ဇူ ၂၃၊ ကျန်းမာရေး၊ သမန်းကျား
ကမ္ဘာပေါ်တွင် လူအများဆုံး စက္ခုအလင်းအာရုံ ကွယ်ပျောက်ဆုံးရသောအကြောင်းရင်းမှာ မျက်စိတိမ်
ဖုံးခြင်းဖြစ်ပြီး ခွဲစိပ်ကုသရုံမှတပါး အခြားရွေးချယ်စရာလမ်း မရှိရာဝယ် တရုတ်သုတေသီများက မကြာသေးမီကမှ စတင် စမ်းသပ်နေသော မျက်စဉ်းခပ်ကုထုံးဖြင့် တိမ်ဖုံးနေသောမျက်လုံးကို ခွဲစိပ်ရန်မလိုအပ်တော့ဘဲ ကုသသွားနိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။
လာနိုစတယ်ရောလို့ ခေါ်တဲ့ သဘောဝအလျောက်တွေ့ ရတတ်တဲ့ မော်လီကျူးကို မျက်စဉ်းခပ်ဆေးရည်ထဲ ရောထည့်လိုက်ပြီးတော့ မျက်စဉ်းခပ်ပေးမယ်ဆိုရင် ဖုံးနေတဲ့တိမ်ကလည်း တဖြည်းဖြည်းခြောက်လာပါတယ်။ သိပ်မကြာခင်မှာ တိမ်စင်သွားပါတယ်။ ဒီစမ်းသပ်မှုကို ခွေးတွေမှာ စမ်းသပ်အောင်မြင်ပြီးဖြစ်တဲ့အတွက် မကြာခင် လူသားတွေအတွက်လည်း အသုံးပြုနိုင်တော့မယ့် တိမ်ဖုံးခြင်းအတွက် မျက်စဉ်းခပ်ကုထုံးပဲ ဖြစ်ပါတယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။
ကမ္ဘာတ၀န်းမှာ မျက်စိတိမ်ဖုံးခြင်းခံနေရသူပေါင်း သန်းပေါင်းများစွာ ရှိပါတယ်။ ရောဂါသက်သာပျောက်ကင်းချင်ရင် ခွဲစိပ်ကုသမှုခံယုံမှတပါး အခြားရွေးစရာ မရှိခဲ့ပါဘူး။ ခွဲစိပ်မှုက ဘာမှမကြာပါဘူး။ ခဏလေးပါ။ ဒါပေမယ့် အကုန် အကျ များတာပေါ့။ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာလည်း မျက်စိတိမ်ဖုံးသူဦးရေက တိုးလာတာပဲ ရှိပါတယ်။ ဒါကြောင့် လူတွေအများကြီးကို အချိန်တိုအတွင်းမှာ မျက်စိတိမ်ဖုန်းတာပျောက်ကင်းအောင် ကုသနိုင်ဖို့  ဒီအထူးမျက်စဉ်းခပ် ဆေးကို အသုံးပြုသွားဖို့  စီစဉ်ရတာဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။
ယခုအခါ တရုတ်နိုင်ငံ၊ ကွမ်ကျိုးပြည်နယ်၊ ဆွန်ယက်ဆင်တက္ကသိုလ်မှ သုတေသီ ကန်ကျန်နှင့်အဖွဲ့ က မိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် မျက်စိတိမ်ဖုံးနေသော ကလေး (၂) ဦးအား ဖော်ပြပါမျက်စဉ်းခပ်ကုထုံးဖြင့် စမ်းသပ်ကုသ သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျက်စိတိမ်ဖုံးခြင်း ၄ မျိုးရှိသည်။ ဆီးချိုသမားများ မျက်စိဝေဒနာကြောင့် ခွဲစိပ်မှုခံယူရာမှ တိမ်ကွယ်သွားခြင်း၊ မျက်စိ ထိခိုက်မိခြင်းကြောင့် တဖြည်းဖြည်းတိမ်ဖုံးလာရာ နှစ်အနည်းငယ်အကြာတွင် မခွဲလျင်မရတော့သည့်အခြေအနေသို့  ရောက်ရှိသွားခြင်း၊ မွေးရာပါတိမ်စွဲခြင်း၊ဓါတ်ရောင်ခြည်ဖြာထွက်မှုနှင့် ထိတွေ့ မိခြင်းကြောင့် တိမ်စွဲခြင်းတို့ ဖြစ် ကြောင်း သိရသည်။
ဘယ်လိုကြောင့်ပဲ တိမ်စွဲသည်ဖြစ်စေ၊ ကျွန်တော်တို့ ရဲ့  မျက်စဉ်းခပ်ကုထုံးက ပျောက်ကင်းအောင် ကုသနိုင်လိမ့် မယ်လို့  ယုံကြည်ပါတယ်။ ကျွန်တော်တို့ စတင်စမ်းသပ်နေပါပြီဟု သုတေသီ ကန်ကျန် က ပြောပြသည်။
Lashio News Diary
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, July 24, 2015
တိမ်ဖုံးခြင်းကို ခွဲစိပ်ရန်မလိုဘဲ မျက်စဉ်းခပ်ဆေးဖြင့် ကုသနိုင်မည်။
တိမ်ဖုံးခြင်းကို ခွဲစိပ်ရန်မလိုဘဲ မျက်စဉ်းခပ်ဆေးဖြင့် ကုသနိုင်မည်။
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 24, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 24, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment