Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 26, 2016

အေရးႀကီး အဆုိမ်ားကုိ ေျဖရွင္း ေဆြးေႏြးရန္ သက္ဆုိင္ရာ ဝန္ႀကီးဌာနမ်ားကုိ အခ်ိန္မီ ေစလႊတ္ေပးႏုိင္ျခင္း မရွိေၾကာင္း ျပည္ေထာင္စု အစုိးရ အဖြဲ ့မွ အေၾကာင္းျပန္ၾကား

ျပည္သူ ့လႊတ္ေတာ္ ဥကၠ႒ ဦးဝင္းျမင့္အား ေတြ႔ရစဥ္ (ဆင္ဟြာ)
    ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၂၆ ရက္ (ဆင္ဟြာ)

    လက္ရွိ အေျခအေနတြင္ အစုိးရ အဖြဲ ့သစ္သုိ ့လုပ္ငန္း တာဝန္မ်ား စနစ္တက် လႊဲေျပာင္းေပးႏုိင္ေရး အတြက္ ေဆာင္ရြက္ေနသျဖင့္ အေရးႀကီး အဆုိကုိ ေျဖရွင္း ေဆာင္ရြက္ႏုိင္ေရး အတြက္ က်ယ္ျပန္ ့စြာ ေလ့လာရန္ အခ်ိန္ လုိအပ္ေနပါသျဖင့္ အေရးႀကီး အဆုိမ်ားကုိ ေျဖရွင္း ေဆြးေႏြးရန္ သက္ဆုိင္ရာ ဝန္ႀကီးဌာနမ်ားကုိ အခ်ိန္မီ ေစလႊတ္ေပးႏုိင္ျခင္း မရွိေၾကာင္း ျပည္ေထာင္စု အစုိးရ အဖြဲ ့မွ အေၾကာင္း ျပန္ၾကားမႈအား ျပည္သူ ့လႊတ္ေတာ္ ဥကၠ႒ ဦးဝင္းျမင့္က ယေန ့ေဖေဖာ္ဝါရီလ ၂၆ ရက္ ျပည္သူ ့လႊတ္ေတာ္ အစည္းအေဝးတြင္ တင္ျပခဲ့သည္။

ပုလဲ မဲဆႏၵနယ္မွ လႊတ္ေတာ္ ကုိယ္စားလွယ္ ေဒၚခင္စန္းလႈိင္ တင္သြင္းေသာ အေရးႀကီးအဆုိႏွင့္ ပတ္သက္၍ သက္ဆုိင္ရာ ဝန္ႀကီးဌာန ၁၄ ခုအား ေျဖၾကား ရွင္းလင္းရန္ ဖိတ္ၾကားခဲ့ေသာ္လည္း ျပည္ေထာင္စု အစုိးရ အဖြဲ ့မွ ေဖေဖာ္ဝါရီလ ၂၅ ရက္စြဲျဖင့္ စာျဖင့္ အေရးႀကီး အဆုိမ်ားပါ အေၾကာင္းကိစၥရပ္မ်ားကုိ ဒုတိယ အႀကိမ္ ျပည္သူ ့လႊတ္ေတာ္ ပထမ ပုံမွန္ အစည္းအေဝးတြင္ ေဆြးေႏြးရန္ သင့္/မသင့္ က်ယ္က်ယ္ျပန္ ့ျပန္ ့စဥ္းစား သုံးသပ္ရန္ လုိအပ္မည္ ျဖစ္ေၾကာင္း ၊ လက္ရွိ အေျခအေနတြင္ အစုိးရ အဖြဲ ့သစ္သုိ ့လုပ္ငန္း တာဝန္မ်ား စနစ္တက် လႊဲေျပာင္းေပးႏုိင္ေရး အတြက္ ေဆာင္ရြက္ေနပါသျဖင့္ အေရးႀကီး အဆုိကုိ ေျဖရွင္း ေဆာင္ရြက္ႏုိင္ေရး အတြက္ က်ယ္က်ယ္ျပန္ ့ျပန္ ့ေလ့လာရန္ အခ်ိန္ လုိအပ္ေနပါသျဖင့္ အေရးႀကီး အဆုိမ်ားကုိ ေျဖရွင္း ေဆြးေႏြးရန္ သက္ဆုိင္ရာ ဝန္ႀကီးဌာနမ်ားကုိ အခ်ိန္မီ ေစလႊတ္ေပးႏုိင္ျခင္း မရွိပါေၾကာင္း အေၾကာင္းျပန္ၾကား လာပါေၾကာင္း ျပည္သူ ့လႊတ္ေတာ္ ဥကၠ႒ ဦးဝင္းျမင့္က လႊတ္ေတာ္သုိ ့တင္ျပခဲ့သည္။

ထုိ႔ေၾကာင့္ အစီအစဥ္မ်ားကုိ လႊတ္ေတာ္ ဆုိင္ရာ ဥပေဒ ၊ နည္းဥပေဒမ်ားႏွင့္ အညီ ဆက္လက္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ျပည္သူ ့လႊတ္ေတာ္ ဥကၠ႒ ဦးဝင္းျမင့္က အသိေပး ေျပာၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
.............
 ပြည်သူ ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အား တွေ့ရစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

    လက်ရှိ အခြေအနေတွင် အစိုးရ အဖွဲ ့သစ်သို ့လုပ်ငန်း တာဝန်များ စနစ်တကျ လွှဲပြောင်းပေးနိုင်ရေး အတွက် ဆောင်ရွက်နေသဖြင့် အရေးကြီး အဆိုကို ဖြေရှင်း ဆောင်ရွက်နိုင်ရေး အတွက် ကျယ်ပြန် ့စွာ လေ့လာရန် အချိန် လိုအပ်နေပါသဖြင့် အရေးကြီး အဆိုများကို ဖြေရှင်း ဆွေးနွေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို အချိန်မီ စေလွှတ်ပေးနိုင်ခြင်း မရှိကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ ့မှ အကြောင်း ပြန်ကြားမှုအား ပြည်သူ ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ ့ဖေဖော်ဝါရီလ ၂၆ ရက် ပြည်သူ ့လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။

ပုလဲ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် တင်သွင်းသော အရေးကြီးအဆိုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန ၁၄ ခုအား ဖြေကြား ရှင်းလင်းရန် ဖိတ်ကြားခဲ့သော်လည်း ပြည်ထောင်စု အစိုးရ အဖွဲ ့မှ ဖေဖော်ဝါရီလ ၂၅ ရက်စွဲဖြင့် စာဖြင့် အရေးကြီး အဆိုများပါ အကြောင်းကိစ္စရပ်များကို ဒုတိယ အကြိမ် ပြည်သူ ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးတွင် ဆွေးနွေးရန် သင့်/မသင့် ကျယ်ကျယ်ပြန် ့ပြန် ့စဉ်းစား သုံးသပ်ရန် လိုအပ်မည် ဖြစ်ကြောင်း ၊ လက်ရှိ အခြေအနေတွင် အစိုးရ အဖွဲ ့သစ်သို ့လုပ်ငန်း တာဝန်များ စနစ်တကျ လွှဲပြောင်းပေးနိုင်ရေး အတွက် ဆောင်ရွက်နေပါသဖြင့် အရေးကြီး အဆိုကို ဖြေရှင်း ဆောင်ရွက်နိုင်ရေး အတွက် ကျယ်ကျယ်ပြန် ့ပြန် ့လေ့လာရန် အချိန် လိုအပ်နေပါသဖြင့် အရေးကြီး အဆိုများကို ဖြေရှင်း ဆွေးနွေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို အချိန်မီ စေလွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း အကြောင်းပြန်ကြား လာပါကြောင်း ပြည်သူ ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သို ့တင်ပြခဲ့သည်။

ထို့ကြောင့် အစီအစဉ်များကို လွှတ်တော် ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေများနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အသိပေး ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment