လူေတြ အလုအယက္ ဝယ္ယူၾကလို႔ ေမရီလန္းဒ္ ျပည္နယ္က ဆိုင္ေတြမွာ ပစၥည္းေတြ ျပတ္ေတာက္။
အေမရိကန္ ျပည္ေထာင္စု အေရွ႕ဘက္ ကမ္းရိုးတမ္း တေလၽွာက္မွာ ျပင္းထန္တဲ့ ႏွင္းမုန္တိုင္း တစ္ခု က်ေရာက္ဖို႔ ရွိၿပီး ႏွင္းထု စံခ်ိန္တင္ နီးပါး က်ဆင္းဖို႔ ရွိေနပါတယ္။
ဒီကေန႔ ေသာၾကာေန႔ ေႏွာင္းပိုင္းမွာ ႏွင္းထု ၂ ေပ ေလာက္အထိ က်ဆင္းနိုင္ၿပီး မုန္တိုင္း တစ္ခု အထိ ျဖစ္လာနိုင္တယ္လို႔ လူ သန္း ၅၀ ေက်ာ္ကို သတိေပးခ်က္ ထုတ္ထားပါတယ္။
ႏွင္းမုန္တိုင္းေၾကာင့္ လၽွပ္စစ္ဓာတ္အား ျပတ္ေတာက္မွုေတြနဲ႔ လမ္းပန္း ဆက္သြယ္ေရး ျပတ္ေတာက္မွုေတြ ၾကဳံနိုင္တယ္ လို႔လည္း သတိေပး ထားပါတယ္။
အေထာက္အပံ့ ပစၥည္းေတြကို လူေတြ အလုအယက္ ဝယ္ယူ ၾကတဲ့အတြက္ ဆိုင္ေတြမွာ ပစၥည္းေတြ ျပတ္ေတာက္ ကုန္ပါတယ္။
ဆိုးရြားတဲ့ ရာသီဥတုေၾကာင့္ ခုခ်ိန္အထိ ေျမာက္ကာရိုလိုင္းနား ျပည္နယ္က ကားဒရိုင္ဘာ ၂ ဦး၊ တန္နက္ဆီ ျပည္နယ္က ၁ ဦးနဲ႔ ေမရီလန္းဒ္ ျပည္နယ္က လူတစ္ဦးတို႔ ေသဆုံးခဲ့ၿပီး ျဖစ္ပါတယ္။
BBC Burmese
http://www.bbc.com/burmese
....................
အမေရိကန် နှင်းမုန်တိုင်းအတွက် လူသန်းချီ ပြင်ဆင်
လူတွေ အလုအယက် ဝယ်ယူကြလို့ မေရီလန်းဒ် ပြည်နယ်က ဆိုင်တွေမှာ ပစ္စည်းတွေ ပြတ်တောက်။
အမေရိကန် ပြည်ထောင်စု အရှေ့ဘက် ကမ်းရိုးတမ်း တလျှောက်မှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်း တစ်ခု ကျရောက်ဖို့ ရှိပြီး နှင်းထု စံချိန်တင် နီးပါး ကျဆင်းဖို့ ရှိနေပါတယ်။
ဒီကနေ့ သောကြာနေ့ နှောင်းပိုင်းမှာ နှင်းထု ၂ ပေ လောက်အထိ ကျဆင်းနိုင်ပြီး မုန်တိုင်း တစ်ခု အထိ ဖြစ်လာနိုင်တယ်လို့ လူ သန်း ၅၀ ကျော်ကို သတိပေးချက် ထုတ်ထားပါတယ်။
နှင်းမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေနဲ့ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှုတွေ ကြုံနိုင်တယ် လို့လည်း သတိပေး ထားပါတယ်။
အထောက်အပံ့ ပစ္စည်းတွေကို လူတွေ အလုအယက် ဝယ်ယူ ကြတဲ့အတွက် ဆိုင်တွေမှာ ပစ္စည်းတွေ ပြတ်တောက် ကုန်ပါတယ်။
ဆိုးရွားတဲ့ ရာသီဥတုကြောင့် ခုချိန်အထိ မြောက်ကာရိုလိုင်းနား ပြည်နယ်က ကားဒရိုင်ဘာ ၂ ဦး၊ တန်နက်ဆီ ပြည်နယ်က ၁ ဦးနဲ့ မေရီလန်းဒ် ပြည်နယ်က လူတစ်ဦးတို့ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, January 22, 2016
အေမရိကန္ ႏွင္းမုန္တိုင္းအတြက္ လူသန္းခ်ီ ျပင္ဆင္
အေမရိကန္ ႏွင္းမုန္တိုင္းအတြက္ လူသန္းခ်ီ ျပင္ဆင္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 22, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 22, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment