Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 26, 2016

အစုိးရ တာဝန္ မလႊဲေျပာင္းမီ ႏုိင္ငံပုိင္ စီမံကိန္း လုပ္ငန္း သယံဇာတမ်ား အလ်င္အျမန္ စီမံခန္ ့ခြဲေနမႈမ်ားအား စိစစ္ ဟန္႔တား ထိန္းေက်ာင္း တည့္မတ္ေပးရန္ အေရးႀကီး အဆုိ လႊတ္ေတာ္မွ အတည္ျပဳ

ဒုတိယ အႀကိမ္ ျပည္သူ႕လႊတ္ေတာ္ ပထမ ပံုမွန္ အစည္းအေဝး က်င္းပေနစဥ္ (ဆင္ဟြာ)
    ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၂၆ ရက္ (ဆင္ဟြာ)

    အစုိးရ တာဝန္ မလႊဲေျပာင္းမီ ႏုိင္ငံပုိင္ စီမံကိန္း လုပ္ငန္း သယံဇာတမ်ားအား အလ်င္အျမန္ စီမံခန္႔ခြဲေနမႈ တုိ႔ကုိ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားတို ့အက်ိဳးအတြက္ အေသးစိတ္ စိစစ္ ဟန္႔တား၍ ထိန္းေက်ာင္း တည့္မတ္ ေပးရန္ ျပည္ေထာင္စု အစိုးရအား တိုက္တြန္းေၾကာင္း အေရးႀကီး အဆိုအား ယေန ့ေဖေဖာ္ဝါရီလ ၂၆ ရက္ ျပည္သူ ့လႊတ္ေတာ္ အစည္းအေဝးတြင္ အတည္ျပဳခဲ့သည္။

ယင္းအဆုိအား ပုလဲ မဲဆႏၵနယ္မွ လႊတ္ေတာ္ ကုိယ္စားလွယ္ ေဒၚခင္စန္းလႈိင္က တင္သြင္းခဲ့ျခင္း ျဖစ္ၿပီး ႏိုင္ငံေတာ္အစိုးရက ေရြးေကာက္ပြဲၿပီးေနာက္ပိုင္း ေဆာင္ရြက္ေနေသာ ႏိုင္ငံပိုင္ေျမ ၊ ႏိုင္ငံပိုင္စက္ရံုမ်ား ၊ ႏိုင္ငံပိုင္ စီးပြားေရး လုပ္ငန္းမ်ားကို အလ်င္စလို ဌားရမ္း လႊဲေျပာင္း ေရာင္းခ်ေနမႈ ၊ ပုဂၢလိကပိုင္ ျပဳလုပ္မူ ၊ စီမံကိန္းမ်ားကို ေနရာတက် မစီမံပဲ အေဆာတလ်င္ခြင့္ ျပဳေနမူ ၊ က်ဴးေက်ာ္မ်ားကို အဓမၼ ဖယ္ရွားမႈ ၊ ႏိုင္ငံပိုင္ သယံဇာတမ်ားကို လိုအပ္ေသာ ေဆာင္ရြက္မႈမ်ား သေဘာတူ ညိႇႏႈိင္းမႈမ်ား မျပဳလုပ္ပဲ အစိုးရတာဝန္ မလႊဲေျပာင္းမီ အလ်င္အျမန္ စီမံခန္ ့ခြဲေနမႈ စသည္တို႔ကို ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားတို ့အက်ိဳးအတြက္ အေသးစိတ္ စိစစ္ ဟန္႔တား၍ ထိန္းေက်ာင္း တည့္မတ္ေပးရန္ ျပည္ေထာင္စု အစိုးရအား တိုက္တြန္းေၾကာင္း အေရးႀကီး အဆို တင္သြင္းခဲ့ျခင္း ျဖစ္သည္။

အဆုိႏွင့္ စပ္လ်ဥ္း၍ လႊတ္ေတာ္ ကုိယ္စားလွယ္ ၁၂  ဦး ပါဝင္ ေဆြးေႏြးခဲ့ၿပီးေနာက္ အေရးႀကီး အဆုိမ်ားကုိ ေျဖရွင္း ေဆြးေႏြးရန္ သက္ဆုိင္ရာ ဝန္ႀကီးဌာနမ်ားကုိ အခ်ိန္မီ ေစလႊတ္ေပးႏုိင္ျခင္း မရွိပါေၾကာင္း ျပည္ေထာင္စု အစုိးရ အဖြဲ ့မွ အေၾကာင္းျပန္ၾကားခဲ့သျဖင့္ အဆုိရွင္၏ သေဘာဆႏၵအတုိင္း လႊတ္ေတာ္၏ အဆုံး အျဖတ္ ရယူခဲ့ရာတြင္ ေထာက္ခံ ဆႏၵမဲ ၂၇၁ မဲ ၊ ကန္ ့ကြက္ ဆႏၵမဲ ၁၃၈ မဲ ၊ ၾကားေန ဆႏၵမဲ ၇ မဲျဖင့္ အတည္ျပဳခဲ့ျခင္း ျဖစ္သည္။

(Xinhua)
http://www.xinhuamyanmar.com
...........
 ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)
    ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

    အစိုးရ တာဝန် မလွှဲပြောင်းမီ နိုင်ငံပိုင် စီမံကိန်း လုပ်ငန်း သယံဇာတများအား အလျင်အမြန် စီမံခန့်ခွဲနေမှု တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို ့အကျိုးအတွက် အသေးစိတ် စိစစ် ဟန့်တား၍ ထိန်းကျောင်း တည့်မတ် ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆိုအား ယနေ ့ဖေဖော်ဝါရီလ ၂၆ ရက် ပြည်သူ ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ယင်းအဆိုအား ပုလဲ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တင်သွင်းခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ ၊ နိုင်ငံပိုင်စက်ရုံများ ၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို အလျင်စလို ဌားရမ်း လွှဲပြောင်း ရောင်းချနေမှု ၊ ပုဂ္ဂလိကပိုင် ပြုလုပ်မူ ၊ စီမံကိန်းများကို နေရာတကျ မစီမံပဲ အဆောတလျင်ခွင့် ပြုနေမူ ၊ ကျူးကျော်များကို အဓမ္မ ဖယ်ရှားမှု ၊ နိုင်ငံပိုင် သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ သဘောတူ ညှိနှိုင်းမှုများ မပြုလုပ်ပဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန် ့ခွဲနေမှု စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို ့အကျိုးအတွက် အသေးစိတ် စိစစ် ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၁၂  ဦး ပါဝင် ဆွေးနွေးခဲ့ပြီးနောက် အရေးကြီး အဆိုများကို ဖြေရှင်း ဆွေးနွေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို အချိန်မီ စေလွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ ့မှ အကြောင်းပြန်ကြားခဲ့သဖြင့် အဆိုရှင်၏ သဘောဆန္ဒအတိုင်း လွှတ်တော်၏ အဆုံး အဖြတ် ရယူခဲ့ရာတွင် ထောက်ခံ ဆန္ဒမဲ ၂၇၁ မဲ ၊ ကန် ့ကွက် ဆန္ဒမဲ ၁၃၈ မဲ ၊ ကြားနေ ဆန္ဒမဲ ရ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment