Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, February 11, 2016

ေနာ္ေဝးႏုိင္ငံသူအား မုဒိမ္းက်င့္သည္ဟုဆိုကာ ျမန္မာလုပ္သားတစ္ဦးအား ေကာ့ေတာင္ကၽြန္း ရဲစခန္းတြင္ စြပ္စြဲဖမ္းဆီးထား


ထိုင္းႏိုင္ငံ၊ ေကာ့ေတာင္ကၽြန္းတြင္ ေနာ္ေဝးႏိုင္ငံသူကို မုဒိမ္းက်င့္သည္ဟုဆိုကာ ျမန္မာအလုပ္သမား တစ္ဦးအား ဖမ္းဆီးထိန္းသိမ္း ထားေၾကာင္း ျမန္မာအလုပ္သမား ကူညီေစာင့္ေရွာက္ေရး မဟာမိတ္(AAC)ထံမွ သိရွိရသည္။

"ျဖစ္တာက ဆယ္လပိုင္း ကတည္းကျဖစ္တာ။ ဟိုတယ္မွာ ေရပိုက္ျပင္တဲ့ အလုပ္သမား တစ္ေယာက္ကို ဖမ္းထားတာ။ ႏိုင္ငံျခားသူက မဟုတ္ဘူးလို႔ ျငင္းေပမယ္႔ ရဲက ျပန္မလႊတ္ေပးဘဲ လုပ္ထားတာ။ ဝင္းနဲ႔ေဇာ္ လူသတ္မႈလို မတရားျဖစ္မွာစိုးလို႔ သူ႔အေဖကိုယ္တိုင္ ဖုန္းဆက္ၿပီး အကူအညီ ေတာင္းလို႔ ကၽြန္ေတာ္တို႔ လိုက္ကူညီေနပါတယ္" ဟု ျမန္မာအလုပ္သမား ကူညီေစာင့္ေရွာက္ေရး မဟာမိတ္ (AAC)မွ ကိုရဲမင္းက ေျပာသည္။

၂၀၁၅ ခုႏွစ္ ေအာက္တိုဘာ ၁၆ ရက္ေန႔ ေကာ့ေတာင္ကြ်န္း ရဲစခန္းတြင္ တိုင္တန္းခဲ့သည့္ အဆိုပါ အမႈမွာ ေနာ္ေဝႏိုင္ငံသူက အရက္မူးၿပီး မွားယြင္းကာ တုိင္တန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တိုင္တန္းမႈေၾကာင့္ ဖမ္းဆီးခံထားရသူမွာ ျမန္မာႏိုင္ငံသား ေမာင္ေအာင္မ်ိဳးျဖစ္ကာ သူ၏ဇနီးမွာလည္း ဟိုတယ္တစ္ခုထဲတြင္ အတူတူ အလုပ္လုပ္ကိုင္သူျဖစ္ေၾကာင္း သိရသည္။

ျမန္မာအလုပ္သမား ကူညီေစာင့္ေရွာက္ေရး မဟာမိတ္ (AAC) က ေဖေဖာ္ဝါရီ ၉ ရက္တြင္ ေကာ့ေတာင္ကၽြန္းသို႔ သြားေရာက္ခဲ့ၿပီး အမႈမွန္ ေပၚေပါက္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံသံ႐ံုးႏွင့္ ခ်ိတ္ဆက္ကာ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း - MMK
The Ladies News
https://www.facebook.com/News.TheLadies
................


ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်းတွင် နော်ဝေးနိုင်ငံသူကို မုဒိမ်းကျင့်သည်ဟုဆိုကာ မြန်မာအလုပ်သမား တစ်ဦးအား ဖမ်းဆီးထိန်းသိမ်း ထားကြောင်း မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်(AAC)ထံမှ သိရှိရသည်။

"ဖြစ်တာက ဆယ်လပိုင်း ကတည်းကဖြစ်တာ။ ဟိုတယ်မှာ ရေပိုက်ပြင်တဲ့ အလုပ်သမား တစ်ယောက်ကို ဖမ်းထားတာ။ နိုင်ငံခြားသူက မဟုတ်ဘူးလို့ ငြင်းပေမယ့် ရဲက ပြန်မလွှတ်ပေးဘဲ လုပ်ထားတာ။ ဝင်းနဲ့ဇော် လူသတ်မှုလို မတရားဖြစ်မှာစိုးလို့ သူ့အဖေကိုယ်တိုင် ဖုန်းဆက်ပြီး အကူအညီ တောင်းလို့ ကျွန်တော်တို့ လိုက်ကူညီနေပါတယ်" ဟု မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ် (AAC)မှ ကိုရဲမင်းက ပြောသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့ ကော့တောင်ကျွန်း ရဲစခန်းတွင် တိုင်တန်းခဲ့သည့် အဆိုပါ အမှုမှာ နော်ဝေနိုင်ငံသူက အရက်မူးပြီး မှားယွင်းကာ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်တန်းမှုကြောင့် ဖမ်းဆီးခံထားရသူမှာ မြန်မာနိုင်ငံသား မောင်အောင်မျိုးဖြစ်ကာ သူ၏ဇနီးမှာလည်း ဟိုတယ်တစ်ခုထဲတွင် အတူတူ အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ် (AAC) က ဖေဖော်ဝါရီ ၉ ရက်တွင် ကော့တောင်ကျွန်းသို့ သွားရောက်ခဲ့ပြီး အမှုမှန် ပေါ်ပေါက်နိုင်ရေးအတွက် မြန်မာနိုင်ငံသံရုံးနှင့် ချိတ်ဆက်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment