Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 22, 2015

အိမ်ေမွးခွေးနဲ့ ပြန်လက်ထပ်တော့မယ့် အမျိုးသမီး



Dominique Lesbirel ဆိုသူ အမျိုးသမီးဟာ သူ့ရဲ့ခင်ပွန်း ဟောင်းဖြစ်သူ ကျောက်ကပ် ဒဏ်ရာကြောင့်သေ
ဆုံးသွားပြီးတဲ့နောက် ပူဆွေးသောက ရောက်နေခဲ့ရပါတယ်။ သူတို့ ၂ ယောက်ဟာ ၁၆ နှစ်ခန့်အတူတူ 
ရှိခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုတော့ သူမဟာ အချစ်သစ်ကိုတွေ့ရှိသွားပြီး မကြာခင်မှာပဲ 
လက်ထပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အမှန်တစ်ကယ်တော့ သူမရဲ့ ပထမ ခင်ပွန်းဟာ Doerack လို့ အမည်ရတဲ့ သူမရဲ့ အိမ်မွေးကြောင်လေး
ပဲ ဖြစ်ပါတယ်။ ထိုကြောင်လေး သေဆုံးသွားပြီးတဲ့နောက် ထပ်မံ လက်ထပ်မှာကတော့ သူမရဲ့ အချစ်သစ်
 Travis လို့ ခေါ်တဲ့ အိမ်မွေးခွေးလေးပဲ ဖြစ်နေပြန်ပါတယ်။

သူမဟာ သူမရဲ့ အိမ်မွေးကြောင်လေး Doreack ကို လွန်ခဲ့တဲ့ ၈ နှစ်ကပဲ လက်ထပ်ခဲ့ပေမယ့် 
ထိုကြောင်လေး ဟာ အသက် ၁၉ နှစ်အရွယ်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။

"ကျွန်မဟာ Doerack ကို သူ ၃ နှစ်သား အရွယ်မှာကတည်းက ရခဲ့တာပါ။ ဒါပေမယ့်ကျွန်မတို့ ၁၆ နှစ်ပဲ 
အတူရှိခဲ့ရပါတယ်။ Travis ကို တော့ ကျွန်မ ရခဲ့တာ ကြာပါပြီ။ သူဟာ ကျွန်မ ဂရိမှာနေတုန်းက
 ခွေးလေခွေးလွင့်လေးပါ။ သူဟာ ကျွန်မရေကူးတဲ့ ကမ်းခြေကိုလာပြီး နေ့တိုင်း အမှိုက်ပုံးထဲက 
အစားအစား အကြွင်းအကျန်တွေကို ရှာဖွေနေပါတယ်။ ကျွန်မလည်း အစားအသောက်တွေ ၊ ရေတွေ 
ချကျွေးခဲ့ပါတယ်။ သူ့အနေနဲ့ ပင်လယ်ထဲကရေကိုလည်း သောက်လို့မရဘူးလေ။ " လို့ Lesbirel က
ဆိုပါတယ်။

သူမဟာ သူမရဲ့ခွေးလေး Travis နဲ့ မင်္ဂလာ အခမ်းအနားအတွက် သူငယ်ချင်းတွေကို ဖိတ်ကြားပြီး 
သာမန် မင်္ဂလာအခမ်းအနားတစ်ခုသဖွယ်ပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် Dominique 
ဟာ ၂၀၀၃ ခုနှစ်မှာ Marryyourpet.com ဆိုတဲ့ ၀က်ဘ်ဆိုက် တစ်ခုကိုလည်း တည်ထောင်ခဲ့ပြီး 
သူနဲ့ Travis ရဲ့ မင်္ဂလာအခမ်းအနားကိုလည်း ထို ၀က်ဘ်ဆိုက်က တစ်ဆင့် ကြေညာသွားမယ်လို့ ဆိုပါတယ်။

ထို ၀က်ဘ်ဆိုက် ကို နေ့စဉ်လာရောက် ကြည့်ရှုသူ ထောင်ပေါင်းများစွာရှိပြီး ထို ၀က်ဘ်ဆိုက်က တစ်ဆင့် 
သူမလိုပဲ အိမ်မွေးတိရိစ္ဆာန်နဲ့ လက်ထပ်တဲ့သူတွေ လစဉ် ရှိနေတယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

No comments:

Post a Comment