Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 11, 2016

ဝန္ႀကီးဌာန ၂၈ ခုႏွင့္ အျခားႏိုင္ငံေတာ္အဆင့္ ႐ုံုးမ်ားတြင္ တပ္မေတာ္ အၿငိမ္းစား ၅၄၁ ဦး အရာရွိအျဖစ္ တာဝန္ထမ္းေဆာင္ေန


ႏိုင္ငံေတာ္သမၼတ႐ုံး အပါအဝင္ ဝန္ႀကီးဌာနမ်ား၊ ေကာ္မရွင္႐ံုးမ်ားႏွင့္ စည္ပင္သာယာေရး ဌာနတို႔၌ တပ္မေတာ္တြင္ တာဝန္ထမ္းေဆာင္ရင္း ေသာ္လည္းေကာင္း၊ အၿငိမ္းစား ေသာ္လည္းေကာင္း၊ မသန္စြမ္းေၾကာင့္ ေသာ္လည္းေကာင္း အရပ္ဘက္ အစိုးရ႐ံုးမ်ားသို႔ ေျပာင္းေရႊ႕ တာဝန္ထမ္းေဆာင္ေနသည့္ တပ္မေတာ္သား ၅၄၁ ဦးရွိေၾကာင္း ျပည္ေထာင္စု ရာထူးဝန္႐ံုး၏ ျပန္ၾကားစာတြင္ ေဖာ္ျပပါရွိသည္။

ေျမပံုမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက “ခန္႔အပ္ခဲ့ၿပီးေသာ တပ္မေတာ္အရာရွိ (အၿငိမ္းစား) မ်ား အေရအတြက္ကို ခန္႔အပ္ခဲ့သည့္ ဝန္ႀကီးဌာန၊ ဦးစီးဌာနအလိုက္ သိရွိလိုေၾကာင္း” ေမးခြန္းအား ျပည္ေထာင္စု ရာထူးဝန္အဖြဲ႔ ဥကၠ႒ ဦးေက်ာ္သူက အထက္ပါအတိုင္း အေၾကာင္းျပန္ႀကားခဲ့သည္။

ယင္းအျပင္ ေနာင္ကာလမ်ားတြင္ တပ္မေတာ္အရာရွိ (အၿငိမ္းစား) မ်ားအား အျခားဌာနဆိုင္ရာမ်ားတြင္ ခန္႔အပ္ တာဝန္ေပးျခင္းအား ဆက္လက္ ေဆာင္ရြက္သြားရန္ အစီအစဥ္ရွိ၊မရွိ သိရွိလိုေၾကာင္း ထပ္ေလာင္း ေမးျမန္းခဲ့သည္။

တပ္မေတာ္အရာရွိမ်ား အပါအဝင္ အရာထမ္းမ်ား ဌာနေျပာင္းေရႊ႕ တာဝန္ထမ္းေဆာင္ျခင္းႏွင့္ ပတ္သက္၍ မည္သည့္ဝန္ႀကီးဌာနႏွင့္ အဖြဲ႔အစည္းမွျဖစ္ေစ အဆုိျပဳလာပါက ႏိုင္င့ံဝန္ထမ္းဥပေဒ၊ ႏိုင္င့ံဝန္ထမ္း နည္းဥပေဒမ်ားပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ဆက္လက္ ေဆာင္ရြက္သြားမည္ဟု ျပည္ေထာင္စု ရာထူးဝန္အဖြဲ႔က ေျဖၾကားသည္။

တပ္မေတာ္တြင္ ဗိုလ္ႀကီးအဆင့္လစာသည္ ၃၂၀,၀၀၀ က်ပ္ - ၄,၀၀၀ - က်ပ္ ၃၄၀,၀၀၀ က်ပ္ ျဖစ္ၿပီး နယ္ဘက္ ေျပာင္းေရႊ႕ တာဝန္ထမ္းေဆာင္သည့္အခါ ဦးစီးအရာရွိလစာမွာ ၂၅၀,၀၀၀ က်ပ္ - ၄,၀၀၀ က်ပ္ - ၂၇၀,၀၀၀ က်ပ္ ျဖစ္သည့္အတြက္ လစာေလ်ာ့နည္းသြားသည့္အျပင္ ရိကၡာေျခာက္၊ ရိကၡာစို၊ ပင္ပန္းၾကမ္းတမ္းမႈႏွင့္ သက္စြန္႔ တာဝန္စရိတ္၊ ဆံသႏွင့္ ခဝါစရိတ္၊ ေလးႏွစ္တစ္ႀကိမ္ ရရွိသည့္ အရာရွိဝတ္စံု စရိတ္မ်ားလည္း မရရွိေတာ့ေၾကာင္းႏွင့္ စစ္မႈထမ္းသက္ ဆယ္ႏွစ္ျပည့္သည့္ ဗိုလ္ႀကီးမ်ားသာ ပင္စင္လစာ ခံစားခြင့္ရွိေၾကာင္းလည္း ဦးေက်ာ္သူ၏ ျပန္လည္ေျဖၾကားခ်က္တြင္ ပါရွိခဲ့သည္။

“အရပ္ဘက္ အစိုးရ႐ံုးေတြမွာ တပ္မေတာ္သားေတြက အရာရွိေနရာ ေရာက္လာေတာ့ ကၽြမ္းက်င္ဝန္ထမ္းေတြက တက္လမ္း ပိတ္သြားတယ္၊ ျပည္ေထာင္စု ရာထူးဝန္အဖြဲ႔က ဥပေဒအတိုင္း လုပ္တယ္လို႔ ေျပာတယ္၊ ဒီဥပေဒကို ကၽြန္ေတာ္တို႔ လႊတ္ေတာ္မွာ ျပင္ဆင္ဖို႔လိုတယ္” ဟု ေျမပံုမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာသည္။

သတင္း - ကိုေပါက္
photo -httpnldyouthmalaysia.blogspot.com
The Ladies News Journal
https://www.facebook.com/News.TheLadies
...............


နိုင်ငံတော်သမ္မတရုံး အပါအဝင် ဝန်ကြီးဌာနများ၊ ကော်မရှင်ရုံးများနှင့် စည်ပင်သာယာရေး ဌာနတို့၌ တပ်မတော်တွင် တာဝန်ထမ်းဆောင်ရင်း သော်လည်းကောင်း၊ အငြိမ်းစား သော်လည်းကောင်း၊ မသန်စွမ်းကြောင့် သော်လည်းကောင်း အရပ်ဘက် အစိုးရရုံးများသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သား ၅၄၁ ဦးရှိကြောင်း ပြည်ထောင်စု ရာထူးဝန်ရုံး၏ ပြန်ကြားစာတွင် ဖော်ပြပါရှိသည်။

မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက “ခန့်အပ်ခဲ့ပြီးသော တပ်မတော်အရာရှိ (အငြိမ်းစား) များ အရေအတွက်ကို ခန့်အပ်ခဲ့သည့် ဝန်ကြီးဌာန၊ ဦးစီးဌာနအလိုက် သိရှိလိုကြောင်း” မေးခွန်းအား ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက အထက်ပါအတိုင်း အကြောင်းပြန်ကြားခဲ့သည်။

ယင်းအပြင် နောင်ကာလများတွင် တပ်မတော်အရာရှိ (အငြိမ်းစား) များအား အခြားဌာနဆိုင်ရာများတွင် ခန့်အပ် တာဝန်ပေးခြင်းအား ဆက်လက် ဆောင်ရွက်သွားရန် အစီအစဉ်ရှိ၊မရှိ သိရှိလိုကြောင်း ထပ်လောင်း မေးမြန်းခဲ့သည်။

တပ်မတော်အရာရှိများ အပါအဝင် အရာထမ်းများ ဌာနပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ မည်သည့်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းမှဖြစ်စေ အဆိုပြုလာပါက နိုင်င့ံဝန်ထမ်းဥပဒေ၊ နိုင်င့ံဝန်ထမ်း နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဖြေကြားသည်။

တပ်မတော်တွင် ဗိုလ်ကြီးအဆင့်လစာသည် ၃၂၀,၀၀၀ ကျပ် - ၄,၀၀၀ - ကျပ် ၃၄၀,၀၀၀ ကျပ် ဖြစ်ပြီး နယ်ဘက် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည့်အခါ ဦးစီးအရာရှိလစာမှာ ၂၅၀,၀၀၀ ကျပ် - ၄,၀၀၀ ကျပ် - ၂၇၀,၀၀၀ ကျပ် ဖြစ်သည့်အတွက် လစာလျော့နည်းသွားသည့်အပြင် ရိက္ခာခြောက်၊ ရိက္ခာစို၊ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့် တာဝန်စရိတ်၊ ဆံသနှင့် ခဝါစရိတ်၊ လေးနှစ်တစ်ကြိမ် ရရှိသည့် အရာရှိဝတ်စုံ စရိတ်များလည်း မရရှိတော့ကြောင်းနှင့် စစ်မှုထမ်းသက် ဆယ်နှစ်ပြည့်သည့် ဗိုလ်ကြီးများသာ ပင်စင်လစာ ခံစားခွင့်ရှိကြောင်းလည်း ဦးကျော်သူ၏ ပြန်လည်ဖြေကြားချက်တွင် ပါရှိခဲ့သည်။

“အရပ်ဘက် အစိုးရရုံးတွေမှာ တပ်မတော်သားတွေက အရာရှိနေရာ ရောက်လာတော့ ကျွမ်းကျင်ဝန်ထမ်းတွေက တက်လမ်း ပိတ်သွားတယ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဥပဒေအတိုင်း လုပ်တယ်လို့ ပြောတယ်၊ ဒီဥပဒေကို ကျွန်တော်တို့ လွှတ်တော်မှာ ပြင်ဆင်ဖို့လိုတယ်” ဟု မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

သတင်း - ကိုပေါက်
photo -httpnldyouthmalaysia.blogspot.com
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment