Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 19, 2016

ရခိုင္ျပည္နယ္ အစုိးရ ဖြဲ႕စည္းေရးနဲ႕ ပတ္သက္ျပီး NLD ရခိုင္ျပည္နယ္ တာ၀န္ခံ ဂြျမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီပုႏွင့္ အင္တာဗ်ဴး


နိရဥၥရာ၊ ဇန္န၀ါရီ ၁၉

ေမး- NLD က ဦးေဆာင္ျပီး ရခိုင္ျပည္နယ္ အစုိးရကို ဦးေဆာင္ ဖြဲ႕စည္းမယ္ဆိုျပီး သတင္းေတြ ထြက္ေနပါတယ္။ အဲဒါေလးကို သိခ်င္လို႕ပါ။
ေျဖ- ဟုတ္ပါတယ္။ ဒီဟာကေတာ့ ကၽြန္ေတာ္တို႕ ဆီက ေျပာေရးဆိုခြင့္ ရွိသူ ေဒၚနန္းခင္ေထြးျမင့္ ေနာက္ဆံုးေျပာထားတာရွိတယ္ေလ။ ျပည္နယ္ ေတြမွာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ကဘဲ ဦးေဆာင္ ပီးေတာ့ အစုိးရဖြဲ႕ဖို႕ ဆိုတာ သူေျပာထားတာဘဲ။

ေမး- အခုက ရခိုင္ျပည္နယ္ အစုိးရအဖြဲ႕မွာ ဦးညီပုက ၀န္ၾကီးခ်ဳပ္ ျဖစ္မယ္ဆိုပီး သတင္းေတြ ထြက္ေပၚေနပါတယ္။ အဲဒါက မွန္ကန္ပါသလား။
ေျဖ- အဲဒါေတြကေတာ့ သူတို႕ ထင္ေၾကးေတြ ေျပာတာေနမွာပါ။ ကၽြန္ေတာ္တို႕ ဘက္ကေတာ့ ဘာမွ ေျပာထားတာ မရွိ ပါဘူး။ ေဒၚနန္းခင္ေထြးျမင့္ ေျပာတဲ့ အတိုင္းပါဘဲ။ တိုင္းနဲ႕ ျပည္နယ္ ေတြမွာ ကၽြန္ေတာ္တို႕ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္ပီးေတာ့ အစုိးရဖြဲ႕မယ္။ အဲဒီ အစိုးရအဖြဲ႕ထဲမွာလည္း ၀န္ၾကီးခ်ဳပ္က ကၽြန္ေတာ္တို႕ အဖြဲ႕၀င္ထဲကဘဲ ခန္႕ထားမယ္ ဆိုတာ ေဒၚနန္းခင္ေထြးျမင့္ ေျပာျပီး ပါျပီ။

ေမး- ဟုတ္ကဲ့။ အဲဒီေတာ့ေလ NLD ပါတီ နဲ႕ ANP ပါတီ တို႕ ရခိုင္ျပည္နယ္ အစုိးရရ ဖြဲ႕စည္းေရး ကိစၥမွာ ေဆြးေႏြးတိုင္ပင္ ညိွႏိႈင္းတာေတြေကာ ရွိပါလား။
ေျဖ- မရွိေသးပါဘူး။

ေမး- ေဆြးေႏြးဖို႕ အစီအစဥ္ရွိပါလား။
ေျဖ- အဲဒါေတြကေတာ့ ဟို ေဒၚေအာင္ဆန္းစုၾကည္နဲ႕ ဗဟို အလုပ္အမႈေဆာင္ ရဲ႕ ဆံုးျဖတ္ခ်က္အတိုင္း ကၽြန္ေတာ္တို႕ လုပ္မွာပါ။

ေမး- ဟုတ္ကဲ့။ ရခိုင္ျပည္နယ္ အစုိးရအဖြဲ႕ အမည္စာရင္းကို ဘယ္ေန႕ေလာက္ သိရပါမလဲ။ ဘယ္ေန႕ေလာက္ ေက်ညာပါ့မလဲ။
ေျဖ- အဲသလို သတ္မွတ္ထားတာ မရွိေသးပါဘူး။ ကၽြန္ေတာ္တို႕ ေဒၚေအာင္ဆန္းစုၾကည္နဲ႕လည္း ေဆြးေႏြးရအံုးမွာပါ။

ေမး- အခုကေလ၊ ဒီရခိုင္ျပည္နယ္ အစုိးရဖြဲ႕စည္းမယ့္ အထဲမွာ ANP ပါတီကလည္း ရခိုင္ျပည္နယ္မွာ ေနရာ အေတာ္မ်ားမ်ား ႏိုင္ထားေတာ့ ANP ပါတီက ၀န္ၾကီးေတြဘာေတြ ျဖစ္လာႏိုင္တဲ့ အေနအထား ရွိပါသလား။
ေျဖ- အဲဒါကေတာ့ ေစာေစာက ေျပာထား သလိုပါဘဲ။ ေဒၚေအာင္ဆန္း စုၾကည္ က ဒီ အစုိးရဖြဲ႕စည္းေရးနဲ႕ ေတြနဲ႕ ပတ္သက္လို႕ ေျပာထားတာေတြ ရွိပါတယ္။ သူ ညွိႏႈိင္းတိုင္ပင္ လုပ္မယ္ ဆိုတဲ့ဟာမ်ိဳးေတြ ေျပာထားပါတယ္။ အဲဒါေၾကာင့္မို႕လို႕ဘဲ ေဒၚေဆာင္ဆန္းစုၾကည္နဲ႕ ကၽြန္ေတာ္တို႕ ေတြ႕ျပီးမွဘဲ သူ႕အဆံုးအျဖတ္ေပၚမွာ မူတည္ျပီး ကၽြန္ေတာ္တို႕ ေျပာလို႕ ရမွာ ျဖစ္ပါတယ္။

ေမး- ေဒၚေအာင္ဆန္းစုၾကည္နဲ႕ ဦးညီပုတို႕ ဘယ္ေတာ့ေလာက္ေတြ႕မယ္လို႕ ခန္႕မွန္းထားပါသလဲ။
ေျဖ- ကၽြန္ေတာ္တို႕ ဟုိ သတ္မွတ္ထားတာေတာ့ မရွိေသးပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တို႕ ပံုမွန္ကေတာ့ ဗဟုိအလုပ္အမႈေဆာင္ အစည္းကေတာ့ တစ္လ ႏွစ္ၾကိမ္ လုပ္ေနတာေတာ့ ရွိပါတယ္။ အဲဒါေတာ့ အနည္းဆံုးေတာ့ ေတြ႕ျဖစ္မွာပါ။ ၾကားထဲမွာ အေရးၾကီးရင္ ၾကီးသလို ေတြ႕ေကာင္း ေတြ႕ႏိုင္ပါတယ္။

ေမး- ကၽြန္ေတာ္တို႕ၾကားတာကေတာ့ ရခိုင္ျပည္နယ္ အစိုးရ အဖြဲ႕ထဲမွာ ပါႏိုင္မယ့္သူေတြ၊ NLD ေရာ၊ ANP ပါတီကေရာ ပါႏိုင္တဲ့သူေတြကို ဦးညီပု က ေနျပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႕ ေဆြးေႏြးေနတယ္လို႕ ၾကားရပါတယ္။ အဲဒါေတြကေကာ မွန္ပါသလား။
ေျဖ- အဲဒါေတြကေတာ့ ကၽြန္ေတာ္တို႕ ၾကိဳတင္ျပီးေတာ့ ဟို ေလ့လာေနပါတယ္။ ဘယ္လို လူမ်ိဳးေတြ ကၽြန္ေတာ္တို႕ အထဲထဲမွာ ပါ၀င္ႏိုင္မလဲ။ အဲသလို လူေတြရဲ႕ အရည္အခ်င္းေတြ ဘာေတြလဲဆိုတာ ကၽြန္ေတာ္တို႕ ေလ့လာေနပါတယ္။

(ျပီး)

(ဤေတြ႕ဆံု ေမးျမန္းမႈအား နိရဥၥရာမွ ဦးခိုင္ျမတ္ေက်ာ္က ၂၀၁၆ ဇန္န၀ါရီ ၁၈ ရက္ေန႕က ရန္ကုန္ျမိဳ႕တြင္ ျပဳလုပ္ထားျခင္း ျဖစ္ပါသည္။)

Arakan State
https://www.facebook.com/NarinjaraNews
........................


နိရဥ္စရာ၊ ဇန်နဝါရီ ၁၉

မေး- NLD က ဦးဆောင်ပြီး ရခိုင်ပြည်နယ် အစိုးရကို ဦးဆောင် ဖွဲ့စည်းမယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။ အဲဒါလေးကို သိချင်လို့ပါ။
ဖြေ- ဟုတ်ပါတယ်။ ဒီဟာကတော့ ကျွန်တော်တို့ ဆီက ပြောရေးဆိုခွင့် ရှိသူ ဒေါ်နန်းခင်ထွေးမြင့် နောက်ဆုံးပြောထားတာရှိတယ်လေ။ ပြည်နယ် တွေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကဘဲ ဦးဆောင် ပီးတော့ အစိုးရဖွဲ့ဖို့ ဆိုတာ သူပြောထားတာဘဲ။

မေး- အခုက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ဦးညီပုက ၀န်ကြီးချုပ် ဖြစ်မယ်ဆိုပီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒါက မှန်ကန်ပါသလား။
ဖြေ- အဲဒါတွေကတော့ သူတို့ ထင်ကြေးတွေ ပြောတာနေမှာပါ။ ကျွန်တော်တို့ ဘက်ကတော့ ဘာမှ ပြောထားတာ မရှိ ပါဘူး။ ဒေါ်နန်းခင်ထွေးမြင့် ပြောတဲ့ အတိုင်းပါဘဲ။ တိုင်းနဲ့ ပြည်နယ် တွေမှာ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပီးတော့ အစိုးရဖွဲ့မယ်။ အဲဒီ အစိုးရအဖွဲ့ထဲမှာလည်း ၀န်ကြီးချုပ်က ကျွန်တော်တို့ အဖွဲ့ဝင်ထဲကဘဲ ခန့်ထားမယ် ဆိုတာ ဒေါ်နန်းခင်ထွေးမြင့် ပြောပြီး ပါပြီ။

မေး- ဟုတ်ကဲ့။ အဲဒီတော့လေ NLD ပါတီ နဲ့ ANP ပါတီ တို့ ရခိုင်ပြည်နယ် အစိုးရရ ဖွဲ့စည်းရေး ကိစ္စမှာ ဆွေးနွေးတိုင်ပင် ညှိနှိုင်းတာတွေကော ရှိပါလား။
ဖြေ- မရှိသေးပါဘူး။

မေး- ဆွေးနွေးဖို့ အစီအစဉ်ရှိပါလား။
ဖြေ- အဲဒါတွေကတော့ ဟို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟို အလုပ်အမှုဆောင် ရဲ့ ဆုံးဖြတ်ချက်အတိုင်း ကျွန်တော်တို့ လုပ်မှာပါ။

မေး- ဟုတ်ကဲ့။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အမည်စာရင်းကို ဘယ်နေ့လောက် သိရပါမလဲ။ ဘယ်နေ့လောက် ကျေညာပါ့မလဲ။
ဖြေ- အဲသလို သတ်မှတ်ထားတာ မရှိသေးပါဘူး။ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးရအုံးမှာပါ။

မေး- အခုကလေ၊ ဒီရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းမယ့် အထဲမှာ ANP ပါတီကလည်း ရခိုင်ပြည်နယ်မှာ နေရာ အတော်များများ နိုင်ထားတော့ ANP ပါတီက ၀န်ကြီးတွေဘာတွေ ဖြစ်လာနိုင်တဲ့ အနေအထား ရှိပါသလား။
ဖြေ- အဲဒါကတော့ စောစောက ပြောထား သလိုပါဘဲ။ ဒေါ်အောင်ဆန်း စုကြည် က ဒီ အစိုးရဖွဲ့စည်းရေးနဲ့ တွေနဲ့ ပတ်သက်လို့ ပြောထားတာတွေ ရှိပါတယ်။ သူ ညှိနှိုင်းတိုင်ပင် လုပ်မယ် ဆိုတဲ့ဟာမျိုးတွေ ပြောထားပါတယ်။ အဲဒါကြောင့်မို့လို့ဘဲ ဒေါ်ဆောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ တွေ့ပြီးမှဘဲ သူ့အဆုံးအဖြတ်ပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ပြောလို့ ရမှာ ဖြစ်ပါတယ်။

မေး- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးညီပုတို့ ဘယ်တော့လောက်တွေ့မယ်လို့ ခန့်မှန်းထားပါသလဲ။
ဖြေ- ကျွန်တော်တို့ ဟို သတ်မှတ်ထားတာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပုံမှန်ကတော့ ဗဟိုအလုပ်အမှုဆောင် အစည်းကတော့ တစ်လ နှစ်ကြိမ် လုပ်နေတာတော့ ရှိပါတယ်။ အဲဒါတော့ အနည်းဆုံးတော့ တွေ့ဖြစ်မှာပါ။ ကြားထဲမှာ အရေးကြီးရင် ကြီးသလို တွေ့ကောင်း တွေ့နိုင်ပါတယ်။

မေး- ကျွန်တော်တို့ကြားတာကတော့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထဲမှာ ပါနိုင်မယ့်သူတွေ၊ NLD ရော၊ ANP ပါတီကရော ပါနိုင်တဲ့သူတွေကို ဦးညီပု က နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေတယ်လို့ ကြားရပါတယ်။ အဲဒါတွေကကော မှန်ပါသလား။
ဖြေ- အဲဒါတွေကတော့ ကျွန်တော်တို့ ကြိုတင်ပြီးတော့ ဟို လေ့လာနေပါတယ်။ ဘယ်လို လူမျိုးတွေ ကျွန်တော်တို့ အထဲထဲမှာ ပါ၀င်နိုင်မလဲ။ အဲသလို လူတွေရဲ့ အရည်အချင်းတွေ ဘာတွေလဲဆိုတာ ကျွန်တော်တို့ လေ့လာနေပါတယ်။

(ပြီး)

(ဤတွေ့ဆုံ မေးမြန်းမှုအား နိရဥ္စရာမှ ဦးခိုင်မြတ်ကျော်က ၂၀၁၆ ဇန်နဝါရီ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။)

Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment