![]() |
| ရုပ်ရှင်ရုံ ပြင်မှာ ရဲတွေ စောင့်ကြပ်စဉ် (Credit: Reuters) |
နာရီပိုင်းတုန်းကပဲ Lafayette မြို့မှာ ပစ်ခတ်မှု ဖြစ်ခဲ့တာဖြစ်ပြီး သေနတ်သမားက အသက် ၅၀ ဝန်းကျင်အရွယ် လူဖြူ ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ လက်ချက်ကြောင့် လူ ၂ ယောက် သေဆုံးပြီးနောက် သေနတ် သမားက သူ့ကိုယ်သူ ပစ်သတ် ခဲ့တာလို့ ဆိုပါတယ်။
Grand Theater ဆိုတဲ့ ရုပ်ရှင်ရုံမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ခဲ့တုန်းက အဲဒီအထဲမှာ လူပေါင်း ၁၀၀ လောက် ရှိတယ်လို့ သိရပါတယ်။
အခုလောလောဆယ် လူ ၇ ယောက်လောက် ဒဏ်ရာ ရတယ်လို့ ပြောဆိုနေကြပြီး သေနတ် သမားက ဘာကြောင့် ပစ်ခတ်မှု လုပ်သလဲ ဆိုတာတော့ မသိရသေးပါဘူး။
အမေရိကန် သမ္မတ ဘာရက် အိုဘားမားက သူ့ရဲ့ လက်ထက်အတွင်း သေနတ် ကိုင်တွယ်ရေးကို ကန့်သတ်မှု မလုပ်နိုင်တဲ့အပေါ် အားမရဘူးလို့ ပြောဆိုပြီး နာရီပိုင်းအတွင်းမှာပဲ အခုလို ပစ်ခတ်မှု ထပ်မံ ဖြစ်ပေါ်ခဲ့တာပါ။
အမေရိကန် သမ္မတက သေနတ်ကို အကန့်အသတ်တွေနဲ့သာ ကိုင်ခွင့်ပေးလိုပေမယ့် လွှတ်တော်အတွင်းမှာ သေနတ်ကို လွတ်လပ်စွာ ကိုင်ခွင့် ရရှိသင့်တယ်လို့ မြင်တဲ့ လူတွေ များပြားတဲ့အတွက် ကန့်သတ်မှုတွေ မလုပ်နိုင်တာ ဖြစ်ပါတယ်။
ဖွံ့ဖြိုးတဲ့ နိုင်ငံတိုင်းမှာ သေနတ်ကို အကန့်အသတ်နဲ့ ကိုင်ခွင့် ရှိပေမယ့် အမေရိန်ကတော့ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေထဲမှာ သေနတ်ကိုင်ဆောင်မှုနဲ့ ပတ်သက်ပြီး လုံခြုံမှု မရှိဆုံး နိုင်ငံဖြစ်နေတယ်လို့ အိုဘားမားက ပြောပါတယ်။
၂၀၁၁ ခုနှစ် စက်တာဘာ ၁၁ ရက်မှာ အမေရိကန် တိုက်အမြင့် နှစ်လုံးကို အကြမ်းဖက် သမားတွေ ပြုလုပ်ပြီးနောက်ပိုင်း အကြမ်းဖက်မှုကြောင့် သေဆုံးရသူ လူပေါင်း ၁၀၀ တောင် မရှိပေမယ့် သေနတ်ကိုင်ဆောင်တဲ့ အမေရိကန်တွေ နိုင်ငံသား အခြင်းခြင်း အပေါ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေက ထောင်နဲ့ချီ ရှိသွားပြီလို့ အမေရိကန် သမ္မတ ဘာရက် အိုဘားမားက ပြောပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:
Post a Comment