Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 30, 2016

မဂၤလာႏွစ္ပတ္လည္အမွတ္တရလက္ေဝွ႕ထုိးလက္အိတ္လက္ေဆာင္ေပးတဲ႕လင္းလင္း


ဇန္နဝါရီ ၃၀ ရက္တြင္ က်ေရာက္ေသာ ႏွစ္ႏွစ္ျပည့္ မဂၤလာ ႏွစ္ပတ္လည္ေန႕တြင္ ဇနီးသည္ကုိ လက္ေဝွ႕ထုိးသည့္လက္အိတ္ လက္ေဆာင္ေပးခဲ့သည့္အေၾကာင္းကို လင္းလင္း ႏွင့္ ခ်စ္သုေဝ တို႔က ၎တို႔၏ေဖ့စ္ဘြတ္စာမ်က္ႏွာမ်ားမွ တစ္ဆင့္ပရိသတ္ မ်ားကိုအသိေပးထားသည္။
မဂၤလာႏွစ္ပတ္လည္အမွတ္တရလက္ေဆာင္ေပးရန္အတြက္ ရက္ေပါင္း သံုးရာခန္႔ စဥ္းစားကာ ဝယ္ယူခဲ့ျခင္းျဖစ္ၿပီး ယင္းလက္ေဆာင္ ေပးခဲ့ရ သည့္အေၾကာင္းကို လင္းလင္းက "ကဲ ေဒၚေဒၚတုန္ေရ၊ ေရွ႕တစ္ေလွ်ာက္ လာမယ့္အနာဂတ္ မွာ မ်က္ႏွာမွာ အျပံဳးေတြ ဝတ္ထားရံုနဲ႔ မရေတာ့ဘူး ကြဲ႕၊လက္သီးထိုး အိတ္ကေလး လဲ ဝတ္ထားမွ ေတာ္ခါၾကမယ္ကြဲ႕" ဟု ေရးသား၍ ၎တို႔ႏွစ္ဦး၏ ဓာတ္ပံုမ်ားႏွင့္တြဲ၍ ေဖ့စ္ဘြတ္တြင္တင္ထားသည္။ ထို႔အတူ ခ်စ္သုေဝကလည္း လက္ေဆာင္အေၾကာင္းကုိ မွ်ေဝထားခဲ႕သည္။
ဓာတ္ပုံ - လင္းလင္း၊ ခ်စ္သုေဝ

7Day News Journal
......................................


“မင်္ဂလာနှစ်ပတ်လည်အမှတ်တရလက်ဝှေ့ထိုးလက်အိတ်လက်ဆောင်ပေးတဲ့လင်းလင်း”
ဇန်နဝါရီ ၃၀ ရက်တွင် ကျရောက်သော နှစ်နှစ်ပြည့် မင်္ဂလာ နှစ်ပတ်လည်နေ့တွင် ဇနီးသည်ကို လက်ဝှေ့ထိုးသည့်လက်အိတ် လက်ဆောင်ပေးခဲ့သည့်အကြောင်းကို လင်းလင်း နှင့် ချစ်သုဝေ တို့က ၎င်းတို့၏ဖေ့စ်ဘွတ်စာမျက်နှာများမှ တစ်ဆင့်ပရိသတ် များကိုအသိပေးထားသည်။
မင်္ဂလာနှစ်ပတ်လည်အမှတ်တရလက်ဆောင်ပေးရန်အတွက် ရက်ပေါင်း သုံးရာခန့် စဉ်းစားကာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းလက်ဆောင် ပေးခဲ့ရ သည့်အကြောင်းကို လင်းလင်းက "ကဲ ဒေါ်ဒေါ်တုန်ရေ၊ ရှေ့တစ်လျှောက် လာမယ့်အနာဂတ် မှာ မျက်နှာမှာ အပြုံးတွေ ဝတ်ထားရုံနဲ့ မရတော့ဘူး ကွဲ့၊လက်သီးထိုး အိတ်ကလေး လဲ ဝတ်ထားမှ တော်ခါကြမယ်ကွဲ့" ဟု ရေးသား၍ ၎င်းတို့နှစ်ဦး၏ ဓာတ်ပုံများနှင့်တွဲ၍ ဖေ့စ်ဘွတ်တွင်တင်ထားသည်။ ထို့အတူ ချစ်သုဝေကလည်း လက်ဆောင်အကြောင်းကို မျှဝေထားခဲ့သည်။
ဓာတ်ပုံ - လင်းလင်း၊ ချစ်သုဝေ

7Day News Journal

No comments:

Post a Comment