အစ္စလာမ် အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ISIS အဖွဲ့ဝင်တွေ ထောင်ထားတဲ့ မြေမြှပ်မိုင်း တစ်ခုကို ISIS အဖွဲ့ခေါင်းဆောင် အရာရှိ ၂ ဦးက ပြန်လည် နင်းမိကာ ဗုံးပေါက်ကွဲပြီး ထို အရာရှိ ၂ ဦး သေဆုံးသွားခဲ့တယ်လို့ Peshmerga စစ်တပ် က တရားဝင် ပြောကြားခဲ့ပါတယ်။
Kharbadan မှာ ရှိတဲ့ လမ်းမတစ်ခုပေါ်မှာ စစ်သည် ပေါင်းများစွာ ရှိနေချိန်မှာပဲ ထိုပေါက်ကွဲမှုဟာ ဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ Peshmerga တပ်ဖွဲ့ခေါင်းဆောင် အရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။
Mekhmour တပ်ခွဲမှ အရာရှိတစ်ဦးဖြစ်တဲ့ Ali Hussain က Rudaw သတင်းဌာနကို ပြောပြခဲ့တာကတော့ " Peshmerga စစ်တပ်ကို တိုက်ခိုက်ဖို့အတွက် Kharnadan ဒေသမှာ ပြီးခဲ့တဲ့ တိုက်ပွဲတွေအတွင်း ISIS အဖွဲ့ဝင်တွေ ထောင်ထားတဲ့ မြေမြှပ်မိုင်းဟာ ပြောင်းပြန်တွေ ပြန်လည်ဖြစ်ပျက်ကာ ရှေ့တန်းက ISIS အဖွဲ့ခေါင်းဆောင် ၂ ယောက် သေဆုံးသွားတာပါ" လို့ဆိုပါတယ်။
သေဆုံးသူ ၂ ယောက်ထဲမှ တစ်ယေက်ဟာ ထိုဒေသ ရဲ့ အုပ်ချုပ်ရေးအရာရှိဖြစ်သူ Abu Malik ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Abu abdul-Aziz လို့ခေါ်တဲ့ ခေါင်းဆောင် တစ်ဦးပဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလအစောပိုင်းမှာပဲ ထွက်ပေါ်ခဲ့တဲ့ ထူးဆန်းသော သတင်းတစ်ခုကတော့ ISIS အဖွဲ့ဟာ ဖောက်ခွဲရေး တွေအတွက် အသေခံကြက်တွေကို ဗုံးနဲ့ တွဲချည် အသုံးချလျက်ရှိတယ်ဆိုတာပါပဲ။
( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Mirror
Popular Post
- ဝိတိုရိယ (သို့) ကျီးအာသီးနှင့်တူသောဆေးရုံ - 7/23/2015
- သာကေတ ၀က်စုမှတ်တိုင်ကားအက်ဆီးဒင့် - 7/23/2015
- စင်ကာပူရဲကို လာဘ်ထိုးဖို့ကြိုးစားတဲ့ တောင်ကိုရီးယားပြည့်တန်ဆာ ထောင်နှစ်လကျ - 7/23/2015
- မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-unသည် လေယာဉ်မယ်များအား ပိုတိုပိုကျပ်သော စကပ်ဝတ်ဆင်ရန် အမိန့်ထုတ် - 7/23/2015
- မှတ်ပလားဟ - 7/22/2015
- ဦးအောင်သောင်းကွယ်လွန် - 7/22/2015
- တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ်ကို (၈) ကြိမ်မြောက် ဆွေးနွေးပွဲ၌ အပြီးသတ် လက်မှတ်ထိုးနိုင်ရန် နှစ်ဖက် ခေါင်းဆောင်များ ဆန္ဒရှိ - 7/22/2015
- အိမ်ေမွးခွေးနဲ့ ပြန်လက်ထပ်တော့မယ့် အမျိုးသမီး - 7/22/2015

No comments:
Post a Comment