Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 11, 2016

ပုဂၢလိကဘဏ္အခ်ဳိ႕ ေဒၚလာအ၀ယ္ပိတ္ထားမႈ ဗဟိုဘဏ္မွေခၚယူသတိေပး



ျပည္တြင္းေငြလဲနႈန္းက်ဆင္းလာျခင္းေၾကာင့္ ေငြလဲေကာင္တာမ်ားႏွင့္ ပုဂၢလိကဘဏ္အခ်ဳိ႕ အေမရိကန္ ေဒၚလာ အ၀ယ္ပိတ္ထားမႈႏွင့္ပတ္သက္ျပီး ပုဂၢလိကဘဏ္အခ်ဳိ႕ကို ေခၚယူသတိေပးထားေၾကာင္း ျမန္မာႏိုင္ငံ ေတာ္ ဗဟိုဘဏ္ႏိုင္ငံျခားသံုးေငြစီမံခန္႔ခဲြမႈဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦး၀င္းေဇာ္က News Watch သို႔ ေျပာသည္။ ပုဂၢလိကဘဏ္မ်ားႏွင့္ ေငြလဲေကာင္တာမ်ားအား ႏိုင္ငံျခားေငြအေရာင္းအ၀ယ္ လိုင္စင္ထုတ္ေပး ထား ေၾကာင္း၊ ပမာဏနည္းေသာ ေဒၚလာေငြေၾကးမ်ားကို ျပည္သူမ်ားႏွင့္ ႏိုင္ငံျခားသားမ်ား လြယ္ကူေခ်ာေမြ႔စြာ ေရာင္း၀ယ္ေဖာက္ကားႏိုင္ေရးအတြက္ ၀ယ္ယူေပးသင့္ေၾကာင္း ၎ကေျပာသည္။

''ေဒၚလာေငြေရာင္း၀ယ္မႈလိုင္စင္ ထုတ္ေပးထားတာပါ။ ျမတ္တုန္းကေတာ့ ၀ယ္ျပီး အခုလိုက်ရိပ္ေတြ ျပမွ ၀ယ္ယူမႈမရိွဘူးဆိုတာ မျဖစ္သင့္ဘူး။ ထိန္းထိန္းသိမ္းသိမ္းနဲ႔ ၀ယ္ယူေပးသင့္တယ္။ ဒီကိစၥႏွင့္ပတ္သက္ျပီး ပုဂၢလိကဘဏ္ေတြကို ေဖေဖာ္၀ါရီ ၁၀ ရက္က ေခၚယူသတိေပး အေရးယူမႈေတြလုပ္မယ္။ ဒါကေတာ့ အဆင့္ ဆင့္ေပါ့ဗ်ာ။ ေနာက္ဆံုး လိုင္စင္သိမ္းတာတို႔၊ ဘဏ္ဖ်က္သိမ္းတာတို႔လုပ္မယ္။ ေဒၚလာေဈးက်ဆင္းတာ ျမန္မာ ေငြမာလာတာပဲေလ။ ဒါကို အရံႈးမွ်မွ်တတခံျပီး ၀ယ္ေပးသင့္တယ္။ စီးပြားေရးလုပ္တယ္ဆိုတာ ျမတ္တုန္းက ေတာ့ ယူ၀ယ္ျပီး အခုရံႈးေတာ့မွ ဘဏ္ေတြက ဗဟိုဘဏ္က တားထားလို႔ မ၀ယ္တာပါလို႔ တာ၀န္မဲ့စြာ မေျပာ သင့္ဘူး''ဟု ၎က ေျပာသည္။

ျပည္တြင္းေငြေၾကးေဈးကြက္တြင္ ေဒၚလာေဈးႏႈန္းမ်ား ဆက္တိုက္ဆိုသလို က်ဆင္းလာေသာေၾကာင့္ ဘဏ္ အခ်ဳိ႕မွာ ေဒၚလာကို အကန္႔အသတ္ျဖင့္သာ ၀ယ္ယူရန္ ညႊန္ၾကားထားေၾကာင္း၊ ေဒၚလာပိုက္မိေနသူမ်ားအေန ျဖင့္ ေဈးထပ္က်မည္ကို စိုးရိမ္မႈမ်ားရိွေနေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။

၎ကိစၥႏွင့္စပ္လ်ဥ္းၿပီး ဧရာ၀တီဘဏ္ရံုးခ်ဳပ္ကို ေဒၚလာေငြ ကန္႔သတ္၀ယ္ယူမႈနွင့္ပတ္သက္ျပီး ေမးျမန္းရာ အီးေမးလ္ႏွင့္ ျပန္လည္ ေျဖၾကားမည္အေၾကာင္းျပန္ခဲ့ေသာ္လည္း ျပန္လည္ေျဖၾကားျခင္းမရိွေသးေပ။ ဗဟိုဘဏ္၏ သတ္မွတ္ေငြလဲနႈန္း အေျချပဳျပီး ပုဂၢလိကဘဏ္မ်ားက ေဒၚလာေဈးဖြင့္ရေၾကာင္းသိရျပီး ၀ ဒသမ ၈ ရာခိုင္ႏႈန္းသာ အတိုးအေလွ်ာ့ျပဳ လုပ္ခြင့္ရိွေၾကာင္း သိရသည္။

သဒၶါထက္အိုင္(လွည္းတန္း)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal/
..........


ပြည်တွင်းငွေလဲနှုန်းကျဆင်းလာခြင်းကြောင့် ငွေလဲကောင်တာများနှင့် ပုဂ္ဂလိကဘဏ်အချို့ အမေရိကန် ဒေါ်လာ အဝယ်ပိတ်ထားမှုနှင့်ပတ်သက်ပြီး ပုဂ္ဂလိကဘဏ်အချို့ကို ခေါ်ယူသတိပေးထားကြောင်း မြန်မာနိုင်ငံ တော် ဗဟိုဘဏ်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်က News Watch သို့ ပြောသည်။ ပုဂ္ဂလိကဘဏ်များနှင့် ငွေလဲကောင်တာများအား နိုင်ငံခြားငွေအရောင်းအဝယ် လိုင်စင်ထုတ်ပေး ထား ကြောင်း၊ ပမာဏနည်းသော ဒေါ်လာငွေကြေးများကို ပြည်သူများနှင့် နိုင်ငံခြားသားများ လွယ်ကူချောမွေ့စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် ၀ယ်ယူပေးသင့်ကြောင်း ၎င်းကပြောသည်။

''ဒေါ်လာငွေရောင်းဝယ်မှုလိုင်စင် ထုတ်ပေးထားတာပါ။ မြတ်တုန်းကတော့ ၀ယ်ပြီး အခုလိုကျရိပ်တွေ ပြမှ ၀ယ်ယူမှုမရှိဘူးဆိုတာ မဖြစ်သင့်ဘူး။ ထိန်းထိန်းသိမ်းသိမ်းနဲ့ ၀ယ်ယူပေးသင့်တယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး ပုဂ္ဂလိကဘဏ်တွေကို ဖေဖော်ဝါရီ ၁၀ ရက်က ခေါ်ယူသတိပေး အရေးယူမှုတွေလုပ်မယ်။ ဒါကတော့ အဆင့် ဆင့်ပေါ့ဗျာ။ နောက်ဆုံး လိုင်စင်သိမ်းတာတို့၊ ဘဏ်ဖျက်သိမ်းတာတို့လုပ်မယ်။ ဒေါ်လာဈေးကျဆင်းတာ မြန်မာ ငွေမာလာတာပဲလေ။ ဒါကို အရှုံးမျှမျှတတခံပြီး ၀ယ်ပေးသင့်တယ်။ စီးပွားရေးလုပ်တယ်ဆိုတာ မြတ်တုန်းက တော့ ယူဝယ်ပြီး အခုရှုံးတော့မှ ဘဏ်တွေက ဗဟိုဘဏ်က တားထားလို့ မဝယ်တာပါလို့ တာဝန်မဲ့စွာ မပြော သင့်ဘူး''ဟု ၎င်းက ပြောသည်။

ပြည်တွင်းငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးနှုန်းများ ဆက်တိုက်ဆိုသလို ကျဆင်းလာသောကြောင့် ဘဏ် အချို့မှာ ဒေါ်လာကို အကန့်အသတ်ဖြင့်သာ ၀ယ်ယူရန် ညွှန်ကြားထားကြောင်း၊ ဒေါ်လာပိုက်မိနေသူများအနေ ဖြင့် ဈေးထပ်ကျမည်ကို စိုးရိမ်မှုများရှိနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။

၎င်းကိစ္စနှင့်စပ်လျဉ်းပြီး ဧရာဝတီဘဏ်ရုံးချုပ်ကို ဒေါ်လာငွေ ကန့်သတ်ဝယ်ယူမှုနှင့်ပတ်သက်ပြီး မေးမြန်းရာ အီးမေးလ်နှင့် ပြန်လည် ဖြေကြားမည်အကြောင်းပြန်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်း အခြေပြုပြီး ပုဂ္ဂလိကဘဏ်များက ဒေါ်လာဈေးဖွင့်ရကြောင်းသိရပြီး ၀ ဒသမ ၈ ရာခိုင်နှုန်းသာ အတိုးအလျှော့ပြု လုပ်ခွင့်ရှိကြောင်း သိရသည်။

သဒ္ဓါထက်အိုင်(လှည်းတန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

No comments:

Post a Comment