Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 23, 2015

ဝိတိုရိယ (သို့) ကျီးအာသီးနှင့်တူသောဆေးရုံ


" ဖြစ်နိုင်ရင် အချိန်လေးနည်းနည်းပေးဖတ်ပေးပါ"
----------------------------------------------------------

ကျွန်တော်Facebook စသုံးကတည်းက အခုလိုပုံစံမျိုးရေးသားခြင်းမရှိခဲ့ပါဘူး။ ကိုယ်တိုင်လည်းဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက် သူတစ်ပါးသိက္ခာထိပါးမယ့်ကိစ္စ ဆေးလောကမှ အဆိုး အကောင်းများကိုမသိချင်ယောင်သာဆောင်ခဲ့ပါတယ်။
တစ်ခါတစ်လေလည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်မှာစိုးလို့ပါ။ အခုကိုယ်တိုင်ကြုံလာတဲ့အခါမှာတော့ မဖြစ်မနေ ရေးလိုက်ရပါတယ်။ ရင်ထဲမှာထိခိုက်ခံစားရ လွန်းလို့ပါ။ မိတ်ဆွေတစ်ချို့ကိုလည်းသိစေချင်လို့ပါ။

ကျွန်တော့်အဖွားဖြစ်သူဟာ ၀၇-၀၇-၂၀၁၅ နေ့ခင်း ၁:၃၀ မှာ ဦးနှောက်အကျိတ်ခွဲစိတ်ရန်ဝိတိုရိယဆေးရုံကိုတက်ရောက်ခဲ့ပါတယ်။ ခွဲစိတ်ဆရာဝန်ကြီးကလည်း Tumour က နက်တယ် ကြီးတယ် အသက်အန္တယ်ရှိတယ်ဆိုတာ ရှင်းပြခဲ့ပါတယ်။ အခန့်မသင့်ရင် ခွဲစိတ်ခန်းမှာသေနိုင်တယ်ဆိုတာပါ အားလုံးနားလည် လက်ခံ ထားပါတယ်။

၁၃.၀၇.၂၀၁၅

အဖွားကိုခွဲစိတ်ခဲ့ပါတယ်။ Operation period ညနေ ၅ နာရီ မှ ည ၉ နာရီ အထိ ၄နာရီကျော်ကြာမြင့်ခဲ့ပါတယ်။ ဦးနှောက်ခွဲစိတ်မှုဖြစ်လို့ ခွဲပြီးတာနဲ့ ICU ထဲမှာစောင့်ကြည့်ဖို့ ပြောင်းပါတယ်။ အဲ့ဒီအချိန်ကစပြီးအချိန်တော်တော်များများ ဟာ ကျွန်တော်တို့မိသားစုတွေစိတ်မချမ်းသာရတော့ပါဘူး။ ICU Nurse များဟာမျက်နှာတွေကချီပြီး ဘဝင်လေဟပ်နေတဲ့ ရုပ်တွေတော်တော်များပါတယ်။ အပြုံးဆိုတာသိပ်မတွေ့ရ သလောက်ပါပဲ။ သူတို့အလုပ်လုပ်တာတွေကလည်း စေတနာမပါ မေတ္တာမပါ သလိုခံစားရပါတယ်။ အကုန်လုံးကိုမဆိုလိုပါ။ တစ်ချို့လည်း ကောင်းကြပါတယ်။အဖွားဖြစ်သူဟာခွဲခန်းဝင်တုန်းက ဘုရားစာ ရွတ်ဆိုပြီးမှာလိုက်တာကိုစိတ်စွဲနေပုံပါပဲ အိမ်သားတွေကို သိပ်မသိပေမယ့် သဗ္ဗုဒ္ဓေ ဂုဏ်တော်ကိုးပါး စတာတွေကို ခွဲအပြီး ICU ထဲမှာ တတွတ်တွတ်ရွတ်နေပါတယ်။ တစ်ခါတစ်လေ အစအဆုံးနီးပါး ကိုဆိုနိုင်တာပါ။ GCS က ၁၂/၁၅ ပါ။ Vital signs အကုန် Stable ပါ။ ဒါပေမယ့် အဖွားက တစ်ခါတစ်ခါ လက်တွေ ခြေတွေရုန်းတယ် ဘုရားစာရွတ်တာ အသံကျယ်ပါတယ်။ အဲ့ဒီမှာ စပြီး အိပ်ဆေး On ပါတယ်။ IV Medazolam ပါ။ ပုံမှန် Post-op drugs (Antibiotics+line) တွေလည်း Routinely ပေးထားပါတယ်။

၁၄.၀၇.၂၀၁၅

ဆရာကြီးက Medazolam မကြိုက်လို့ Diazepam IM ပြောင်းထိုးပါတယ်။ အဖွားက အရမ်းကိုမှိန်းသွားတာ GCS ကိုတောင်ကောင်းကောင်းကွဲပြားအောင် မစစ်နိုင်တော့ပါဘူး။
Brain Tumour ကို Craniotomy+tumour removal လုပ်ထားတဲ့ Case မှာ အိပ်ဆေးတွေ DZ တွေ ပေးတာဘဝင်မကျလှပေမယ့် ကျွန်တော်လူပြိန်းတစ်ယောက်လို သြော် Low dose ပဲဖြစ်မှာပါ သူတို့က အများကြီးပိုတတ် တယ် ငါလူနာစောင့်ပဲ ဆိုပြီးရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။ ICU Staff အများစုဟာ ကျွန်တော်တို့အဖွားဆေးနည်းနည်း ပြယ်တာနဲ့အော်တာကိုသိပ်ကြည်ပုံမရပါဘူး။ဆရာကြီး Ward round တဲ့အခါ အဖွား အကြောင်းမေးတာကို" သူ"က Urine output ဘယ်လောက်.."သူ"က Drainကဘယ်လောက် .."သူ" ချင်းထပ်နေအောင်သုံးနှုန်းပါတယ်။ အဖွား(သို့) အမေဆိုတဲ့နာမ်စားမျိုးမကြားရပါဘူး။ ကျွန်တော်တို့ အဲ့ဒီ အချိန်မှာ ငွေတစ်ဖြတ်ရှင်းတော့ လေးဆယ့်ရှစ်သိန်းကုန်နေပါ
ပြီ။ သူတို့ရဲ့ဆက်ဆံပုံတွေကတော့ လေးသိန်းရှစ်သောင်းဖိုး လောက်တောင်ပုံမလာပါဘူး။
၁၅.၀၇.၂၀၁၅

ဆရာကြီးကညဘက်တိုင်းလာကြည့်ပါတယ်။ တစ်နေ့ထက်တစ် နေ့တိုးတက်လာမယ်။ မနက်ဖြန်မနက်သက်သာရင် ICU က Ward ထဲကို (အပေါ်ထပ်ကို) ပြန်တင်မယ်လို့ပြောပါတယ်။ ဒါပေမယ့်လက်တွေ့မှာတော့အဖွားအခြေအနေဟာ သိသိသာသာတိုးတက်မလာပါဘူး။ အဲ့ဒီနေ့ညမှာ အဖွားဟာ Pressure သိသိသာသာတိုးလာပါတယ်။ Post-op 110/80 သမားဟာ 150-160-170-195 ထိအောင်ဆက်ခါ ဆက်ခါ တိုးပါတယ်။ သူတို့ကိုပြောတဲ့အခါ လက်က တောက်လျှောက်လှုပ်နေလို့ လို့ပြောပါတယ်။ ခြေထောက်ကိုပြောင်းတပ်တော့လည်း သွေးပေါင်ဟာ တက်မြဲပါပဲ။ Pressure တက်လို့ပြောရင်လှုပ်လို့ လို့ပြန်ဖြေမှတော့ Pressure Cuff ဖြုတ်ထားပါလားကွာအပိုပဲလို့ဦးလေးတောင်ကျွန်တော့်ကို ပြောပါတယ်။ Biopsy Result ကလည်း ကင်ဆာကနေSecondary ပြန့်တယ်ဆိုတဲ့Result ထွက်လို့ မိသားစုတွေဟာ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ပြီး စိတ်တွေညစ်နေကြပါတယ်။အဲ့ဒီည မှာအဆိုးဝါးဆိုး ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ သေလုမြောပါး လူနာတွေကိုပြု စုနေရတဲ့ ICU Nurse က ဘုရားစာတွေ ကယောင်ကတမ်း ရွတ်နေတဲ့ ဝေဒနာခံစားနေရတဲ့ သူပြောတာလည်းမသိတဲ့အဖွားကို
" အဖွားပေါက်ကရတွေမအော်နဲ့ ဘေးမှာလူနာတွေရှိတယ်" ဆိုပြီးလာ ဆူငေါက်ပါတယ်။ ညီမလေးဆို သူ့အဖွား အော်ခံရလို့ သနားတာရော ရှက်တာရောနဲ့ ချုံး ပွဲချ ငို ပါ လေရော။အမှန်တော့ အခြားလူနာတွေက အသည်းအသန် သူ့ဝေဒနာနဲ့သူမို့ အနှောင့်အယှက်မဖြစ်ပါဘူး။အများစုကသတိတောင်မလည်ပါ။ သူတို့ပဲဖြစ်နေကြတာ.. ကျွန်တော်ဘယ်လိုမှသည်းမခံနိုင်တော့ပါဘူး ။ ဒါပေမယ့် ကျွန်တော် အဲ့ဒီ Nurse ကို ရန်မဖြစ်ပဲ တစ်ခုချင်းစီ အေးအေးဆေးဆေးရှင်းပြခဲ့ပါတယ်။

Service Charges Vs Patient's Expectation
။။။။။။။။။။။။။။။။။။။။။။။။။။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Service charges နဲ့ Patient's expectation ဟာ တိုက်ရိုက်အချိုး ကျပါတယ်။
ဝိတိုရိယဟာငွေတောင်းပက်စက်တဲ့ဆေးရုံတစ်ခုပါ။ အခန်းခ ကုသစရိတ် အကုန်ထိပ်သီးမှာပါ။ လေးယောက်စုနေရတဲ့အခန်းဟာ ၃၅၀၀၀ ပါ။ တစ်ယောက်ခန်း အမြင့်ဆုံးဟာတစ်ရက် ၂၀၀၀၀၀ ပါ။ ဒူဘိုင်း ကာတာ က အမြင့်ဆုံး Five Stars Hotel တွေတစ်ရက်တည်းစရိတ်ထက်တောင်များနေတာပါ။ တစ်ယောက်ခန်းအနိမ့်ဆုံး ၆၀၀၀၀ ဟာ အခြားအထူးကုဆေးရုံ အမြင့်ဆုံးအခန်းလောက်ရှိပါတယ်။ အခန်းထဲမှာမီးချောင်းအပြည့်မလာပါဘူး။ နံရံဆေးတွေ ကွာတဲ့နေရာကွာနေပါပြီ။ဒါ့အပြင် Patient care & service မှာလည်းညံ့ဖျင်းသလို Staff training လည်းလုံးဝညံ့ ဖျင်းပါတယ်။အများစုက လူနာကိုအပြုံးနဲ့နွေးထွေးစွာနှုတ်မဆက်တတ်ပါဘူး
အစိုးရဆေးရုံမှာ အလကားကုတဲ့လူနာနဲ့ သိန်းဆယ်ဂဏန်း ရာဂဏန်းယူထားတဲ့ဆေးရုံကလူနာ မျော်လင့်တာချင်းမတူပါ။များများတောင်းလေ လူနာကများများမျှော်လင့်လေပါပဲ။ပိုက်ဆံအများကြီးပေးရတဲ့အတွက် အကောင်းဆုံးအရိုသေဆုံး အမွန်မြတ်ဆုံး ဂရုစိုက်မှုကုသမှုကို မျှော်လင့်ကြတာပါ။ ငွေတွေမဟားတရားနင်းကန်ခွယူတဲ့နောက်မှာ တာဝန်လွန်စွာ ကြီးကြောင်း အစိုးရဆေးရုံက Nurse တစ်ယောက်ထက် များစွာရိုကျိုး သိမ်မွေ့သင့်ကြောင်းပါ။

