Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

ကိုယ္တြင္းအဆိပ္အေတာက္ေတြရွင္းခ်င္တယ္ဆိုရင္

အရြယ္တင္ႏုပ်ဳိေစဖို႔၊ ခႏၶာ ကိုယ္အားျပန္ျပည့္ေစဖို႔နဲ႔ ႏိုးၾကား တက္ႂကြေနေစဖို႔အတြက္ ခႏၶာ ကိုယ္တြင္း အဆိပ္အေတာက္ ေတြဖယ္ရွားေပးဖုိ႔လုိအပ္လာပါ တယ္။ ဒီလိုဖယ္ရွားရာမွာ ဟင္း သီးဟင္းရြက္နဲ႔ သစ္သီးေဖ်ာ္ရည္ လတ္လတ္ဆတ္ဆတ္ေသာက္ တာ အႏၲရာယ္အကင္းဆံုးျဖစ္ တာမို႔ ဘယ္ေဖ်ာ္ရည္ေတြက ေကာင္းက်ဳိးျပဳတယ္ဆိုတာ မွ်ေဝ ေပးလိုက္ပါတယ္။

လတ္ဆတ္တဲ့ပန္းသီးေဖ်ာ္ ရည္မွာ ဓာတ္တိုးဆန္႔က်င္ဂုဏ္ သတၱိနဲ႔အာဟာရဓာတ္ေတြပါဝင္ ၿပီး ေက်ာက္ကပ္နဲ႔အသည္းကို သန္႔စင္ၿပီးသားျဖစ္ေစပါတယ္။ ေရကေတာ့ အစာေျခဖ်က္အား ေကာင္းေစၿပီး မေကာင္းတဲ့အမႈန္ အမႊားနဲ႔ အဆိပ္အေတာက္ေတြကို အစာေျခလမ္းေၾကာင္းကတစ္ ဆင့္ ဖယ္ရွားေပးတဲ့ အ႐ိုးရွင္းဆံုး သဘာဝေဆးပဲျဖစ္ပါတယ္။ ေနာက္တစ္ခုက မုန္လာဥနီ(ဗီ တြတ္)ေဖ်ာ္ရည္ျဖစ္ၿပီး သတၱဳ ဓာတ္၊ ဓာတ္တုိးဆန္႔က်င္ဂုဏ္ သတၱိေတြနဲ႔ ဗီတာမင္ေတြပါဝင္ တာေၾကာင့္ အသည္းကိုသန္႔စင္ ေစတဲ့အျပင္ ေသြးအားနည္းတာ ကို ပံုမွန္ျဖစ္ေစကာ ကိုလက္ စထေရာအဆင့္ကိုလည္း ထိန္းညႇိေပးႏိုင္ပါတယ္။

သံပရာရည္မွာပါတဲ့ဆီထရစ္ အက္စစ္က အစာေျခမႈ၊ ခ်က္မႈ အတြက္ ေထာက္ကူသလို ကင္ဆာျဖစ္ေစတဲ့ အဆိပ္ အေတာက္ေတြကို ဖယ္ရွားေပး တယ္လို႔ဆိုပါတယ္။ မုန္လာဥနီ ေဖ်ာ္ရည္မွာလည္း ဗီတာမင္ေအ နဲ႔သတၱဳဓာတ္ေတြပါဝင္ၿပီး အစာ မေၾကတာေတြ၊ ဝမ္းခ်ဳပ္တာေတြ နဲ႔ အူတြင္းကပ္ပါးေကာင္ေတြကုိ ဖယ္ရွားေပးပါတယ္။

လတ္လတ္ဆတ္ဆတ္ လိေမၼာ္သီးေဖ်ာ္ရည္ကလည္း သတၱဳဓာတ္နဲ႔ ဗီတာမင္ေတြႂကြယ္ ဝစြာပါဝင္ၿပီး ကိုယ္တြင္းဆဲလ္ ေတြမပ်က္စီးေအာင္ ကာကြယ္ ေပးႏိုင္စြမ္းရွိပါတယ္။
လက္ဖက္စိမ္း(ဂရင္းတီး) ဟာဆိုရင္လည္း ကင္ဆာနဲ႔ အျခားေသာေရာဂါေတြမျဖစ္ရ ေလေအာင္ ကာကြယ္ေပးတယ္ လို႔ဆိုပါတယ္။ ေဒါက္ခြရြက္၊ ပန္းေဂၚဖီစိမ္းနဲ႔ ကိုက္လန္လိုမ်ဳိး ဟင္းရြက္စိမ္းေတြကို ေဖ်ာ္ရည္ လုပ္ေသာက္ႏိုင္သလို ဟင္းသီး ဟင္းရြက္စံုနဲ႔ သစ္သီးစံုေဖ်ာ္ရည္ ပ်စ္ပ်စ္ (Smoothie) ေတြက လည္း ခႏၶာကိုယ္တြင္း အဆိပ္ အေတာက္ေတြကိုဖယ္ရွားေပး ႏိုင္ပါတယ္။
credit: 7day daily
....................
အရွယ်တင်နုပျိုစေဖို့၊ ခန္ဓာ ကိုယ်အားပြန်ပြည့်စေဖို့နဲ့ နိုးကြား တက်ကြွနေစေဖို့အတွက် ခန္ဓာ ကိုယ်တွင်း အဆိပ်အတောက် တွေဖယ်ရှားပေးဖို့လိုအပ်လာပါ တယ်။ ဒီလိုဖယ်ရှားရာမှာ ဟင်း သီးဟင်းရွက်နဲ့ သစ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ်သောက် တာ အန္တရာယ်အကင်းဆုံးဖြစ် တာမို့ ဘယ်ဖျော်ရည်တွေက ကောင်းကျိုးပြုတယ်ဆိုတာ မျှဝေ ပေးလိုက်ပါတယ်။

လတ်ဆတ်တဲ့ပန်းသီးဖျော် ရည်မှာ ဓာတ်တိုးဆန့်ကျင်ဂုဏ် သတ္တိနဲ့အာဟာရဓာတ်တွေပါဝင် ပြီး ကျောက်ကပ်နဲ့အသည်းကို သန့်စင်ပြီးသားဖြစ်စေပါတယ်။ ရေကတော့ အစာခြေဖျက်အား ကောင်းစေပြီး မကောင်းတဲ့အမှုန် အမွှားနဲ့ အဆိပ်အတောက်တွေကို အစာခြေလမ်းကြောင်းကတစ် ဆင့် ဖယ်ရှားပေးတဲ့ အရိုးရှင်းဆုံး သဘာဝဆေးပဲဖြစ်ပါတယ်။ နောက်တစ်ခုက မုန်လာဥနီ(ဗီ တွတ်)ဖျော်ရည်ဖြစ်ပြီး သတ္တု ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ဂုဏ် သတ္တိတွေနဲ့ ဗီတာမင်တွေပါဝင် တာကြောင့် အသည်းကိုသန့်စင် စေတဲ့အပြင် သွေးအားနည်းတာ ကို ပုံမှန်ဖြစ်စေကာ ကိုလက် စထရောအဆင့်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

သံပရာရည်မှာပါတဲ့ဆီထရစ် အက်စစ်က အစာခြေမှု၊ ချက်မှု အတွက် ထောက်ကူသလို ကင်ဆာဖြစ်စေတဲ့ အဆိပ် အတောက်တွေကို ဖယ်ရှားပေး တယ်လို့ဆိုပါတယ်။ မုန်လာဥနီ ဖျော်ရည်မှာလည်း ဗီတာမင်အေ နဲ့သတ္တုဓာတ်တွေပါဝင်ပြီး အစာ မကြေတာတွေ၊ ဝမ်းချုပ်တာတွေ နဲ့ အူတွင်းကပ်ပါးကောင်တွေကို ဖယ်ရှားပေးပါတယ်။

လတ်လတ်ဆတ်ဆတ် လိမ္မော်သီးဖျော်ရည်ကလည်း သတ္တုဓာတ်နဲ့ ဗီတာမင်တွေကြွယ် ဝစွာပါဝင်ပြီး ကိုယ်တွင်းဆဲလ် တွေမပျက်စီးအောင် ကာကွယ် ပေးနိုင်စွမ်းရှိပါတယ်။
လက်ဖက်စိမ်း(ဂရင်းတီး) ဟာဆိုရင်လည်း ကင်ဆာနဲ့ အခြားသောရောဂါတွေမဖြစ်ရ လေအောင် ကာကွယ်ပေးတယ် လို့ဆိုပါတယ်။ ဒေါက်ခွရွက်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ကိုက်လန်လိုမျိုး ဟင်းရွက်စိမ်းတွေကို ဖျော်ရည် လုပ်သောက်နိုင်သလို ဟင်းသီး ဟင်းရွက်စုံနဲ့ သစ်သီးစုံဖျော်ရည် ပျစ်ပျစ် (Smoothie) တွေက လည်း ခန္ဓာကိုယ်တွင်း အဆိပ် အတောက်တွေကိုဖယ်ရှားပေး နိုင်ပါတယ်။
credit: 7day daily

No comments:

Post a Comment