Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 22, 2016

ေဒၚေအာင္ဆန္းစုၾကည္မွတပါး ဘယ္သူမွ ေျပာေရးဆိုခြင့္ မရွိေၾကာင္း ေၾကညာ


By ဒီဗီြဘီ
    22 January 2016
 အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္မွတပါး ဘယ္သူမွ ေျပာေရးဆိုခြင့္ မရွိဘူးလို႔ အဖြဲ႔ခ်ဳပ္က ဒီေန႔ရက္စြဲနဲ႔ ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။

“အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္သည္ ယခုလက္ရွိအေျခအေနတြင္ သိမ္သိမ္ေမြ႔ေမြ႔ျဖင့္ လုပ္ကိုင္ ေဆာင္ရြက္ေနတဲ့ အခ်ိန္ကာလ ျဖစ္ပါသည္။ သို႔ပါ၍ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္၏ မူ၀ါဒမ်ား၊ အသြင္ကူးေျပာင္းေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ အမ်ဳိးသားဒီမိုကေရစီ အဖဲြ႔ခ်ဳပ္ဥကၠ႒မွတပါး အျခား ပုဂၢိဳလ္မ်ား အေနျဖင့္ ေျပာေရးဆိုခြင့္ မရွိေၾကာင္း ေၾကညာလိုက္ပါသည္”ဟု ဒီေန႔ ရက္စဲြနဲ႔ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္က ထုတ္ျပန္ေၾကညာ လိုက္ပါတယ္။
DVB
..................
ဒေါ်အောင်ဆန်းစုကြည်မှတပါး ဘယ်သူမှ ပြောရေးဆိုခွင့် မရှိကြောင်း ကြေညာ
    By ဒီဗွီဘီ
    22 January 2016
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှတပါး ဘယ်သူမှ ပြောရေးဆိုခွင့် မရှိဘူးလို့ အဖွဲ့ချုပ်က ဒီနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယခုလက်ရှိအခြေအနေတွင် သိမ်သိမ်မွေ့မွေ့ဖြင့် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အချိန်ကာလ ဖြစ်ပါသည်။ သို့ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌမှတပါး အခြား ပုဂ္ဂိုလ်များ အနေဖြင့် ပြောရေးဆိုခွင့် မရှိကြောင်း ကြေညာလိုက်ပါသည်”ဟု ဒီနေ့ ရက်စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
DVB


No comments:

Post a Comment