Rules and Regulations on notice-board but not
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
in practical
။။။။။။။။။။။။။။။။။။။
ICU အဝင်ဝမှာ စည်းကမ်းချက်ပေါင်း တံခါးတစ်ချပ်စာ အပြည့်ရှိပါတယ်။ ဘယ်သူမှမလိုက်နာပါဘူး။ကျွန်တော်တို့ ICU ထဲဝင်တော့ ကိုယ်တွေပဲ Gown ကြီးနဲ့ Mask ကြီးနဲ့ ဂြိုလ်သားတွေလိုလို သူများတွေက ဖုန်းမပြောရဆိုတဲ့အခန်းမှာဖုန်းတွေပြော
ခြေရင်းက VIP လူနာတစ်ယောက်ဆို လူနာစောင့်တစ်ယောက်သာစောင့်ရတဲ့ ICU ထဲကိုလာလိုက်တဲ့ ဧည့်သည်မြင်မကောင်းဘူး။ အဆိုးဆုံးက " Mobile ဖုန်း မသုံးရ" ဆိုတဲ့ အခန်းမှာ အရေးကြီးကရိယာတွေ သုံးဖို့ထားတဲ့ Plug ပေါက်တွေမှာ ဖုန်းအားပါသွင်းတာပါ။

Snooty Mind
။။။။။။။။။။။။။။။။။။။။
ဝိတိုရိယ ICU မှ Nurse တော်တော်များများဟာ ဘဝင်လေဟပ်နေကြတာ နိုင်ငံခြားပြန်များဖြစ်ကြလို့
လို့လည်းကြားရပါတယ်။ နိုင်ငံခြားမှာ လူမျိုး ခြားတွေကို ပြု စုခဲ့ကြတာဟာ မြန်မာပြည်ပြန်လာရင် ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကို ကျန်းမာရေးအရပြန်လည်ကူညီဖို့ဆိုတာ သူတို့မေ့ နေဟန်တူပါတယ်။

Bias and Favour
။။။။။။။။။။။။။။။။။။။။။။။။။။
ICU ဆိုတာအာလုံးနီးပါးသေလုမျောပါးတွေပါ။ ဒါပေမယ့်
ခြေရင်း က VIP Patient ဆီမှာ သုံးလေးငါးယောက်အမြဲ
အလုပ်ရှုပ်နေပါတယ်။ သူက ပိုပြီးသေလုမျောပါးဖြစ်နေလို့ ပိုဂရုစိုက်တာလားဆိုပြီးတော့
အခြားကုတင်ကလူနာရှင်တွေတောင် မေးယူရပါတယ်။

No Respect to the patient
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ICU Nurse များဟာဒီPatient ဘာကြောင့်ဒီလိုအော်တယ်
ဘယ်နေရာခွဲထားတယ်။ နောက်ဆက်တွဲဘာဖြစ်တတ်တယ်
ဆိုတာကောင်းကောင်းမသိပါဘူး။ လူနာဟာသေလုမျောပါး ဝေဒနာတွေခံစားနေတယ် ငွေကြေးမြောက်များစွာအကုန်ခံပြီး လာကုကြရတယ်ဆိုတာကို လေးစားမှု အသိအမှတ်ပြု မှု လေးတော့ရှိသင့်တယ်ဆိုတာတွေပါ။ ထစ်ခနဲရှိတိုင်မယ်တော မယ်ဖြစ်နေတဲ့ခေတ်မှာ အရင်ကထက်အများကြီးဂရုစိုက်ဖို့ပါ။

ကျွန်တော်လည်းအဲ့Nurse ကို သေချာရှင်းပြအပြီးမှာတော့
သူတောင်းပန်ပါတယ်။ အဖွားကိုအရင်ကထက်လည်းဂရုစိုက်ပါတယ်။

