7Daydaily
......................
ပိုက်ဆံ ဘယ်ကရတယ်ဆိုတာ ပြောနိုင်ရင် အခွန်ဆောင်ဖို့ မလိုတော့
လက်ရှိအချိန်မှာ ပြည်သူတွေအနေနဲ့ ဒီလို အခွန်ဆောင်ရမှာနဲ့ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်း မသိသေးတာကြောင့် အစိုးရက နားလည်အောင် အသိပေးသင့်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ဝင်ငွေရတဲ့ပုံစံ ပြနိုင်မယ်ဆိုရင် အိမ်၊မြေနဲ့ ကားတွေဝယ်ရင် အခွန်ဆောင်စရာမလိုတော့ဘူးလို့ သိရပါတယ်။
ဒီနှစ် ဧပြီလ ၁ ရက်နေ့မှာ စပြီးကျင့်သုံးမယ့် ပြည်ထောင်စုအကောက်ခွန်ဥပဒေအရ ဒီလိုအခွန်ဆောင်စရာ မလိုတော့တာပါ။
၂၀၁၆ ဘဏ္ဍာနှစ်အတွက်ထုတ်ပြန်လိုက်တဲ့ ပြည်ထောင်စုအခွန်အကောက် ဥပဒေမှာ နိုင်ငံသားတိုင်း အခြေခံပစ္စည်းတစ်ခုခု ဝယ်ယူ၊တည်ဆောက်၊ ရယူတာနဲ့ လုပ်ငန်းတိုးချဲ့တာတွေအတွက် ဝင်ငွေရလမ်း မတင်ပြနိုင်ရင် အခွန်အကောက် ဥပဒေအရ တစ်ကျပ်ကနေ သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊သိန်း ၃၀၀ ကနေ သိန်း ၁,၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ နဲ့ အထက်ကို ၃၀ ရာခိုင်နှုန်းပေးဆောင်ရမယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ ကိုယ်ရတဲ့ ဝင်ငွေဘယ်လို့ ရတယ်ဆိုတာ ပြောနိုင်ရင် အခွန်ဆောင်စရာ မလိုတော့ပေမယ့် ပိုက်ဆံတွေ ဘယ်လိုရတာ မပြောနိုင်ရင်တော့ အပေါ်က နှုန်းတွေအတိုင်း အခွန်ဆောင်ရမှာပါ။
လက်ရှိအချိန်မှာ ပြည်သူတွေအနေနဲ့ ဒီလိုအခွန်ဆောင်ရမှာနဲ့ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်း မသိသေးတာကြောင့် အစိုးရက နားလည်အောင် အသိပေးသင့်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
အခွန်နှုန်းထားအသစ်တွေကြောင့် အိမ်ခြံမြေအရောင်းအဝယ်ပိုအေးပြီး အခွန်ငွေရတာ ပိုနည်းလာနိုင်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တွေက ပြောပါတယ်။
7Daydaily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, January 30, 2016
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 30, 2016
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 30, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment