Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, February 26, 2016

အေရးႀကီးအဆို လႊတ္ေတာ္မွာ ေဆြးေႏြးေရး အစိုးရအဖြဲ႔ သံုးသပ္မည္(အရေးကြီးအဆို လွှတ်တော်မှာ ဆွေးနွေးရေး အစိုးရအဖွဲ့ သုံးသပ်မည်)

ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (ေဖေဖာ္ဝါရီ ၂၆၊ ၂၀၁၆) သတင္းဓာတ္ပံု-ျပန္ၾကားေရးဝန္ႀကီးဌာန MOI.
လက္ရွိ ျပည္သူ႔ လႊတ္ေတာ္မွာ တင္သြင္းေနတဲ့ အေရးႀကီး အဆိုေတြ ကို ေျဖရွင္းေဆြးေႏြး ရန္ သင့္မသင့္ သံုးသပ္ဖို႔ လိုအပ္တယ္လို႔ သမၼတဦးသိန္းစိန္ အစိုးရအဖဲြ႔႐ံုး က ေျပာၾကားလိုက္ပါတယ္။ မေန႔က ျပည္သူ႔လႊတ္ေတာ္ ကို ေပးပို႔တဲ့စာမွာ အခုလို ေဖၚျပထားတာပါ။ အခုလိုလႊတ္ေတာ္က ဆင့္ေခၚတာကို အစိုးရ အဖဲြ႔ဘက္က သြားေရာက္ေျဖရွင္းဖုိ႔ ျငင္းဆိုခဲ့ရင္ ဖဲြ႔စည္းပံု အေျခခံဥပေဒကို ခ်ဳိးေဖာက္တာျဖစ္တယ္လို႔ ဥပေဒပညာရွင္ေတြကေျပာပါတယ္။ မအင္ၾကင္းႏိုင္က အျပည့္အစံု တင္ျပထားပါတယ္။

သမၼတ ဦးသိန္းစိန္ အစိုးရ လက္ရွိ ေဆာင္ရြက္ေနတဲ့ စီမံကိန္းေတြနဲ႔ ပတ္သက္ လို႔ ျပည္သူ႔လႊတ္ေတာ္မွာ NLD လႊတ္ေတာ္အမတ္တခ်ဳိ႕ အေရးႀကီး အဆို တင္သြင္းၿပီး ေမးခြန္းထုတ္လာတဲ့အေပၚမွာ လာေရာက္ေဆြးေႏြးေျဖရွင္းဖို႔ သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြကို အခ်ိန္မီွ ေစလႊတ္ေပးႏိုင္ျခင္းမရွိေၾကာင္း သမၼတ႐ံုးက ေဖေဖၚဝါရီလ(၂၆)ရက္ ေန႔ရက္စဲြနဲ႔ ေပးပို႔လာတဲ့ အေၾကာင္းၾကားစာ ကို ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒က အခုလို လႊတ္ေတာ္မွာ ေျပာၾကားသြားပါတယ္။

" လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ခင္ဗ်။ ယခု ေဆြးေႏြးေနတဲ့ အဆိုနဲ႔ စပ္လ်ဥ္းၿပီး သက္ဆိုင္ရာ ဝန္ႀကီးဌာန (၁၄) ခုကို ေျဖၾကားရွင္းလင္းရန္ ဖိတ္ၾကားခဲ့ေသာ္ လည္း ျပည္ေထာင္စု အစိုးရအဖြဲ႔႐ံုးက အေရးႀကီးအဆိုမ်ားပါ အေၾကာင္းကိစၥရပ္မ်ား ကို ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ပထမပံုမွန္အစည္းအေဝးတြင္ ေဆြးေႏြးရန္ သင့္၊ မသင့္ က်ယ္က်ယ္ျပန္႔ျပန္႔ စဥ္းစားသံုးသပ္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း လက္ရွိအေျခအေနတြင္ အစိုးရအဖြဲ႔သစ္သို႔ လုပ္ငန္းတာဝန္မ်ား စနစ္တက် လႊဲေျပာင္းေပးႏုိင္ေရးအတြက္ ေဆာင္ရြက္ေနပါသျဖင့္ အေရးႀကီး အဆိုကို ေျဖရွင္းေဆြးေႏြးႏုိင္ေရး အတြက္ က်ယ္က်ယ္ျပန္႔ျပန္႔ ေလ့လာရန္ အခ်ိန္လိုအပ္ေနပါသျဖင့္ အေရးႀကီးအဆိုမ်ားကို ေျဖရွင္းေဆြးေႏြးရန္ သက္ဆုိင္ရာ ဝန္ႀကီးဌာနမ်ားကို အခ်ိန္မွီ ေစလႊတ္ေပးႏုိင္ျခင္း မရွိပါေၾကာင္း အေၾကာင္းျပန္ၾကားလာပါတယ္။"

အေစာပိုင္းတုန္းကေတာ့ ျပန္ၾကားေရးဝန္ႀကီး ဦးရဲထြဋ္က သမၼတဦးသိန္းစိန္ အစိုးရကို ပထမအႀကိမ္ လႊတ္ေတာ္သက္တမ္း က ေရြးခ်ယ္တင္ေျမႇာက္ခဲ့ တာျဖစ္တာေၾကာင့္ အခုလက္ရွိလႊတ္ေတာ္သက္တမ္းမွာ သူတို႔အစိုးရအေနနဲ႔ တာ၀န္ခံဖို႔မလိုတဲ့အတြက္ တမင္သပ္သပ္အစိုးရကို ထိုးႏွက္တဲ့ ကိစၥရပ္ေတြမ်ဳိးကို လႊတ္ေတာ္မွာ ဝန္ႀကီးေတြအေနနဲ႔ သြားေရာက္ေျဖရွင္းဖို႔မလိုဘူးဆိုၿပီး ဒီလိုလဲ ထည့္သြင္း ေျပာသြားခဲ့တာပါ။

"ျပည္ေထာင္စုလႊတ္ေတာ္လို႔ ေျပာတဲ့အခါမွာ ပထမအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္လား၊ ဒုတိယအႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္လား၊ တတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္လား၊ စတုတၱအႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္လား ဆိုတာ မပါဘူး။ က်ေနာ္တို႔ နားလည္ထားမႈကေတာ့ အစိုးရတရပ္သည္ သူ႔ကို ေရြးခ်ယ္ တင္ေျမႇာက္လိုက္တဲ့ လႊတ္ေတာ္ကိုပဲ တာဝန္ခံရမယ္လို႔ က်ေနာ္ နားလည္တယ္။

ႏုိင္ငံတကာမွာ ၾကည့္မယ္ဆိုရင္လည္း ဒီသေဘာမ်ိဳးပဲ ေတြ႔မွာပဲ။ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔က အဲ့သလို ယံုၾကည္တဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔ ဆုိင္းငံ့ထားတယ္။ လံုးဝ မေျဖဘူး ဆုိတာ မဟုတ္ဘူး။ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ အယ္လ္နီညိဳ ကိစၥမ်ိဳးအတြက္ က်ေနာ္တုိ႔ ေျပာသင့္တဲ့အခ်ိန္ က််ေနာ္တုိ႔ သြားေျပာမယ္။ သို႔ေသာ္ ႏုိင္ငံေရးအက်ိဳးအျမတ္တခုအတြက္ ရည္ရြယ္ၿပီး လုပ္ေဆာင္တယ္ လို႔ ယူဆတဲ့ကိစၥ အတြက္ က်ေနာ္တို႔ သြားေရာက္ၿပီးေတာ့ ပူးေပါင္း ေျဖဆိုမွာ မဟုတ္ဘူး။ "

ဒါေပမဲ့လည္း ဖဲြ႕စည္းပံု အေျခခံဥပေဒအရ မတ္လကုန္ထိ သက္တမ္းက်န္ေနေသးတဲ့ သမၼတဦးသိန္းစိန္ အစိုးရအဖဲြ႔အေနနဲ႔ လက္ရွိလႊတ္ေတာ္ကေခၚရင္ သြားရမွာျဖစ္ၿပီး ဒါကိုျငင္းဆိုခဲ့ရင္ေတာ့ ဖဲြ႕စည္းပံုကို ခ်ဳိးေဖာက္တာျဖစ္တယ္လို႔ ဥပေဒ ပညာရွင္တခ်ဳိ႕ကျမင္ပါတယ္။