ဒါပေမယ့်နောက်တစ်နေ့မှာထပ်တွေ့ရတာတွေက

Weakness in turnover and takeover
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၁၆.၀၇.၂၀၁၅ မနက်မှာအဖွားကို ICU ကနေ အပေါ်ထပ် Ward ထဲကိုတင်ပါတယ်။ ဦးနှောက်ကိုခွဲထားတဲ့လူနာ ပြောင်းတာရွေ့တာ ညင်သာမှုလုံးဝမရှိပါ ။ ခေါင်းကိုငြိမ်အောင်ထိန်းကွပ်ထားခြင်းလည်းမရှိပါ။ ဒီလိုနဲ့ အဖွားဟာအပေါ်ထပ်ရောက်တော့ Projectile vomiting ငါးကြိမ်လောက်ရပါတယ်။ ICU ဘက်ကနေလာပို့သူတွေဟာ လူနာရှင်တွေဘက်ကိုလူနာဘယ်လိုရှိတယ် ဘာကြောင့်အန်တယ်ဆိုတာကိုတစ်ချက်မှလှည်ကြည့်စကားမပြောခဲ့ပါဘူး။ Over ပေးမယ်ဆိုပြီး Chart ထုပ်ကို Station ကိုတန်းယူသွားပါတယ်။ Over ဘယ်လိုပေး ဘယ်လိုယူကြလည်း မသိပါဘူး အပေါ်ထပ်က Nurse တွေက
လူနာဘယ်ဘက်ခွဲထားလဲ မသိကြပါဘူး အန်ဖတ်ပေနေတဲ့ Gown လဲတာ ဦးလေးက ဘေးက
" လူနာ ဘယ်ဘက်အခြမ်းမှာခွဲထားတယ်လို့သတိပေးတာ တောင် ခွဲတဲ့ဘက်ကိုဖိပြီးစောင်းဝတ်ပေးပါတယ်" ပြီးမှဆောရီးလုပ်ပါတယ်။
အပေါ်ရောက်တော့ခေါင်းခွဲတဲ့ နေရာ Dressing လဲထားတဲ့ ပတ်တီးဟာပြေနေပါပြီ။ ပတ်တီးပြန်လဲတဲ့အခါ ဒီလောက်ကြီးတဲ့ Craniotomy ချုပ်ရိုးကို လက်မဆေး လက်အိပ်မဝတ်ပဲ ကိုင်လို့ ကျွန်တော်တို့သတိပေးမှ သတိဝင် ကြပါတယ်။

Lack of mutual respect
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အချင်းချင်းလည်းမလေးစားကြပါဘူး။ Nurse Manager ဆိုသူကလည်း ငယ်သားတွေကို တချိန်လုံးဟောက်ဟမ်းနေ
တာပဲတွေ့ရပါတယ်။ လူရှေ့သူရှေ့မှာဟောက်လိုက်ရင် လူပျို အပျိုအရွယ်လေးတွေရှက်သွားမလားမတွေးပါဘူး။ အငယ်တွေကလည်းအဲ့လိုမှ မဟောက်ရင်လက်ကြောမတင်း
ကြဘူးလို့သိရပါတယ်။

Internal Crisis
။။။။။။။။။။။။။။။။။။။။။။
ဆေးရုံတစ်ခုတည်းမှာလက်တွဲံအလုပ်လုပ်ကြပြီး ICU ကလူတွေနဲ့ Ward ထဲကလူတွေက မတည့်ကြပါဘူး။ ဒါလုပ်ငန်းခွင်သဘာဝဆိုတာကျွန်တော်သဘောပေါက်ပါတယ်။
ဒါပေမယ့် အသက်တွေနဲ့ရင်းနေကြတဲ့နေရာမှာ လူနာမျက်နှာ လူနာရှင်မျက်နှာတွေကို အများကြီးငဲ့သင့်ပါတယ်။ ICU ကနေ
အဖွားကိုလာပို့သွားတာ DHL က ပါဆယ်ထုပ်လာပို့သလိုလို အမှိုက်ထုပ်လာထားသလိုလို
ကိုယ့်လက်ကလွတ်ပြီးရောဆိုတဲ့ပုံစံမျိုး ဖြစ်နေတာပါ။ ချက်ချင်း
ကိုတက်သုတ်ရိုက်ပြန်ကြတာပါ။ လူနာဘယ်လိုပုံစံအန်လဲအရေးကြီးလားစိတ်မဝင်စားပါဘူး။ သူတို့အလုပ်ပြီးပြီလေ Ward ထဲက Nurse တွေ ဒုက္ခခံအလှည့် ဒီလိုသဘောမျိုး...

ဒီလိုနဲ့ကျွန်တော်တို့အဖွားဟာ Projectile vomiting ရပြီး Ward ထဲမှာ တစ်နာရီမပြည့်ပဲ ICU ထဲပြန်ဆင်းခဲ့ရပါတယ်။
တကယ်ဆို Wardထဲမရွှေ့ခင်ကတည်းက Increased ICP ကိုသေချာစစ်ဆေးသင့်ပါတယ်။ အခြေနေမဟန်သေးရင်လည်းICU မှာဆက်ထားဖို့ ဆရာကြီးကို inform သင့်ပါတယ်။ ဒီလိုနဲ့ Ward ထဲပို့တုန်းက GCS ၁၂/၁၅အဖွားဟာအောက်ရောက်တော့ ၈/၁၅လောက်ကိုထိုးဆင်းသွားပါတယ်။ ညနေ CT Recheck လုပ်ဖို့ဆရာကြီးပြောတော့ CT စက်က ပျက်နေဆဲပါ။ ၀၇.၀၇.၂၀၁၅ နေ့
စတက်ကတည်းကခေါင်းခွဲမယ့်လူနာမို့ CT ကိုမေးတော့ မနက်ဖြန်ပြန်ကောင်းမယ်ပြောတဲ့CT ဟာအဖွားဆုံးပြီးတဲ့ ၁၇.၀၇.၂၀၁၅ အထိဆယ်ရက်ကြာပြန်မကောင်းသေးပါဘူး။ ဒါနဲ့ပဲ MRI ရိုက်ခဲ့တယ်။ MRI မှာတော့ Cerebral odema တော်တော်ဆိုးနေပါပြီ။ ဒီလိုနဲ့ အဖွားဟာ
၁၇.၀၇.၂၀၁၅ မနက် ၂း၀၀ နာရီမှာGasping စရပါတယ်။ CPR တွေ Defibrillator တွေကို ကျွန်တော်ငြင်းဆန်ခဲ့ပါတယ်။ အဲ့ဒီနောက်တော့ Increased ICP ရဲ့ signs တွေအကုန်ပြလာပြီး Pontine Hemorrhage လား Wide spread cerebral odema လား Herniation ဝင်သွား လားဘာမှမသိပဲနဲ့ မနက် ၁၀နာရီမှာ ဆုံးပါးသွားခဲ့ပါတယ်။ ကျွန်တော်တို့အဖွားဟာ တကယ့်ကို စိတ်ထားနူးညံ့သူပါ။ ကယောင်ကတမ်းအားလုံးမှာဘုရားစာကလွဲလို့ ပေါက်ကရတစ်ခွန်းမပါခဲ့ပါဘူး။ သတိမရတစ်ချက်ရတစ်ချက်တောင်မှ " အားနာလိုက်တာလို့" သူ့ကိုပြု စုတဲ့ Nurse ကို ပြောသွားတဲ့သူပါ။ ဒီလိုအဖွားမှာမှ ဆုံးခါနီး ဒီလိုကိစ္စတွေဖြစ်ခဲ့လို့ ကျွန်တော်တို့တစ်မိသားစုလုံး အများကြီးထိခိုက်ဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။

ကျွန်တော်တို့တွေ ဗမာလူမျိုး ဗုဒ္ဓဘာသာတွေပါ။ သည်းခံကြပါတယ်။ တရားနဲ့ဖြေပါတယ်။ ကံကိုသာယိုးမယ်ဖွဲ့ ကြပါတယ်။ကျွန်တော်တို့လူနာဟာမီးစာကုန်နေပါပြီ ဆီခမ်းနေပါပြီ။ခွဲခန်းမှာမသေတာနဲ့တင်ဆရာကြီးကိုကျေးဇူး တင်ခဲ့ကြတာပါ။ ဆရာကြီးနဲ့ ပတ်သတ်လို့ အထူးအထွေပြောစရာမရှိပါ။ Informed consent,High Risk Consent များလည်းကျေကျေနပ်နပ်ပေးခဲ့ကြတာပါ။ ဒါပေမယ့် ဝိတိုရိယရဲ့နောက်ဆက်တွဲ ဆက်ဆံရေးတွေ အပြောအဆိုတွေကတော့ စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ မြန်မာပြည်မှာအဖက်ဖက်က ယိုယွင်းပျက်စီးနေ တာကိုလည်းသိပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောချင်တာ
အားလုံးပျက်နေတဲ့ကြားမှာသူများထက်အများကြီးထူးအောင် စွမ်းဆောင်မပေးနိုင်ရင် သူများနည်းတူပဲဈေးယူပါ။ ဘိန်းစားချင်အတူတူကို ‪#‎လေးငါးလုံး‬ ပိုမရူကြပါနဲ့။ သူများထက် လေးငါးဆယူရင်လည်း သူများထက်လေးငါးဆ ကောင်း အောင် Service ပေးပါ။ ကျွန်တော်တို့ အားလုံးအပြီးမှာ ခြောက်ဆယ့်သုံးသိန်းကုန်ကျခဲ့ပါတယ်။ ကျွန်တော်တို့ပြန်ရတာ ဝိတိုရိယရဲ့ကျဲတောက်တောက်ဆက်ဆံရေးနဲ့ ကျွန်တော်တို့အဖွားကို အောက်ထပ်ကရေခဲတိုက်မှာ အလကားထားခွင့်ပါ။ဆေးရုံရဲ့ တည်နေရာ ,အကျယ်အဝန်း, ကားပါကင် ,ကန်တင်း အားလုံးအဆင်ပြေပေမယ့် ဆေးရုံပရဝုဏ်လေးက ရှုချင်စဖွယ်ဖြစ်နေပေမယ့် Customer Services ညံ့ ဖျင်းနေသ၍ ကျီးအာသီးလို အပေါ်ယံပဲလှနေမှာပါ။ အခုလည်း ကျွန်တော်အမုန်းခံရေးလို့နောက်လူတွေ Sevices ကောင်း ကောင်းလေးရရင်ကျွန်တော်ကျေနပ်ပါပြီ။

မဆီမဆိုင်သော စေတနာမေတ္တာသန့်သန့်နှင့်လုပ်နေကြသော Staff များ Nurse များ ဆရာဝန်များမပါပါ။ ထိုသူများကိုစော်ကားသလိုဖြစ်ခဲ့ရင် တောင်းပန်အပ်ပါတယ်။ တစ်ဖက်သားသိက္ခာအရ နာမည်များမှတ်သားလာသော်လည်း မည်သူ့ကိုမျှ နာမည်တပ်မပြောဆိုလိုပါ။

*** ကျွန်တော် ရေး သ မျှ မုသား အပိုစာသား တစ်ခုမှ မပါဝင်ပါ။ ကိုယ့် ရေးသမျှ ကိုယ်တာဝန်ယူပါသည်။ ***

သို့သော်ကျွန်တော်တို့နှင့်တိုက်ရိုက်ပတ်သက်ခဲ့သောသူများ| ဝိတိုရိယမှ တာဝန်ရှိလူကြီးမင်းများမှ ဆေးရုံကိုသိက္ခာကျ နာမည်ပျက်စေသည်ဟု ယူဆပါကမူ အချိန်မရွေးဖြေရှင်းရန် သက်သေသာဓကများ ကျွန်တော်တို့နှင့်အလားတူဖြစ်ရပ်ပိုင်ရှင် လူနာရှင်များနှင့်အသင့်စောင့်ဆိုင်းလျှက်ရှိပေသည်။
Zaw Linn Aung

Witoriya General Hospital

ဝိတိုရိယ (သို့) ကျီးအာသီးနှင့်တူသောဆေးရုံ http://www.themeltingpot4u.com/2015/07/blog-post_5528.html

Posted by The Melting Pot 4 U on Thursday, 23 July 2015

No comments:

Post a Comment