားလာရင္ ရုိးရာဆင္းရဲသား နဲ႔ ၾကားကာလ ဆင္းရဲသားဦးေရ က်ဆင္းသြားႏိုင္ပါတယ္။ အပယ္ခံ ဆင္းရဲသားကေတာ့ စီးပြားေရးလႈပ္ရွားမႈေတြ နဲ႔ အဆက္အသြယ္ သိပ္ရွိတာ မဟုတ္တဲ့အတြက္ သူတို႔အတြက္ သီးသန္႔စီမံခ်က္ေတြ အေကာင္အထည္ေဖာ္ႏိုင္မွသာ ဆင္းရဲမႈ သက္သာလိမ့္မယ္လို႔ ဆိုပါတယ္။ ျပည္တြင္းျပည္ပ ပုဂၢလိကလုပ္ငန္းေတြက ဦးေဆာင္လို႔ တိုးတက္မႈရွိလာမွသာ အလုပ္အကိုင္ေပးႏုိင္မွာျဖစ္ၿပီး ဆင္းရဲမႈကို ေလ်ာ့နည္းေစႏုိင္ပါတယ္။ ဆင္းရဲသားရဲ ႔ အေျခအေန၊ အထူးသျဖင့္ နယ္စပ္ေဒသက ဆင္းရဲသားကို ေလ့လာၿပီး နားလည္သေဘာေပါက္ေအာင္လုပ္ဖို႔ လိုအပ္ေၾကာင္း ကမာၻ႔ဘဏ္အုပ္စုရဲ ႔ ဆင္းရဲမႈ ပေပ်ာက္ေရး အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဦးေအာင္ခင္, ေက်ာ္ေက်ာ္သိန္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
....................


မြန်မာပြည်ဟာ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံထဲမှာ ပါဝင်တာမို့ ဆင်းရဲနွှမ်းပါးမှုနှုန်း လျှော့ချနိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမယ်လို့ သမ္မတဦးသိန်းစိန်က (၂၀၁၃) မှာ ပြောပါတယ်။ သမ္မတသက်တမ်း (၅) နှစ်မှာ တတ်နိုင်သမျှ ကြိုးစားပေမယ့် နှစ်ပေါင်းများစွာ နက်ရှိုင်းလာတဲ့ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ဆိုတာ စိတ်ကူးယဉ်ချက်လို ဖြစ်နေပါတယ်။ စီးပွားရေး တိုးတက်မှုနှုန်းကို လေ့လာတွက်ချက်ပြီး တိုင်းပြည်အခြေအနေကို အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ အကဲဖြတ်ကြပါတယ်။ ဒါပေမဲ့ ဆင်းရဲသား လူတန်းစားရဲ ့ဘဝကို လေ့လာဆန်းစစ်ပြီး လူမှုအခြေအနေကို သုံးသပ်တာမျိုးက နည်းပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ကထုတ်တဲ့ (၂၀၁၅) လူ့တိုးတက်မှုအစီရင်ခံစာ Human Development Report ကိုကြည့်ရင် အာဆီယံ (၁၀) နိုင်ငံမှာ မြန်မာပြည်သားတွေဟာ အောက်ဆုံးအဆင့်မှာပဲ ရှိနေသေးတာကို တွေ့နိုင်ပါတယ်။ လားအို နဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေဟာ မြန်မာပြည်သားတွေထက် သာနေပါတယ်။ အသက်မွေးကျောင်းမှုအတွက် ပြည်သူတွေ ဘယ်လောက် စွမ်းဆောင်နိုင်သလဲဆိုတာကို လေ့လာပြီး၊ လူ့တိုးတက်မှုကို အကဲဖြတ်ပါတယ်။ ဒါကြောင့် တိုင်းပြည် အသားတင်ထုတ်လုပ်မှု တိုးပွားလာတိုင်း ပြည်သူလူထုဘဝ တိုးတက်ကောင်းမွန်လာတာ မဟုတ်ကြောင်း သိနိုင်ပါတယ်။

လူ့အဖွဲ့အစည်းရဲ ့ ရေရှည်တိုးတက်ဖွံ့ဖြိုးမှု အလားအလာကို တိုင်းတာဖို့အတွက် လူ့တိုးတက်မှုအညွှန်း Human Development Index ကို ကုလသမဂ္ဂ က ထုတ်ဝေပါတယ်။ အခြေခံ (၃) ခုမှာ တိုးတက်မှု ဘယ်လောက်ရှိတယ်ဆိုတာကို ဆန်းစစ်လေ့လာတာ ဖြစ်ပါတယ်။ ကျန်းမာစွာ နေထိုင်နိုင်မှု၊ ပညာသင်နိုင်မှု နဲ့ လူနေမှု အဆင့်အတန်း ကောင်းမွန်မှုစတဲ့ အခြေခံ (၃) ခုကိုကြည့်ပြီး လူ့တိုးတက်မှုကို တိုင်းတာပါတယ်။ ဘယ်လောက် အသက်ရှည်တယ် ဆိုတာကိုကြည့်ပြီး ကျန်းမာရေးဘဝကို တိုင်းတာပါတယ်။ လူငယ်တွေ ပညာသင်ကြားတဲ့ကာလကိုကြည့်ပြီး ပညာရေး တိုးတက်မှုကို အကဲဖြတ်ပါတယ်။ လူနေမှု အဆင့်အတန်းကိုတော့ တိုင်းပြည်ရဲ ့ နှစ်စဉ်ဝင်ငွေမှာ အခြေခံပြီး တိုင်းတာပါတယ်။ ဒီ (၃) ချက်ကို အခြေခံပြီး နိုင်ငံပေါင်း (၁၈၈) နိုင်ငံကို လေ့လာတဲ့အခါ မြန်မာက အဆင့် (၁၄၈) မှာ ရှိနေပါတယ်။

မြန်မာ့အထက်မှာ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါလ်၊ လာအို နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ ရှိပါတယ်။ လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ အီရတ်၊ ဆီရီးယား နဲ့ လစ်ဗျား တို့ဟာ မြန်မာထက် အများကြီးသာနေပါတယ်။ မြန်မာ့ထက် အဆင့်နိမ့်တဲ့ နိုင်ငံ (၄၀) ဟာ အာဖရိကနိုင်ငံတွေနဲ့ ကျွန်းနိုင်ငံလေးတွေ ဖြစ်ပါတယ်။ မြန်မာပြည်သားရဲ ့ ပျှမ်းမျှသက်တမ်းဟာ (၆၅) နှစ်သာရှိပြီး၊ ပညာသင်ကာလ က (၈) နှစ်သာရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အစီရင်ခံစာအရ (၂၀၁၅) မှာ လူတဦးချင်းရဲ ့ ဝင်ငွေဒေါ်လာ (၁၂၆၉) ရှိကြောင်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလွဲရင် အိမ်နီးချင်းနိုင်ငံတွေရဲ ့ တဦးချင်းဝင်ငွေဟာ မြန်မာထက်သာနေတာ တွေ့ရပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာလည်း မြန်မာနိုင်ငံသားတွေက ဝင်ငွေအနည်းဆုံး ဖြစ်နေတာကြောင့် လူ့တိုးတက်မှု နိမ့်ကျတဲ့အဆင့်မှာ ရှိပါတယ်။

သယံဇာတ ကြွယ်ဝမှုကိုကြည့်ပြီး တိုးတက်ဖွံ့ဖြိုးဖို့ အလားအလာ ရှိတာကို ထောက်ပြကြပေမယ့် မြန်မာပြည်ဟာ အရှေ ့တောင်အာရှမှာ အဆင်းရဲဆုံးအဆင့်မှာပဲ ရှိနေပါတယ်။ အာဆီယံ (၁၀) နိုင်ငံမှာ သက်တမ်းအတိုဆုံးနဲ့ ကလေး အသေအပျောက် အများဆုံးဟာ မြန်မာပြည် ဖြစ်ပါတယ်။ စစ်အစိုးရ မတက်မီက မြန်မာနိုင်ငံရဲ ့ တိုးတက်ဖွံ့ဖြိုးမှုနှုန်းဟာ ထိုင်းနဲ့ မလေးရှားတို့နဲ့ တန်းတူရည်တူ ဖြစ်ခဲ့ပေမယ့် အခုတော့ လာအို နဲ့ ကမ္ဘောဒီးယားကိုတောင် မီဖို့ခက်နေပါတယ်။ နှစ်ပေါင်းများစွာ နိုင်ငံရေး၊ စီးပွားရေးကို စစ်ဗိုလ်ချုပ်တွေ ချုပ်ကိုင်ပြီး စစ်ရေးကို ဦးစားပေးနေတာမို့ လူ့တိုးတက်မှုအဆင့် နိမ့်ကျပြီး ဆင်းရဲတွင်းနက် နေရတာကို (၂၀၁၄) နိုဝင်ဘာလထုတ် Ending Poverty and Boosting Shared Prosperity ဆိုတဲ့ ကမ္ဘာ့ဘဏ်အုပ်စုက ရေးသားပြုစုတဲ့ (၇၁) မျက်နှာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့လူဦးရေ (၄၀) ရာခိုင်နှုန်းဟာ အလွန်ဆင်းရဲကြပြီး အများစုဟာ ကျေးလက်ဒေသမှာ နေထိုင်ကြပါတယ်။ ပဋိပက္ခ ဖြစ်တဲ့ဒေသမှာ ဆင်းရဲသား ပိုများပါတယ်။ ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်မှာ လူဦးရေ (၇၅) ရာခိုင်နှုန်းဟာ ဆင်းရဲသားတွေ ဖြစ်ကြပါတယ်။ ဆင်းရဲသား (၃) မျိုး (၃) စား ရှိတယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုက ဆိုပါတယ်။ ပထမအမျိုးက ပညာမရှိ၊ ငွေရင်းမရှိဘဲ ကျေးလက်ဒေသမှာ စိုက်ပျိုးရေးလုပ်တဲ့ ဆင်းရဲသားလူတန်းစား ဖြစ်ပါတယ်။ ဒုတိယက ကျေးလက်ဘဝကို လွတ်မြောက်အောင် ကြိုးစားရင်း မြို ့အနီးကို ရောက်လာတဲ့ ကြားကာလ ဆင်းရဲသား ဖြစ်ပါတယ်။ တတိယကတော့ စီးပွားရေးလှုပ်ရှားမှုမှာ ပါဝင်ခွင့်မရကြတဲ့ အပယ်ခံ ဆင်းရဲသား လူတန်းစား ဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်သမား အင်အားသုံးတဲ့လုပ်ငန်း တိုးပွားလာရင် ရိုးရာဆင်းရဲသား နဲ့ ကြားကာလ ဆင်းရဲသားဦးရေ ကျဆင်းသွားနိုင်ပါတယ်။ အပယ်ခံ ဆင်းရဲသားကတော့ စီးပွားရေးလှုပ်ရှားမှုတွေ နဲ့ အဆက်အသွယ် သိပ်ရှိတာ မဟုတ်တဲ့အတွက် သူတို့အတွက် သီးသန့်စီမံချက်တွေ အကောင်အထည်ဖော်နိုင်မှသာ ဆင်းရဲမှု သက်သာလိမ့်မယ်လို့ ဆိုပါတယ်။ ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းတွေက ဦးဆောင်လို့ တိုးတက်မှုရှိလာမှသာ အလုပ်အကိုင်ပေးနိုင်မှာဖြစ်ပြီး ဆင်းရဲမှုကို လျော့နည်းစေနိုင်ပါတယ်။ ဆင်းရဲသားရဲ ့ အခြေအနေ၊ အထူးသဖြင့် နယ်စပ်ဒေသက ဆင်းရဲသားကို လေ့လာပြီး နားလည်သဘောပေါက်အောင်လုပ်ဖို့ လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စုရဲ ့ ဆင်းရဲမှု ပပျောက်ရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဦးအောင်ခင်, ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)