လက္ရွိ ၂၀၀၈ဖဲြ႕စည္းပံုအေျခခံဥပေဒအရ အစိုးရရဲ႕လုပ္ရပ္ေတြနဲ႔ပတ္သက္လို႔ လႊတ္ေတာ္အေနနဲ႔ စြပ္စဲြျပစ္တင္တာေတြလုပ္လို႔ရသလို လိုအပ္ရင္ ေတာင္ ျဖဳတ္ပစ္လို႔ရတဲ့ အေနအထားထိ ျပဌာန္းထားတာရွိတယ္လို႔ ဥပေဒပညာရွင္ တရားလႊတ္ေတာ္ေရွ႕ေနႀကီးဦးကိုနီကေျပာပါတယ္။

" အဲ့ဒီ့ဖြဲ႔စည္းပံုအေျခခံပုဒ္မ ၂၀၃ မွာ ႏုိင္ငံေတာ္သမၼတဟာ ျပည္ေထာင္စု လႊတ္ေတာ္ကို တာဝန္ခံရမယ္လို႔ ဆိုထားတယ္။ အဲ့ေတာ့ ႏုိင္ငံေတာ္သမၼတဆိုတာ အစိုးရအဖြဲ႔ရဲ႕ အႀကီးအကဲပဲ။ အဲ့ေတာ့ ႏုိင္ငံေတာ္သမၼတက ခန္႔ထားတဲ့ ဝန္ႀကီးေတြ ဆိုရင္ ေျပာစရာကို မလိုေတာ့ဘူး ။ အစိုးရအဖြဲ႔ရဲ႕ အျမင့္ဆံုးအာဏာကို ပို္င္တဲ့ သမၼတေတာင္ ဖြဲ႔စည္းပံုအေျခခံဥပေဒ ပုဒ္မ ၂၀၃ အရ ျပည္ေထာင္စုလႊတ္ေတာ္ကုိ တာဝန္ခံရတယ္ဆိုေတာ့ ဝန္ႀကီးေတြအားလံုးလည္း တာဝန္ခံရမယ္။ ဦးရဲထြဋ္ေျပာသလို ပထမ လႊတ္ေတာ္ကို တာဝန္ခံရမယ္။ ဒုတိယလႊတ္ေတာ္ကို တာဝန္ခံရမယ္ဆိုတဲ့ စကား မပါဘူး။ အဓိပၸါယ္က ဥပေဒနဲ႔အညီ ရွိေနတဲ့ ဥပေဒနဲ႔အညီ ဖြဲ႔စည္းတည္ေထာင္ထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကို တာဝန္ခံရမယ္လို႔ ဆိုထားတဲ့အတြက္ ျပည္ေထာင္စုလႊတ္ေတာ္က ေခၚရင္ သြားရမယ္ တကယ္လို႔ မသြားႏုိင္ရင္လည္း အက်ိဳးအေၾကာင္းနဲ႔ ေျပာျပရမယ္။ သို႔ေသာ္ ျပည္ေထာင္စုလႊတ္ေတာ္က ေခၚတာကို မလာႏုိင္ဘူးလို႔ ေျပာရင္ေတာ့ အေၾကာင္းျပခ်က္မရွိပဲ မလာႏုိင္ဘူးလို႔ေျပာရင္ သို႔ေသာ္ ငါတို႔မွာ လာဖို႔ တာဝန္မရွိဘူးလို႔ ေျပာရင္ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ခ်ိဳးေဖာက္တဲ့ အဓိပၸါယ္ျဖစ္သြားတယ္။ "

ေဖေဖၚ၀ါရီလ (၂၅)ရက္ေန႔ က NLD ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္စန္းလႈိင္ ကေန ေရြးေကာက္ပဲြအၿပီးေနာက္ပိုင္း သမၼတ ဦးသိန္းစိန္ အစိုးရအဖဲြ႔ေဆာင္ရြက္ေနတဲ့ ႏိုင္ငံပိုင္ေျမ၊ စက္ရံုေတြ၊ စီးပြားေရး လုပ္ငန္းေတြကို အလ်င္စလိုငွားရမ္း၊ လဲႊေျပာင္းေရာင္းခ်တာ၊ ပုဂၢလိကပိုင္လုပ္တာ၊ က်ဴးေက်ာ္ေတြကို အတင္းဓမၼဖယ္ရွားတာ စတာေတြကို အာဏာမလဲႊေျပာင္းခင္ အလ်င္အျမန္ေဆာင္ရြက္ေနတဲ့ အေပၚမွာ ျပင္းျပင္းထန္ထန္ေ၀ဖန္ေထာက္ျပတဲ့ အေရးႀကီးအဆိုကိုတင္သြင္းခဲ့တာျဖစ္ပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.............
 ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆) သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန MOI.
လက်ရှိ ပြည်သူ့ လွှတ်တော်မှာ တင်သွင်းနေတဲ့ အရေးကြီး အဆိုတွေ ကို ဖြေရှင်းဆွေးနွေး ရန် သင့်မသင့် သုံးသပ်ဖို့ လိုအပ်တယ်လို့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ရုံး က ပြောကြားလိုက်ပါတယ်။ မနေ့က ပြည်သူ့လွှတ်တော် ကို ပေးပို့တဲ့စာမှာ အခုလို ဖေါ်ပြထားတာပါ။ အခုလိုလွှတ်တော်က ဆင့်ခေါ်တာကို အစိုးရ အဖွဲ့ဘက်က သွားရောက်ဖြေရှင်းဖို့ ငြင်းဆိုခဲ့ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေကပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ရှိ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက် လို့ ပြည်သူ့လွှတ်တော်မှာ NLD လွှတ်တော်အမတ်တချို့ အရေးကြီး အဆို တင်သွင်းပြီး မေးခွန်းထုတ်လာတဲ့အပေါ်မှာ လာရောက်ဆွေးနွေးဖြေရှင်းဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို အချိန်မှီ စေလွှတ်ပေးနိုင်ခြင်းမရှိကြောင်း သမ္မတရုံးက ဖေဖေါ်ဝါရီလ(၂၆)ရက် နေ့ရက်စွဲနဲ့ ပေးပို့လာတဲ့ အကြောင်းကြားစာ ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အခုလို လွှတ်တော်မှာ ပြောကြားသွားပါတယ်။

" လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျ။ ယခု ဆွေးနွေးနေတဲ့ အဆိုနဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန (၁၄) ခုကို ဖြေကြားရှင်းလင်းရန် ဖိတ်ကြားခဲ့သော် လည်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက အရေးကြီးအဆိုများပါ အကြောင်းကိစ္စရပ်များ ကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးရန် သင့်၊ မသင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း လက်ရှိအခြေအနေတွင် အစိုးရအဖွဲ့သစ်သို့ လုပ်ငန်းတာဝန်များ စနစ်တကျ လွှဲပြောင်းပေးနိုင်ရေးအတွက် ဆောင်ရွက်နေပါသဖြင့် အရေးကြီး အဆိုကို ဖြေရှင်းဆွေးနွေးနိုင်ရေး အတွက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာရန် အချိန်လိုအပ်နေပါသဖြင့် အရေးကြီးအဆိုများကို ဖြေရှင်းဆွေးနွေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို အချိန်မှီ စေလွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း အကြောင်းပြန်ကြားလာပါတယ်။"

အစောပိုင်းတုန်းကတော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သမ္မတဦးသိန်းစိန် အစိုးရကို ပထမအကြိမ် လွှတ်တော်သက်တမ်း က ရွေးချယ်တင်မြှောက်ခဲ့ တာဖြစ်တာကြောင့် အခုလက်ရှိလွှတ်တော်သက်တမ်းမှာ သူတို့အစိုးရအနေနဲ့ တာဝန်ခံဖို့မလိုတဲ့အတွက် တမင်သပ်သပ်အစိုးရကို ထိုးနှက်တဲ့ ကိစ္စရပ်တွေမျိုးကို လွှတ်တော်မှာ ဝန်ကြီးတွေအနေနဲ့ သွားရောက်ဖြေရှင်းဖို့မလိုဘူးဆိုပြီး ဒီလိုလဲ ထည့်သွင်း ပြောသွားခဲ့တာပါ။

"ပြည်ထောင်စုလွှတ်တော်လို့ ပြောတဲ့အခါမှာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်လား၊ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်လား၊ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်လား၊ စတုတ္တအကြိမ် ပြည်ထောင်စု လွှတ်တော်လား ဆိုတာ မပါဘူး။ ကျနော်တို့ နားလည်ထားမှုကတော့ အစိုးရတရပ်သည် သူ့ကို ရွေးချယ် တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုပဲ တာဝန်ခံရမယ်လို့ ကျနော် နားလည်တယ်။

နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင်လည်း ဒီသဘောမျိုးပဲ တွေ့မှာပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့က အဲ့သလို ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဆိုင်းငံ့ထားတယ်။ လုံးဝ မဖြေဘူး ဆိုတာ မဟုတ်ဘူး။ အမျိုးသားအကျိုးစီးပွားအတွက် အယ်လ်နီညို ကိစ္စမျိုးအတွက် ကျနော်တို့ ပြောသင့်တဲ့အချိန် ကျျနော်တို့ သွားပြောမယ်။ သို့သော် နိုင်ငံရေးအကျိုးအမြတ်တခုအတွက် ရည်ရွယ်ပြီး လုပ်ဆောင်တယ် လို့ ယူဆတဲ့ကိစ္စ အတွက် ကျနော်တို့ သွားရောက်ပြီးတော့ ပူးပေါင်း ဖြေဆိုမှာ မဟုတ်ဘူး။ "

ဒါပေမဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မတ်လကုန်ထိ သက်တမ်းကျန်နေသေးတဲ့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ လက်ရှိလွှတ်တော်ကခေါ်ရင် သွားရမှာဖြစ်ပြီး ဒါကိုငြင်းဆိုခဲ့ရင်တော့ ဖွဲ့စည်းပုံကို ချိုးဖောက်တာဖြစ်တယ်လို့ ဥပဒေ ပညာရှင်တချို့ကမြင်ပါတယ်။

လက်ရှိ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ လွှတ်တော်အနေနဲ့ စွပ်စွဲပြစ်တင်တာတွေလုပ်လို့ရသလို လိုအပ်ရင် တောင် ဖြုတ်ပစ်လို့ရတဲ့ အနေအထားထိ ပြဌာန်းထားတာရှိတယ်လို့ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီကပြောပါတယ်။

" အဲ့ဒီ့ဖွဲ့စည်းပုံအခြေခံပုဒ်မ ၂၀၃ မှာ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမယ်လို့ ဆိုထားတယ်။ အဲ့တော့ နိုင်ငံတော်သမ္မတဆိုတာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲပဲ။ အဲ့တော့ နိုင်ငံတော်သမ္မတက ခန့်ထားတဲ့ ဝန်ကြီးတွေ ဆိုရင် ပြောစရာကို မလိုတော့ဘူး ။ အစိုးရအဖွဲ့ရဲ့ အမြင့်ဆုံးအာဏာကို ပို်င်တဲ့ သမ္မတတောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၃ အရ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရတယ်ဆိုတော့ ဝန်ကြီးတွေအားလုံးလည်း တာဝန်ခံရမယ်။ ဦးရဲထွဋ်ပြောသလို ပထမ လွှတ်တော်ကို တာဝန်ခံရမယ်။ ဒုတိယလွှတ်တော်ကို တာဝန်ခံရမယ်ဆိုတဲ့ စကား မပါဘူး။ အဓိပ္ပါယ်က ဥပဒေနဲ့အညီ ရှိနေတဲ့ ဥပဒေနဲ့အညီ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ်လို့ ဆိုထားတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က ခေါ်ရင် သွားရမယ် တကယ်လို့ မသွားနိုင်ရင်လည်း အကျိုးအကြောင်းနဲ့ ပြောပြရမယ်။ သို့သော် ပြည်ထောင်စုလွှတ်တော်က ခေါ်တာကို မလာနိုင်ဘူးလို့ ပြောရင်တော့ အကြောင်းပြချက်မရှိပဲ မလာနိုင်ဘူးလို့ပြောရင် သို့သော် ငါတို့မှာ လာဖို့ တာဝန်မရှိဘူးလို့ ပြောရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့ အဓိပ္ပါယ်ဖြစ်သွားတယ်။ "

ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့ က NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကနေ ရွေးကောက်ပွဲအပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဆောင်ရွက်နေတဲ့ နိုင်ငံပိုင်မြေ၊ စက်ရုံတွေ၊ စီးပွားရေး လုပ်ငန်းတွေကို အလျင်စလိုငှားရမ်း၊ လွှဲပြောင်းရောင်းချတာ၊ ပုဂ္ဂလိကပိုင်လုပ်တာ၊ ကျူးကျော်တွေကို အတင်းဓမ္မဖယ်ရှားတာ စတာတွေကို အာဏာမလွှဲပြောင်းခင် အလျင်အမြန်ဆောင်ရွက်နေတဲ့ အပေါ်မှာ ပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြတဲ့ အရေးကြီးအဆိုကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment